အချစ်ရဲ့ စွမ်းအား (၁၉၉၇)
IMDB - 6.1/10
Genre - Comedy, Romance
အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို ရှုစားရမှာပါ။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/719

ချန်နယ်လင့်
ဇာတ်ကားလင့်
Please open Telegram to view this post
VIEW IN TELEGRAM
❤9
လူတိုင်းချစ်တဲ့ တူဒါ (၂၀၂၄)
IMDb - 6.5/10
Genre - Drama
မော်ရိုကိုမြေပြန့်ဒေသက "ရှီးခတ်" လို့ကျော်ကြားကြတဲ့ ရိုးရာတေးဆိုကြတဲ့ အဆိုတော်လူမျိုးတွေကနေဆင်းသက်လာတဲ့ တူဒါ ဆိုတဲ့အမျိုးသမီး။ အသက်မွေးကြောင်းအရ ဘားတွေမှာ တင်လှုပ်ရင်လှုပ်၊ ထိကပါးရိကပါးခံပြီး သီချင်းဆိုဖျော်ဖြေရပေမဲ့ သူ့ရဲ့အိပ်မက်က သူတို့ရိုးရာ "အိုက်တာ" သီချင်းနဲ့ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာဖို့ ။ သူ့ဘဝကို ဘားအဆိုမယ်အဖြစ်နဲ့ မပျော်ပိုက်တဲ့ မာနခဲပေါ့။ ရိုးရာတေးတွေကို နေရာမပေးကြတော့တဲ့ခေတ်မှာ အရည်အချင်းရှိပေမဲ့ အသိအမှတ်မပြုခံရတော့ သူဟာ မြို့ကြီးကိုတက်ပြီး နေရာရဖို့ ကြိုးစားပါတော့တယ်။ သူကိုယ်တိုင်စာမတတ်တော့ သူ့ရဲ့ဆွံ့အနားမကြားသားလေးကို စာတတ်အောင်သင်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီး ရည်မှန်းချက်ကြီးတဲ့အမျိုးသမီးပေါ့။ ဒီဇာတ်ကားက သူမရဲ့ဘဝကြမ်းတမ်းပုံတွေ၊ ရုန်းကန်ရပုံတွေကို ရိုးရိုးလေးနဲ့ရိုက်ပြထားပြီး သရုပ်ဆောင်မင်းသမီးရဲ့ကာရိုက်တာကို ပုံဖော်တဲ့နေရာမှာ အမူအရာကအစ အတော်ကို သဘာဝကျကျ သရုပ်ဆောင်ထားတာကို မြင်ရမှာပါ။ ခံစားတတ်တဲ့သူတွေအတွက် ကြည့်ရတာတန်မဲ့ကားကောင်းလေးတစ်ကားပါပဲ။
t.me/dramamv/816

❤1
ဂန်းစတား (၂ဝ၁၅)
IMDB - 6.6/10
Genre - Crime, Thriller
ဂန်းစတား ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် တွမ်ဟာဒီ ကိုလည်း ချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ ပြည့်နှစ်၊ ၆၀ ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂန်းစတား တွေဖြစ်တဲ့ ခရေး အမြွှာညီနောင်ရဲ့ နေရာကနေ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရော်နယ် ခရေး နဲ့ ရတ်ဂျီနယ် ခရေး ဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန် လို့ခေါ်တဲ့ ရော်နယ် ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီ ကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင်၊ ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ ဒီရုပ်ရှင်ကို ရတ်ဂျီ ရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ က ဇာတ်ကြောင်းကို ပြောပြနေဟန် ရိုက်ကူးထားတယ်။ “ကျွန်မရဲ့ ခန့်ညားလှတဲ့ ရတ်ဂျီ/ ကျွန်မရဲ့ ရတ်ဂျီ/ ကျွန်မရဲ့ခင်ပွန်း” ဒီလိုလေးတွေ သုံးနှုန်းပြီးတော့ ခရေး ညီနောင် နာမည်ကျော်ကြားလာပုံကစလို့ သူတို့ရဲ့ အဆုံးသတ်အထိ ဇာတ်ကြောင်းကို ပြောပြသွားတယ်။
t.me/cartoonbynikko/612

