Hana : The Sweet Orophile
88.6K subscribers
2.27K photos
129 videos
2.29K links
Download Telegram
မိသားစုရဲ့ အဝေး (၂၀၁၆)

IMDB - 8/10
Genre - Adventure, Drama


မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပင် သာယာတဲ့ အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ။ Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်။ ၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာ နေခဲ့တဲ့ ခံစားချက်ကို ငါနားလည်တဲ့ ဆိုတဲ့ Saroo ရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့ သံယောဇဉ်ပါ။ Saroo ရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ။ တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ

t.me/dramamv/4070
3
Forwarded from MMK 999 ADS
This media is not supported in your browser
VIEW IN TELEGRAM
ရှယ်လျှော် ရှယ်အမ်း 💎💵

🌌🌌🌌🌌🌌🌌🌌🌌🌌

🇹🇭 ထိုင်းကဖြစ်ဖြစ် 🇲🇲 မြန်မာကဖြစ်ဖြစ် အော်တိုစနစ်နဲ့စိတ်ကြိုက်ဆော့နိုင်ပြီ👋🖐️

⤴️ 50%ဂိမ်းအကောင့်သစ်ဘောနပ်
⤴️နေ့စဥ် 5% ရှုးကြေးပြန်ပေး
⤴️ 25%  နေ့စဥ်ငွေသွင်း‌ဘောနပ်

MMKBET999
💎 အော်တိုစနစ် နဲ့ အဆင့်မြင့်မြင့် ကစားကြမယ် 🎮

📱 Telegram - @mmkbet999
https://t.me/mmkbet999

📱 Viber- 09 666 2 666 99

📱 Page -MMK 999
https://www.facebook.com/profile.php?id=100050690880179
Please open Telegram to view this post
VIEW IN TELEGRAM
1
စပိုင်မလေး (၂၀၂၄)

သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေကို အပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားက ရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့။ သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ။ သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး နဲ့ ဘယ်လို ဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

t.me/dramamv/4074
1
ထူးဆန်းသောလှိုဏ်ဂူ (၂၀၁၈)

နာမည်ကြီးရှေးဟောင်း သုတေသန ပညာရှင်တစ်ယောက် ပျောက်ဆုံးသွားတာကို ရှာဖွေမယ့် ကျောင်းသားတစ်သိုက်တို့ Texas ရှိ အရမ်းနက်တဲ့ ဂူထဲကို ဝင်ရောက်ဖို့ ဖြစ်လာသောအခါ ဒီဂူကြီးထဲမှာ အချိန်ရဲ့ ကုန်ဆုံးမှုက အပြင်နဲ့ မတူပဲ နှေးကွေးနေတဲ့အတွက် အချိန်ဖောက်ပြန်မှုတွေ ဘယ်လိုတွေ ဖြစ်လာမလဲ။ သမိုင်းနဲ့ အခြားအရာတွေကတော့ ဘယ်လိုတွေ ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ရာ ကြည့်ရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။

t.me/cartoonbynikko/3171
4
ယောင်ဂျု (၂၀၁၈)

IMDb - 6.6/10
Genre - Drama


ကားတိုက်မှုကြောင့် မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ယောင်ဂျု ဟာ ပညာရေးကို စွန့်လွှတ်လိုက်ရပြီး မောင်လေးဖြစ်သူ ယောင်အင် ကို ပြုစုစောင့်ရှောက်ရင်း ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးပါ။ တစ်နေ့မှာ ယောင်ဂျု မှာ ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပြီး အမှု ကျေအေးဖို့အတွက် ငွေအများအပြား လိုအပ်လာတဲ့အခါ ယောင်ဂျု အနေနဲ့ လမ်းပျောက်သွားခဲ့ရပါတယ်။ ငွေကြေး အခက်အခဲကြောင့် ယောင်ဂျု ဟာ မိဘတွေကို ကားနဲ့ တိုက်မိခဲ့တဲ့ တရားခံ ဇနီးမောင်နှံဆီကို ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားဘဲ ထို ဇနီးမောင်နှံဆီကနေ မေတ္တာနဲ့ ကြင်နာမှုကို ရရှိလာတဲ့အခါမှာတော့ သံယောဇဉ်နဲ့ နာကြည်းမှုကြားမှာ ဘယ်လိုတွေ ရှေ့ဆက်သွားမလဲဆိုတာ ။

t.me/msubmovie0/8558
2🤔1
လူထူးဆန်းလေး (၂၀၀၇)

