Hana : The Sweet Orophile
90.3K subscribers
2.26K photos
125 videos
2.28K links
Download Telegram
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🅰️🅰️🅰️ 🅰️🅰️

🅰️🅰️🅰️🅰️ 🅰️🅰️🅰️🅰️

သူဌေးလောင်းတို့အတွက် လပ်ကီးအချိန်ကောင်း 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

✅ အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @HpaAnRichCs

📱 Link : https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ဂေါ့ဖားသား (၁၉၇၂)

IMDB - 9.2/10
Genre - Crime


ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ၊ အောင်မြင်မှုတွေကို တော်တော်များများ သိကြမယ်ထင်ပါတယ်။ အော်စကာ (၃) ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကားစာရင်းထဲမှာ အမြဲတမ်းရှိနေလေရဲ့။ ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက် ပိုကောင်းပါတယ်။ တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်း မိနစ် (၃၀) လောက်ကို စိတ်ရှည်ပေးပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေ၊ အပြုအမူတွေကို တဖြည်းဖြည်း ချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပါ။ ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါ ဦးဗျို့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/868
Please open Telegram to view this post
VIEW IN TELEGRAM
❤3
ဂေါ့ဖားသား ၂ (၁၉၇၄)

IMDB - 9/10
Genre - Crime, Drama


အပိုင်း ၂ လာပါပြီ။ ထုံးစံအတိုင်းပေါ့ဗျာ။ ဒီကားရဲ့ အညွှန်းကိုတော့ မရေးရဲလို့ မရေးတော့ဘူး။ တစ်ခုတော့ ပြောလို့ရတယ်။ ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရ အကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရော အမြဲရှိနေလိမ့်မယ်လို့ပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/870
Please open Telegram to view this post
VIEW IN TELEGRAM
❤3
ဂေါ့ဖားသား ၃ (၁၉၉၀)

IMDB - 7.5/10
Genre - Drama, Crime


အပိုင်း ၃ လာပါပြီ။ ထုံးစံအတိုင်းပေါ့ဗျာ။ ဒီကားရဲ့ အညွှန်းကိုတော့ မရေးရဲလို့ မရေးတော့ဘူး။ ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/872
Please open Telegram to view this post
VIEW IN TELEGRAM
❤3🫡1
စာအုပ်စိမ်း (၂၀၁၈)

IMDb - 8.2/10
Genre - Drama, Comedy


1962 ခုနှစ်ဆိုတာ လူမည်းတွေအတွက်တော့ အရမ်းကောင်းတဲ့ခေတ် မဟုတ်ပါဘူး။ ဘတ်စ်ကားကအစ၊ အိမ်သာကအဆုံး ခွဲခြားဆက်ဆံတာခံနေရတဲ့အချိန်မှာ အီတာလီလျံဖြစ်တဲ့ တိုနီလစ် နဲ့ လူမည်း စန္ဒယားပညာရှင် ဒွန် တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားအဖြစ် တွေ့ကြရပါတော့တယ်။ ဒွန် ဟာ လူမည်းဖြစ်ပေမယ့် လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီး၊ တိုနီလစ် ဟာလည်း လူဖြူဖြစ်နေပေမယ့် လူမည်းစရိုက်နဲ့ဘဲ ဆိုးကြီးပါ။ သူတို့နှစ်ယောက်ရဲ့အလုပ်ကတော့ ဒွန် ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို တိုနီလစ် က ကားမောင်းပြီး လိုက်ပို့ရတာပဲ ဖြစ်ပါတယ်။ စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရောင်မတူတဲ့ လူ ၂ ယောက်ဟာ ခရစ်စ်မတ် မတိုင်ခင် အမှီ အိမ်ပြန်ရောက်ပါတော့မလား ဆိုတာကိုတော့ အခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လို့ရပါပြီ။

t.me/cartoonbynikko/3180
❤2
Forwarded from MMK 999 ADS
This media is not supported in your browser
VIEW IN TELEGRAM
ပိတ်ခန်းမရှိ စိတ်ကြိုက်ဆော့💵💰