မျှော်လင့်ခြင်းလေး (၂၀၁၂)
IMDb - 6.6/10
Genre - Sci-fi, Drama
စိတ်ကူးယဉ်စရာကောင်းလှတဲ့ နာဂါရှီမာစီရင်စုရှိ ရွာငယ်လေးတစ်ခုမှာ အိုနိုတို့ ဇနီးမောင်နှံ နဲ့ သားဖြစ်သူ ယိုအိချီနဲ့ သူ့ဇနီး အီဇူမီတို့ဟာ လယ်ယာနဲ့ နွားမွေးမြူရေး လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။ တစ်နေ့ ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး ကမ်းရိုးတန်းဒေသတွေမှာလည်း ဆူနာမီဒဏ်ကို ခံစားလိုက်ကြရပါတယ်။ ငလျင်ကြောင့် နာဂါရှီမာက နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲသွားခဲ့ပါတယ်။ စက်ရုံရဲ့ အချင်းဝက် ၂၀ ကီလိုမီတာကို လုံခြုံရေးနယ်မြေ သတ်မှတ်ပြီး စည်းတားကာ အဲဒီနယ်နိမိတ်အတွင်း နေထိုင်သူများကို အတင်းပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ လယ်သမားကြီး အိုနိုတို့အိမ်ဟာ စည်းအပြင်မှာ ရောက်ရှိနေတာကြောင့် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အိုနိုဟာ သားဖြစ်သူနှင့် ချွေးမကိုတော့ တခြားကို ပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ အာဏာပိုင်များ၏ ညွှန်ကြားချက်များကို လျစ်လျူရှုကာ သူတို့အိမ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားကြတဲ့ အိုနိုတို့ ဇနီးမောင်နှံ သူတို့ဆန္ဒအတိုင်း အိမ်မှာပဲ ဆက်ပြီးနေခွင့်ရကြပါ့မလား။ ဆူနာမီနဲ့ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် တခြားကို ပြောင်းနေကြတဲ့ သားနဲ့ ချွေးမ၊ ရွာသူရွာသားတွေရော ဇာတိမြေကို ပြန်လည်ခြေချခွင့်ရကြပါ့မလားဆိုတာ။
t.me/gwmmupl/4340

❤3
သင်းခွေချပ်လေး ကူလု ၏ ခရီးစဉ် (၂၀၂၅)
IMDB - 7.5/10
Genre - Documentary
ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ်လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာစောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။
t.me/gwmmupl/4334

❤8🍓2
ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေ (၂၀၀၆)
IMDb - 8.7/10
Genre - Thriller, War
ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ ဂျာမဏီနိုင်ငံကို မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နဲ့ ရုရှားတို့က အသီးသီး ပိုင်းယူခဲ့ကြပြီး နောက်ပိုင်းမှာ အနောက်ဘက် မဟာမိတ်အုပ်စုနဲ့ ရုရှားအစိုးရတို့ကြား နိုင်ငံရေးအယူအဆကွာခြားမှုကြောင့် ဂျာမဏီနိုင်ငံကို အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီအဖြစ် နှစ်ပိုင်း ခွဲခြားခဲ့ရပါတယ်။ ဒါ့အပြင် ရုရှားအစိုးရလက်ထဲကျရောက်နေတဲ့ ဘာလင်မြို့ကိုပါ အရှေ့ဘာလင်နဲ့ အနောက်ဘာလင်အဖြစ် ခွဲခြားခဲ့ပြီး လူမျိုးတစ်မျိုးတည်းဖြစ်ပေမဲ့ နိုင်ငံရေးစနစ် မတူညီတဲ့ နှစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အရှေ့ဂျာမဏီဟာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့ပြီး အနောက်ဂျာမဏီကတော့ ဒီမိုကရေစီစနစ်နဲ့ သွားလာခဲ့ကာ ၁၉၆၁ ခုနှစ်မှာတော့ ဘာလင်တံတိုင်းကို တည်ဆောက်ပြီး လုံးဝ ခွဲခြားလိုက်ပါတယ်။ အနောက်ဂျာမဏီက လူတွေဟာ အရှေ့ဂျာမဏီကို သွားလာနိုင်ပေမဲ့ အရှေ့ဂျာမဏီကနေ အနောက်ဂျာမဏီကို ကူးသန်းခွင့်ရဖို့ကတော့ ထိုခေတ်အခါမှာ ရွှေထက်ရှားခဲ့ပါတယ်။ အဲဒီကာလမှာ အနုပညာရှင်တွေကိုပါ အစိုးရက စောင့်ကြည့်ထိန်းချုပ်ခဲ့ပြီး အနုပညာလုပ်ခွင့်တွေ ပိတ်ပင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပြဇာတ်စာရေးဆရာ ဂရော့ ဒရိုင်းမန်း ကို ဗိုလ်မှူးကြီး ဗီးစ်လာ က အနီးကပ် စောင့်ကြည့်ရတဲ့ အကြောင်းကို အခြေခံရိုက်ကူးထားပြီး သူ့ရဲ့ တိုက်ခန်းတစ်ခုလုံးကို အသံဖမ်းစက်တွေ တပ်ဆင်ကာ နားထောင်စောင့်ကြည့်သွားတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို တည်ဆောက်ထားပါတယ်။ ဇာတ်ကားအစပိုင်းမှာ အနည်းငယ် အေးသလို ခံစားရပေမဲ့ သည်းခံကြည့်သွားရင် တဖြည်းဖြည်းနဲ့ ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ပြောက်မြောက်စွာ ပုံဖော်လာပြီး ကြည့်ရှုသူကို အဆုံးထိ ဆွဲခေါ်သွားနိုင်မှာဖြစ်ကာ ကြည့်ပြီးတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရမယ့် ရသတစ်မျိုးကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အသေးစိတ်လေးတွေကို သတိထားကြည့်ပြီး ညွှန်းထားသလို ဟုတ်မဟုတ်ကို ကိုယ်တိုင် ကြည့်ရှုပြီး ဆုံးဖြတ်ကြည့်ကြပါစို့လားဗျာ။
t.me/cartoonbynikko/2755

