Hana : The Sweet Orophile
88.3K subscribers
2.29K photos
134 videos
2.32K links
Download Telegram
ဝောာင်ပေါ်မြို့လေးဆီသို့ အလည်တစ်ခေါက် (၁၉၆၃)

IMDB - 7.8/10
Genre - Comedy, Thriller


အားလပ်ရက်မှာ သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံ တောင်ပေါ်မြို့လေးတစ်မြို့ဆီ အလည်အပတ်ထွက်လာတဲ့ ရယ်ဂျီနာ ဟာ ပဲရစ် မြို့ကို ပြန်ရောက်လာချိန်မှာ သူနေခဲ့တဲ့ တိုက်ခန်းနဲ့ပစ္စည်းပစ္စယတွေ အားလုံး ဟောင်းလောင်းဖြစ်နေပြီး သူ့ယောက်ျားလည်း အသတ်ခံရသွားသလို တစ်ဆက်တည်း ပစ္စည်းတွေ၊ တိုက်ခန်းတွေကို လေလံတင်ရောင်းချခဲ့ရာက ရတဲ့ ငွေဒေါ်လာ 250,000 ပါ ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲဒီပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ။ သူ့ယောက်ျားကို ဘယ်သူက သတ်ခဲ့တာလဲ။ ယောက်ျားသေဆုံးမှုနဲ့သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့အပြင် အမေရိကန် စီအိုင်အေ လူစိမ်း သုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။ သေချာတာကတော့ လုံးဝကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။

t.me/cartoonbynikko/2554
မီကာ - တခြားဂြိုလ်က ကောင်မလေး (၂၀၂၂)

ဟမ် ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသော သားလေးပါ။ ဒါပေမယ့် သူ့အမေက ရောဂါကြောင့် စောစောစီးစီးဆုံးသွားပြီး သူနဲ့ သူ့အဖေ နှစ်ယောက်ပဲ ကျန်ခဲ့ရတာပါ။ သူ့အဖေကအင်ဂျင်နီယာဖြစ်ပြီး ကျောင်းပြီးသားပေမယ့် ဥက္ကာခဲအရောင်ဆိုင်လေးဖွင့်ထားပြီးပတ်ဝန်းကျင်က ဖုန်းတွေ၊ ကွန်ပြူတာလေးတွေ ပြင်ပေးနေတဲ့သူဖြစ်သလို စီးပွားရေးတော့ သိပ်အဆင်မပြေလှပါဘူး။ အဲဒါကို သူ့သားလေး ဟမ် သတိရတော့ စိတ်ညစ်နဲ့ ကြယ်ကြွေတဲ့ပွဲကိုလိုက်ပြီး ငါးသွားမျှားမယ်လို့ ကတိပေးခဲ့‌‌လည်းအဲဒီကတိကို မတည်နိုင်ခဲ့ပါဘူး။ ဒါနဲ့ ဟမ် က ခိုးပြီး ကြယ်တွေကို စူးစမ်းကြည့်ပါလေရာ။ သူ့တစ်ဦးတည်းသော သူငယ်ချင်းလေးကလည်း အိမ်ပြောင်းသွားခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗီယမ်နမ်နိုင်ငံရဲ့ အာကာသလွှတ်တင်ရေးစခန်းအတွက် ကုမ္ပဏီကြီးတစ်ခုက သူတို့နေရာကိုယူချင်ပြီး သူတို့တိုက်ပိုင်ရှင်ကို ပိုက်ဆံပေးကာ ပြောင်းခိုင်းနေခြင်းကြောင့်ပါ။ မပြောင်းတဲ့သူတွေအပေါ် အမျိုးမျိုးပြဿနာတွေ ဖန်တီးနေကြပါတယ်။ ကြယ်ကြွေပွဲနေ့မှာ ဟမ် လေးက တောင်ကြားတစ်ခုလုံးလင်းလက်သွားတာကို မြင်ရပြီး နောက်နေ့မှာ သွားစပ်စုရာကနေ ရေနစ်နေချိန်မှာ သူ့အရွယ် ဂြိုလ်သူမလေးက သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဟမ် နဲ့ ဂြိုလ်သူမလေးက သူငယ်ချင်းတွေဖြစ်သွားပြီးကုမ္ပဏီထဲက သူဌေးကလည်း ဂြိုလ်သူမလေးကို သူ့အစီစဉ်အတွက် အရမ်းလိုချင်နေခဲ့ပါတယ်။ ဒီမှာပဲ ဇာတ်လမ်းစတင်ပြီး၊ သူဌေးက ဂြိုလ်သူမလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ မရအောင်လိုက်ဖမ်းမလဲ။ ဘာကြောင့်လိုချင်နေရတာလဲ။ ဟမ် နဲ့ သူ့သူငယ်ချင်းက ဘယ်လိုကူညီမလဲ။ ဂြိုလ်သူမလေးက ကမ္ဘာကြီးဆီမှာ ဘာလုပ်မလဲ၊ သူ့ကိုလိုက်ဖမ်းတဲ့သူတွေကို လွတ်နိုင်မလားဆိုတာကို ကြည်နူးစရာ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကားကောင်းလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါပဲ။

