Hana : The Sweet Orophile
88.2K subscribers
2.28K photos
131 videos
2.31K links
Download Telegram
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠 🔠🔠

🔠🔠🔠🔠 🔠🔠🔠🔠

အပေးများတဲ့ စလော့အစုံအလင် 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

✅ အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @HpaAnRICH

📱 Link : https://t.me/hpaanrich
Please open Telegram to view this post
VIEW IN TELEGRAM
❤2
အဝေးပြေးလမ်းမနားက လူ့အစိတ်အပိုင်းများ (၂၀၂၅)

IMDb - 6.4/10
Genre - Action, Crime


အခုတင်ဆက်ပေးမှာကတော့ ဖိလစ်ပိုင် Action-Thriller ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Action ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး ရိုးရိုးတန်းတန်း ရဲတိုက်ပြိုင်ပွဲတွေထက် ဇာတ်အိမ်ခိုင်မာပြီး စိတ်ခံစားမှုပါတဲ့ ဇာတ်ကားမျိုးကို ရှာဖွေနေတယ်ဆိုရင် ဒီကားဟာ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။

ဇာတ်လမ်းက ဖိလစ်ပိုင်နိုင်ငံ Mount Pinatubo မီးတောင်နားမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့ကို အခြေခံထားပါတယ်။ ပင်စင်ယူခါနီး ဖခင် ရဲတပ်ကြပ်ကြီး အာနက်စတို နဲ့ ရဲလောကထဲကို အခုမှ ခြေချခါစ ဇွဲထက်သန်နေတဲ့ သားဖြစ်သူ ဂျူးလ်စ် တို့ရဲ့ ကြားက ပဋိပက္ခကို တွေ့ရမှာပါ။ အဝေးပြေးလမ်းဟောင်းပိုင်းမှာ တာဝန်ယူထားတဲ့ သူတို့သားအဖနှစ်ယောက်ဟာ လမ်းမအနီးတစ်ဝိုက်မှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဆက်တိုက်တွေ့နေရပြီး တရားခံကို မဖော်ထုတ်နိုင်ဘဲ ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ ရာဇဝတ်ဂိုဏ်းတစ်ခုက ထွက်ပြေးလာတဲ့ အရေးကြီး သက်သေတစ်ဦးဟာ သူတို့ဆီမှာ ခိုလှုံခွင့် လာတောင်းရာကနေ ပြဿနာတွေ စလာပါတယ်။ ဖခင်ဖြစ်သူကတော့ မိသားစု ဘေးကင်းဖို့ကိုပဲ ကြည့်ချင်ပေမဲ့ သားဖြစ်သူကတော့ တရားဥပဒေအတိုင်း လုပ်ဆောင်ချင်တဲ့အတွက် သူတို့နှစ်ဦးကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာပြီး ရာဇဝတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

t.me/hanamoviesforyou/2536
❤1
မချော ၃ ယောက် ကိုယ်တစ်ယောက် (၁၉၈၉)

IMDB - 6.7/10
Genre - Romance, Comedy


နာဇီဂျာမနီရဲ့ စစ်ဒဏ်သင့်ခဲ့တဲ့ အတိတ်ဆိုးတွေက လူတစ်ယောက်ရဲ့ အချစ်ရေးနဲ့ ဘဝကို ဘယ်လိုမျိုး ရှုပ်ထွေးပွေလီတဲ့ သံသရာထဲ ရောက်သွားစေသလဲဆိုတာကို ဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။

ဟာမန် ဟာ စစ်ဘေးက လွတ်လာပြီး နယူးယောက်မှာ အခြေချနေသူပါ။ သူဟာ သူ့ကို ကယ်ခဲ့တဲ့ ရာဒ်ဝီဂါ နဲ့ အတူနေသလို တစ်ဖက်မှာလည်း အိမ်ထောင်ရှိပြီးသား ချစ်သူ မာရှာ နဲ့ တိတ်တိတ်ပုန်း တွဲနေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးသွားပြီလို့ ထင်ထားတဲ့ ဇနီးရင်း တာမာရာ တစ်ယောက် မထင်မှတ်ဘဲ ပြန်ပေါ်လာတဲ့အခါမှာတော့ ဇနီးဟောင်း၊ ဇနီးသစ်နဲ့ ချစ်သူဆိုတဲ့ အမျိုးသမီး ၃ ယောက်ကြားမှာ ဟာမန် တစ်ယောက် ဘယ်လို ဆက်လုပ်ရမလဲဆိုတဲ့ ပြဿနာကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အချစ်တွေ၊ သစ္စာဖောက်မှုတွေနဲ့ အတိတ်ရဲ့ အရိပ်မည်းတွေ ကြားမှာ ဝဲလည်နေတဲ့ ဒီဇာတ်ကားမှာ သူတို့ရဲ့ အရှုပ်အထွေးတွေက ဘယ်လို ဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။

t.me/hanamoviesforyou/2538
❤2
၈၁ (၂၀၂၆)