IMDb - 7.3/10
Genre - Romance, Drama


တန်းတူ ကလေးတွေနဲ့ ယှဉ်ရင် ပုံမှန် ဉာဏ်ရည်မဟုတ်တဲ့ ၁၁ နှစ်အရွယ် ကျောင်းသားလေး ဟောဒုံဂူ ဟာ ကျောင်းမှာရှိတဲ့ ရေစင်ကနေ ရေကရားနဲ့ ရေသယ်ပြီး အခန်းဖော်တွေကို ရေငှဲ့ပေးရတဲ့ အလုပ်ကို စွဲလန်း သဘောကျနေတဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းက စာသင်ခန်းတိုင်းမှာ ရေသန့်စက် တပ်လိုက်တဲ့အခါမှာတော့ သူ နှစ်သက်တဲ့ အလုပ်ကို မလုပ်ရတော့ဘဲ ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ကျောင်းရဲ့ ဘေ့စ်ဘောအသင်းမှာ အသစ်ဝင်တဲ့ လူသစ်က စီနီယာ ကစားသမားတွေအတွက် ရေငှဲ့ပေးရတယ်ဆိုတာကို သိလိုက်ရချိန်မှာ ဘေ့စ်ဘောအသင်းထဲ ဝင်လာခဲ့ပါတော့တယ်။ ဘေ့စ်ဘောအကြောင်း ဘာမှ မသိဘဲ ရေငှဲ့ပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ဘေ့စ်ဘော အသင်းအဖွဲ့ထဲ ဝင်လာတဲ့ ဟောဒုံဂူ တစ်ယောက် နည်းပြရဲ့ သင်ကြားပေးမှု၊ ဖခင်ရဲ့ ပံ့ပိုးအားပေးမှု၊ သူငယ်ချင်းဖြစ်သူရဲ့ သင်ကြားပြသပေးမှုတို့နဲ့ ဘေ့စ်ဘော ပြိုင်ပွဲမှာ ဝင်ပါ ဖြစ်ခဲ့ပုံကို ရယ်စရာလေးတွေ၊ အလွဲလေးတွေ ရောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဖခင်တစ်ဦးရဲ့ မေတ္တာ၊ သူငယ်ချင်း သံယောဇဉ်တွေကို အကောင်းဆုံး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် အားလုံးပဲ ခံစား ကြည့်ရှုကြပါဦးရှင်။

t.me/hanamoviesforyou/2670
2
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠 🔠🔠

🔠🔠🔠🔠 🔠🔠🔠🔠

အပေးကြမ်းကြမ်း ဂိမ်းအလန်း 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram :@HpaAnRichCs

📱 Link : https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
လက်ထပ်ဝတ်စုံလေး (၂၀၁၀)

IMDB - 7.5/10
Genre - Drama


ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ် မိခင် ဂိုဝွန်း က မင်္ဂလာဝတ်စုံ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာ ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ သူမရဲ့ သမီးလေး ဂျောင်ဆိုရာ ကို သူမ မပါဘဲ နေထိုင်တတ်ဖို့ ဆိုရာရဲ့ အကျင့်တွေကို ဘယ်လို ပြင်ဆင်ပေးခဲ့မလဲဆိုတာကို တွေ့ရမှာပါ။ သမီးလေးနဲ့ မခွဲခင်မှာ ဂိုဝွန်း က သမီးလေးအတွက် မင်္ဂလာဝတ်စုံ ဝတ်ဆင်ခြင်း အပါအဝင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးချင်ခဲ့ပါတယ်။ သူမရဲ့ ရောဂါ ပိုဆိုးလာနဲ့အမျှ ဆိုရာ လည်း သူ့အမေ နေမကောင်း ဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လို ဖြည့်ဆည်းပေးဖို့ ကြိုးစားမလဲ။ ချစ်ရတဲ့ သူ့အမေအတွက် သူ့အကျင့်တွေကို ပြင်ပြီး ဘယ်လိုတွေ ရှေ့ဆက်မလဲ၊ ကိုယ်ချစ်ရဆုံး အမေနဲ့ မခွဲရခင်မှာ ဆိုရာ လေးက ဘယ်လိုတွေ ဖြည့်ဆည်းပေးမလဲ ဆိုတာကိုတော့။

t.me/cartoonbynikko/3173
2
စကော့တလန်ရဲ့ နောက်ဆုံး ဘုရင် (၂၀၀၆)

