အနက်ရောင်မြေ (၂၀၁၇)
IMDB - 6.5/10
Genre - Action, Crime
ဇိတ် က အောင်မြင်တဲ့ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး စတိန်း လို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်း ရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ ရာဇင်း ရောက်လာပြီး အကူအညီလာတောင်းခဲ့ပေမဲ့ ဇိတ် က ငြင်းလိုက်ပါတယ်။ နောက်တစ်ရက်မှာတော့ ညီဖြစ်သူဟာ ဆေးရုံရဲ့ အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ် ရဲ့ ဘဝက ကမ္ဘာကြီး ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားခဲ့ပြီး အမှုကို ရဲတွေ လက်အပ်ထားခဲ့ပေမဲ့ သိပ်အကူအညီ မဖြစ်လာတာကြောင့် အပြစ်ရှိစိတ် ဝင်နေတဲ့ ဇိတ် က သူကျင်လည်ခဲ့ဖူးတဲ့ ဘဝကို ပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ ဒီကားရဲ့ ဇာတ်ညွှန်းဆရာတစ်ဖြစ်လည်း ဒါရိုက်တာက သူ့ရဲ့ ညီဟာ ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘဝ အတွေ့အကြုံကို မူတည်ပြီး ရိုက်ကူးခဲ့တာလို့ ဆိုထားပြီး ဆုတွေ (၇) ခုလောက် ရထားသလို Nomi (၁၉) ခုလောက် ရထားတဲ့ ဒီကားလေးကို အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။
t.me/cartoonbynikko/2603

လူသတ်သမားဂိုဏ်း (၂၀၀၉)
IMDB - 6.3/10
Genre - Action, Martial Arts
လူသတ်သမားဂိုဏ်းကို အစပျိုးဖို့အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ အစကတော့ ဒီအသင်းအဖွဲ့က မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ် သိလာတဲ့နောက် ထွက်ပြေးဖို့ ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ ဒီလိုနဲ့ Rain တစ်ယောက်ဟာလည်း ဒီဂိုဏ်းအဖွဲ့ထဲကနေ ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကို သတ်ဖြတ်ကြပါတော့တယ်။
t.me/cartoonbynikko/2605

❤1
အသည်းသူခိုး (၂၀၂၀)
IMDB - 7.2/10
Genre - Romance, Comedy
''အီနာ'' ဆိုတဲ့ ကောင်မလေးက ရည်းစားဟောင်း ဖေဒ် ကနေ လိမ်တာကို ခံထားရတဲ့သူဖြစ်ပြီး YouTube မှာ အကြွေးတင်နေတဲ့ ဘတ် ၅ သိန်းပြသနာကို နေ့စဉ်ဘဝကို ချို့ချို့တဲ့တဲ့ နေထိုင်ရတဲ့ Review တင်ရင်း အလှူငွေကောက်တဲ့ Youtuber တစ်ယောက်ဖြစ်တယ်။ ''တိုဝါ'' ဆိုတဲ့ လူလိမ် မင်းသားက အီနာ ဘဏ်ငွေကို လိမ်ဖို့ ကြိုးစားရင်း မိသွားရာမှ သူ့အသံဖိုင်ကို Post မတင်ပေးဖို့ တောင်းဆိုရင်း အပြန်အလှန် အပေးအယူလုပ်ကြတယ်။ အပေးအယူကတော့ သူ့ရည်းစားဟောင်း ဖေဒ် ရဲ့ ခရီးသွားလုပ်ငန်းဆီကနေ ဘတ် ၁,၀၀၀,၀၀၀ အတိ လိမ်ပေးရင် ရှိနေတဲ့ အသံဖိုင်ကို လက်မအပ်တော့ဘူးလို့ ပြောရင်း လိမ်လည်မှု မစ်ရှင် တွေက အဆင့် တိုးသလို ''ခွန်နုံနွတ်'' ဆိုတဲ့ တရုတ်စာသင်တဲ့ ဆရာမနဲ့ ''ခွန်ကျိုန်'' ဆိုတဲ့ လူတွေ ထပ်ဖြည့်ရင်း အုပ်စုဖွဲ့ လိမ်လည်မှာ ဖြစ်ပါတယ်။ အီနာ စိတ်ထဲမှာ သူက နှစ်ခါအလိမ်ခံရမှာလား၊ သူကရော ဒီလိုလူလိမ်အဖွဲ့နဲ့ သူ့ရည်းစားဟောင်းကို ပြန်လိမ်ရတာ တန်သလားဆိုတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်တထိတ်ထိတ် ဖြတ်သန်းရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။
t.me/cartoonbynikko/2607