IMDB - 6.4/10
Genre - Sci-fi, Action


ဒီကားလေးကတော့ နက်ဖလစ်ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi Action ဇာတ်ကားသစ်လေးပါ။ အက်ရှင်ကြမ်းကြမ်းနဲ့ ဂြိုဟ်သားစက်ရုပ်တွေ ချကြတဲ့ကားမျိုး ကြိုက်တတ်ရင် သဘောကျမယ့် ဇာတ်ကားပါ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်က နာမည်မရှိဘဲ "၈၁" လို့ပဲ ခေါ်တဲ့ စစ်သားတစ်ယောက်ပါ။ သူက အာဖဂန်နစ္စတန်စစ်ပွဲမှာ သူ့ညီဖြစ်သူ သေဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာရနေတဲ့သူပေါ့။ ညီဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ အမေရိကန် ရိန်းဂျား အထူးတပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သူကိုယ်တိုင် ဝင်ရောက်အရွေးခံပါတယ်။ ရိန်းဂျား ဖြစ်ဖို့ နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ တောတွင်းစစ်ဆင်ရေးကို ဆင်းရတဲ့အချိန်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာပါတော့တယ်။ အဲဒီတောထဲမှာ သူတို့အဖွဲ့ဟာ ကမ္ဘာမြေပြင်က မဟုတ်တဲ့ ဧရာမ စက်ရုပ်ကြီးတစ်ကောင်နဲ့ သွားတိုးပါတော့တယ်။ အဲဒီနောက်မှာတော့ စစ်သင်တန်းဆင်းတဲ့ကားကနေ အသက်လုပြေးရ၊ ချရတဲ့ ဇာတ်လမ်းအဖြစ် အရှိန်မြှင့်သွားပါတော့တယ်။ ပြောရရင် ဒီကားက ခေါင်းစားခံပြီး တွေးကြည့်ရမယ့်ကားမျိုး မဟုတ်ဘဲ အက်ရှင်အမိုက်စားတွေ၊ ပစ်ခတ်ခန်းတွေနဲ့ ပေါ့ပေါ့ပါးပါး အပန်းဖြေကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/834
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ကံကောင်းပါစေ၊ ပျော်ရွှင်ပါစေ၊ မသေနဲ့နော် (၂၀၂၆)

IMDb - 7.4/10
Genre - Sci-fi, Action


သာမန် အက်ရှင်ကားသက်သက် မဟုတ်ဘဲ နည်းပညာနဲ့ AI ကို အလွန်အကျွံ အားကိုးလာတဲ့ လက်ရှိ လူ့အဖွဲ့အစည်းကို အမိအရ သရော်ထားတဲ့ ကားကောင်းတစ်ကားဆိုရင် ပိုမှန်မယ်ဗျာ။

