Forwarded from OCTOPUS (ရေဘဝဲ) 🐙
တပ်ပိုင် တီဗီချန်နယ်များအား မကြည့်နဲ့၊ မ Share နဲ့၊ မပြန့်ပွားစေနဲ့
▫️▫️▫️▫️▫️▫️
စစ်တပ်ရဲ့ ဝါဒ ဖြန့် မီဒီယာတွေ ဖြစ်တဲ့ မြဝတီ၊ မြန်မာအသံ ချန်နယ်တို့က ဆိုရှယ်မီဒီယာကို တရားဝင်သုံးပြီး ဝါဒဖြန့်မရတဲ့အခါ ပြည်သူတွေရဲ့ ကိုယ်ပိုင် အကောင့်ကနေ ပြည်သူတွေကိုယ်တိုင်ဝါဒဖြန့်ချိရေးမှာ ပါဝင်အောင် Silly Content တွေနဲ့ လူထုအာရုံကို ဖမ်းစားပါတယ်။
Viewer ဆိုလို့ တပ်ထဲက စားသောက်ရုံမှာ အတင်းအကြပ် ကြည့်ခိုင်းလို့ မြဝတီထိုင်ကြည့်ရတဲ့ တပ်ဘောမ အုပ်စုလောက်ပဲ ရှိတဲ့ ဒီတီဗီချန်နယ်တွေဟာ ဆိုရှယ်မီဒီယာအပေါ် သူတို့ ဝါဒတွေ ရောက်ရှိအောင်၊ viewer များအောင် ၁၀၀ ဖိုး သုံးပုဒ် အောက်တန်းစား Content တွေကို ရွေးပြပါတယ်။
"ငါလဲ အိပ်ချင်ပြီ နင်လဲအိပ်တော့လေ" တို့၊ မညီမညာ ကနေတဲ့ Dancer အုပ်စုတို့၊ သတင်းစာက "လူပီသဖို့ အိမ်ထောင်ပြုစို့" ဆောင်းပါးတို့ ... စတဲ့ အရာတွေဟာ ဖျော်ဖြေရေးအတွက် လူပင်ပန်းခံပြီး ရိုက်ကူးထုတ်လုပ်ထားတဲ့ Content တွေမဟုတ်နေပါဘူး။
ပေါက်ကရလေးဆယ်လုပ်ပြရင် လူထုရဲ့ အာရုံစိုက်မှုကို ဝက်ဝက်ကွဲရနိုင်တာသိတာမို့ ဒီလို တန်ဖိုးမရှိတဲ့ Content တွေနဲ့ အဆဲခံပြီး Viewer များအောင်လုပ်နေတာပါ။ ဒီ Content တွေနဲ့ မြှားခေါ်ပြီး သူတို့ရဲ့ ဝါဒ တွေကို သွတ်သွင်းဖို့ ကြံရွယ်ခြင်းဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဝါဒ (Propaganda) တွေက မိမိကို မသက်ရောက်နိုင်ရင်တောင် တစ်စုံတစ်ဦးကို သက်ရောက်ပြီး ယုံစားသွားနိုင်တာမို့ ဒီလိုမဖြစ်ရအောင် အဆိုပါ TV channel 📺တွေရဲ့ တစ်ရာဖိုးသုံးပုဒ် Content တွေကို မိမိကိုယ်တိုင် 🚫ဖြန့်ဖြူးခြင်း၊ ဆိုရှယ်မီဒီယာအပေါ် 🚫မျှဝေခြင်းများမလုပ်ကြပါနဲ့လို့တိုက်တွန်းပါရစေ။ ဟာသအနေနဲ့တောင် အဖက်လုပ်တင်မနေသင့်ပါဘူး။
◻️◻️◻️◻️
မသုံးနဲ့ Boycott application ကို Google playstore ကနေ Download လုပ်နိုင်ပြီဆိုတာ သိပါသလား?