❤2
ကျီစားတတ်သော ကံကြမ္မာ (၂၀၂၅)
IMDb - 6.3/10
Genre - Drama
ကာမီရဲ့ ကမ္ဘာငယ်လေးဟာ တစ်ချိန်က ဒီဘန်ယီကို ညီအစ်ကိုတွေနဲ့ ပြည့်စုံခဲ့ဖူးပါတယ်။ တစ်ယောက်က သူမရဲ့ နှလုံးသားကို ပထမဆုံး ခိုးယူသွားတဲ့ အချစ်ဦး သီယေဂို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမဘေးမှာ အရိပ်လို အမြဲကာကွယ်ပေးခဲ့တဲ့ သူရဲကောင်း တေလာ ပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ ကြေကွဲစရာညတစ်ညမှာ သူတို့ နှစ်ယောက်လုံးကာမီရဲ့ ဘဝထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ၇ နှစ်တာ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ အခုတော့အရာရာကို မေ့ဖျောက်ပြီး ဘဝသစ်ကို လျှောက်လှမ်းနေတဲ့ ကာမီရှေ့မှောက်ကို ကံကြမ္မာက သူတို့နှစ်ယောက်ကို မုန်တိုင်းတစ်ခုလို ပြန်လည်ခေါ်ဆောင်လာခဲ့ပါပြီ။ အချိန်တွေက သူတို့ သုံးယောက်လုံးကို ပြောင်းလဲစေခဲ့ပေမဲ့ နှလုံးသားထဲက သံယောဇဉ်တွေက ပြန်လည်နိုးထလာတဲ့အခါ အတိတ်က ချိုမြိန်တဲ့အနမ်းကို ပိုင်ဆိုင်ခဲ့သူနဲ့ ပစ္စုပ္ပန်မှာ အမြဲတမ်းအားကိုးရာဖြစ်နေသူ ဒီညီအစ်ကို နှစ်ယောက်ကြားမှာ ကာမီရဲ့ နှလုံးသားက ဘယ်သူ့အတွက် ဖြစ်မယ်ဆိုတာကို ရင်တလှပ်လှပ်နဲ့ ဆက်လက်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/723

အမှတ်တမဲ့မှ အမှတ်တရများသို့ (၂၀၀၉)
IMDb - 6.9/10
Genre - Romance , Drama
ရက်စွဲတွေနဲ့ အမှတ်တရဇာတ်လမ်းတွေဟာ ပုံမှန်အားဖြင့် ဇာတ်သိမ်းမလှတဲ့အမျိုးများ ဖြစ်ကြပြီး၊ "အမှတ်တမဲ့မှ အမှတ်တရများသို့" ဆိုတဲ့ စကားအတိုင်း အမှတ်တမဲ့ဖြစ်ရပ်သေးသေးလေးက စတင်ခဲ့တဲ့ ဆဲန်ကျန် ဆိုတဲ့ စာမဖတ်တတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ နိုင်ငံခြားမာစတာတန်း ပညာတော်သင်ကျောင်းသား ရာဝီ တို့ရဲ့ အချစ်ရေးကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဆဲန်ကျန် ဟာ မထင်မှတ်ထားတဲ့ နှစ်တစ်နှစ်ရဲ့ အောက်တိုဘာလမှာ ရာဝီ ဆိုတဲ့ ကောင်လေးနဲ့ တွေ့ခဲ့ပြီး တစ်ညတာအတွင်း ရင်းနှီးခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက မျက်စိတစ်မှိတ်အတွင်းပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ အကြောင်းကတော့ ရာဝီ ဟာ နိုင်ငံခြား ပညာတော်သင်သွားဖို့ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားမနေပါဘူး။ နှစ်တိုင်း အောက်တိုဘာလ ၈ ရက်နေ့မှာ နှစ်ယောက်သားရဲ့ အမှတ်တရနေရာလေးဆီ ပြန်လာဖို့ ကတိပေးထားပါတယ်။ ဒီလိုနဲ့ ဆဲန်ကျန် ဟာ အောက်တိုဘာလ ၈ ရက်နေ့ရောက်တိုင်း အမှတ်တရတွေရှိခဲ့တဲ့ နေရာလေးမှာ အမြဲတမ်း စောင့်မျှော်နေခဲ့ပြီး ရာဝီ က ကတိအတိုင်း ပြန်လာပါ့မလား။ သူတိုနှစ်ယောက်ရဲ့ အချစ်ရေးက ဖြောင့်ဖြူးနိုင်ပါ့မလား။ ဆဲန်ကျန် က ရာဝီ တစ်ယောက်ကိုပဲ စောင့်စားသွားမလား။ အချစ်နဲ့ ဘဝရွေးချယ်ဖို့ဖြစ်လာတဲ့အခါ လူတွေ ဘယ်အရာကို ဦးစားပေးသွားကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
t.me/cartoonbynikko/2757