IMDb - 7.6/10
Genre - Drama


ဒီရုပ်ရှင်က အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို ဇာတ်လမ်းဆင် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ နီကိုးလတ်စ် က ဆရာဝန်ဘွဲ့ ရပြီး စွန့်စားမှုလေးတစ်ခု လုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကို မျက်လုံးမှိတ် လက်ထောက်ရွေးခဲ့ပါတယ်။ သူ ကျသွားတာကတော့ ယူဂန်ဒါ ဖြစ်ပြီး အဲ့နောက် ယူဂန်ဒါမှာ အကျိုးပြု ဆရာဝန်လေး လာလုပ်ပါတော့တယ်။ အဲ့အချိန် သမ္မတဟောင်း အိုဘိုတီ ပြုတ်ပြီး ဗိုလ်ချုပ် အာမင် က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ ထုံးစံအတိုင်း လေထဲတိုက် အိမ်ဆောက် အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်း သုတ်သင်ရင်း တိုင်းပြည် အခြေအနေကလည်း ပိုဆိုးလာခဲ့ပါတယ်။ နီကိုးလတ်စ် ကတော့ အကြောင်းတိုက်ဆိုင်သွားပြီး အာမင် ရဲ့ မိသားစု ဆရာဝန် ဖြစ်သွားရာကနေ ဇာတ်လမ်းကို dramatic ဆန်အောင် ထည့်ထားပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/860
Please open Telegram to view this post
VIEW IN TELEGRAM
1
အချစ်တိုက်ပွဲ (၂၀၁၉)

IMDb - 6.2/10
Genre - Comedy


ထဲန် လုပ်တဲ့အလုပ်ကတော့ “နှစ်နှစ်အတွင်း မပြတ်ရင် အတိုးငွေ ရတယ်” ဆိုတဲ့ အာမခံအလုပ်ပဲ ဖြစ်ပါတယ်။ ဒီအာမခံက ချစ်သူစုံတွဲတွေကို မက်လုံးပေးပြီး နှစ်နှစ်သာ ကာလအတွင်းမှာ မပြတ်ခဲ့ရင် အတိုးရမယ်ဆိုတာပါပဲ။ အာမခံ စတင်လုပ်ပြီး ၃ လအကြာမှာတော့ အာမခံကုမ္ပဏီဘက်က အမြင်မတူတာကြောင့် သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်နှစ်အတွင်း ထဲန် တွက်ချက်ထားသလို မဖြစ်ရင် ဒီအာမခံကို ဖျက်သိမ်းမယ်ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ ထဲန် တစ်ယောက် ကိုယ့်အာမခံလေး အဖျက်သိမ်း မခံရအောင် အတွဲတွေ မပြတ်ပြတ်အောင် ကြံစည်ပါတော့တယ်။ အချစ်ကို ကိုးကွယ်နေတဲ့ ကျစ် တစ်ယောက်တော့ အတွဲရှာပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အောင်သွယ်တော် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထဲန် နဲ့ တွေ့အပြီးမှာပဲ ကျစ် တွဲပေးတဲ့ အတွဲမှာ ပြဿနာရှိခဲ့တာကြောင့် ကျစ် ဟာ ကုမ္ပဏီအထက် အမိန့်အရ ထဲန် ရဲ့ အာမခံကုမ္ပဏီဆီ ပြောင်းရွှေ့ခံရပါတော့တယ်။ ထဲန် နဲ့ ကျစ် နှစ်ယောက် အတွေးတွေ မတူညီတာကြောင့် နှစ်ဦးကြား လောင်းကြေးတစ်ခု ရှိလာပါတယ်။ သတ်မှတ်ထားတဲ့ တစ်နှစ်အတွင်း အာမခံ ဝယ်ထားတဲ့ အတွဲတွေထဲက ပြတ်ဆဲရာခိုင်နှုန်း ၅၀ ရှိရမယ် ဆိုတာပါပဲ။ ဆန့်ကျင်ဖက် နှစ်ဦးဖြစ်တဲ့ ထဲန် နဲ့ ကျစ် နှစ်ယောက်သား ဘယ်လို ဆက်ဖြစ်မလဲ၊ ထဲန် ကရော အချစ်ကို ပြန်ယုံကြည်နိုင်မလား၊ ကျစ် ရဲ့ လာဗင်ဒါ အချစ်ပန်းခင်းကြီးကရော ဆက်ပြီး သာယာနေဦးမလား။

t.me/cartoonbynikko/3175
1
(၁၈+) အချစ်မဲ့ အိမ်ထောင်ရေး (၂၀၁၆)

အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ ဟင်းလိုပါပဲ။ ဒီဇာတ်ကားမှာတော့ ဆိုနိုကို ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိဘတွေ စီစဉ်ထားတဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ခဲ့ပါတယ်။ နှစ်အတော်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီး သားလေးတစ်ယောက် မွေးခဲ့ပေမယ့် သူ့ယောကျ်ားကို လုံးဝ မချစ်ခဲ့တာကြောင့် အိမ်ထောင်ရေး သာယာမှု မရှိခဲ့ပါဘူး။ အမျိုးသားဖြစ်သူက ရာထူးတိုးပြီး တိုကျိုမြို့ကို ပြောင်းလာခဲ့ပါတယ်။ တိုကျိုမြို့ ရောက်တော့ ဆိုနိုကို ရဲ့ အမျိုးသားရဲ့ အရာရှိ အိုချီ နဲ့ တွေ့မှပဲ ချစ်မိသွားပါတော့တယ်။ နောက်ပိုင်း ဆိုနိုကို တို့ အိမ်ထောင်ရေးက အဆင်ပြေပါ့မလား။ အိုချီ နဲ့ ဆိုနိုကို တို့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ပေးပါဦး။

t.me/cartoonbynikko/3177
5
Forwarded from MMK 999 ADS
This media is not supported in your browser
VIEW IN TELEGRAM
❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️💵💰

🌌🌌🌌🌌🌌🌌🌌🌌🌌

🇹🇭 ထိုင်းကဖြစ်ဖြစ် 🇲🇲 မြန်မာကဖြစ်ဖြစ် အော်တိုစနစ်နဲ့စိတ်ကြိုက်ဆော့နိုင်ပြီ👋🖐️

⤴️ 50%ဂိမ်းအကောင့်သစ်ဘောနပ်
⤴️နေ့စဥ် 5% ရှုးကြေးပြန်ပေး
⤴️ 25%  နေ့စဥ်ငွေသွင်း‌ဘောနပ်

MMKBET999
💎 အော်တိုစနစ် နဲ့ အဆင့်မြင့်မြင့် ကစားကြမယ် 🎮

📱 Telegram - @mmkbet999
https://t.me/mmkbet999

📱 Viber- 09 666 2 666 99

📱 Page -MMK 999
https://www.facebook.com/profile.php?id=100050690880179
Please open Telegram to view this post
VIEW IN TELEGRAM
1
လူ့ ဘီလူးကြီးများ (၂၀၁၈)

IMDb - 6.1/10
Genre - Action, Fantasy


လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး၊ ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ်။ အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီးအပေါင်းအသင်းမရှိတဲ့လူတစ်ယောက်။ သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလို့သဘောထားတယ်။ ပြီးတော့ သူ့မှာလည်းလျို့ဝှက်ချက်တစ်ခုရှိနေတယ်။ ဘာလဲဆိုတော့ မြို့ကို လူ့ဘီလူး တွေအန္တရာယ်ကကာကွယ်ပေးနေရတာ။ အပေါင်းအသင်းမရှိတဲ့ ဘာဘရာ တစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာ ဆိုတဲ့ကောင်မလေးနဲ့တွေ့တွေ့ချင်းပဲ ခင်သွားတယ်။ ပြီး သူ့လျို့ဝှက်ချက်တွေကိုပြောပြလိုက်တယ်။ ဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက်ဘာလို့ထူးဆန်းနေရတာလဲ။ လူ့ဘီလူးကြီး တွေက ဘယ်လိုလာဖျက်ဆီးမလဲ ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ။ အများကြီးရေးချင်ပေမယ့် Spoiler ဖြစ်သွားမှာဆိုးလို့ ဒေါင်းပြီးပဲကြည့်လိုက်ကြပါတော့နော်

t.me/hanamoviesforyou/2690
3
လူလိမ် (၁၉၉၇)

IMDB - 6.9/10
Genre - Comedy, Drama


ရိဒ်ဖလက်ချာ ဟာ လိမ်ပြောတဲ့နေရာမှာ ကျွမ်းကျင်တဲ့ရှေ့နေတယောက်ပါ။ လူတယောက်သားစိတ်ချမ်းသာအောင်ပဲဖြစ်ဖြစ် လိမ်ပြောတတ်ပါတယ်။ သူဟာ အိမ်ထောင်ကွဲနေပြီး သားလေးကိုချစ်ပေမယ့်အချိန်မပေးခဲ့ပါဘူး။ သားကိုကတိအမျိုးမျိုးပေးပေမယ့်မတည်တာများနေပါတယ်။ နောက်တော့သူ့သားကသူ့မွေးနေ့လာမယ်ကတိပေးပြီးမှ မလာတဲ့အဖေအတွက်မွေးနေ့မှာဆုတောင်းခဲ့ပါတယ်။ သူ့အဖေတရက်လောက်ပဲဖြစ်ဖြစ်လိမ်မပြောနိုင်ပါစေနဲ့လို့။ မွေးနေ့ဆုတောင်းက အမှန်ဖြစ်လာတယ့်အချိန်မှာတော့ ဘယ်လိုတွေတောင် ဗရုတ်သုတ်ခဖြစ်ကုန်မလဲရှုစားကြည့်ကြပါဦးခင်ဗျာ

t.me/hanamoviesforyou/2692
2
မွေးရပ်မြေ (၁၉၉၀)