ဇာတ်လမ်းစစချင်းမှာတင် တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ လော့စ်အိန်ဂျလိစ်မြို့က Norm's ဆိုတဲ့ စားသောက်ဆိုင်ထဲကို မိုးချုပ် ည ၁၀ နာရီ ၁၀ မိနစ်တိတိမှာ ပုံစံဖိုသီဖတ်သီ၊ ဝါယာကြိုးတွေ ပတ်ထားတဲ့ လူတစ်ယောက် ရုတ်တရက် ဝင်လာတယ်။ သူက အနာဂတ်ကနေ လာတာဖြစ်ပြီး ကမ္ဘာကြီးကို AI တွေ ဖျက်ဆီးမယ့် အန္တရာယ်ကနေ ကယ်တင်ဖို့ ဆိုင်ထဲက လူတွေထဲကနေ အဖွဲ့ဝင်တွေ လာရွေးတာပါတဲ့။ ပိုမိုက်တာက ဒီစားသောက်ဆိုင်ကို သူရောက်လာတာ ဒါနဲ့ဆို အကြိမ်ပေါင်း ၁၁၈ ကြိမ် ရှိနေပြီ။ အရင်အကြိမ်တွေမှာ သူရွေးသွားတဲ့ လူတွေနဲ့ သွားရင်း အဖွဲ့လိုက် သေကုန်လို့ စစ်ဆင်ရေး မအောင်မြင်ဘဲ အကြိမ်ကြိမ် ပြန်ကြိုးစားနေရတဲ့ ပုံစံမျိုးပေါ့။ ဒါကြောင့် ဒီတစ်ခေါက်မှာ အဆင်ပြေနိုင်မယ့် အဖွဲ့ဝင် ၆ ယောက်ကို သူ အသစ်ပြန်ရွေးထုတ်လိုက်တယ်။ ကာရိုက်တာတွေနဲ့ သူတို့ရဲ့ မစ်ရှင်ကို ကြည့်ရင်လည်း တော်တော်လေး ထူးခြားတယ်။ မာ့ခ် နဲ့ ဂျန်းနက် တို့က ကျောင်းသားတွေ ဖုန်းသုံးလွန်းလို့ ဇွမ်ဘီတွေလို ဖြစ်နေတာကို နေ့တိုင်း ရင်ဆိုင်နေရတဲ့ ကျောင်းဆရာ လင်မယား။ ဆူဇန် ကတော့ ကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်လို့ သားလေး သေဆုံးသွားပြီး အဲဒီသားလေးကို AI နည်းပညာနဲ့ ကိုယ်ပွား ပြန်လုပ်ဖို့ ကြိုးစားနေတဲ့ မိခင်။ အင်ဂရစ် ကတော့ Wi-Fi လှိုင်းတွေကို ဓာတ်မတည့်တဲ့ ရောဂါရှိလို့ ဖုန်းတွေ၊ နည်းပညာတွေနဲ့ ကင်းကင်းရှင်းရှင်း နေရတဲ့ မင်းသမီးဝတ်စုံနဲ့ ကောင်မလေး။ သူတို့အဖွဲ့ရဲ့ တာဝန်က ဘာလဲဆိုတော့ မြို့တစ်နေရာက မြေအောက်ခန်းထဲမှာ ကမ္ဘာဖျက်မယ့် AI ကြီးကို တီထွင်နေတဲ့ ၉ နှစ်အရွယ် ကလေးလေးဆီ သွားပြီး အဲဒီ AI က လူသားတွေကို အန္တရာယ် မပေးနိုင်အောင် လုံခြုံရေး ပရိုဂရမ်ပါတဲ့ USB Flash Drive လေးတစ်ခု သွားတပ်ပေးရမှာပါ။ စမတ်ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေ၊ AI တွေနောက်ကို အရမ်းကောက်ကောက်ပါအောင် လိုက်နေတဲ့ ခေတ်ကြီးကို ဟာသနှောပြီး ပြောင်လှောင်ထားတာ တော်တော်လေး ထိမိတယ်။ AI အန္တရာယ်ကို အခြေခံထားတဲ့၊ ရူးရူးမိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိတဲ့ အက်ရှင်ဟာသကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ အခုတလော ထွက်တဲ့ ကားတွေထဲမှာ အကောင်းဆုံးနဲ့ အကြည့်သင့်ဆုံး ကားပါပဲဗျာ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/832
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Forwarded from MMK 999 ADS
This media is not supported in your browser
VIEW IN TELEGRAM
အပေးကြမ်းတဲ့ ဂိမ်းဝဘ်ဆိုက် 💵💰

🔠 🔠 🔠🔠🔠🔠9️⃣9️⃣9️⃣

🇹🇭 ထိုင်းကဖြစ်ဖြစ် 🇲🇲 မြန်မာကဖြစ်ဖြစ် အော်တိုစနစ်နဲ့စိတ်ကြိုက်ဆော့နိုင်ပြီ👋🖐️

⤴️ 50%ဂိမ်းအကောင့်သစ်ဘောနပ်
⤴️နေ့စဥ် 5% ရှုးကြေးပြန်ပေး
⤴️ 25%  နေ့စဥ်ငွေသွင်း‌ဘောနပ်

MMKBET999
💎 အော်တိုစနစ် နဲ့ အဆင့်မြင့်မြင့် ကစားကြမယ် 🎮

📱 Telegram - @mmkbet999
https://t.me/mmkbet999

📱 Viber- 09 666 2 666 99

📱 Page -MMK 999
https://www.facebook.com/profile.php?id=100050690880179
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဇီးရိုးမှသည် ဟီးရိုးသို့ (၂၀၂၆)

IMDB - 6.6/10
Genre - Action, Comedy


ဂီလန် ဟာ ငယ်ငယ်ကတည်းက ရုပ်ရှင်တွေကို ရူးသွပ်ပြီး စီထရာဆုရတဲ့အထိ အကောင်းဆုံးသရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်နေသူပါ။ ဒါပေမဲ့ ပြဿနာက သူဟာ အရန်သရုပ်ဆောင် နေရာလေးကနေ ပါရရင်တောင် ဇာတ်ရုပ်ကို အလွန်အကျွံ လေ့လာပြီး ဒါရိုက်တာတွေကို ဆရာပြန်လုပ်တတ်လို့ ဒါရိုက်တာ ၁၂ ယောက်လောက်ရဲ့ နာမည်ပျက်စာရင်း သွင်းတာကို ခံထားရပါတယ်။ သူ့ကို အမြဲတမ်း ယုံကြည်အားပေးနေတာဆိုလို့ သူ့ရဲ့ မိခင်တစ်ယောက်တည်းသာ ရှိပါတယ်။ တစ်နေ့မှာတော့ ဂျပန်သရဲစစ်သားနေရာကနေ သရုပ်ဆောင်ဖို့ အခွင့်အရေး ရလာပါတယ်။ အဲဒီကားမှာ နာမည်ကြီးမင်းသမီး ရေချယ် နဲ့ သူ့ရဲ့ ချစ်သူ ကယ်ဗင် တို့က ခေါင်းဆောင် ပါဝင်ထားတာပါ။ ရိုက်ကွင်းမှာ ရိုက်ကူးရေးလုပ်နေတုန်း မထင်မှတ်ဘဲ လက်နက်ကိုင် လူမိုက်တစ်စု ရောက်လာပြီး ကယ်ဗင်၊ ရေချယ် နဲ့ ဂီလန် တို့ကို မှားယွင်းပြီး ပြန်ပေးဆွဲ သွားတဲ့အခါမှာတော့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/836
Please open Telegram to view this post
VIEW IN TELEGRAM
❤2
ကျိန်စာသင့် သံချပ်ကာ (၂၀၂၅)