အထီးကျန်ဘဝ (၂၀၂၃)
IMDb - 7.4/10
Genre - Romance, Thriller
ဘဝမှာ အထီးကျန်တယ်ဆိုတဲ့ စကားလုံးကို အပြည့်အဝ ခံစားနေရတဲ့ ခိန်ကျိ ဆိုတဲ့ ဂျပန်လူမျိုး ကောင်လေးတစ်ယောက်ဟာ သီးသန့်နေတတ်သူဖြစ်ပြီးကိုယ်တိုင်ကိုယ်ကျ လက်လျှော့ချင်တဲ့ အတွေးတွေကြောင့် ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းနေရသူပါ။ တစ်နေ့မှာတော့ ခိန်ကျိ က နွိင်း ဆိုတဲ့ မိန်းမလှလေးနဲ့ သိကျွမ်းလာခဲ့ပြီး ဘဝက တဖြည်းဖြည်း ပန်းရောင်သမ်းလာတဲ့ အချိန်ရောက်လာပါတယ်။ အထီးကျန်မှုကြောင့် ဘဝကို လက်လျှော့ဖို့ မကြာခဏ စိတ်ပင်ပန်းနေတဲ့ လူတစ်ယောက်အတွက် မျှော်လင့်ချက်ကို ပြန်လည်ပေါက်ဖွားစေနိုင်တဲ့ အချစ်တစ်ခု ဖြစ်လာနိုင်မလားဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြည့်ရှုနိုင်ပါတယ်။
t.me/cartoonbynikko/2760

ရထားပေါ်မှ အိမ်မွေးတိရစ္ဆာန်များ (၂၀၂၅)
IMDb - 6.9/10
Genre - Family, Drama
ဒီဇာတ်ကားလေးက ၂၀၂၅ ခုနှစ်က ထွက်တဲ့ ပြင်သစ် အန်နီမေးရှင်းဖြစ်ပြီးအဓိကဇာတ်လမ်းက ဖယ်လ်ကွန်လို့ ခေါ်တဲ့ ရက်ကွန်းဝံတစ်ကောင်အကြောင်းကို ပြောပြထားတာပါ။ သူက အိမ်မဲ့တိရစ္ဆာန်တွေကို ကူညီကျွေးမွေးတတ်တဲ့စိတ်ကောင်းရှိသူဖြစ်ပြီး တစ်နေ့မှာတော့ လူဆိုးဖြစ်တဲ့ ဟန်းစ် နဲ့ ပူးပေါင်းကာ ခရစ္စမတ်နေ့မှာ မြန်နှုန်းမြင့်ရထားကြီးတစ်စီးပေါ်က အစားအစာတွေကို လုယူဖို့ အကြံရလာပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်က မအောင်မြင်ဘဲ ဟန်းစ် က ဖယ်လ်ကွန်ကို သစ္စာဖောက်ပြီး ရထားပေါ်က လူအားလုံးကို ဆင်းခိုင်းကာ ရထားကိုကိုယ်တိုင် မောင်းနှင်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ရထားပေါ်မှာ ဖယ်လ်ကွန်ရယ်၊ ရက်စ် လို့ ခေါ်တဲ့ တာဝန်ကျေပွန်တဲ့ ရဲခွေးကြီးရယ်၊ မက်ဂီ ဆိုတဲ့ ကြောင်လေးရယ် အပါအဝင် အိမ်မွေးတိရစ္ဆာန်တစ်စုပဲ ကျန်ခဲ့ပြီး ရထားကြီးကလည်း ဘယ်သူမှ မထိန်းနိုင်တော့ဘဲ အရှိန်နဲ့ ပျက်စီးတော့မယ့် ဦးတည်ရာကို ဆက်လက်သွားနေပါတယ်။ ဒီအခြေအနေမှာ တိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ ကွဲပြားတဲ့ စရိုက်လက္ခဏာတွေကို ဘေးဖယ်ထားပြီး အတူတကွ ပူးပေါင်းကာ မမောင်းနှင်ဘဲ အရှိန်နဲ့ ပြေးနေတဲ့ ရထားကြီးကို ဘယ်လိုရပ်မလဲ။ ဘယ်လို ဘေးကင်းအောင် လုပ်မလဲဆိုတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ကြရပါတယ်။ ဇာတ်ကားလေးရဲ့ အားသာချက်က စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေ ရယ်စရာကောင်းတဲ့ အခိုက်အတန့်တွေ၊ စည်းလုံးညီညွတ်မှုနဲ့ သစ္စာရှိမှုဆိုတဲ့ ကောင်းမွန်တဲ့ အတွေးအမြင်တွေကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ကလေးတွေရော လူကြီးေတွအပါအဝင် မိသားစုလိုက် အတူကြည့်ပြီး ပျော်ရွှင်နိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/725