t.me/cartoonbynikko/2556
1
သားကောင်းသားမြတ် (၂၀၀၇)

IMDb - 6.1/10
Genre - Thriller, Crime


ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ အကျင့်စာရိတ္တမကောင်းတဲ့ အယ်လီ ဆိုတဲ့ သိပ္ပံပညာရှင်ကြီးဟာ ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတဲ့အခါ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားပြီး၊ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံသို့ သွားယူဖို့ သူ့မိန်းမနဲ့ သားကို ခေါ်သွားခဲ့ပေမယ့် တစ်ဦးတည်းသော သားတော် ဘာကလေ ဟာ အပြာကဗျာရေးတဲ့ စော်လေးနဲ့ အိပ်နေရပြီး လေယာဥ်မမီဘဲ နောက်ကျသွားခဲ့ပါတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကို အမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲခိုင်းခံခဲ့ရပြီး အနန္တဂိုဏ်းဝင်ဖခင်ကြီး အယ်လီ ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်းကို ဖုန်းဆက်ခြိမ်းခြောက်ခဲ့ပြီး မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာဖို့ အာမခံခဲ့ပါတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားကလည်း ဘာကလေ လက်မကို ဖြတ်ပြီး သူ့မိဘတွေထံ ပို့ရန် ကြံစည်ထားပြီး၊ သား ဘာကလေ ဟာ စိတ်ခြောက်ခြားနေပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုနိုင်ပါပြီ။

t.me/cartoonbynikko/2559
1
ခေတ်ပျက်ကြီးက လူတစ်ယောက် (၂၀၂၅)

IMDb - 6.5/10
Genre - Crime


ဒီကားက 1970 ကာလကို အခြေခံထားပြီး ပြတိုက်ထဲက ပန်းချီကားတွေကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ဒါပေမဲ့ အက်ရှင်ကားမဟုတ်ဘဲ ဇာတ်ကောင်အတွင်းခံ စိတ်အခြေအနေ 1970 ကာလ စစ်အေးကာလ၊ ဗီယက်နမ်စစ်ပွဲတွေ၊ အမေရိကန်တွေရဲ့ တခေတ်ထလာတဲ့ ဟစ်ပီတွေအ‌ကြောင်း နဲ့ ခေတ်ပျက်ကြီးက လူတစ်ယောက်အကြောင်းကို အနုပညာမြောက် စတိုင်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/656
Please open Telegram to view this post
VIEW IN TELEGRAM
2
ဖ တစ်‌ထောင် သား (၂၀၂၅)