IMDB - 6.1/10
Genre - Fantasy


အိုရေးလီးယန်း ဟာ ပြင်သစ်အဆိုတော်တစ်ယောက်ဖြစ်ပြီးတော့ သူ့နောက်ဆုံးဖျော်ဖြေပွဲအပြီးမှာ ကိုယ်ဝန်သည်ဇနီးနဲ့အတူ ဂျပန်မှာ အခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျပန်မှာ သူတို့ဇနီးမောင်နှံ အတူနေဖို့အတွက် ကျေးလက်ဘက်မှာ အိမ်တစ်လုံး ဝယ်ခဲ့ပါတယ်။ အိုရေးလီးယန်း ဟာ ဂျပန်ရိုးရာကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဂျပန်က အိမ်ကို ရောက်တဲ့အချိန်မှာတော့ အိမ်အတွင်းမှာ ရေတွင်းတစ်တွင်းရှိနေတာကို သတိထားလိုက်မိကြပါတယ်။ တစ်နေ့မှာတော့ အိုရေးလီးယန်း တစ်ယောက် အိမ်အတွင်းမှာရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျသွားရင်း သူ့ခန္ဓာကိုယ်ပေါ်မှာ သံချပ်ကာ ဝတ်လျက်သား ဖြစ်သွားခဲ့ပါတယ်။ ရေတွင်းပေါ်ကို ခဲရာခဲဆစ် ပြန်တက်လာပြီးနောက် သံချပ်ကာဟာလည်း ချွတ်မရ ဖြစ်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ညဘက်ကို ရောက်လာတဲ့အချိန်မှာတော့ အိုရေးလီးယန်း တို့ဆီကို မကောင်းဆိုးဝါးတွေ ရောက်ရှိလာတဲ့အခါ အိုရေးလီးယန်း တို့ ဇနီးမောင်နှံ တိုက်ခိုက်ရင်း ပြေးလွှားခဲ့ကြရပါတော့တယ်။ ဒီအဖြစ်အပျက်ကို အဖြေရှာကြည့်တဲ့အခါမှာတော့ အိုရေးလီးယန်း ရဲ့ ခန္ဓာကိုယ်ပေါ်က သံချပ်ကာဟာ ကျိန်စာမိနေတာဖြစ်ပြီး ညတိုင်း မကောင်းဆိုးဝါးများက လိုက်လံတိုက်ခိုက်မယ့်အကြောင်း သိလာရတဲ့အခါမှာတော့။ သူတို့ ဇနီးမောင်နှံနှစ်ယောက် ဒီကျိန်စာကို ဘယ်လို ပယ်ဖျက်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။

t.me/cartoonbynikko/3135
❤2
စစ်မှန်သော ဆာမူရိုင်း (၂၀၁၇)

IMDB - 5.8/10
Genre - Action, Drama


"ဆာမူရိုင်းတစ်ယောက်ရဲ့ တကယ့် ခွန်အားဆိုတာ ဓားတစ်လက်ကို ကိုင်ဆောင်နိုင်ခြင်းလား၊ ဒါမှမဟုတ် ဓားတစ်လက်ကို ဖန်တီးနိုင်ခြင်းလား..."