ဝက်တစ်ကောင်၊ မြွေတစ်ကောင် နှင့် ခိုတစ်ကောင် (၂၀၂၃)
IMDB - 7.3/10
Genre - Crime, Action
ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင် ဆိုတဲ့ လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှ မသိတဲ့ လူမရှိအောင် ဖြစ်ချင်တဲ့ လူတစ်ယောက်ပေါ့။ ဒါကြောင့်ပဲလူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ်ပစ်ခတ်တဲ့ အလုပ်ကို လုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကို သိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိ နာမည်ကျန်စေမယ့် အလုပ်တစ်ခုကို မသေခင်မှာ လုပ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတော့ သူအလုပ်ချင်ဆုံးက ဘာများဖြစ်နေမလဲ၊ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲ စတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
t.me/cartoonbynikko/2610

❤3
တစ်ခါတလေတော့ သေပဲသေချင်တယ် (၂၀၂၃)
IMDb - 6.5/10
Genre - Romance, Comedy
ဒီဇာတ်အိမ်မျိုးက Introvert တစ်ယောက်ကို ရိုက်ကူးပြသ ထားတာနဲ့ပိုတူတယ်ဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊ မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်း တွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိ ကြတဲ့အဖြစ်မျိုးပေါ့။ ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာ အလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သူ့လို introvert တစ်ယောက်အတွက် အချစ်ဆိုတာ ခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။
t.me/cartoonbynikko/2612

အချစ်နွေရာသီ (၂၀၀၄)
IMDb - 6.7/10
Genre - Romance, Thriller
အဖေအမေ ဆုံးသွားပြီးနောက် အကိုနဲ့ မောင်နှမနှစ်ယောက်တည်း နေနေရတဲ့ မိုနာ ဆိုတဲ့ ကောင်မလေးနဲ့ နွေရာသီကျောင်းပိတ်ရက်၊ နယ်မြို့လေးကိုပြန်လာတဲ့ တမ်မ်ဆင် တို့ ကောင်မလေးနှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ ကွဲပြားတဲ့စရိုက်နဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းကြားမှာ အချစ်တစ်ခုဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
t.me/cartoonbynikko/2614

တောနက်ထဲက စွန့်စားခန်း (၂၀၁၇)
IMDb - 6.7/10
Genre - Adventure, Thriller
ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ Adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ် နဲ့ ဓာတ်ပုံဆရာ ကယ်ဗင် တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ၃ ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ ကားလ် က ယိုစီ့ ကို တောနက်ထဲက အင်ဒီးယန်း လူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ်။ သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်။ ကားလ် ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ် တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ် ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်။ အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ။ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ။ သူ့ကိုပြန်လာကယ်မလား
t.me/cartoonbynikko/2616

အချစ် နှင့် ဘဝ (၂၀၂၄)
IMDb - 6.7/10
Genre - Romance
1933 ခုနစ်ကာလမှာ Irma ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့ဇာတိ ကျေးလက်ကိုစွန့်ခွာပြီး အိပ်မက်တွေနောက်ကိုလိုက်ဖို့ မြို့ကိုတက်လာခဲ့တယ်။ မြို့က သူ့ရဲ့ဝမ်းကွဲဖြစ်သူ Lonni ရဲ့ အကူအညီနဲ့ ပုံနှိပ်တိုက်တစ်ခုမှာ သန့်ရှင်းရေးအဖြစ် ဝင်လုပ်ရင်း ကံကြမ္မာဖန်တော့ ပုံနှိပ်တိုက်ပိုင်ရှင်ရဲ့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီ အသက်လတ်ပိုင်း လူပုံခန့်ခန့်နဲ့ ဆိုရှယ်ကောင်းတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် Rud-lf ဟာ မကြာခင်မှာပဲ အိမ်ဖော်မလေး Irma ကို စိတ်ဝင်တစားနဲ့ ချဉ်းကပ်လာတယ်။ခေတ်ကာလက စီးပွားပျက်ကပ်ဆိုက်ပြီး နိုင်ငံရေးရှုပ်ထွေးနေချိန်ဆိုတော့ အချစ်က အဲဒီလောက် အရေးမပါတဲ့ကာလ ဖြစ်နေခဲ့တယ်။ဒါပေမဲ့ Irma က Rudolf ရဲ့အချစ်ကိုလက်ခံပြီး နှစ်ဦးသား လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး သိပ်မကြာခင်နောက်ပိုင်းမှာပဲ သိပ်မြတ်နိုးလှပါတယ်ဆိုတဲ့ Rudolf ရဲ့ အမူအယာတွေဟာ ပြောင်းလဲလာခဲ့တယ်။ Rudolf ကို သိပ်ချစ်မိသွားတဲ့ Irma ဟာတော့ အကြောင်းရင်းကို ရှာဖွေရင်း ဒီအချစ်ဇာတ်လမ်းရဲ့ဇာတ်သိမ်းလေး ဘယ်လိုပြီးဆုံးသွားမလဲ ကြည့်ရှုလိုက်ကြပါဦး။
t.me/cartoonbynikko/2619