❤️ ❤️ ❤️❤️❤️❤️ ❤️❤️❤️

🇹🇭 ထိုင်းကဖြစ်ဖြစ် 🇲🇲 မြန်မာကဖြစ်ဖြစ် အော်တိုစနစ်နဲ့စိတ်ကြိုက်ဆော့နိုင်ပြီ👋🖐️

⤴️ 50%ဂိမ်းအကောင့်သစ်ဘောနပ်
⤴️နေ့စဥ် 5% ရှုးကြေးပြန်ပေး
⤴️ 25%  နေ့စဥ်ငွေသွင်း‌ဘောနပ်

MMKBET999
💎 အော်တိုစနစ် နဲ့ အဆင့်မြင့်မြင့် ကစားကြမယ် 🎮

📱 Telegram - @mmkbet999
https://t.me/mmkbet999

📱 Viber- 09 666 2 666 99

📱 Page -MMK 999
https://www.facebook.com/profile.php?id=100050690880179
Please open Telegram to view this post
VIEW IN TELEGRAM
❤1
အာတိတ် ခွေးလေးများ (၂၀၁၉)

ပေါ့ပေါ့ပါးပါးနဲ့ တစ်ကားလုံး ထိုင်ရာမထ ကြည့်ချင်အောင် ဆွဲခေါ်သွားတဲ့ ကာတွန်းကားလေးပါ။ မြောက်ဝင်ရိုးစွန်းဒေသ အစွန်ဆုံးမှာ တိုင်ဂတ်ဗယ်လီ ဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ အဲ့ရွာလေးမှာ ပစ္စည်းပို့ ဝန်ဆောင်မှု လုပ်ငန်းက ပစ္စည်းပို့တဲ့ မြောက်ဝင်ရိုးစွန်း ခွေးကြီးတွေက ကလေးတိုင်း အားကျရတဲ့ သူတွေပေါ့။ ဆွစ်ဖတီ ဆိုတဲ့ မြေခွေးလေးကတော့ အဲ့ခွေးကြီးတွေလို မသန်မာပေမဲ့ ပစ္စည်းပို့တဲ့သူ ဖြစ်ဖို့က သူ့အိပ်မက်ပဲ။ အဲ့လုပ်ငန်းမှာ တခြားနေရာကနေ ဝန်ထမ်း ဝင်လုပ်ရင်း တစ်နေ့မှာ ခွေးကြီးတွေက ပြန်ပေးဆွဲခံရတော့ သူဖြစ်ချင်တဲ့ ပစ္စည်းပို့သူ ဖြစ်လာတဲ့အခါမှာ ပြန်ပေးဆွဲခံရတဲ့ အကြောင်းရင်းတွေကို စုံစမ်း သိရှိသွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှု ခံစားလိုက်ပါ။

t.me/cartoonmoviesmms/2811
❤1
တို့ရဲ့အချိန် (၂၀၁၅)

IMDb - 7.3/10
Genre - Romance, Comedy


သာမန်ကုမ္ပဏီဝန်ထမ်းမလေး လင်းကျန်းရှင်း ရဲ့ ကျောင်းသားဘဝအမှတ်တရတွေကို ရသစုံလင်စွာ တင်ဆက်ထားတာပါ။ လင်းကျန်းရှင်း နဲ့ ကျောင်းသားဆိုးလေး ဆုတိုင်ယွီ တို့အကြောင်း, လင်းကျန်းရှင်း တိတ်တခိုး ကြွေနေရတဲ့ စာအတော်ဆုံးကျောင်းသား အိုးရမ် နဲ့ နောက်ပိုးအချစ်အကြောင်း, လင်းကျန်းရှင်း အားကျနေတဲ့ ထောင်မင်းမင် ဆိုတဲ့ အလှနတ်သမီးလေးရဲ့ ရင်ခုန်သံက ဘယ်မှာနားခိုမလဲဆိုတဲ့အကြောင်းစတဲ့ ငယ်ဘဝရဲ့ ရင်ခုန်တပ်မက်မှုတွေ, ပေါ့ပါးလွတ်လပ်မှုတွေကို ခံစားကြည့်ရှုရမှာပါ။ Rating မြင့်သလို ဇာတ်လမ်းလည်း ကောင်းမွန်တဲ့ ဇာတ်ကားပါ။