❤7
ပိတ်ထားသောကျောင်းကြီး (၂၀၁၉)
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ Horror Movie ပဲဖြစ်ပါတယ်။ မီအုတ် နဲ့ ယူရာ ဟာအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့မှာတော့ မီအုတ် ကိုလူတစ်စုက ကျောင်းတွင်းအနိုင်ကျင့်မှုတွေဆိုးဆိုးရွားရွားလုပ်ခံရတဲ့အခါ ဘာဆက်ဖြစ်မလဲ။ “မြန်မာစကားပုံ တွေထဲကအတိုင်း လူယုံသတ်လို့သေတယ်” ဆိုတဲ့စကားအတိုင်းကိုယ်ကကြူးကိုယ်ဒူးတောင်မယုံသင့်ဘူးဆိုတာဒီဇာတ်ကားလေးကသက်သေပြသွားတာပါပဲ။ ဒါပေမယ့်အမှားဆိုတာလုပ်ထားရင်ပြန်ပေးဆပ်ရမှာ လောကရဲ့နိယာမပဲမို့ မီအုတ် ကိုအနိုင်ကျင့်တဲ့သူတွေရောသူတို့လုပ်ရပ်တွေအတိုင်းဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်
t.me/hanamoviesforyou/1879

ရွှေလက်ညှိုး (၂၀၂၃)
IMDB - 6.3/10
Genre - Crime, Thriller
ချန်ယိယန် ဆိုတဲ့သူက တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကို ပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက်မက်ခဲ့သူဖြစ်ပေမယ့်လုပ်ငန်းအရူးပေါ်ပြီး ဒေဝါလီခံရပါတယ်။ ဒီလိုနဲ့ အလုပ်ကို ကြိုးစားရှာရင်းတစ်နေ့မှာ တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးအယောင်ဆောင်အဖြစ် လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကို ဝင်ရောက်ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေးရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီး ကျာဝန် ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ တစ်စတစ်စနဲ့ တဖြည်းဖြည်း ဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန် လုပ်ငန်းစု သူဌေးကြီး ဖြစ်လာခဲ့ပါတယ်။ ကံတရားဆိုတာ အတက်အကျရှိစမြဲ ဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန် တစ်ယောက် သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကို ခံခဲ့ရပြီး အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကို ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အစပိုင်းမှာ လျိုအရာရှိက ရိုးရှင်းလှပြီထင်မိတဲ့ အမှုတစ်ခုလေးက တကယ်တမ်းမှာ အများကြီး ပါဝင်ပတ်သက်မှုရှိနေပြီးနောက် ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းအဆုံးအထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
t.me/hanamoviesforyou/1911