ခေတ်ပျက်ကြီးက လူတစ်ယောက် (၂၀၂၅)
IMDb - 6.5/10
Genre - Crime
ဒီကားက 1970 ကာလကို အခြေခံထားပြီး ပြတိုက်ထဲက ပန်းချီကားတွေကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ဒါပေမဲ့ အက်ရှင်ကားမဟုတ်ဘဲ ဇာတ်ကောင်အတွင်းခံ စိတ်အခြေအနေ 1970 ကာလ စစ်အေးကာလ၊ ဗီယက်နမ်စစ်ပွဲတွေ၊ အမေရိကန်တွေရဲ့ တခေတ်ထလာတဲ့ ဟစ်ပီတွေအကြောင်း နဲ့ ခေတ်ပျက်ကြီးက လူတစ်ယောက်အကြောင်းကို အနုပညာမြောက် စတိုင်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/656

ချန်နယ်လင့်
ဇာတ်ကားလင့်
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Hana Run နေတဲ့ Channel လေးတွေပါ 🎀
➡️ @hanamldiashoo
➡️ @hanastickers
➡️ @chillwithHana
➡️ @hanamusicplaylist
✅ ချစ်ရင် Join ပေးကြ အာဝါးပေးမယ် 🥰
Please open Telegram to view this post
VIEW IN TELEGRAM
❤2🐳2
ရေလွှမ်းမိုးမှုကြီး (၂၀၂၅)
သူများဒုက္ခရောက်တာ အရသာခံ ထိုင်ကြည့်ချင်တဲ့သူတွေအတွက် အသစ်စက်စက် အနှစ်တွေပဲ ကျန်မဲ့ကား
ဇာတ်အိမ်ကိုတော့ လူသားတွေနေထိုင်တဲ့ ကမ္ဘာဂြိုဟ်မှာ ရေလွှမ်းမိုးမှုကြီးတစ်ခု ကျရောက်ခဲ့ပြီး အန်နာနဲ့ ဟီးဂျိုအပါအဝင် လူတွေက ရေထဲနစ်မြုပ်နေတဲ့ သူတို့ရဲ့တိုက်ခန်းထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရချိန်ကို အခြေတည်ထားပါတယ်။ အန်နာက AI ဖွံ့ဖြိုးတိုးတက်ရေး သုတေသီတစ်ယောက်ဖြစ်ပြီး ဟီးဂျိုကတော့ လူ့စွမ်းအားအရင်းအမြစ် လုံခြုံရေးအဖွဲ့ဝင်ဖြစ်ပါတယ်။ ဟီးဂျိုက အန်နာ့ ကို ကပ်ဘေးကြီးကနေ ကယ်တင်ဖို့ ကြိုးစားနေသူဖြစ်ပြီး သူက အန်နာ့ ကို ဘာကြောင့် ကယ်တင်ဖို့ ကြိုးစားနေတာလဲ၊ အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို အဖြေရှာရင်း သူတို့အားလုံး ကမ္ဘာ့ကပ်ဆိုးကြီးကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ပဟေဠိတွေ၊ မြှုပ်ကွက်တွေ များစွာနဲ့ ဇာတ်အိမ်ခိုင်ခိုင်လေး ရှုစားနိုင်ဖို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/687

သရဲဈေး (၂၀၂၅)
IMDb - 6/10
Genre - Horror
ညစဉ်ညတိုင်း ဘယ်သူမှမသိအောင် တိတ်တဆိတ် ဖွင့်လှစ်လေ့ရှိတဲ့ သရဲတွေကို အရောင်းအဝယ်လုပ်ရာ သရဲဈေးမှာ လက်ချောင်းလေးတွေနဲ့ မြေခွေးပုံစံ ပြတင်းပေါက်ကို ဖန်တီးလိုက်ရင် သရဲဈေးတံခါးက ပွင့်လာမှာဖြစ်ပြီး အဲဒီဈေးမှာ အရောင်းအဝယ်လုပ်ခဲ့မိရင် အဖိုးအခကိုလည်း မလွဲမသွေ ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။ ပိုက်ဆံ၊ အလှအပ၊ ပညာရည်အဆင့်၊ အောင်မြင်မှုတို့လို မိမိ မပိုင်ဆိုင်နိုင်တဲ့ အရာကို လောဘတကြီး တပ်မက်နေကြသူများက သရဲဈေးမှာ အရောင်းအဝယ်လုပ်မိကြတဲ့အခါ ဘယ်သူတွေက ကိုယ့်ဝိညာဉ်နဲ့ပါအလဲအထပ်လုပ်ပြီး လိုချင်တာကို အရယူသွားမှာလဲ၊ သူတို့ ပြန်လည်ပေးဆပ်ရမဲ့ အဖိုးအခက ဘယ်လောက်တောင် ကြောက်မက်စရာကောင်းနေမလဲ
t.me/cartoonbynikko/2621