t.me/dramamv/4118
❤1
ဘီလူးစီးခြင်း (၂၀၁၇)

ဘီလူးစီးတာကို လူတိုင်းနီးပါး တစ်ကြိမ်တစ်ခါတော့ ခံစားဖူးကြမှာပါ။ ဒါပေမယ့် အဲ့ဒါက သာမန် သွေးလေချောက်ခြားလို့ ဖြစ်တာမဟုတ်ရင်ကော။ ကလေးဘဝတုန်းက အစ်ကိုဖြစ်သူကို ထူးထူးဆန်းဆန်း ဆုံးရှုံးလိုက်ရတဲ့ စိတ်ဆရာဝန် အဲလစ်၊ သူ့ဆီကို တူညီတဲ့ ဖြစ်စဉ်တွေနဲ့ ရောက်လာတဲ့ မိသားစုတစ်စု။ သူတို့တွေ ကြုံတွေ့နေရတဲ့ အရာတွေက သမားရိုးကျ မဟုတ်ပဲ အသက်အန္တရာယ်ပါ ပေးလာတဲ့အခါမှာတော့ ထိုမိသားစုကို အဲလစ် ကပဲ ကာကွယ်ပေးနိုင်မလား၊ ဒါမှမဟုတ် Horror ကားကြိုက်သူတွေကတော့ တော်တော်ကြီး ကြည့်လို့ကောင်းမှာပါ။

t.me/hanamoviesforyou/2734
❤1
BL ကားလေးဆိုတာ မပြောလည်း သိမယ်ထင်ပါတယ် 😝

မာနခဲလေး (၂၀၂၂)

IMDb - 7.2/10
Genre - Romance, Drama


အချစ်ဆိုတာ ဘာလဲ၊ ရယူခြင်းလား ပေးဆပ်ခြင်းလားလို့ မေးလာရင်တော့ သေချာပါတယ်၊ အဖြူနဲ့ အမဲလို နှစ်ပါတီ ကွဲနေမှာပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုတော့ ဆက်ဆံရေးတစ်ခုကို အမြဲတမ်း ကိုယ်ကပဲ ရယူချင်တဲ့ အတ္တတစ်ခုတည်းနဲ့တော့ တည်ဆောက်လို့ မရပါဘူး။ သိတတ်စအရွယ်ကတည်းက အမြဲ နေမကောင်းနေတဲ့ အမေက ခိုဆုခဲ အတွက် လိုအပ်တဲ့ မေတ္တာတွေ အပြည့်အဝ မပေးနိုင်ခဲ့ပါဘူး။ အမေဆိုတဲ့ ပေါင်းကူးတံတားလေး မရှိတော့ ခိုဆုခဲ နဲ့ သူ့အဖေကြားမှာလည်း နွေးထွေးမှုဆိုတာ ပျောက်ဆုံးနေတာပေါ့။ ဒီလိုနဲ့ပဲ 14 နှစ်အရွယ်မှာ အမေဆုံးသွားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ လိင်ခံယူချက် ကို ဖုံးပြီး မနေထိုင်ချင်တဲ့ ခိုဆုခဲ တစ်ယောက် 18 နှစ်မှာ တိုကျိုကို ထွက်သွားခဲ့ပါတယ်။ တစ်ချိန်က ရွာဇနပုဒ်က ခပ်စုတ်စုတ် ကောင်လေးက အခုချိန်မှာတော့ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်ပြီး ကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းနေတဲ့အပြင် သူငယ်ချင်း ဂေးတွေနဲ့တူတူ အစွမ်းကုန် ပွင့်လန်းနေတာပေါ့။ အရာရာ ပြည့်စုံစပြုနေပေမဲ့ ချစ်ခြင်းမေတ္တာ ငတ်နေတဲ့ ခိုဆုခဲ ရဲ့ ဘဝထဲကို ငယ်ငယ်ချောချော တောင့်ဖြောင့်နေတဲ့ အားကစား trainer လေး ရုတ ဝင်ရောက်လာတဲ့အခါ… ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တဲ့ ခိုဆုခဲ တစ်ယောက် ရုတ ဆိုတဲ့ ကောင်လေးကို သူ့ဘဝမှာ လက်ခံဖို့အတွက် ချစ်တတ်ဖို့ ဘယ်လို သင်ယူသွားမလဲ။ ရုတ လေးကရော မချစ်တတ်သူကြီးရဲ့ ကျောက်ဆစ် နှလုံးသားကို အရည်ဖျော်ရင်း အားကစား လေ့ကျင့်ပေးရင်းနဲ့ အချစ် သင်ခန်းစာကိုပါ ပို့ချပေးသွားနိုင်မလား ဆိုတာ ရှုစားလိုက်ရအောင်ပါ။