ဆာမူရိုင်းကားတွေ၊ ဂျပန်သမိုင်းနောက်ခံ Jidaigeki ဇာတ်ကားကောင်းကောင်း ကြိုက်တဲ့ ဘော်ဒါတို့အတွက် အက်ရှင်နဲ့ ဒရာမာကို သေသပ်စွာ ပေါင်းစပ်ထားတဲ့ “စစ်မှန်သော ဆာမူရိုင်း” ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ၁၆ ရာစု ဂျပန်ပြည်ရဲ့ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ဆန်ဂိုကုခေတ်ကို နောက်ခံထားပါတယ်။ အီဇူမို တောင်တန်းတွေကြားက ရွာလေးတစ်ရွာမှာ ဂိုဆုကဲ ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ သူက မျိုးရိုးစဉ်ဆက် “တာတာရာ” လို့ခေါ်တဲ့ ဂျပန်ရိုးရာ သံမဏိချက်လုပ်တဲ့ ပညာရပ်ကို ဆက်ခံရမယ့်သူပါ။ ဒါပေမဲ့ သူတို့ရွာလေးက သံမဏိတွေ ထွက်လို့ ခဏခဏ ဓားပြတိုက်ခံရ၊ တိုက်ခိုက်ခံရတဲ့အခါ ဂိုဆုကဲ တစ်ယောက် ရွာကို ကာကွယ်ချင်စိတ်နဲ့ သံမဏိချက်တဲ့ ဖိုရှေ့ကနေ ထွက်ပြီး ဆာမူရိုင်း တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ ချစ်သူ အိုခုနိ နဲ့ ရွာကို ကျောခိုင်းကာ တပ်ထဲကို ဝင်ဖို့ ကြိုးစားပါတော့တယ်။ ဆာမူရိုင်းဆိုတဲ့ ဂုဏ်ပုဒ်နောက်ကို လိုက်ရင်း လက်နက်တွေ၊ သေနတ်တွေ နေရာယူလာတဲ့ စစ်ပွဲတွေကြားမှာ ဂိုဆုကဲ တစ်ယောက် ဘယ်လို အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူ့ရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ “သံမဏိချက်လုပ်ခြင်း” ဆိုတာကရော သူ့ကို ဘယ်လို ပြန်လည်လမ်းပြပေးမလဲဆိုတာကို ရင်ခုန်စရာ၊ ခံစားစရာ အပြည့်နဲ့ ရှုစားရမှာပါ။

t.me/cartoonbynikko/3137
❤2
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
⌨️⌨️⌨️ ⌨️⌨️

⌨️⌨️⌨️⌨️ ⌨️⌨️⌨️⌨️

သူဌေးဖြစ်မယ့်ရက် သတ္တပတ် 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

✅ အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @HpaAnRichCs

📱 Link : https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ငါနင့်ကို ချစ်နေတယ်ဆိုတာ နင်သိစေချင်တယ် (၂၀၁၆)

ဒီကားက တကယ့်ကို “ရင်ခုန်စရာ အချစ်ဦး” ပုံစံမျိုးပါ။ ဇာတ်လမ်းက အထက်တန်းကျောင်းသူ Enomoto Natsuki က သူမရဲ့ ငယ်သူငယ်ချင်း Setoguchi Yuu ကို ဖွင့်ပြောလိုက်တဲ့နေရာကနေ စပါတယ်။ ဒါပေမဲ့ ရှက်လွန်းလို့ “ဒါက တကယ်ပြောတာမဟုတ်ဘူး၊ ဖွင့်ပြောဖို့အတွက် လေ့ကျင့်တာ ပါ” ဆိုပြီး လိမ်ပြောလိုက်မိပါတယ်။ အဲဒီနေရာကနေ ပြဿနာ စတင်လာပြီး Setoguchi Yuu ကလည်း Enomoto Natsuki ကို ပြန်ချစ်နေပေမဲ့ “လေ့ကျင့်ခန်း” ဆိုတဲ့ စကားကြောင့် သူ့ခံစားချက်တွေကို ဖုံးကွယ်ထားရပါတယ်။ သူတို့နှစ်ယောက်ကြားက အထင်အမြင်လွဲမှားမှုတွေ၊ တခြားသူတွေရဲ့ ကြားဖြတ်အချစ်ဇာတ်လမ်းတွေနဲ့အတူ တကယ့်အစစ်အမှန် ဖွင့်ပြောခြင်း ဖြစ်လာဖို့ ဘယ်လောက်တောင် ရင်ခုန်စရာကောင်းမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ။

t.me/cartoonmoviesmms/2734
❤1
ဒုတိယ အခွင့်အရေး (၂၀၂၅)