ထောင်ဖောက်ထွက်ပြေးခြင်း (၁၉၆၉)
IMDb - 8.1/10
Genre - War, Drama
၁၉၄၀ ခုနှစ်ပိုင်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖီလစ်ပဲ ဂါဘီယံ ဆိုတဲ့သူက ဂျာမန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို ထောင်ထဲတန်းမထည့်ဘဲ တရားခွင်တင်ဖို့ အကျဉ်းစခန်းတစ်ခုမှာ ထားရှိခဲ့ပါတယ်။ အဲဒီအခါမှာ လူမျိုးပေါင်းစုံရှိတဲ့ အကျဉ်းစခန်းထဲမှာ ဖီလစ်ပဲ တစ်ယောက် လူဝင်မဆံ့ဖြစ်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ နေလာရင်း ဖီးလစ် ဆိုတဲ့ ဘယ်ဂျီယန်သား ကွန်မြူနစ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သိပ်မကြာခင်မှာ သူတို့နှစ်ယောက် အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြံကြပါတော့တယ်။ လျှပ်စစ်အင်ဂျင်နီယာ နှစ်ယောက်ဖြစ်တာကြောင့် လျှပ်စစ်မီးလိုင်းတွေကို ဖြတ်တောက်ကာ ညအမှောင်ကို ခိုပြီး အကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူတို့နှစ်ယောက်ဟာ ပြင်သစ် ခုခံရေးတပ်နဲ့ ပေါင်းစည်းကာ အေးဂျင့်တွေဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာ လယ်မတ်စ်၊ လယ်ဘိုင်ဆင် နဲ့ မယ်လ်သီးဒ် တို့နဲ့ တစ်ဖွဲ့တည်းကျပြီး စစ်ဆင်ရေးတွေကို ထမ်းဆောင်လာကြပါတော့တယ်။ သူတို့အတွက် ဘာတွေ ဆက်ဖြစ်သွားမလဲ၊ ဘယ်လို စစ်ဆင်ရေးတွေကို လုပ်ဆောင်ရမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
t.me/cartoonbynikko/2623

အချစ်အတွက် စွန့်စားကြသူများ (၁၉၅၃)
IMDb - 7.1/10
Genre - Romance, Drama
အင်ဂမာ ဘာ့ဂ်မန်း ရဲ့ ရုပ်ရှင်တွေကို ကြည့်တိုင်း ရင်ထဲမှာ တစ်ခုခုတော့ ခံစားမိစေမှာ အသေအချာပါပဲ။ ဒီတစ်ခေါက် ကားလေးကတော့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာဖြစ်ပြီး နွေရာသီရဲ့ အလှတရားတွေကြားထဲမှာ အချစ်အတွက် အရဲစွန့်ကြတဲ့ လူငယ်လေးတွေ၏ အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ မိသားစုစုံစုံလင်လင်နဲ့ နေရပေမဲ့ အချစ်ငတ်နေတဲ့ မိုနီကာ တစ်ယောက်ဟာ ဟယ်ရီ ဆိုတဲ့ ကောင်လေးနဲ့ ကော်ဖီဆိုင်မှာ တွေ့ရကနေ စတင်ပါတယ်။ ဟယ်ရီ ကတော့ အသက် ၈ နှစ်အရွယ်ကတည်းက မိခင်ကို ဆုံးရှုံးထားရပြီး ဖခင်နဲ့ နှစ်ယောက်တည်း နေရသူဖြစ်သလို အလုပ်အကိုင်အဆင်မပြေမှုတွေကိုလည်း ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံပြီးတဲ့ နောက်တစ်နေ့မှာ မိုနီကာ က အိမ်ကနေထွက်ပြေးလာပြီး ဟယ်ရီ နဲ့ ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် လူတွေကနေ ဝေးရာမှာ ကိုယ်ပိုင် အချစ်ဇာတ်လမ်းလေးကို စတင်ဖို့ ဟယ်ရီ နဲ့ မိုနီကာ တို့ နှစ်ယောက် ခိုးပြေးလိုက်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ နွေရာသီကာလလေးဟာ ဟန်းနီးမွန်းကာလလိုပဲ အချိန်ကုန်ဆုံးသွားခဲ့ပြီး နောက်ပိုင်းမှာ အလုပ်အကိုင်မရှိဘဲ ကျေးလက်ဒေသမှာ နေထိုင်လာရတဲ့အတွက် စားစရာ သောက်စရာ မလုံလောက်တော့ပါဘူး။ အဲဒီလိုနဲ့ မြို့ကို ပြန်လာပြီး အသက်ရှင်သန်ဖို့ ရုန်းကန်ရပါတော့တယ်။ သမီးလေးတစ်ယောက် မွေးဖွားပြီးတဲ့ နောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဘဝမှာ ပြဿနာတွေ စတင်ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးမှာ သူတို့ရဲ့ အိမ်ထောင်ရေး အခက်အခဲတွေကို နားလည်မှုနဲ့ ဖြေရှင်းနိုင်မလား
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/689