t.me/cartoonbynikko/3182
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️ ❤️❤️

❤️❤️❤️❤️ ❤️❤️❤️❤️

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

✅ အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @HpaAnRichCs

📱 Link :https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
❤2
အန္တရာယ်ကြားက ချစ်ခြင်းတစ်ပုဒ် (၂၀၁၃)

IMDb - 6.2/10
Genre - Romance, Drama


အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီ ဟာ ပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အလုပ်လျှောက်ပါတယ်။ စက်ရုံမှာ လေ့ကျင့်ပေးပြီးမှ အလုပ်ကို ဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီ နဲ့ အခြားစီနီယာတွေက သူတို့ကို ကြီးကြပ်စေပြီးလေ့ကျင့်မှုစမ်းသပ်မှု အောင်မြင်အောင် ကြိုးစားပေးကြတယ်။ နူကလိယစက်ရုံဆိုတာ သိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက် ဂါအီ အစ်မ မာမီ ကတော့ သူ့ကို မလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက် ဂါအီ ဟာ ဒီအလုပ်ကိုပဲ လုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာ နေနေရင်းနဲ့ တိုနီ နဲ့ ဇနီးလောင်းကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့။

t.me/cartoonbynikko/1949
❤5
ကြေးစား (၂၀၂၃)