ဂျပန်တော်လှန်ရေး (၂၀၂၄)
IMDB - 6.8/10
Genre - Action, Crime
၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့အတွက် အတင်းအကြပ် စေခိုင်းခံရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယားကျွန်းဆွယ် တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ်မှာတော့ ဇာတိသွေးအပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံကတပ်မတော်ငယ်လေးဟာ လွတ်လပ်ရေး ရရှိဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဘုရင်ခံကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို အစချီခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို ကိုရီးယားတပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ဂျွန်းဂွန်း က ဦးဆောင်ခဲ့ပြီးလွတ်လပ်ရေးလှုပ်ရှားမှု မဟာမိတ်အဖွဲ့ဝင်တွေနဲ့အတူ သတင်းအချက်အလက်တွေ စုဆောင်းကာ ရုရှားတခွင်ကို လှည့်လည်သွားလာရင်း စစ်ဆင်ရေး ဆင်နွှဲခဲ့ပါတယ်။ ဇာတိသွေး၊ ဇာတိမာန်အပြည့်နဲ့ တိုက်ပွဲဝင်သွားမဲ့ ဒီစစ်ဆင်ရေးကြီးဟာ စွန့်စားမှုတွေ၊ စွန့်လွှတ်မှုတွေကြားထဲကနေ အောင်မြင်သွားနိုင်မလားဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
t.me/hanamoviesforyou/1921

အဖွားနှင့် သူ၏သရဲများ (၁၉၉၈)
မြို့သားလေး ဒူးဒူး ဟာ နွေရာသီ ကျောင်းပိတ်ရက်မှာ သူ့အဘွားဆီသို့အလည်အပတ် သွားခဲ့ပြီး၊ အဖေဟာ ဆေးရုံတက်နေရခြင်းကြောင့် ဒူးဒူး ကို အဘွားဆီမှာ ထားခဲ့ရပါတယ်။ တစ်နေ့ ဒူးဒူး ရဲ့ အဘွားက နာရေး အခမ်းအနားသွားနေချိန်မှာ ဒူးဒူး သည် သူ့အဘွားအိမ်ကို လျှောက်သွားပြီး ဆိုးသွမ်းတဲ့ ဝိဉာဉ်တွေကို ဖမ်းထည့်ထားတဲ့ အရိုးပြာအိုးထားတံ့ အခန်းကို မသွားဖို့ အဘွားကသတိပေးထားပေမယ့် အဘွားမရှိချိန် အဲ့အခန်းထဲ ဝင်သွားခဲ့ပါတယ်။ ဒူးဒူး ရဲ့ ပေါ့ဆမှုကြောင့် မကောင်းဆိုးဝါးကို ထည့်ထားတဲ့ မန္တန်စာရွက် ပျက်စီးသွားပြီး မကောင်းဆိုးဝါးက ဝိဉာဉ်တွေကို စုပ်ယူပြီး သူ့အစွမ်းကို ကြီးလာအောင်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အစွမ်းတွေ တစ်စတစ်စ ကြီးလာရင်း ဒူးဒူး ရဲ့ ဝိဉာဉ် သူငယ်ချင်းလေးပါ ဝိဉာဉ်အစုပ်ခံရခဲ့ပြီး၊ ဒူးဒူး သည် သူ့ သူငယ်ချင်းနှင့် အခြားဝိဉာဉ်တွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒူးဒူး နဲ့ သူ့အဘွားတို့ မကောင်းဆိုးဝါးကို ဘယ်လိုနှိမ်နင်းပြီး ဝိဉာဉ်တွေကို ဘက်လိုက်ကယ်တင်မလဲဆိုတာကို ဇာတ်ကားထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
t.me/cartoonmoviesmms/2072

မကောင်းဆိုးဝါးဆင့်ခေါ်ခြင်း (၂၀၂၂)
ဘာသာရေးကိုင်းရှိူင်းဖို့ ပညာတတ်စေဖို့ လေးစားသမှုရှိဖို့ စသည်ဖြင့်ဖွင့်ထားတဲ့အစ္စလာမ်ဘာသာ အမျိုးသမီးအဆောင်လေးတစ်ခု၊ယောကျ်ားလေးဆိုလို့ ဆရာဖြစ်သူ အူစတက်ဂျယ်လနီတစ်ယောက်ပဲရှိပါတယ်။ တစ်နေ့မှာတော့ ထိုဆရာဖြစ်သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါး "ကွာရင်းဂျင်းန်" ဆင့်ခေါ်ခြင်းကိုကျောင်းသူတွေနဲ့တူတူ လုပ်ဖို့ကြိုးစားခဲ့တဲ့အခါ၊ တားမြစ်ထားတဲ့ကျမ်းစာဖြစ်ပြီးမကောင်းဘူးဆိုတာသိပေမယ့် စာမေးပွဲမအောင်မှာကြောက်တဲ့ကျောင်းသူလေးတွေအဖို့တော့ ဆရာခိုင်းတာလုပ်ရုံအပြင် မရှိပါဘူး။ ထိုဆင့်ခေါ်ခြင်းကြီးပြီးတဲ့အခါ ဘယ်လိုမူမမှန်တာတွေ ဖြစ်လာလဲဆိုတာကတော့
t.me/hanamoviesforyou/1903