ဒီ Link ကို နှိပ်ပါ 👉https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#MaThoneNae
#OCTOPUS #ရေဘဝဲ
#Boycott_Military_Businesses

Google Play
Ma Thone Nae - Apps on Google Play
Ma Thone Nae is an application where you can see the military related businesses
Forwarded from OCTOPUS (ရေဘဝဲ) 🐙
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့က တော်လှန်လူငယ်များ၏ စုပေါင်းသပိတ် ကားနဲ့တိုက် ဖြိုခွင်းခံရ 🚨
ဒီနေ့ ညနေ ၄ နာရီမှာ “အဓမ္မဘက်က ယုတ်မာနေပြီ ဓမ္မသားတွေပြတ်သားကြလော့” ကြွေးကြော်သံကို ကိုင်စွဲကာ သပိတ်တိုက်ပွဲဖော်ဆောင်ခဲ့ကြပါတယ်။
သပိတ်စတင်ပြီး မိနစ်ပိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်မှ ကားဖြင့်တိုက်ဖြိုခွင်းရန်ကြိုးစားခဲ့ပြီး သပိတ်တက်ကြွပါ၀င်သူအမျိုးသမီး (၃)ဦး၏ကားကိုတိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။
ဒီနေ့သပိတ်စစ်ကြောင်းကို လူငယ်သမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် လူငယ်တော်လှန်ရေးအင်အားစုများ စုပေါင်းပါဝင်ခဲ့ကြပါတယ်။
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#OCTOPUS #ရေဘဝဲ
ဒီနေ့ ညနေ ၄ နာရီမှာ “အဓမ္မဘက်က ယုတ်မာနေပြီ ဓမ္မသားတွေပြတ်သားကြလော့” ကြွေးကြော်သံကို ကိုင်စွဲကာ သပိတ်တိုက်ပွဲဖော်ဆောင်ခဲ့ကြပါတယ်။
သပိတ်စတင်ပြီး မိနစ်ပိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်မှ ကားဖြင့်တိုက်ဖြိုခွင်းရန်ကြိုးစားခဲ့ပြီး သပိတ်တက်ကြွပါ၀င်သူအမျိုးသမီး (၃)ဦး၏ကားကိုတိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။
ဒီနေ့သပိတ်စစ်ကြောင်းကို လူငယ်သမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် လူငယ်တော်လှန်ရေးအင်အားစုများ စုပေါင်းပါဝင်ခဲ့ကြပါတယ်။
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#OCTOPUS #ရေဘဝဲ
အကြမ်းမဖက် သပိတ်မှောက်လှုပ်ရှားမှုအတွက်
လှိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁၃) နှစ်
အမိန့်ချမှတ်ပြီးနောက် ...
ရေဘဝဲ လူငယ် (၃) ယောက်မှာ သူတို့အချင်းချင်းနားလည်သော အကြည့်များဖြင့်ပြုံး၍ကြည့်လိုက်ကြသည် ။
တစ်ဆက်တည်း (၃) ဉီးသောလူငယ်တို့အနက် Monkey (ခ) မင်းခန့်ကျော်မှ တရားသူကြီး၏ မျက်နှာကိုစေ့စေ့ကြည့်ကာ ရဲရဲတောက်စကားကိုဆိုခဲ့သည်။
"ရေဘဝဲတွေက အသက်ပြင်းတယ် ၊
ငါတို့တော်လှန်စိတ်ကို ဘယ်လိုမှသတ်ရမှာမဟုတ်ဘူး "
Monkey(ခ) မင်းခန့်ကျော်