IMDb - 7.4/10
Genre - Drama


၂၀၂၅ ခုနှစ်ထွက် ဒီရုပ်ရှင်ဟာ ဘရာဇီးလ်ဒရာမာဇာတ်ကားဖြစ်ပြီး ဘောလ်တာ ဟူဂို မဲ ရဲ့ အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ နက်ဖလစ် ကနေ ကမ္ဘာအနှံ့ ပြသခဲ့ပါတယ်။ ဒါရိုက်တာ ဒန်နီရယ် ရီဇန်ဒီ ရိုက်ကူးပြီး အထီးကျန်ဆန်တဲ့တံငါသည်အဖြစ် ရော့ဒ်ရီဂို ဆန်တိုရို က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို မြင်ကွင်းအလှအပတွေနဲ့ ပြည့်စုံတဲ့မိသားစုကို ဖန်တီးတည်ဆောက်ပုံ၊ အချစ်၊ အထီးကျန်မှုနဲ့ လက်ခံမှုတို့ကိုထည့်သွင်းဖော်ပြထားပါတယ်။

ဇာတ်လမ်းရဲ့ အဓိကအချက်မှာ သားတစ်ဦးကို အသည်းအသန်လိုချင်နေတဲ့ အသက် ၄၀ အရွယ် တံငါသည် Crisóstomo အကြောင်းဖြစ်ပါတယ်။

သူ့ဘ၀ဟာ အသက် ၁၄ နှစ်အရွယ် မိဘမဲ့ကောင်လေး ကာမီလို နဲ့တွေ့ဆုံပြီး တရားဝင်မဟုတ်ဘဲ မွေးစားလိုက်ရင်း ပြောင်းလဲသွားခဲ့တယ်။ မမျှော်လင့်ထားဘဲ အတိတ်ကထွက်ပြေးလာတဲ့ အမျိုးသမီး အစ်စ်အော်ရာ အပါအဝင် တခြားအဖိနှိပ်ခံ တွေနဲ့အတူ ပုံမှန်မဟုတ်တဲ့ မိသားစုတစ်စုကို တည်ထောင်ခဲ့တော့တယ်။ ဇာတ်ကောင် တစ်ဦးချင်းစီရဲ့ ဘ၀ဇာတ်ကြောင်းကို အခန်းအလိုက်ပြသထားပြီး လူ့သဘာဝနဲ့ ချစ်ခြင်း၊ ချစ်ခံရခြင်းကို လိုလားတောင့်တမှုတို့အပေါ် ရိုးရိုးရှင်းရှင်းနဲ့ စိတ်၀င်စားဖွယ် ရိုက်ကူးပြသထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/661
Please open Telegram to view this post
VIEW IN TELEGRAM
1
ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် (၁၉၉၅)

IMDB - 6.8/10
Genre - Comedy, Crime


ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့တဲ့ဇာတ်ကားဖြစ်သလို ဇာတ်ရဲ့ စလယ်ဆုံးကိုဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဆူဇန် မာရက်တို ဆိုသူဟာ ရုပ်မြင်သံကြား တင်ဆက်သူတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူဖြစ်ပြီး ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံကနေ မင်္ဂလာပွဲမှာ သုံးတဲ့ ခြုံလွှာအထိ လိုက်တုပ အသုံးပြုသူပါ။ သူ့ယောက်ျား လယ်ရီ မာရက်တို ဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကြောင့်ပဲ ဆူဇန် ကို ချစ်မြတ်နိုးပြီးလက်ထပ်ပေါင်းသင်းခဲ့သူဖြစ်ပေမယ့် ဆူဇန် ဟာရုပ်မြင်သံကြားအလုပ်အပေါ် အလွန်အကျွံစွဲလမ်းနေတဲ့အတွက် သူတို့မိသားစုပိုင် စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့တိုက်တွန်းခံရတဲ့အခါ လုံးဝမကြိုက်သလို သူလမ်းကြောင်းကို ပိတ်ပင်တားဆီးနေတယ်လို့ပါ မြင်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူ ရိုက်ကူးနေတဲ့ လူငယ်ရေးရာ အစီအစဉ်ထဲကအထက်တန်းကျောင်းသားလေး ဂျိမ်းစ် ကို စည်းရုံးသိမ်းသွင်းပြီး တစ်ဖက်ကတည်း သူ့ခင်ပွန်းသည် လယ်ရီ ကို ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာ ဂျိမ်းစ် က မစိတ်မွှန်ဘဲ လယ်ရီ ကို သတ်ဖြတ်ခဲ့ပြီး ဇာတ်လမ်းက ဒီနောက်ပိုင်းမှာအလှည့်အပြောင်းတွေ အများကြီး ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်ဟာ တချိန်က အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လူတွေရဲ့ စိတ်အခြေအနေတွေနဲ့ မကောင်းတဲ့ ညဉ်တွေကို သိမြင်နိုင်အောင် ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

t.me/cartoonbynikko/2561
3🤔1
မီး၏ အရိပ် (၂၀၂၃)