တစ်ကိုယ်တော် သူခိုး (၂၀၁၉)
IMDB - 6/10
Genre - Thriller, Action
ကစ်သ် ရစ်ပလေ ဆိုတဲ့လူက တကယ့်လူပါ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလို လူကြီးပါ။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါတယ်။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။ လူဆိုးဂိုဏ်းသားကြီး မဟုတ်ပါဘူး၊ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးဖြစ်ပြီး သူတပါးပစ္စည်းအပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူပါ။ သူခိုးကားတွေရဲ့ ထုံးစံလိုပဲဖြစ်ပါတယ်။ တွဲဖက်တစ်ယောက်ရှိပြီး သူများသတ်လို့သေသွားသဖြင့် တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ရမယ်၊ သမီးလေးကို စောင့်ရှောက်ရမယ်ဆိုတဲ့တာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ရစ်ပလေ သည် လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကိုယူရဖို့ဖြစ်လာပါတယ်။ သူတို့ခိုးရမည့်ပစ္စည်းက ရုရှားဇာဘုရင်မိသားစုရဲ့ တော်ဝင်နန်းတွင်းရတနာရွှေဥနှစ်လုံးဖြစ်ပြီး၊ လုံခြုံရေးစနစ်က ခက်ခဲလွန်းသဖြင့် တံခါးသုံးဆင့်မြေတိုက် လုံခြုံရေးခန်းထဲမှာ ကျည်ကာမှန်သေတ္တာထဲသို့ ထည့်ထားထားပါတယ်။ ရစ်ပလေ ဘယ်လိုကြံပြီး ဘယ်လိုယူမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီး Plot twist ခပ်ပါးပါးလည်း ပါဝင်ပါတယ်။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/729

❤2😁1
အူကြောင်ကြောင် ခွေးလေး (၂၀၁၅)
IMDB - 6.4/10
Genre - Fantasy, Adventure
နာမည်အဓိပ္ပါယ်က “အူကြောင်ကြောင်လေး” ဆိုတဲ့ ခွေးလေးရဲ့ တစ်ရက်တာဟာ အလွဲတွေ အများအပြားနဲ့ စတင်ပါတယ်။ ခြံမွေးတိရစ္ဆာန်တွေကိုစောင့်ကြပ်ရတဲ့ မာရန်မာ ခွေးမျိုးဖြစ်ပေမယ့် သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းသာ စောင့်ရှောက်တတ်တဲ့ ကောင်လေးပါ။ တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုး မြို့ရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့နေရာလေးမှာ ဒေသခံပင်ဂွင်းလေးတွေမျိုးတုံးမဲ့ အခြေအနေကိုဆိုက်ရောက်လာပါတယ်။ အဲဒီအချိန်မှာ ကြက်ခြံလယ်သမားကြီး ဆွမ်ပီ ဟာ သူ့သမီး အမ်မလီ နဲ့ မြေးမလေး လစ်ဗီ ကိုအတူတူ ပင်ဂွင်းဘေးမဲ့စခန်းထဲကယ်တင်ဖို့ ဘယ်လိုနည်းလမ်းနဲ့ကြိုးစားမလဲဆိုတာစောင့်မျှော်ကြည့်ရှုရမှာပါ။ ဖြစ်ရပ်မှန်အခြေပြု ဇာတ်လမ်းဖြစ်ပြီး ပျော်ရွှင်စရာ ဇာတ်ကွက်တွေနဲ့အတူ အသိပညာဗဟုသုတလည်းရနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
t.me/hanamoviesforyou/1931