IMDb - 7.2/10
Genre - Crime, Thriller


မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန် တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါ။ ဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာ ထယ်ရီနူနန် တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲ

t.me/hanamoviesforyou/2694
2
၇၁ (၂၀၁၄)

IMDb - 7.2/10
Genre - Thriller, Action


ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်း အဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်။ အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်။ တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်။ တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ် ဆိုတဲ့သူလည်းပါတယ်။ သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်။ ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ။ ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး

t.me/hanamoviesforyou/2696
5
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🅰️🅰️🅰️ 🅰️🅰️

🅰️🅰️🅰️🅰️ 🅰️🅰️🅰️🅰️

သူဌေးလောင်းတို့အတွက် လပ်ကီးအချိန်ကောင်း 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @HpaAnRichCs

📱 Link : https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
2
ဂေါ့ဖားသား (၁၉၇၂)

IMDB - 9.2/10
Genre - Crime


ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ၊ အောင်မြင်မှုတွေကို တော်တော်များများ သိကြမယ်ထင်ပါတယ်။ အော်စကာ (၃) ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကားစာရင်းထဲမှာ အမြဲတမ်းရှိနေလေရဲ့။ ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက် ပိုကောင်းပါတယ်။ တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်း မိနစ် (၃၀) လောက်ကို စိတ်ရှည်ပေးပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေ၊ အပြုအမူတွေကို တဖြည်းဖြည်း ချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပါ။ ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါ ဦးဗျို့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/868
Please open Telegram to view this post
VIEW IN TELEGRAM
3
ဂေါ့ဖားသား ၂ (၁၉၇၄)

IMDB - 9/10
Genre - Crime, Drama


အပိုင်း ၂ လာပါပြီ။ ထုံးစံအတိုင်းပေါ့ဗျာ။ ဒီကားရဲ့ အညွှန်းကိုတော့ မရေးရဲလို့ မရေးတော့ဘူး။ တစ်ခုတော့ ပြောလို့ရတယ်။ ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရ အကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရော အမြဲရှိနေလိမ့်မယ်လို့ပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/870
Please open Telegram to view this post
VIEW IN TELEGRAM
3
ဂေါ့ဖားသား ၃ (၁၉၉၀)

IMDB - 7.5/10
Genre - Drama, Crime


အပိုင်း ၃ လာပါပြီ။ ထုံးစံအတိုင်းပေါ့ဗျာ။ ဒီကားရဲ့ အညွှန်းကိုတော့ မရေးရဲလို့ မရေးတော့ဘူး။ ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/872
Please open Telegram to view this post
VIEW IN TELEGRAM
3🫡1
စာအုပ်စိမ်း (၂၀၁၈)

IMDb - 8.2/10
Genre - Drama, Comedy


1962 ခုနှစ်ဆိုတာ လူမည်းတွေအတွက်တော့ အရမ်းကောင်းတဲ့ခေတ် မဟုတ်ပါဘူး။ ဘတ်စ်ကားကအစ၊ အိမ်သာကအဆုံး ခွဲခြားဆက်ဆံတာခံနေရတဲ့အချိန်မှာ အီတာလီလျံဖြစ်တဲ့ တိုနီလစ် နဲ့ လူမည်း စန္ဒယားပညာရှင် ဒွန် တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားအဖြစ် တွေ့ကြရပါတော့တယ်။ ဒွန် ဟာ လူမည်းဖြစ်ပေမယ့် လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီး၊ တိုနီလစ် ဟာလည်း လူဖြူဖြစ်နေပေမယ့် လူမည်းစရိုက်နဲ့ဘဲ ဆိုးကြီးပါ။ သူတို့နှစ်ယောက်ရဲ့အလုပ်ကတော့ ဒွန် ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို တိုနီလစ် က ကားမောင်းပြီး လိုက်ပို့ရတာပဲ ဖြစ်ပါတယ်။ စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရောင်မတူတဲ့ လူ ၂ ယောက်ဟာ ခရစ်စ်မတ် မတိုင်ခင် အမှီ အိမ်ပြန်ရောက်ပါတော့မလား ဆိုတာကိုတော့ အခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လို့ရပါပြီ။

t.me/cartoonbynikko/3180
2