IMDB - 7/10
Genre - Drama


ဇာတ်လမ်းကတော့ မိသားစုတစ်ခုလုံးမီးလောင်ဗုံးကြဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့အမျိုးသမီးလေးတစ်ယောက်၊ အစားအစာတွေကို လစ်သလို ခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန်စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ခံစားရသလို ပျော်ရွှင်ခဲ့ပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည်ပိုင်ဆိုင်ခွင့်ရဖို့ အရမ်းခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး စစ်ပွဲဆန့်ကျင်ရေး၊ ခံစားမှု အပြည့်နဲ့ ရှုစားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားအဖြစ် သတ်မှတ်နိုင်ပါတယ်။

t.me/cartoonbynikko/2563
2🔥1
ဆေးစွဲနေသော လူငယ်တစ်ဦး (၁၉၉၆)

IMDb - 8.1/10
Genre - Crime, Drama


၁၉၉၆ ခုနှစ်ထွက်ရှိခဲ့ပြီး IMDb rating 8.1 ရရှိထားတဲ့ ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အော်စကာအမည်စာရင်းတစ်ခါဝင်ခဲ့ပြီး အခြားဆု ၂၀ ထပ်မံဆွတ်ခူးခဲ့သလို အောင်မြင်မှုတွေလည်း အများအပြားရရှိထားပါတယ်။ သတိပေးချက်အနေနဲ့ အခုကားထဲမှာ လိင်ဆက်ဆံခန်းတွေ၊ အကြမ်းဖက်သွေးထွက်သံယိုခန်းတွေ ပါဝင်နေကြောင်း ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ်။

Renton ဟာ ဟီရိုအင်းဆွဲနေတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ သူ့ဆေးစွဲမှုကို ဖြတ်တောက်ပြီး သူ့သူငယ်ချင်းတွေရဲ့ လွမ်းမိုးမှုအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားလာပါတယ်။ ဒီကားမှာ ဆေးစွဲနေတဲ့ လူငယ်တစ်ယောက်အကြောင်းနဲ့ ဆေးစွဲမှုကြောင့် မိမိကိုယ်တိုင်သာမက မိသားစုနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတွေကို အပြည့်အဝ ဖော်ပြထားတာပါ။ ဒါကြောင့် ၂ ထွက်မလာခင် အရင်တစ်ကားကို ကြည့်ပြီး အခြေအနေနဲ့ ဇာတ်လမ်းနားလည်ထားရင် ပိုသဘောကျစေမယ်လို့ ဆိုနိုင်ပါတယ်။

t.me/cartoonbynikko/2565
1
စစ်ပွဲ (၂၀၀၇)

IMDb - 6.2/10
Genre - Action, Thriller


ဂျက်လီ ဟာ ကြေးစားလူသတ်သမားရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန် ရဲ့သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွားရာမှ ဂျေဆန်စတန် က လိုက်လံ လက်စားချေတာကို အလန်းစားအသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့်ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ။

t.me/cartoonbynikko/2568
4
မိန်းမအတွက် ကလဲ့စား (၁၉၉၅)