အိုရီယွမ် နှင့် အမှောင်ထု (၂၀၂၄)
လူတိုင်းမှာ အကြောက်တရားရှိကြပြီး ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိသလို အစက မကြောက်သေးဘဲ သိတာတွေ များလာလေလေ ကြောက်စရာတွေ များလာလေဆိုတဲ့ အကြောက်တရားမျိုးလည်း ရှိပါတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ် ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းဖြစ်ပြီး အိုရီယွမ် က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံး ရေမြုပ်သွားမှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပါ။ ယုတ်စွအဆုံး သူချစ်တဲ့ ကောင်မလေးကို စကားသွားပြောဖို့တောင် ကြောက်နေတဲ့ကောင်လေးဖြစ်ပြီး သူအကြောက်ဆုံးအရာကတော့ ညတိုင်းကြုံနေရတဲ့ အမှောင်ထုပါ။ အမှောင်ကို ကြောက်တာကလည်း အမှောင်ကို နားမလည်လို့ ကြောက်တာဖြစ်ပြီး တကယ်တော့ အမှောင်ထုဟာ သူထင်သလောက် ဆိုးရွားတဲ့အရာမဟုတ်ဘဲ ခင်တတ်မင်တတ်ပြီး ကမ္ဘာကြီးအတွက် တာဝန်တွေကို တိတ်တိတ်လေး ထမ်းဆောင်နေတဲ့ အရာဖြစ်ပါတယ်။ အမှောင်ထုက အိုရီယွမ် ကို မကြောက်ဖို့ ပြောကာ ညကမ္ဘာကြီးထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို လိုက်ပြပေးပေမယ့် အရမ်းကြောက်တတ်တဲ့ အိုရီယွမ် ကတော့ ကြောက်နေမြဲပဲဖြစ်ပြီး ဒီခရီးစဉ်ကနေတဆင့် သူ့အကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
t.me/cartoonmoviesmms/2404

အပေါင်ခံ သမီးလေး (၂၀၂၀)
IMDb - 7.7/10
Genre - Comedy, Drama
ငွေချေးလုပ်ငန်းကိုလုပ်ကိုင်တဲ့ လူနှစ်ယောက်က အမျိုးသမီးတစ်ယောက်ဆီကနေ ချေးထားတဲ့ ငွေကို ပြန်တောင်းဖို့သွားကြတဲ့အခါ ထိုအမျိုးသမီးက ချေးထားတဲ့ငွေကို ပြန်ဆပ်လို့ မရတဲ့အတွက် သူ့သမီးလေးကို အပေါင်အဖြစ် ခေါ်ယူလာခဲ့ပါတယ်။ ကလေးရဲ့ မိခင်က တရားမဝင်နေထိုင်သူဖြစ်တာကြောင့် မိမိနေရပ်ကို ပြန်ပို့ခံရပြီး ကလေးကိုတော့ ငွေချေးလုပ်ငန်းလုပ်သူတွေထံ ထားခဲ့ရပါတယ်။ ကလေးကို သမီးအဖြစ် မွေးခဲ့တဲ့ လူနှစ်ယောက်နဲ့ သံယောဇဥ် တွယ်ပြီး အတူတူနေထိုင်သွားကြရတဲ့ မိသားစုချစ်ခြင်းမေတ္တာ ပြ ဇာတ်ကားတစ်ကား ဖြစ်ပြီး သရုပ်ဆောင်အနေနဲ့ ဆွန်းဒုံအီ, ဟာဂျီဝန်, နဲ့ ကင်ဂျယ်ဟွာ တို့ကသရုပ်ဆောင်ထားပါတယ်။
t.me/cartoonbynikko/2769

အကျဉ်းထောင်ရဲ့ လျှို့ဝှက်ချက် (၂၀၁၀)
IMDb - 8.2/10
Genre - Thriller, Mystery
အင်ဒရူးနဲ့ ဂျက် တို့နှစ်ယောက်က ကျွန်းတစ်ကျွန်းကို ခရီးထွက်လာပြီး ကျွန်းပေါ်ရှိ အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ယောက် ပျောက်ဆုံးမှုကို စစ်ဆေးဖို့ အရောက်သွားကြပါတယ်။ အကျဉ်းသားတွေအားလုံးက လူနာတွေလို ဖြစ်နေပြီး သူတို့ကိုနားမလည်တဲ့ မျက်နှာနဲ့ ဝိုင်းကြည့်နေကြတဲ့အတွက် ထွက်ပေါက်မရှိတဲ့ အကျဉ်းခန်းထဲမှာ ဘယ်လို လွတ်မြောက်သွားမလဲဆိုတာကို သူတို့ မရှာတွေ့နိုင်သေးပါ။ ပိုဆိုးတာက အင်ဒရူးကိုယ်တိုင်က ဝိညာဉ်လို ပုံရိပ်တွေ မသိစိတ်လို ပေါ်လာပြီး သူကိုယ်တိုင်လည်း ဆေးတွေသောက်နေတော့ သူပဲ ရူးသွားပြီလားဆိုပြီး သံသယတွေလည်းဖြစ်လာပါတယ်။ ဘာကြောင့် ပုံရိပ်တွေ မြင်မြင်လာတာလဲ။ အကျဉ်းသားပျောက်သွားတာ ဘယ်လိုဖြစ်သွားတာလဲ။ အကျဉ်းထောင်ရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မယ်ဆိုတာကိုတော့ ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/731