IMDb- 6.4/10
Genre - Action, Thriller


ဒီကားမထွက်ခင်ကတည်းက လူစိတ်ဝင်စားမှုများစွာရှိခဲ့ပြီး အဓိက မင်းသား ကင်စဲအွန်ဟို ဟာ လက်မရွှံကြေးစား လူသတ်သမားဟန်ပန်မျိုးကို တစ်ခါမှမရိုက်ဖူးဘူးဆိုတဲ့အတွက် စိတ်အားထက်သန်စေပါတယ်။ ဒါ့အပြင် ထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ကားတစ်ကားလုံးကြမ်းပြီး သတ်ဖြတ်ခန်းတွေကလည်း အတော်ကြီး မိုက်ပါတယ်။ ဇာတ်လမ်းအရ ဖိလစ်ပိုင် မြေအောက်ကြေးစား လက်ဝှေ့လောကမှာ ကျဉ်လည်နေတဲ့ ဖိုက်တာတစ်ယောက်ရှိပြီး သူ့အဖေက ကိုရီးယားလူမျိုး၊ အမေက ဖိလစ်ပိုင်လူမျိုးဖြစ်ပါတယ်။ လက်ရှိမိခင်နဲ့အတူနေပြီး မိခင်ကျန်းမာရေးမကောင်းတော့ သူ လူကြိုးဝိုင်းထဲထိုးပြီး ပိုက်ဆံရှာနေပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က ကိုရီးယားမှာရှိတဲ့ အဖေကို ရှာဖွေပြီး မိသားစုလေးကို ပျော်ရွှင်စွာ နေထိုင်စေခြင်းပါ။ တစ်နေ့ကံကောင်းမှုမစွာ အဖေဘက်က လူတွေက သူ့ကို ရှာတွေ့ပြီး ကိုရီးယားကိုလိုက်လာစေခဲ့ပါတယ်။ ကိုရီးယားသို့ အဖေကို တွေ့ရမယ့်အချိန်မှာ မမျှော်လင့်ဘဲ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ ကြေးစား လူသတ်သမားတွေ သူ့နောက်ကိုလိုက်လာခဲ့ပြီး ဖြစ်ပျက်မှုတွေ တိုးပွားသွားပါတယ်။

t.me/cartoonbynikko/1966
❤2
လူရာမဝင် တစ်ကောင်ကြွက်လေးများ (၂၀၂၂)

IMDB - 7/10
Genre - Adventure, Drama


ဒီကားက ဆုကြီး (၆) ဆုတောင်ရရှိခဲ့တာဖြစ်ပါတယ်။ ရာ, ကူဘယ်ရို, ဝင်နီ, နာနိုနဲ့ ဆယ်ရယ် ဆိုတဲ့ လူငယ်လေးတွေက ကိုလံဘီယာနိုင်ငံ၊ မယ်ဒရင်မြို့က လမ်းတွေ‌ပေါ်မှာပဲ ကျက်စားကြတဲ့ ကောင်လေးလေးတွေပါ။ သူတို့မှာ မိဘဆွေမျိုးတွေ လည်းမရှိကြတော့လို့ အချင်းချင်းသာ သူငယ်ချင်း၊ ညီအစ်ကို၊ မိသားစုလိုဖြစ်နေသူတွေပါ။ တစ်နေ့တော့ ရာ ဆီကို သူ့အဘွားက အမွေအဖြစ် ချန်ထားခဲ့ပေးတဲ့ မြေ၊ အစိုးရဆီက သိမ်းယူသွားတဲ့ မြေ၊ ပြန်ယူနိုင်ကြောင်းအကြောင်းကြားစာရလာတဲ့အခါမှာတော့ သူတို့တွေ လူရာဝင်ဝင် နေနိုင်အောင် အဲ့မြေကို ယူမယ်ဆိုပြီး လူငယ်လေးငါးယောက်ရဲ့ ခရီးဆန့်ခဲ့ကြပါတော့တယ်။ ဇာတ်လမ်းအဆုံးမှာ ဘာဖြစ်သွားမလဲ၊ တစ်ကောင်ကြွက်လေးတွေ၊ လူရာမဝင်လေးတွေအတွက် နေစရာနေရာ ဆိုတာ လောကကြီးမှာရှိပါ့မလားဆိုတာကို ခရီးတစ်လျှောက် လမ်းတွေ၊ တောအုပ်တွေ၊ ရှုခင်းလှလှတွေကို ရိုးရိုးရှင်းရှင်းနဲ့အေးအေးဆေး‌ဆေး ကြည့်လို့ရမယ့် ဇာတ်ကားလေးပါပဲ။

t.me/cartoonbynikko/1969
❤1
သရဲကို အကင်ရောင်းကြသူများ (၂၀၂၅)