IMDB - 7.1/10
Genre - Action, Western


သူ့မိန်းမကို သတ်ခဲ့တဲ့ လူကို ပြန်လက်စားချေတဲ့ မီရီယာချီ ဟာ မက္ကဆီကန် ဂီတသမားအပေါ် တည်ထားပါတယ်။ သူ့မိန်းမကို သတ်သွားတဲ့မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့ လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လို သတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့တော့ မီရီယာချီ က မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်က ကောင်မလေးနဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကို အသားပေးတဲ့အတွက် ချစ်ခန်း၊ ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေရှိပြီး လက်စားချေဖို့ သူ့ဘဝတစ်ခုလုံးကို ရင်းထားတာ တန်ရဲ့လားဆိုတာကို ထင်ရှားစွာ စူးစမ်းခံစားရမှာပါ။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲဖြစ်ပြီး လှည့်ကွက်လေးက ဇာတ်လမ်းပြီးခါနီးမှ လာပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/663
Please open Telegram to view this post
VIEW IN TELEGRAM
1
တောရွာလေးက ကောင်ကလေး (၂၀၁၉)

IMDB - 7.6/10
Genre - Drama


တစ်ခါတစ်ရံမှာ တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ဆန်းကျယ်တယ်ဆိုတာ တကယ်ပါပဲ။ ထို့အတူပါပဲ။ ဒီဇာတ်လမ်းလေးမှာ တက်မရှိလက်နဲ့လှော်မယ် ဆိုတဲ့ထုံးနှလုံးမူထားတဲ့ ၁၃ နှစ်အရွယ်ကောင်လေး ဝီလီယမ် ကန်ကွမ်ဘာ ဟာ ဝင်မ်ဘီ ဆိုတဲ့ရွာလေးတစ်ရွာမှာနေတဲ့ ကလေးလေးတစ်ယောက်ပါ။ မိဘတွေရဲ့မပြည့်စုံမှုကြောင့် ကျောင်းလခအကျေမပေးသွင်းလို့ကျောင်းတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရပါတယ်။ တစ်နေ့သူတို့ရွာမှာ ရာသီဥတုဖောက်ပြန်ကာ အငတ်ဘေးဆိုက်ကိန်းကြုံပါတော့တယ်။ မဲရရှိရေးသာစိတ်ဝင်စားတဲ့အစိုးရကလဲ မသိချင်ယောင်ဆောင်မျက်နှာလွှဲနေခဲ့ပါတယ်။ ဝီလီယမ် တစ်ယောက်ကတော့ သူ့ဆရာရဲ့စက်ဘီးကမီးသီးခွက်လေးကိုကြည့်ကာ အကြံရသွားပါတော့တယ်။ ရသွားတဲ့အကြံပေါ်မူတည်ရင်း ကျောင်းစာကြည့်တိုက်ထဲကိုခိုးဝင်ကာစာတွေဖတ်ပြီး ရွာလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်က ဘယ်လိုများလုပ်ပေးနိုင်မှာလဲ။ သူဘယ်လိုစွန့်စားကာ ကြိုးစားခဲ့သလဲ။ သူဖြစ်ချင်ခဲ့သလိုတွေရော ဖြစ်လာပါ့မလား စတဲ့မေးခွန်းပေါင်းများစွာကို အာဖရိကရဲ့အလှအပတွေခံစားရင်းစိတ်ဓာတ်ခွန်အားတွေ ရယူကာ ကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/665
Please open Telegram to view this post
VIEW IN TELEGRAM
ပရီတိုးရီးယား မှ လွတ်မြောက်ခြင်း (၂၀၂၀)

IMDb - 6.8/10
Genre - Thriller


တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုတွေကြောင့် တော်လှန်ရေးတွေဖြစ်ပေါ်နေတဲ့အချိန်အခါမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူနှစ်ယောက်ကို ထောင်ဒဏ်အသီးသီးပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ထောင်ထဲရောက်တဲ့အချိန်မှာ နိုင်ငံရေးနဲ့အချုပ်ကျတဲ့လူတွေကိုစည်းရုံးပြီး ထွက်ပြေးဖို့အကြံအစည်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ဘက်စုံထောင့်စုံကစောင့်ကြည့်နေပြီး သံတံခါးအထပ်ထပ်နဲ့ထောင်ကနေ သစ်သားနဲ့သော့တူလုပ်ပြီး ထွက်ပြေးဖို့ ကြိုးစားကြတဲ့ ဒီဇာတ်လမ်းကတော့ စိတ်ကူးယဥ်ဝတ္ထုမျိုးမဟုတ်ဘဲ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာမို့လို့ အားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/667
Please open Telegram to view this post
VIEW IN TELEGRAM
တိဘက်တွင် ၇ နှစ်တာ (၁၉၉၇)