IMDb - 5.9/10
Genre - Action, Comedy, Thriller


“ဘဝမှာ ဒုတိယအခွင့်အရေးဆိုတာ ရှိသလား” ဆိုတဲ့ မေးခွန်းကို လောင်းကစားနဲ့ ယှဉ်ပြီး ရိုက်ပြထားတဲ့ ကားကောင်းလေးပါ။ လောင်းကစားလောက နောက်ခံနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်မှာ လောင်းကစားသမားတစ်ယောက်ရဲ့ ဘဝနဲ့ သူကြုံတွေ့ရတဲ့ ထူးထူးဆန်းဆန်း အလှည့်အပြောင်းတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ လောင်းကစားသမား ပေါလ် က သူ့ဘဝမှာ အကြွေးတွေတင်၊ အလုပ်ပြုတ်၊ အိမ်ပါဆုံးရှုံးပြီး လမ်းဘေးရောက်မယ့် အခြေအနေမျိုးကို ရင်ဆိုင်နေရပါတယ်။ ဘာမှ မျှော်လင့်ချက်မရှိတော့တဲ့ အဆုံးမှာ ပေါလ် က ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ အဲဒါကတော့ ဒေးဗစ် ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ စာချုပ်ချုပ်ပြီး “နောက် ၂ ပတ်အကြာမှာ ငါ့ကိုသတ်ပေးပါ” လို့ ငှားလိုက်တာပါ။ ဒါပေမဲ့ ပေါလ် ထင်မှတ်မထားတာက အဲဒီလို စာချုပ်ချုပ်ပြီးတာနဲ့ သူ့ရဲ့ ကံဇာတာက ရုတ်တရက် အကြီးအကျယ် တက်လာတာပါပဲ။ ဖဲဝိုင်းတိုင်းမှာ နိုင်လာတယ်၊ ဘဝမှာ အခွင့်အရေးကောင်းတွေနဲ့ စော်အလန်းလေးပါ ရလာတဲ့အခါမှာတော့ သူက ဆက်ပြီး အသက်ရှင်ချင်လာပါတယ်။ ဒါပေမဲ့ သူငှားထားတဲ့ လူသတ်သမား ဒေးဗစ် ကတော့ သူ့အလုပ်ကို တာဝန်ကျေအောင် လုပ်ဖို့ ပေါလ် နောက်ကို လိုက်နေပါတော့တယ်။ ၂ ပတ်ပြည့်တဲ့အခါမှာ ပေါလ် တစ်ယောက် အသက်ရှင်နိုင်မလား၊ ဒါမှမဟုတ် သူကိုယ်တိုင် ဝယ်ထားတဲ့ သေမင်းနဲ့ တွေ့သွားမလားဆိုတာကို ရိုက်ပြထားတဲ့ Thriller ကားကောင်းလေးပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/842
Please open Telegram to view this post
VIEW IN TELEGRAM
❤2
မိသားစု မျှော်လင့်ချက် (၂၀၂၅)

IMDb - 5.5/10
Genre - Drama


နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံ ဒုတိယကမ္ဘာစစ် Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဂျူးညီအစ်ကိုနှစ်ယောက်ရဲ့ ရင်နင့်စရာ စွန့်စားခန်းနဲ့ မိသားစုသံယောဇဉ်အကြောင်းကို ရိုက်ပြထားတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ နေထိုင်တဲ့ ဂျူးညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ အီလီယာ နဲ့ ဆာရှာ တို့ဟာ နာဇီကျူးကျော်မှုအတွင်းမှာ သူတို့ရဲ့ မိဘတွေကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့နှစ်ယောက် ထွက်ပြေးရင်းနဲ့ နာဇီတွေရဲ့ လက်ထဲမှာ ကွဲကွာသွားခဲ့ကြပါတယ်။ မခွဲခွာခင်မှာ သူတို့မှာ အမှတ်တရအဖြစ် ပါလာတာကတော့ မိသားစုဓာတ်ပုံလေး တစ်ပုံတည်းပါ။ အဲဒီဓာတ်ပုံလေးကို နှစ်ပိုင်းဖြတ်ပြီး တစ်ယောက်တစ်ဝက်စီ သိမ်းထားခဲ့ကြပါတယ်။ အစ်ကိုဖြစ်သူ အီလီယာ ကိုတော့ သတ္တိရှိတဲ့ ဇနီးမောင်နှံနှစ်ဦးက ကယ်တင်ပြီး စတာစစ် ဆိုတဲ့ နာမည်အသစ်နဲ့ ဝှက်ထားပေးခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ကြာသွားပြီးတဲ့နောက်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံနိုင်ပါ့မလား၊ သူတို့ ကိုင်ထားတဲ့ ဓာတ်ပုံနှစ်ခြမ်းကရော ပြန်ဆက်မိပါ့မလားဆိုတာကို တကယ်ရှိခဲ့တဲ့ ဂျူးညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ပြထားတဲ့ ကားလေးပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/844
Please open Telegram to view this post
VIEW IN TELEGRAM
❤1
အမုန်းနဲ့ အငြိုးအတေးတွေကြားက အရူးအမူးစွဲလမ်းမှု (၂၀၂၆)

IMDb - 6.3/10
Genre - Romance, Drama


အချစ်ဇာတ်လမ်းဆိုပေမဲ့ ကျွန်တော်တို့ မြင်နေကျ ရိုမန့်တစ်ဆန်ဆန် အချစ်မျိုးမဟုတ်ဘဲ "အမုန်းနဲ့ အငြိုးအတေးတွေကြားက အရူးအမူးစွဲလမ်းမှု" ကို ပေါ်လွင်အောင် ရိုက်ပြထားတာ တွေ့ရပါတယ်။

"အချစ်က လူကို ဘယ်လောက်အထိ ရူးသွပ်စေသလဲ၊ ကလဲ့စားချေမှုက ဘယ်လောက်အထိ ဖျက်ဆီးတတ်သလဲ" ဆိုတာကို ခပ်ပြင်းပြင်းလေး တင်ဆက်ထားတာပါ။ ဂန္ထဝင်ဝတ္ထုကို ပုံစံအသစ်နဲ့ ကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါပဲ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/846
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Forwarded from MMK 999 ADS
This media is not supported in your browser
VIEW IN TELEGRAM
အပေးကြမ်းတဲ့ ဂိမ်းဝဘ်ဆိုက် 💵💰