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
၂၈ ရက်နေ့ မတ်လ ၂၀၂၂ ခုနှစ်

ပေါက်ဖော်ကြီးကို သတိပေးဖို့
Comment တိုက်ပွဲဆင်နွှဲစို့ ✊️
တိုက်ပွဲဝင်နည်း
__________
၁။ ပထမဦးစွာ မန့်ရမည့် သတိပေးစာသားအား Copy ယူပါ
(မန့်ရမည့် သတိပေးစာသား 👇 )
သို့ . . . တရုတ်အစိုးရ 🇨🇳
မြန်မာပြည်သူများဆန္ဒကို အလေးထားပါ။
ဖက်ဆစ်ရာဇဝတ်ကောင်များအားထောက်ခံပံ့ပိုးနေခြင်းကို ရပ်တန်းက ရပ်ပါ။
China: Respect Myanmar People's Voice
Stop Supporting Fascist Criminals
၂။ မန့်ရမည့် Page (၃) ခု၏ အပေါ်ဆုံးမှ Post များအောက်တွင် ကီးဘုတ်ဖိုက်တာများ ကွန်းမန့် တိုက်ပွဲစတင်ဆင်နွှဲနိုင်ပါပြီ
(မန့်ရမည့် Page များ 👇)
https://www.facebook.com/paukphawfriendship/
https://www.facebook.com/ChinaGlobalTVNetwork
https://www.facebook.com/XinhuaMyanmar/
#DigitalStrike #OCTOPUS #ရေဘဝဲ

"တော်လှန်ရေးထဲက တော်လှန်သော အတွေးအခေါ်များ”
ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ် အပိုင်း (၁၇)
တော်လှန်ရေးဆိုတာ အစုအဖွဲ့ တခုနဲ့တခုကြား အားပြိုင်မှုသက်သက် မဟုတ်ပါဘူး။ အနာဂတ်သစ်ကို သွားကြမယ့် ပြည်သူတွေအကြား မတူညီတဲ့နောက်ခံ၊ အယူအဆ၊ ရပ်တည်ချက်တွေ ရှိကြသည့်တိုင် ဘုံရည်မှန်းချက်၊ ဘုံမျှော်လင့်ချက်ပေါ် အခြေခံပြီး တော်လှန်ရေးရေစီးကြောင်းထဲမှာ လာရောက်ပေါင်းဆုံကြတာဖြစ်ပါတယ်။
ဒီလိုပေါင်းဆုံနိုင်ဖို့အတွက် တော်လှန်ရေးသမားတယောက်အနေနှင့် ဖိနှိပ်သူတွေနဲ့ ဖိနှိပ်သောစနစ်ကို ရင်ဆိုင်အန်တုရသလို တချိန်တည်းမှာလည်း မိမိကိုယ်တွင်းမှာရှိတဲ့ အယူအဆ၊ အတွေးအခေါ်တွေကို အမြဲဆင်ခြင်ပြီး တော်လှန်နေရပါတယ်။
ဒါကြောင့် ဒီတပါတ် အတွေးအခေါ်လမ်းအစီအစဉ်မှာ မတူညီတဲ့နောက်ခံနဲ့ ဖြတ်သန်းမှုအမျိုးမျိုးရှိကြတဲ့ တော်လှန်ရေးသမားသုံးဦး၏ တော်လှန်ရေးအတွင်း ဖြတ်သန်းရတဲ့အတွေ့အကြုံနဲ့ တော်လှန်သောအတွေးအခေါ်များ အကြောင်းကို ပြည်သူအများသိရှိရအောင် မျှဝေတင်ဆက်သွားဖို့ ပြင်ဆင်ထားပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်သွားမယ့်သူတွေကတော့
▶️ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
▶️ မနုနုလှိုင် (အမျိုးသမီးရေး လှုပ်ရှားသူတစ်ဦး)
▶️ CDM ဗိုလ်ကြီး နေမျိုးသက် တို့ဖြစ်ပါတယ်။
Moderator အဖြစ် Freedom Fighter မှ သင်တန်းကြီးကြပ်ရေးမှူး ကိုရဲထက် က ဆောင်ရွက်သွားမှာပါ။
zoom link ဖွင့်ပေးသွားဖြစ်လို့ မိဘပြည်သူများနှင့် တပ်တွင်းစစ်သည်များ၊ စစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများလည်း ၀င်ရောက်ဆွေးနွေးဖလှယ်ပေးကြဖို့ တပါတည်း ဖိတ်ခေါ်ပါရစေ။