IMDb - 7.1/10
Genre - Adventure, War


အိုစတြီးယား တောင်တက်သမား ဟိန်းရစ်ခ်ျ ရဲ့ ကိုယ့်တွေ့အဖြစ်အပျက်ခရီးသွားမှတ်တမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့ တစ်ခါက စကားလုံးနဲ့ပဲ ခံစားဖူးခဲ့တဲ့ တိဗက်မြေကို ရုပ်သဏ္ဍာန်နဲ့ခံစားတွေ့မြင်ရမှာပါ။ တိဗက်ရဲ့ မိုးကောင်းကင်နဲ့ ထိလုနီးပါးဖြစ်နေတဲ့ တောင်တန်းကြီးတွေ၊ ကျယ်ပြန့်လှတဲ့ လွင်ပြင်ကျယ်ကြီးတွေကို တွေ့မြင်ခံစားရမှာပါ။ တိဗက်လူမျိုးတွေရဲ့ဘာသာတရားအပေါ် ထူးခြားတဲ့ သက်ဝင်ယုံကြည်မှုတွေ၊ အယူဝါဒတွေ၊ ဓလေ့တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်တွေဟာ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ်နဲ့ ၁၉၅၁ ခုနှစ်ကြား တိဗက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး ကွန်မြူနစ်တပ်မတော် မကျူးကျော်မီ ၁၉၅၀ ဝန်းကျင်ကအကြောင်းအရာတွေပါ။ ဟိန်းရစ်ခ်ျ ဟာအခြေအနေတစ်ခုကြောင့် တိဗက်ကို ဖြတ်လာရင်း တိဗက်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ခိုလှုံနေခဲ့ရပါတယ်။ အိမ်ပြန်မလို့လုပ်ခဲ့ပေမဲ့သားဖြစ်သူဆီက အေးစက်တဲ့စကားလုံးတွေနဲ့ စာတစ်စောင်ကြောင့် တိဗက်မှာ နေဖို့ဖန်လာရင်း ၁၄ ယောက်မြောက် ဒလိုင်းလားမားနဲ့ သိခဲ့ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/669
Please open Telegram to view this post
VIEW IN TELEGRAM
1
နဂါးတက်တူးနဲ့ ကောင်မလေး (၂၀၁၁)

IMDb - 7.8/10
Genre - Thriller, Crime


ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့ နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ၊ အုပ်ထိန်းသူမရှိပဲ ဘဝကို ဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီး တစ်ဖက်မှာတော့ သူဟာ ထက်မြက်တဲ့ စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်။ ဂျာနယ်လစ် မီကယ် ဘလွန်းကစ် အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျိမ်းစ်ဘွန်း မင်းသား ဒန်နီယယ် ခရိတ် ကတော့ ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့ အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲ ဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ တရားရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ်။ ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့ အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ် ၄၀ ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့ မိသားစုအတွင်း လူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာ အဖြေသိရဖို့ မီကယ် ဘလွန်းကစ် ကို ငြင်းဆန်လို့မရတဲ့ ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/671
Please open Telegram to view this post
VIEW IN TELEGRAM
2
ငရဲ မြေပုံ (၂၀၁၆)

IMDb - 6.2/10
Genre - Thriller, Mystery


ပါမောက္ခ လန်ဂ်ဒန် ဟာ ဆေးရုံတစ်ခုမှာမှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပြီး လက်ထဲမှာလည်း အစိုးရအဖွဲ့တွေကအသည်းအသန်လိုက်နေတဲ့ ငရဲရဲ့မြေပုံ ပဟေဠိတစ်ခုတွေ့လာတဲ့အခါ မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/673
Please open Telegram to view this post
VIEW IN TELEGRAM
အနီးဆုံးရန်သူ (၂၀၀၈)