လက်တွေ့ဘဝ အိမ်ထောင်ရေးပြသနာများ (၁၉၇၄)
IMDb - 8.3/10
Genre - Romance, Drama
အိမ်ထောင်ရေးဇာတ်ကားတွေထဲမှာ အဖြစ်မှန်နဲ့ အနီးစပ်ဆုံး၊ အတိုက်ဆိုင်ဆုံး ဇာတ်ဝင်ခန်းတွေ ပါဝင်တယ်လို့ ဆိုရပါလိမ့်မယ်။ ရှည်လျားတဲ့ ရိုက်ချက်တွေ၊ ဒိုင်ယာလော့ခ်တွေကို အသုံးပြုပြီး အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မာရီယန်း နဲ့ ဂျိုဟန် တို့ လင်မယားရဲ့ စိတ်ခံစားချက် အတက်အကျတွေ မျက်နှာအမူအရာ တစ်ဖြည်းဖြည်း ပြောင်းလဲလာပုံတွေကို ရှည်လျားတဲ့ ရိုက်ကွင်းတွေကတစ်ဆင့် ပုံဖော်ထားတဲ့အတွက် ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာတွေကို သူတို့ရဲ့ စကားပြောဆိုမှုတွေကနေ အထင်းသား မြင်တွေ့နိုင်ပါတယ်။ အိမ်ထောင်တစ်ခုရဲ့ အက်ကွဲကြောင်းတွေဟာ သေးငယ်တဲ့ နားလည်မှုအလွဲလေးတွေဖွင့်မပြောဖြစ်ခဲ့တဲ့ အမုန်းမီးပွားလေးတွေက စတင်လာတယ်ဆိုတာကို ရိုးရိုးသားသား ဖွင့်ဟပြသထားတဲ့ ဇာတ်ကားတစ်ကားလို့လည်း ဆိုနိုင်ပါတယ်။
လေးလံမွန်းကြပ်ရတဲ့ အိမ်ထောင်သည်ဘဝ ဇာတ်လမ်းတစ်ခုဖြစ်ပေမဲ့ မာရီယန်း နဲ့ ဂျိုဟန် တို့ကြားထဲက ချစ်ခြင်းနဲ့ မုန်းခြင်း ရောယှက်နေတဲ့ ဆက်ဆံရေးအပေါ် မဖုံးဖိနိုင်တဲ့ ခံစားချက်တွေ၊ ဖြတ်တောက်လို့ မရနိုင်တဲ့ ဆက်နွယ်မှုတွေက ပရိသတ်ကို ငြီးငွေ့စေခြင်း မရှိခဲ့ပါဘူး။ အိမ်ထောင်ရေးတစ်ခုရဲ့ လိင်မှုဘဝအရေးပါမှုကိုလည်း ပွင့်လင်းတဲ့ ဒိုင်ယာလော့ခ်တွေကနေတစ်ဆင့် ထင်ဟပ်စွာ ပြသထားနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ပုံစံတင်ဆက်မှုကလည်း မာရီယန်း နဲ့ ဂျိုဟန် တို့ရဲ့ အိမ်ထောင်ရေး မြင်ကွင်းတွေကို အခန်းစဉ် ခွဲခြားပြီး ပြသထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းခေါင်းစဉ်နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေခဲ့ပါတယ်။ ရုပ်ရှင်ကားအများစုမှာ မကြာခဏ မတွေ့ရတတ်တဲ့ အိမ်ထောင်တစ်ခုရဲ့ အဖြစ်မှန်တွေကို ရှင်းလင်းစွာ ချပြထားတဲ့အပြင် မာရီယန်း နဲ့ ဂျိုဟန် တို့ ကွဲကွာနေခဲ့သော်လည်း ရှုပ်ထွေးစွာ ဆက်နွယ်နေဆဲဖြစ်တဲ့ ဆက်ဆံရေးကို ပရိသတ်အတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ခံစားရစေမယ်လို့ ယုံကြည်တဲ့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
t.me/cartoonbynikko/2626