“လူတွေဆီမှာ ပိုက်ဆံရှာရတာ ခက်လွန်းလို့ စိတ်ညစ်နေလား၊ ညဘက် သရဲတွေကို အကင်ရောင်းပြီး သူဌေးဖြစ်အောင် လုပ်ကြည့်ပါလား” ဆိုတဲ့ အကြံကို အခြေခံထားတဲ့ Horror Comedy ကားလေးပါ။ အင်ဒိုဟော်ရာဆိုရင် ပြဲနေအောင် ခြောက်တဲ့ကားတွေချည်းပဲ ကြည့်ရလို့ ရိုးအီနေတဲ့သူတွေအတွက် သရဲကားလည်း ကြည့်ချင်တယ်၊ အူတက်အောင်လည်း ရယ်ချင်တယ်ဆိုတဲ့သူတွေ အကြိုက်တွေ့စေမယ့် ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ဆင်းရဲလွန်းလို့ ဘဝကို လက်မြှောက်အရှုံးပေးချင်နေတဲ့ ငမွဲ သူငယ်ချင်း ၃ ယောက်ဖြစ်တဲ့ အန်တို, ဒီမက်စ် နဲ့ အင်ဒရာ တို့ကနေ စတင်ပါတယ်။ အန်တို တစ်ယောက် ချစ်သူကောင်မလေး အန်ဒီနီ ကို လက်ထပ်ဖို့ သိန်းချီတောင်းတဲ့ တင်တောင်းငွေကို တစ်လအတွင်း ရှာရမယ့် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသလို၊ ဒီမက်စ် နဲ့ အင်ဒရာ တို့ကလည်း အွန်လိုင်းအကြွေးတွေ လည်ပင်းနစ်ပြီး ဒုက္ခရောက်နေကြတာပါ။ ပိုက်ဆံလိုချင်လွန်းလို့ ရူးမတတ် ဖြစ်နေတဲ့ သူငယ်ချင်း ၃ ယောက်ဟာ အင်ဒရာ ရဲ့ အဘိုး ချန်ထားခဲ့တဲ့ ရှေးဟောင်း အောက်လမ်းစာအုပ်တစ်အုပ်ကို ရှာတွေ့သွားရာကနေ အလွဲတွေ စပါတော့တယ်။ အဲဒီ အောက်လမ်းပညာက လူကို ယဇ်ပူဇော်စရာ မလိုဘဲ ချမ်းသာစေမယ့် နည်းလမ်းဖြစ်ပြီး လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က ညသန်းခေါင်ယံမှာ ကျီးကန်းသားကို ဆာတေးလုပ်ပြီး မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေကို ရောင်းချပေးဖို့ပါပဲ။ ဒီလိုနဲ့ ကြောက်ကြောက်နဲ့ စရောင်းရာကနေ ဖောက်သည် သရဲ၊ ဖုတ်ကောင်တွေ တဖွဲဖွဲ လာပြီး သူတို့ ၃ ယောက်လည်း ချက်ချင်းဆိုသလို သူဌေးဖြစ်လာပါတော့တယ်။ အကြွေးတွေ ကြေ၊ ကောင်မလေးကိုလည်း လက်ထပ်နိုင်တော့မယ့် အခြေအနေရောက်မှ သရဲတွေက ကျီးကန်းအကင်ကို စွဲလမ်းသွားပြီး အချိန်အခါမရွေး လာတောင်းတဲ့အခါ လောဘတက်နေတဲ့ မကောင်းဆိုးဝါး ဖောက်သည်တွေကို ဒီ ၃ ယောက် ဘယ်လို ရင်ဆိုင်မလဲ၊ ချမ်းသာတဲ့ ဘဝကို ဆက်ရွေးမလား၊ အသက်လုပြေးရမလား ဆိုတာကတော့…

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/876
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Forwarded from MMK 999 ADS
This media is not supported in your browser
VIEW IN TELEGRAM
အပေးကြမ်းတဲ့ ဂိမ်းဝဘ်ဆိုက် 💵💰