IMDB - 7/10
Genre - Romance, Comedy


အလုပ်လက်မဲ့ လက်ပေါက်ကပ်ပြီးတစ်ကိုယ်တည်းသမားဖြစ်နေတဲ့ Hee Su တစ်ယောက် သူ့ရဲ့ ရုပ်ချောပြီး ပျိုတိုင်းကြိုက်တဲ့ အရင်ရည်းစားဟောင်း Cho Byung Woon ဆီကနေ တစ်နှစ်ကြာပြီးနောက်မှတော့ ရုတ်တရက်ကြီး အကြွေးပြန်တောင်းဖို့ ရောက်ချလာပါတယ်။ Byung Woon တစ်ယောက် ဆပ်စရာပိုက်ဆံမရှိတော့ Hee Su ရဲ့ အကြွေးကို ဆပ်ဖို့အတွက် Hee Su နဲ့အတူ သူ့သူငယ်ချင်း အသိတွေဆီကနေ ပိုက်ဆံလိုက်ချေးရပါတော့တယ်။ တစ်နေရာဝင် တစ်နေရာထွက်နဲ့ ချစ်သူဟောင်းနှစ်ယောက် တနေကုန် ကားနဲ့ လျှောက်ပတ်ရင်း ဘာတွေဖြစ်ကြဦးမလဲ။ Hee Su ရဲ့ပိုက်ဆံကို ဘယ်လိုဆပ်မလဲ။ အချိန်အကြာကြီးနေရမှတွေ့ကြတဲ့ ချစ်သူဟောင်းနှစ်ယောက် ဘယ်လိုရင်ဖွင့်ကြမလဲ ဆိုတာကို ဇာတ်အေးအေးလေးနဲ့ စောင့်ကြည့်လိုက်ပါဦး။

t.me/cartoonbynikko/2571
ပွဲကြီးပွဲကောင်း (၁၉၉၆)

IMDB - 7.4/10
Genre - Action, Thriller


တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက် ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ် ဖရန့်ဟမ်းမဲလ်။ ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်။ FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်။ ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်။

ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။ နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/675
Please open Telegram to view this post
VIEW IN TELEGRAM
2
အောက်တိုဘာလ ၈ရက်နေ့ (၂၀၀၉)

IMDb - 6.8/10
Genre - Romance, Drama


တခြားလူတွေကတော့ အချစ်ကိုဘယ်ကနေစတွေ့ကြတာလဲ မသိပေမယ့် စန်ကျန် ဆိုတဲ့ကောင်မလေးရဲ့အချစ်ကတော့ ပင်လယ်ပြင်ကြီးကနေစခဲ့ပါတယ်။ သူမရဲ့အချစ်ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ အကြိုက်ဆုံးသရုပ်ဆောင်မင်းသားဆုံးသွားတဲ့နေ့မှာ မထင်မှတ်ဘဲ ကြင်နာသဘောကောင်းတဲ့ အစ်ကိုကြီး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးအတူသွားရင်း တွေ့ကြတာမို့ သူစိမ်းနှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်ထွန်းဖို့ဆိုတာ တော်တော်လေးခက်လှပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာကြောင့်လို့ပဲ ပြောရမလား၊ ရုတ်တရက် မိုးသည်းလာတာနဲ့ ဘန်ဂလိုတစ်ခုမှာ အတူတည်းခိုဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီညမှာပဲ စန်ကျန် သိသွားခဲ့ရတာက အစ်ကိုကြီး က ရုပ်ရည်ချောမောရုံမက ပညာတတ် လူတန်းစား ဖြစ်နေတာပါပဲ။ ပြီးတော့ သူမ ထပ်သိလိုက်ရတာက အစ်ကိုကြီး က မနက်ဖြန်မနက်ကျရင် နိုင်ငံခြားမှာ ၂ နှစ် ဘွဲ့လွန်တက်ဖို့ ထွက်သွားတော့မှာပါ။ အဲဒါကြောင့် သူတို့နှစ်ယောက်လုံး ၁၉၇၂ ခုနှစ်၊အောက်တိုဘာလ ၈ ရက်နေ့ကျရင် ဒီမှာပြန်ဆုံဖို့အတွက် ကတိပြုလိုက်ကြပါတယ်။

t.me/cartoonbynikko/2573
အမည်မဲ့ စစ်သားများ (၂၀၁၇)