🔠 🔠 🔠🔠🔠🔠9️⃣9️⃣9️⃣

🇹🇭 ထိုင်းကဖြစ်ဖြစ် 🇲🇲 မြန်မာကဖြစ်ဖြစ် အော်တိုစနစ်နဲ့စိတ်ကြိုက်ဆော့နိုင်ပြီ👋🖐️

⤴️ 50%ဂိမ်းအကောင့်သစ်ဘောနပ်
⤴️နေ့စဥ် 5% ရှုးကြေးပြန်ပေး
⤴️ 25%  နေ့စဥ်ငွေသွင်း‌ဘောနပ်

MMKBET999
💎 အော်တိုစနစ် နဲ့ အဆင့်မြင့်မြင့် ကစားကြမယ် 🎮

📱 Telegram - @mmkbet999
https://t.me/mmkbet999

📱 Viber- 09 666 2 666 99

📱 Page -MMK 999
https://www.facebook.com/profile.php?id=100050690880179
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ညီမလေးအတွက် အကိုကြီးရဲ့ကြိုးစားမှု (၂၀၂၂)

IMDb - 6.7/10
Genre - Comedy, Drama


“ဘာလုပ်လုပ် တင့်တယ်”ဆိုတဲ့စကားက ဂျင်ဟောင် ဆိုတဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်းကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်ဟောင် ကို အဖေဖြစ်သူပါပစ်ထားခဲ့တာကြောင့် ကျောင်းထွက်ကာ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမနဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။ ရောဂါသည် ညီမလေးက မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်မှုကို မဖြစ်မနေလုပ်ရမယ့်အချိန် ငွေအင်မတန်လိုလာတဲ့ ဂျင်ဟောင် ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ရင်း လိုအပ်နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျတွေက ဘယ်လိုပုံစံမျိုးပေါ်လာကြမလဲ၊ ဒါတွေကို မောင်နှမ ၂ ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဇာတ်ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအတော်ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆိုတော့ပါဘူး။

t.me/hanamovie20/9467
❤3
အနေဝေးသောချစ်ခြင်း (၂၀၂၃)

IMDb - 8.2/10
Genre - Romance, Drama


အချစ်ဆိုတာ နီးမှရှိတာလား။ ဝေးနေလည်း ခိုင်မြဲရဲ့လား။ ဒါကတော့ လူတိုင်းသဘာဝကျကျလေး ကြုံတွေ့နိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ LDRS အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အနေဝေးရင် သွေးအေးကြတယ်၊ ရန်တွေဖြစ်မယ်၊ အထင်တွေလွဲလာမယ်၊ သံသယတွေဝင်လာမယ်၊ မပွင့်လင်းနိုင်ကြတော့ဘူး။ အဲလိုပါပဲ အဝေးရောက်ချစ်သူတွေရဲ့ ပြဿနာတွေရယ်၊ ၅ နှစ်ကြာတွဲခဲ့ကြပြီးမှ ဖြစ်လာတဲ့ပြဿနာတွေကို မဖြေရှင်းကြတော့ဘဲ အနေဝေးသွားခဲ့တဲ့ အီဒို ဟာနဲ့ ဂင်ထယ်အင် တို့ချစ်သူနှစ်ယောက်ဟာ LDRS အချစ်ဇာတ်လမ်းကို ပြိုပျက်မသွားအောင် ရုန်းကန်ရပုံကို screen life ပုံစံနဲ့ တင်ပြထားတာပါ။ LDRS ဖြစ်တဲ့အပြင် အလုပ်နဲ့အချစ်ရေးကြားမှာ ဗျာများရတဲ့ အီဒို ဟာတစ်ယောက်တော့ အထင်လွဲမှုတွေကို ပြန်ဖြေရှင်းနိုင်မလား။

t.me/msubmovie0/8467
❤1
‌နိုင်ပွဲအတွက် ကြုံးဝါးသံ (၂၀၁၉)

IMDb - 6.4/10
Genre - War, Action


ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန်တွေ သိမ်းပိုက်စဉ်ကာလကို အခြေပြု ရိုက်ကူးထားတာပါ။ ဂျပန်တွေရဲ့ ရက်စက်မှုတွေဟာ သိတဲ့အတိုင်းတစ်ကမ္ဘာလုံးက ရှုံချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်။ သိမ်းပိုက်စဉ်ကာလမှာ ကိုရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ တတ်စွမ်းသရွေ့ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်။ ဒီကားကတော့ အဖွဲ့သား ၁၆ ယောက်နဲ့ ဂျပန်အယောက် ၅၀၀ ကို ပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ။ ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အရည်အချင်းတွေကို အသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကို အားရစရာကြီးတွေပါ။ ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ၊ ပြောက်ကျားစစ်ဟန်တွေရယ်၊ အရေးကြီးခေါင်းဆောင်တွေကို စနိုက်ပါတွေနဲ့ ချောင်းမြောင်းပစ်ခတ်တာတွေ၊ ဂျပန်စစ်ခေါင်းဆောင်တွေနဲ့ စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့ တော်တော်ကြီးကို မိုက်ပါတယ်။

t.me/gwmmupl/10339
❤1
မယ်ရီပျော်ပါတယ် (၂၀၁၃)