ဂျေ ကယ်လီ (၂၀၂၅)
IMDb - 6.6/10
Genre - Comedy, Drama
ဇာတ်လမ်းက နာမည်ကျော် ရုပ်ရှင်မင်းသား ဂျေ ကယ်လီ အကြောင်းပါ။ သူဟာ သူ့ရဲ့ သစ္စာရှိတဲ့ မန်နေဂျာ ရွန် နဲ့အတူ ခရီးတစ်ခု ထွက်ခွာလာပါတယ်။ ဒီခရီးစဉ်ဟာ ရိုးရိုးခရီးစဉ်မဟုတ်ဘဲ ကိုယ်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ ဂျေ ကယ်လီ ဟာ သူ့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို နှိုင်းယှဉ်ပြီး မြင်ယောင်လာပါတယ်။ သူ့ဘဝရဲ့ နောင်တတွေ နဲ့ အောင်မြင်ကျော်ကြားမှုတွေကြားက အခြေအနေတွေကို ပြန်လည် သုံးသပ်ရတာပါပဲ။ ဒီဇာတ်ကားက ဝမ်းနည်းမှုတွေလည်း ပေးနိုင်သလို ဟာသတွေနဲ့လည်း ပြည့်နှက်နေပြီး သူငယ်ချင်း သံယောဇဉ်ကို အထူးအသားပေးထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။
t.me/cartoonbynikko/2628

အမေ့အကြောင်း တစေ့တစောင်း (၁၉၉၉)
IMDb - 7.8/10
Genre - Drama
လူတိုင်းရဲ့ ဘဝမှာ မိခင်ဆိုတာ မရှိမဖြစ်လိုအပ်သလို မိခင်တွေအတွက်သားသမီးဆိုတာလည်း အရေးကြီးပါပဲ။ မန်ဝယ်လာ ဟာ သားဖြစ်သူ အက်စ်တဲဘန် ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့သူပါ။ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့အတိတ်ကို သားဆီကနေ ဖုံးကွယ်ထားပြီး တစ်ယောက်တည်း ရသမျှ အလုပ်ကို လုပ်ပြီး ရှာဖွေကျွေးမွေးလာခဲ့တာပါ။ ဒီလိုနဲ့ သားဖြစ်တဲ့ အက်စ်တဲဘန် က အရွယ်ရောက်လာတဲ့အခါ စာရေးဆရာဖြစ်ချင်ပြီး သားအမိနှစ်ယောက်လုံးက ပြဇာတ်တွေကို လေ့လာခန်းသင်ကြားကြပါတယ်။ ဒီလိုနဲ့ အက်စ်တဲဘန် ရဲ့ ၁၇ နှစ်ပြည့် မွေးနေ့မှာ ပြဇာတ်ကြည့်ရင်း ပြဇာတ်မင်းသမီးရဲ့ လက်မှတ်တောင်းဖို့ အက်စ်တဲဘန် တစ်ယောက် ပြေးလိုက်ရင်း ကားတိုက်ခံလိုက်ရပါတယ်။ ပင်ပန်းလှတဲ့ မန်ဝယ်လာ ရဲ့ ဘဝမှာ ဘယ်လို အခက်အခဲတွေ ထပ်ဖြစ်သွားမလဲ။ သူ့ရဲ့ နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်မလဲဆိုတာကို ဆက်လက် ကြည့်ရှုရမှာပါ။
t.me/cartoonbynikko/2630