🔠 🔠 🔠🔠🔠🔠9️⃣9️⃣9️⃣

🇹🇭 ထိုင်းကဖြစ်ဖြစ် 🇲🇲 မြန်မာကဖြစ်ဖြစ် အော်တိုစနစ်နဲ့စိတ်ကြိုက်ဆော့နိုင်ပြီ👋🖐️

⤴️ 50%ဂိမ်းအကောင့်သစ်ဘောနပ်
⤴️နေ့စဥ် 5% ရှုးကြေးပြန်ပေး
⤴️ 25%  နေ့စဥ်ငွေသွင်း‌ဘောနပ်

MMKBET999
💎 အော်တိုစနစ် နဲ့ အဆင့်မြင့်မြင့် ကစားကြမယ် 🎮

📱 Telegram - @mmkbet999
https://t.me/mmkbet999

📱 Viber- 09 666 2 666 99

📱 Page -MMK 999
https://www.facebook.com/profile.php?id=100050690880179
Please open Telegram to view this post
VIEW IN TELEGRAM
❤1
မာရီလင်မွန်ရိုး (၂၀၁၁)

IMDB - 6.9/10
Genre - Drama, History


ဆာလောရန့် က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး ရိုက်ဖို့ စီစဉ်ခဲ့ပါတယ်။ မာရီလင်မွန်ရိုး နဲ့ဆို အရာရာ အဆင်ပြေမယ်လို့ သူမျှော်လင့်ထားပေမယ့် တကယ်တမ်း မွန်ရိုး နဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံး အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဇာတ်အရ မာရီလင်မွန်ရိုး ကို အဲဒီခေတ်က အခမ်းနားဆုံး မင်းသမီးလို့ လက်ခံထားကြပြီးသားဖြစ်သော်လည်းမိန်းမဆန်တဲ့ စိတ်၊ အားငယ်တတ်ခြင်း၊ သံသယများတတ်ခြင်း၊ အချစ်ခံချင်ခြင်း၊ မျက်ရည်လွယ်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ်ပျော်လွယ်ခြင်း ဆိုတဲ့ အချက်တွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ အရမ်းမြင့်နှုန်းနဲ့ ဖြစ်နေခဲ့ပါတယ်။ မွန်ရိုး ဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးက လူဖြစ်သလို လုပ်နေတဲ့ အလုပ်ကလည်း မြင့်တက်ဖို့ ခက်ပေမယ့် ပြုတ်ကျဖို့ လွယ်တဲ့ သရုပ်ဆောင်အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီအလုပ်နဲ့ မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက် ဒုက္ခများမလဲ ဆိုတာ တွေးနိုင်ပါတယ်။ ဆာလောရန့် အတွက်လည်း ဒုက္ခတော်များခဲ့ပြီး၊ ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲမှာ မင်းသမီးလုပ်သမျှတွေက သူ့ကို ရိုက်ခတ်နေခဲ့ရပါတယ်။ အားလုံးကတော့ မာရီလင်မွန်ရိုး ကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့် ဆာလောရန့် ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့ စတားဆိုတော့ မာနရှိနေပြီး မွန်ရိုး အပေါ် ခက်ထန်ခဲ့ပါတယ်။ အဲဒီလို ခက်ထန်မှုကြောင့် မွန်ရိုး ဘက်က အခြေအနေပိုဆိုးလာပြီး ရုပ်ရှင်ရိုက်ဖို့ က အတော်လေး ဂျာအေးနေခဲ့ပါတယ်။ ဒီလိုနဲ့ ဆာလောရန့် ခန့်ထားတဲ့ တတိယလက်ထောက် ဒါရိုက်တာ ကောလင်း က ဒီနှစ်ယောက်ကြား ပေါင်းကူးပေးခဲ့ပြီး မွန်ရိုး ကိုလည်း ချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ စိတ်ပျော့ပြီး ယခုမှ လူလားစမြောက်တဲ့ သူနဲ့ မာရီလင်မွန်ရိုး ကြား အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ပြီး မွန်ရိုး ဟာ သူ့အချစ်ဦးဖြစ်လာခဲ့ပါတယ်။

t.me/dramamv/2739
❤1
ကာရံလေသော တံတိုင်းများ (၁၉၉၇)