အင်္ဂလိပ်ဘာသာသို့ပါ တိုက်ရိုက်ပြန်ဆိုပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားသား သံရုံးဝန်ထမ်းများ၊ သတင်းထောက်များနှင့် အခြားစိတ်ပါဝင်စားသူများ အားလုံးကို ဖိတ်ခေါ်ပါတယ်။
webinar:
https://zoom.us/j/95282875178?pwd=bGpLRGVVSHNTdzhYeUdrQWJDYVdmUT09
Webinar ID: 952 8287 5178
Passcode: 658508
May 1, 2022 10:00 AM Yangon
#ပြည်သူ့ပန်းတိုင် #OCTOPUS #ရေဘဝဲ

Zoom Video
Join our Cloud HD Video Meeting
Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution…
Forwarded from OCTOPUS (ရေဘဝဲ) 🐙
FOODPANDA သပိတ်မှာပူးပေါင်းပါဝင်ကြ 🚫
(Bad Review ရေးမယ် / Uninstall လုပ်မယ်)
နွေဦးတော်လှန်ရေးကာလတစ်လျှောက် ပြည်သူလူထုနဲ့အတူရပ်တည်ခဲ့တဲ့ Foodpanda ပို့ဆောင်သူRider တွေဘက်နေ ညီမတို့အားလုံး ပြန်လည်ရပ်တည်ရမယ့်အချိန်ရောက်လာပါပြီရှင်။
ဖက်ဆစ်အာဏာသိမ်းမှုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ လူမျိုးစုပေါင်းစုံ၊ဘာသာပေါင်းစုံ၊အသက်အရွယ်ပေါင်းစုံပါဝင်နေတဲ့ ပို့ဆောင်သူRider တွေရဲ့ဂုတ်သွေးစုပ်ဖိနှိပ်ခံရမှုဖြစ်စဉ်တွေဟာလည်း အပါအဝင်ဖြစ်ပါတယ်။
တောင်းဆိုချက် (၇) ချက်အရင်းခံပြီး ၁၆.၃.၂၀၂၂ နေ့မှာစတင်ခဲ့တဲ့ ပို့ဆောင်သူRiderတွေရဲ့သပိတ်မှောက်မှုဟာ အခုချိန်ထိသပိတ်လှန်အောင်မြင်မှုမရရှိသေးပါဘူး။
ပြည်သူလူထုအနေနဲ့အားတက်သရော ပါဝင်ခဲ့တဲ့အတွက် Foodpanda ကတာဝန်ရှိသူတွေဟာ
ဗျူဟာဟောင်းတစ်ခုကိုအသုံးပြုခဲ့ပါတယ်။ပြည်သူလူထုအားလုံးသိရှိပြီးသားဖြစ်မှာပါ။ဟုတ်ပါတယ်ရှင်၊ ညှိနှိုင်းပေးမယ်ဆိုပြီး သပိတ်မှောက်မှုကိုအချိန်ဆွဲဝေဝါးပစ်လိုက်တာပါပဲ။
အချိန်ကြာမြင့်လာတာနဲ့အမျှ ပို့ဆောင်သူRiderတွေရဲ့ မိသားစုစားဝတ်နေရေး၊အိမ်ငှားခ စတာတွေဆက်ပြီးထိခိုက်လာမှာဖြစ်တဲ့အတွက် ... 🐼
ဈေးဘယ်လောက်ချချ၊ ဘာပရိုမိုးရှင်းလာလာ Foodpanda app ကို Bad Review ရေးပြီး Uninstall လုပ်ကြမယ်ပြီးတဲ့အခါ
ဝယ်ချင်စားချင်တာတွေကို အပြင်အော်ဒါကနေ ပို့ဆောင်သူRiderတွေဆီ ဖုန်းဆက်မှာစားကြရင်း
ကိုင်းကျွန်းမီ၊ကျွန်းကိုင်းမီ အခက်အခဲရှိသူတွေအချင်းချင်း ပေါင်းစည်းရပ်တည် သပိတ်မှောက်ကြပါစို့။
" အလုပ်သမားထု၏သပိတ်သည် ပြည်သူလူထု၏သပိတ်ဖြစ်သည် "
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
#foodpandariders #Boycott

' ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ် ' ပြန်လာပြီ 🚩