အားလုံးပေါ်မှာ သာတဲ့ နေ (၂၀၂၅)
IMDb - 6.4/10
Genre - Romance, Drama
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ကားကတော့ တရုတ်နိုင်ငံမှာရုံတင်မပြခင်ပဲ ဗင်းနစ်ရုပ်ရှင်ပွဲတော်က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးသွားပြီး နာမည်ကြီးနေခဲ့တဲ့ ရုပ်ရှင်ပါ။
မိန်ယွင် နဲ့ ပေါင်ရှူး တို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်က ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ကားမတော်တဆမှုတစ်ခုကြောင့် ပေါင်ရှူး ဟာ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲမှာ ရှိနေစဉ် ပေါင်ရှူး ကို မိန်ယွင် က ပစ်ပယ်သွားခဲ့တာကြောင့် သူတို့နှစ်ယောက်အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် မိန်ယွင် ဟာ အင်္ကျီဆိုင်တစ်ဆိုင် ဖွင့်ထားပြီး ဘဝကို ကြိုးစားဖြတ်သန်းနေခဲ့ပါတယ်။ ချီဖုန်း ကတော့ အိမ်ထောင်ရှိနေပြီး မိန်ယွင် ကို မျှော်လင့်ချက်အိပ်မက်တွေပေးနေသူပဲ ဖြစ်ပါတယ်။ မိန်ယွင် လည်း သူလိုချင်တဲ့ မိသားစုဘဝတစ်ခု ရနိုင်မယ်လို့ ထင်ပြီး ချီဖုန်း ကို ယုံစားနေခဲ့ပါတယ်။ ဒါပေမဲ့ ပေါင်ရှူး က ကင်ဆာရောဂါနဲ့ပြန်လာရှာတဲ့အချိန်အထိ ဖြစ်ခဲ့ပါတယ်။ ကင်ဆာနောက်ဆုံးအဆင့်မှာရှိနေတဲ့ ပေါင်ရှူး ဟာ မိန်ယွင် ရဲ့ အစကတည်းက မသာယာတဲ့ ဘဝကို ပိုပြီး ခက်ခဲ သွားစေခဲ့ပါသည်။ ဒါပေမဲ့ မိန်ယွင် ဟာ မငြိမ်မငြင် သူ့ကို ပြုစုစောင့်ရှောက်ခဲ့ပြီး အိမ်ပေါ်တင်ထားပြီး သူ့အခန်းကို တောင် နေခွင့်ပေးခဲ့တာပါ။ မိန်ယွင် တစ်ယောက် ဘာကြောင့် ပေါင်ရှူး အပေါ် ဒီလောက်အနစ်နာခံရတာလဲ၊ လွန်ခဲ့တဲ့ ၇ နှစ်က သူတို့ကြားမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိခဲ့သလဲ၊ မိန်ယွင် ရဲ့ ဘဝအခြေအနေက ပိုကောင်းလာနိုင်မလား
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/691

အိမ်မက်နှင့် ဘဝများ (၂၀၀၄)
IMDb - 7.3/10
Genre - Comedy, Romance
" ဘဝမှာ ဆိုးရွားတဲ့ အများကြီးရှိတယ်၊ ဝမ်းနည်းစရာတွေလည်း အများကြီးပဲ။ တခါတလေကျတော့ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့ အရာတွေကို မမြင်နိုင်လောက်အောင် ဝိဇ္ဇာအမှောင်တွေက ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် မင်းရဲ့ ထမင်းကြော်ပန်းကန်ထဲက ပင်စိမ်းလေးတွေကို ဖယ်စားတာကိုလည်း ကိုယ်ချစ်တယ်၊ မင်းပျော်တိုင်း ခြေထောက်လေး လှုပ်နေတာကိုလည်း ချစ်တယ်၊ မင်းလုပ်သမျှ အရာတိုင်းက ကိုယ့်အတွက်တော့ ပဉ္စလက် ဆန်နေခဲ့တာပဲ၊ ဂျင်ရယ် "
ဒီစကားလေးတွေကတော့ ဒီရုပ်ရှင်က ဇာတ်ဝင်စကားလေးတွေပါ။ တောကတက်လာတဲ့ ယောင်လည်လည်ကောင်လေးတယောက်နဲ့ အီတလီစာမဖတ်တဲ့ အီတလီလိုရေးထားတဲ့ ကောက်ရတဲ့စာအုပ်တအုပ်ကို ဖတ်ဖို့ ကြိုးစားနေတဲ့ အိပ်မက်တွေ တပွေ့တပိုက်နဲ့ ကောင်မလေးတယောက်တို့ရဲ့ ဇာတ်လမ်းလေးပါ။ တခါတလေမှာ ခင်ဗျားဘဝမှာ မျှော်လင့်သလိုဖြစ်မလာခဲ့ရင် ခင်ဗျားယုံကြည်ထားတဲ့ အရာက ခင်ဗျားထင်ထားတာနဲ့ ပြောင်းပြန်ဇောက်ထိုးဖြစ်နေခဲ့ရင် ခင်ဗျား ဘယ်လိုများ ခံစားရလဲဆိုတာ ခင်ဗျားရင်ဘတ်ထဲမှာရှိနေမယ့် အရာကို ဒီဇာတ်လမ်းလေးက ပြောပြနိုင်မှာ ဖြစ်ပါတယ်။
t.me/cartoonbynikko/2633