IMDB - 8.3/10
Genre - Romance


သူတို့နှစ်ယောက်က ဇာတ်ညွှန်း အကယ်ဒမီဆုရ၊ ရော်ဘင် ဝီလီယံစ် ကအကယ်ဒမီ ဇာတ်ပို့ဆုနဲ့အတူ အခြား ရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ။ ကမ္ဘာကျော် သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ ကြိုးစားရတဲ့ သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဝီလ် ဟန်တင်း ဆိုတဲ့ ကောင်လေးဟာ မိဘမဲ့၊ ခြေဦးတည်ရာမဲ့၊ ဆိုးဖော်ဆိုးဖက်တွေနဲ့ မူးအောင်သောက် ဘဝကို ကြုံသလို ဖြတ်သန်းသူ။ ဒါပေမယ့် သူဟာ ဂျီးနီးယက်စ်တစ်ယောက်၊ သူ့ရဲ့ ဦးနှောက်က Genius-level IQ နဲ့ တူညီပြီး သူဟာ သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ။ သံယောဇဉ် တွယ်ရမှာကို ကြောက်တယ်၊ လူတွေရဲ့ သမားရိုးကျ အတွေးအခေါ်တွေကို ရွံတယ်။ ဒီလိုနဲ့ သူ့ရဲ့ အရည်အချင်းကို ဂုဏ်ထူးဆောင် ဆုရှင် ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ။

t.me/dramamv/2729
❤2
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠 🔠🔠

🔠🔠🔠🔠 🔠🔠🔠🔠

အပေးကြမ်းကြမ်း ဂိမ်းအလန်း 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

✅ အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram :@HpaAnRichCs

📱 Link : https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
❤2
မဟာရေလွှမ်းမိုးမှုကြီးနောက်ဝယ် (၂၀၂၆)

IMDB - 6.8/10
Genre - Sci-fi


ဇာတ်လမ်းအစမှာ မဟာရေလွှမ်းမိုးမှုကြီး ဖြစ်ပွားပြီး နှစ်ပေါင်း ၃၀၀ အကြာမှာ ကျန်ရစ်ခဲ့တဲ့ ကျွန်းသားတွေဟာ အဆုံးမရှိတဲ့ မုန်တိုင်းကြီးရဲ့ ခြိမ်းခြောက်မှုကို အမြဲခံနေရတာကို မြင်တွေ့ရမှာပါ။ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ လုံခြုံတဲ့ အားဂေါ့စ် ဆိုတဲ့ မြို့တော်ကြီးဖြစ်ပြီး၊ အဲဒီကို ရောက်ဖို့ အသက်လုရတဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရပါတယ်။ အဓိက ပဋိပက္ခကတော့ ဒီလို ဖိနှိပ်မှုတွေကို မခံနိုင်တော့တဲ့ လူငယ်နှစ်ယောက်က မုန်တိုင်းကို ဖြတ်ကျော်ပြီး အားဂေါ့စ် မြို့ကို အုပ်စိုးထားတဲ့ ဖန်တီးရှင်အိုကြီးတွေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားကြတာပါပဲ။ ဇာတ်လမ်းက တဖြောင့်တည်း ပုံစံမျိုးနဲ့ပဲ အက်ရှင်အပြည့် စွန့်စားခန်းတွေကို တစ်ဆင့်ချင်း စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/878
Please open Telegram to view this post
VIEW IN TELEGRAM
❤2
အဗက်တာ ၁+၂+၃

အကြည်တွေချည်းတင်ထားပါတယ်။

t.me/+l6iAujfRr3YwOTQ9
❤3