လွန်ခဲ့တဲ့တစ်နှစ်ကျော် မေလ ၂ ရက်နေ့ (နွေဦးမေတူး) မှစတင်ခဲ့သည့် ' ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ် ' သပိတ်စစ်ကြောင်းကို ပြည်သူလူထု၏အားတက်သရောပါဝင်မှု၊ မြေပြင်သပိတ်အဖွဲ့အစည်းများ၏ အားဖြည့်ဝန်းရံမှုတို့ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။
ရေဘဝဲတံဆိပ်ပါ တီရှပ်ဝတ်မိန်းကလေးတစ်ဦးရှေ့ဆုံးမှပါဝင်နေပြီး ပုဆိုးဝတ်အမျိုးသား နှင့် ဟန်းစပီကာကိုင်ထားသော လူငယ်တစ်ဦးမှ -
လူထုသပိတ်တိုက်ပွဲဝင်သပိတ်ရဲဘော်များ၊CDM သူရဲကောင်းများ၊တောတောင်ထဲကPDFသူရဲကောင်းများ၊ထောင်တွင်းကကျောင်းသားပြည်သူများ၊အနီများ၊အစိမ်းများအားလုံးသည် မည်သည့်အရောင်ကာလာကွဲပြားပါစေ ပြည်သူလူထုသာဖြစ်ကြောင်း နင့် ပြည်သူလူထု၏ အစိုးရသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊တော်လှန်ရေးအစိုးရ NUG ဖြစ်ကြောင်း ' Accept NUG , Reject military ' စာသားများကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ
- စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)
- အလုံလူငယ်တပ်ဦး (AYF)
- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)
- စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
(AJAY) တို့မှအားဖြည့်ဝန်းရံခဲ့ကြပြီး အကြမ်းဖက်
ဖက်ဆစ်သူပုန်တပ်များ၏ စစ်ဆေးမှုအဖမ်းအဆီးအကျပ်အတည်းများကြားမှ အောင်မြင်စွာ ဖောက်ထွက်ကာလူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။
မေလ ၁၈ရက်၊ ၂၀၂၂ ခုနှစ်
VIDEO-Credit
#BESYA
#octopus
#သတင်းနှင့်ပြန်ကြားရေး

ဉာဏ်ချင်းယှဉ်၍ သပိတ်ထွက်ခဲ့ပါတယ် 🚩
လှိုင်မြို့နယ်ကို ငရဲခွေးတို့ပိုင်ဖို့မလွယ်ခဲ့ပါကွယ်
အချိန်ကား နေ့လည် (၂:၀၀)နာရီ ပါရမီစိန်ဂေဟာနဲ့ ခပ်လှမ်းလှမ်းနေရာတွင် ကျွန်မနှင့်ရဲဘော်အချို့လူစုခွဲကာအချက်ပြမှုတစ်ခုကိုစောင့်ဆိုင်းနေကြသည်။ ကျွန်မတို့ရပ်နေသောနေရာသည် နွေဦးတော်လှန်ရေးအစဦးညပိုင်း ပြည်သူ့ပိုင်နေရာများသို့ စစ်ခွေးများကျူးကျော်နေချိန် လှိုင်မြို့နယ် (၁၃) ရပ်ကွက်ရှိလူငယ်တစ်ဦး ဦးခေါင်းထိမှန်ကာ ကျဆုံးခဲ့သောနေရာဖြစ်သည်။အာရုံထဲတွင် လှိုင်ပါရမီလမ်းမသည် သွေးချင်းနီနေသယောင်ယောင်။
လမ်းမထက်သို့ငေးနေစဉ် စစ်ခွေး Double Cap တစ်စီး ရှေ့မြှဖတ်မောင်းသွားသည်။ခဏအကြာ နောက်ထပ်တစ်စီး ဒီတစ်ခါဆေးရုံကားပါပါသည်။စိတ်ထဲတမျိုးဖြစ်သွားသည်။ထိုလမ်းသည်ပုံမှန် ပတ်ကင်း၊ပတ်ကားမရှိသောနေရာဖြစ်သည်ဟု သပိတ်ဦးဆောင်သူအဖွဲ့အစည်းမှပြောကြားခဲ့သောစကားကိုနားထဲကြားယောင်လာသည်။