ကွန်ဒုံး ရှာပုံတော် (၁၉၉၇)
IMDb - 5.7/10
Genre - Comedy, Romance
အထက်တန်းကျောင်းသားလေး ဘရက်ဒ် အကြောင်းပါ။ ဘရက်ဒ် ဟာ သူ အကြာကြီး လိုက်ခဲ့ရတဲ့ အချစ်ဆုံး ကောင်မလေး ဘရွတ် နဲ့ နောက်ဆုံးတော့ ချိန်းတွေ့ပြီး အတူအိပ်ခွင့် ရပါတော့မယ်။ အားလုံး အဆင်ပြေနေတဲ့ အချိန်မှာပဲ ဘရွတ် က ဘရက်ဒ် ကို သူ့အိမ်ကိုခေါ်ပြီး သူ့ရဲ့ အချစ်ကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘရက်ဒ် ဟာ အပျော်လုံးဆို့သွားပါတယ်။ ဒါပေမဲ့ ပြဿနာက ဘရက်ဒ် မှာ ကွန်ဒုံး တစ်ခုမှ မရှိတာပါပဲ။ အဲဒီအချိန်ကစပြီး ဘရက်ဒ် ဟာ သူ့ရဲ့အိမ်အနီးအနားက ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကွန်ဒုံးရှာဖွေရန် ကြိုးပမ်းလာပါတယ်။ ဒီလို ရှာဖွေရင်းနဲ့ ဘရက်ဒ် ဟာညကြီးမင်းကြီး လမ်းပေါ်မှာ အကြမ်းဖက်သမားတွေ၊ လူရမ်းကားတွေနဲ့ လူထူးဆန်းတွေအပါအဝင် မထင်မှတ်ထားတဲ့ လူတွေနဲ့ ဆုံတွေ့ရပါတယ်။ ဘရက်ဒ် ဟာ အချိန်မှီ လိုအပ်တဲ့ ပစ္စည်းကို ရှာတွေ့ပြီး ကောင်မလေးဆီကို အမှီပြန်သွားနိုင်မလား၊ ဒါမှမဟုတ် အထက်တန်းကျောင်းသားဘဝရဲ့ အရေးအကြီးဆုံးညကို အလွဲလွဲ အချော်ချော် ဖြစ်သွားစေမလား ဆိုတာကို ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသကားလေးပဲ ဖြစ်ပါတယ်။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/693
IMDb - 5.7/10
Genre - Comedy, Romance
အထက်တန်းကျောင်းသားလေး ဘရက်ဒ် အကြောင်းပါ။ ဘရက်ဒ် ဟာ သူ အကြာကြီး လိုက်ခဲ့ရတဲ့ အချစ်ဆုံး ကောင်မလေး ဘရွတ် နဲ့ နောက်ဆုံးတော့ ချိန်းတွေ့ပြီး အတူအိပ်ခွင့် ရပါတော့မယ်။ အားလုံး အဆင်ပြေနေတဲ့ အချိန်မှာပဲ ဘရွတ် က ဘရက်ဒ် ကို သူ့အိမ်ကိုခေါ်ပြီး သူ့ရဲ့ အချစ်ကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘရက်ဒ် ဟာ အပျော်လုံးဆို့သွားပါတယ်။ ဒါပေမဲ့ ပြဿနာက ဘရက်ဒ် မှာ ကွန်ဒုံး တစ်ခုမှ မရှိတာပါပဲ။ အဲဒီအချိန်ကစပြီး ဘရက်ဒ် ဟာ သူ့ရဲ့အိမ်အနီးအနားက ဆေးဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကွန်ဒုံးရှာဖွေရန် ကြိုးပမ်းလာပါတယ်။ ဒီလို ရှာဖွေရင်းနဲ့ ဘရက်ဒ် ဟာညကြီးမင်းကြီး လမ်းပေါ်မှာ အကြမ်းဖက်သမားတွေ၊ လူရမ်းကားတွေနဲ့ လူထူးဆန်းတွေအပါအဝင် မထင်မှတ်ထားတဲ့ လူတွေနဲ့ ဆုံတွေ့ရပါတယ်။ ဘရက်ဒ် ဟာ အချိန်မှီ လိုအပ်တဲ့ ပစ္စည်းကို ရှာတွေ့ပြီး ကောင်မလေးဆီကို အမှီပြန်သွားနိုင်မလား၊ ဒါမှမဟုတ် အထက်တန်းကျောင်းသားဘဝရဲ့ အရေးအကြီးဆုံးညကို အလွဲလွဲ အချော်ချော် ဖြစ်သွားစေမလား ဆိုတာကို ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသကားလေးပဲ ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
Please open Telegram to view this post
VIEW IN TELEGRAM
❤6
ကာတီယာ အဆင်ပြေရဲ့လား (၂၀၂၂)
IMDb - 6.9/10
Genre - Drama
ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့ နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့ သားအမိက စိတ်အခြေအနေ သိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့အတူ နေနေပေမယ့် ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူ နေဖို့ တိုက်ခန်းဖိုးကြေအောင် ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။ သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှု ရရှိဖို့၊ တိုက်ခန်းဖိုး ဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကို သိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင် ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။
t.me/msubmovie0/7060