IMDb - 7.1/10
Genre -Comedy, Drama


အထက်တန်း နောက်ဆုံးနှစ်ဝက် ကျောင်းသူလေးတစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု၊ မေတ္တာသက်ဝင်မှု၊ ခင်မင်တွယ်တာမှု စတာတွေနဲ့ မထင်မှတ်ထားတဲ့ဆုံးရှုံးမှုတစ်ခုနောက်ပိုင်း နေ့စဉ်ဘဝရဲ့ အပြောင်းအလဲ၊ လက်ခံပြီး ရှေ့ဆက်ဖို့ ကြိုးစားရမယ့် အနာဂတ်၊ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓါတ် အတက်/အကျတွေကို လိုက်ပါ ခံစားရမယ့် ကားလေးပဲ ဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိတဲ့ မယ်ရီလွန်နီ ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကောင်မလေးရဲ့ တွစ်တာပိုစ်တ် အခုပေါင်း ၄၁၀ ပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ ရုပ်ရှင်ပါ။ ဆိုရှယ်မီဒီယာ ဆိုတာ လူတစ်ချို့အတွက် ထွက်ပေါက်ပါ။ ဒီလိုမျိုး တစ်စုံတစ်ယောက်အတွက် ဖြစ်ခဲ့တဲ့ ထွက်ပေါက်ဟာ ဒါရိုက်တာအတွက်တော့ လိုက်လျှောက်ရာ လမ်းကြောင်းဖြစ်ခဲ့ပုံပါပဲ။ ကြည့်ရှုသူတချို့လည်း ထပ်တူခံစားမိကြမှာပါ။ တစ်ခုရှိတာကတော့ ဒီကားက လူတိုင်းအတွက်တော့ မဟုတ်လောက်ဘူးဆိုတာ ပါ။

t.me/cartoonbynikko/3139
❤2
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠 🔠🔠

🔠🔠🔠🔠 🔠🔠🔠🔠

အပေးကြမ်းကြမ်း ဂိမ်းအလန်း 💵❤️

💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯✅
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့✅

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

✅ အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @HpaAnRichCs

📱 Link : https://t.me/HpaAnRichCs
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ဓါးပြကြီး ၄ ဖော် (၂၀၂၅)

IMDB - 7.6/10
Genre - Action, Drama


နာမည်ကြီး ဓားပြလေးဦးဖြစ်တဲ့ ဓားပြဖိုင်၊ ဓားပြဒမ်၊ ဓားပြဆွန် နဲ့ ဓားပြဘိုင်တို တို့ဟာ နိုင်ငံတော်အတွက် ပုန်ကန်တဲ့ သူရဲကောင်းတွေလိုတောင် ခေါ်နိုင်တဲ့ လူတွေပါ။ အာဏာပိုင် ဗိုလ်ချုပ်ကြီးလိတ် ကတော့ နိုင်ငံတော်ရဲ့ သံဃံဇာတတွေကို ခိုးယူပြီး အပြစ်တွေကို ဓားပြတွေ အပေါ်ပဲ ပုံချလေ့ရှိပါတယ်။ ဒီလို အာဏာရှင်တစ်ယောက်မှာ ရန်သူတွေလည်း မနည်းပါဘူး။ တစ်နေ့မှာတော့ ဓားပြဘိုင် နဲ့ ဓားပြဒမ် တို့ဟာ ရိုစ်စလင် ဆိုတဲ့ မင်းသမီးဆီကနေ ဗိုလ်ချုပ်ကို လုပ်ကြံဖို့ ငှားရမ်းခြင်း ခံခဲ့ရပါတယ်။ သူတို့အတွက်တော့ အလုပ်သဘော လုပ်ဆောင်ခြင်းဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ လူတိုင်းမှာ ကိုယ်စီနာကျည်းချက်တွေ ရှိနေကြပါတယ်။ ဒီလိုနဲ့ ဓားပြလေးဦး ပြန်လည်ပေါင်းစည်းလာတဲ့အခါမှာတော့ ဓားပြဆိုးတွေ ဘာကြောင့် ပေါ်ပေါက်လာရတာလဲ၊ သူတို့ ပြန်တိုက်ယူချင်နေတဲ့ အရာက ဘာလဲဆိုတာကို အဓိပ္ပါယ်ရှိရှိ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်မှာပါ။

t.me/cartoonbynikko/3143
❤1