IMDB - 7.7/10
Genre - War, Action, Drama


ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံး မင်းသားဆု၊ တည်းဖြတ်ဆု၊ အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်း ရခဲ့ပြီး အခြားဆု (၆) ဆုလည်း ဆန်ကာတင်စာရင်းထဲ ဝင်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံရဲ့ နာမည်ကြီး အရောင်းရဆုံး ဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ၁၉၄၁ ဇွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရပြီး ဒုတိယကမ္ဘာစစ်အတွင်း ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့ခဲ့ကြရပါတယ်။ ၁၉၃၉ ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ ပြန်လည်သိမ်းပိုက်ဖို့ အားပေးချီတက်ခဲ့ပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကာလအတွင်း ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဒီကားက ပေးချင်တဲ့ Message လေးတွေ အရမ်းကောင်းပြီးဇာတ်ကားက စဆုံးကို တိုက်ပွဲတွေ ပြည့်နှက်လို့နေပါတယ်။ စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ ညွှန်းဆိုနိုင်ပါတယ်။

t.me/cartoonbynikko/2576
4
အချစ်‌ဆိုတာ အရေပြားတစ်ထောက်စာတင်လား (၂၀၀၆)

IMDb - 7/10
Genre - Romance, Thriller


ဆယ်ဟီး ဟာ အရမ်းသဝန်တိုတတ်သူဖြစ်ပြီး သူမနဲ့ ချစ်သူသက်တမ်း ၂ နှစ်ရှိပြီဖြစ်တဲ့ ချစ်သူကောင်လေး ဂျီအူ က သူမရဲ့လက်ရှိမျက်နှာနဲ့ ပုံစံကို ငြီးငွေ့ပြီး ထားသွားခဲ့မှာကို အမြဲစိုးရိမ်ပူပန်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ ချစ်သူကောင်လေးကို ဘာတစ်ခွန်းမှ မပြောဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမရဲ့ မျက်နှာကို ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပါတော့တယ်။ ၆ လအကြာမှာ မျက်နှာအသစ်နဲ့ သူမရဲ့ ကောင်လေးကို ပြန်လည်ချဉ်းကပ်ကာ ချစ်သူတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမျက်နှာအသစ်ကရော သူမကို စိတ်လုံခြုံမှုပေးစွမ်းနိုင်ပါ့မလား။ ဂျီအူ က ဒီဖြစ်ရပ်မှန်ကို သိသွားတဲ့အချိန်မှာရော ဘာဆက်ဖြစ်သွားမလဲဆိုတာတွေကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

t.me/cartoonbynikko/2578
4
မတော်တဆမှုလေးတစ်ခု ပါပဲ (၂၀၂၅)

IMDb - 7.6/10
Genre - Thriller, Crime


ဇာတ်လမ်းကတော့ မပြောတာ ပိုကောင်းမယ်လို့ ထင်တယ်။ ကားနာမည်ကို ကြည့်ရင် ကားတိုက်မှုဖြစ်တဲ့ကားလိုလို၊ ပိုစတာကို ကြည့်ရင် မင်္ဂလာဆောင်သွားရင်း ကားမတော်တဆမှုဖြစ်ပြီး တိုင်ပတ်နေကြသလိုလို ထင်ရတယ်ကိုး။ ဒီတော့ ဒီတိုင်းသာ ကြည့်လိုက်ရင် ပိုအရသာရှိလိမ့်မယ်။ ရယ်ရမလို ငိုမရလို အဖြစ်တွေနဲ့ အဆုံးထိကို ဆွဲခေါ်နိုင်တဲ့ ဇာတ်ပဲဖြစ်ပြီး အရသာပျက်မှာ စိုးလို့ ဇာတ်လမ်းကိုတော့ မပြောတော့ပါဘူး။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/677
Please open Telegram to view this post
VIEW IN TELEGRAM
1