ဗဟိုလမ်းဘက်မှ လူငယ်တစ်ဦးခပ်သွက်သွက်လျှောက်လာသည်။ဖုန်းဆက်နေသောထိုသူ၏ အင်္ကျီရင်ဘတ်တွင် ရေဘဝဲ အမှတ်တံဆိပ်ကိုအထင်သားတွေ့မြင်ရသောအခါ သူနဲ့အပြိုင်ဖုန်းကိုင်လိုက်သည်။တဖက်မှ " အားလုံးပဲမစိုးရိမ်ကြပါနဲ့၊သပိတ်နေရာပေါက်ထားတယ်လို့အခုပဲသတင်းရပါတယ်။ဗဟိုလမ်းဘက်မှာ စစ်ခွေးရဲခွေးအင်အား (၃၀) ကျော်နဲ့စောင့်နေပါတယ်၊အားလုံးလူစုမြန်မြန်ခွဲပေးကြပါ။ဒါပေမဲ့မရရအောင် သပိတ်ထွက်ပါမယ်။နေရာပြန်ပြောပါမယ် " တဲ့။ဖုန်းသံဆုံးသွားတော့ တော်သေးတာပေါ့ ငါတို့လက်ဦးမှုရလို့ဆိုပြီး ရဲဘော်တွေကိုပြောရင်း အဖွဲ့အစည်းတွေအသီးအသီးအေးဆေးတည်ငြိမ်စွာ လူစုခွဲလိုက်ကြသည်။
နောက်ထပ် ၁၅ မိနစ်အကြာ ဖုန်းတစ်ကောထပ်ဝင်လာသည်။နံဘေးကရဲဘော်မှ "ဟဲ့ ဘယ်နေရာကိုရွှေ့လိုက်တယ်တဲ့လဲ "။ကျွန်မပြုံးလိုက်ပြီး " ငါတို့အတူတူ ရန်ကုန်-အင်းစိန်လမ်းမကြီးထိတက်ပြီး ဒီကောင်တွေနားရွက်တံထွေးစွတ်ရတော့မယ်ဟေ့"
ခဏအကြာ ရန်ကုန်-အင်းစိန်လမ်းမထက်တွင် " ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်" အနီရောင်ပိတ်စမှာထင်းလျက်။ပိတ်စ၏အနောက် ရောင်စုံအငွေ့များကြား သပိတ်အဖွဲ့အစည်းတစ်ချို့မှ ခေါင်းဆောင်လူငယ်များ၊ကျောင်းသား၊ပြည်သူများ၊သပိတ်ထိပ်ဦးမှ "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဆိုတဲ့ကြွေးကြော်သံဟာ ကျွန်မ၏နားထဲ ကြိမ်ဖန်များစွာရွတ်ဆိုမိနေတဲ့ ဂါထာတစ်ပုဒ်ကဲ့သို့ကြားယောင်မိနေပါသည်။
" အနီဖြစ်စေ၊အစိမ်းဖြစ်စေ ကျွန်တော်တို့အားလုံးဟာ ပြည်သူလူထုဖြစ်ပါတယ် ... " တိုက်တွန်းနှိုးဆော်သံအဆုံး အရေးတော်ပုံအောင်ရမည် လို့ ကြွေးကြော်တဲ့အသံဟာ နံဘေးကဝိုင်းဝန်းကြည့်ရှုနေကြတဲ့ ပြည်သူလူထုဆီကလာတဲ့အသံဖြစ်ပါသည်။
အိမ်အပြန်ကားပေါ်တက်လိုက်တော့ ဘေးထိုင်ခုံမှာခုနကသပိတ်ထဲက ကောင်မလေးနားကြပ်လေးနဲ့ ကျွန်မကိုတွေ့တော့ခေါင်းလေးညိတ်ပြီးပြုံးပြသည်။သူ့ရဲ့အပြုံးဟာ အန္တရယ်ကြားထဲကအောင်အောင်မြင်မြင်လွတ်လာတဲ့အပြုံးမျိုး။ဖုန်းမျက်နှာပြင်မှာသူမနားထောင်နေတဲ့သီချင်းကိုကျွန်မလှမ်းမြင်ပြီးကျေနပ်စွာပြုံးလိုက်မိသည်။ထိုသီချင်းနာမည်က " ရေဘဝဲအောင်သံ " တဲ့လေ။
ရေဘဝဲအောင်သံ တော်လှန်ရေးတေးသံ
(( https://fb.watch/dbjZUfVtKT/ ))

မိဘပြည်သူများသို့ အသိပေးဖိတ်ကြားခြင်း 💌
အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞
(နောက်ဆုံးပွဲစဉ်) အားအောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် တက်ရောက်ပေးကြပါရန် ချစ်ခင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ - ၈.၆.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်အချိန် - မြန်မာစံတော်ချိန် ည (၇:၀၀)နာရီ
Zoom Meeting ID - 856 2237 9465
Passcode - 537726
❎ မိဘပြည်သူများ၏ လုံခြုံရေးအရ
Video / Mic ဖွင့်ရန်မလိုအပ်ပါ
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#OCTOPUS #ရေဘဝဲ
အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞
(နောက်ဆုံးပွဲစဉ်) အားအောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် တက်ရောက်ပေးကြပါရန် ချစ်ခင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ - ၈.၆.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်အချိန် - မြန်မာစံတော်ချိန် ည (၇:၀၀)နာရီ
Zoom Meeting ID - 856 2237 9465
Passcode - 537726
❎ မိဘပြည်သူများ၏ လုံခြုံရေးအရ
Video / Mic ဖွင့်ရန်မလိုအပ်ပါ
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#OCTOPUS #ရေဘဝဲ
Forwarded from OCTOPUS (ရေဘဝဲ) 🐙
Media is too big
VIEW IN TELEGRAM
Forwarded from OCTOPUS (ရေဘဝဲ) 🐙
0%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8-108324558564073/
Freedom Myanmar Education - https://www.facebook.com/FME-School-of-Basic-Education-103429615714964/
Kyaukpadaung Federal School - https://www.facebook.com/101654222102507/posts/342792571322003/
True Sunshine for future Dawei School - https://www.facebook.com/True-Sunshine-for-Future-Dawei-School-102796885793080/
Myeik - https://www.facebook.com/107342928453585/posts/158079866713224/
Myeik - https://www.facebook.com/Myeik-Education-Free-Online-School-MEFOS-107342928453585/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
Forwarded from OCTOPUS (ရေဘဝဲ) 🐙
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း 📜
အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞ တွင် ဆုရရှိခဲ့သော Team 595 နှင့် T 360အား ဤမှတ်တမ်းတင်လွှာများဖြင့် ဂုဏ်ပြုအပ်ပါသည်။
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#MOWYCA #OCTOPUS #ရေဘဝဲ

တတ်နိုင်သမျှ ကူကြ ပူကြ ပါမှ အဆင်ပြေမှာ။ ကိုယ့်မိသားစုတစ်ခုတည်းကွက်အေးနေတာနဲ့ ဒီနွေက မပူပါဘူး မလုပ်စေချင်ဘူး။ တခါတည်းပြောလိုက်ဦးမယ်။ ဒလန်ဆိုတာ သေချာလို့၊သူတို့လုပ်ရပ်ကြောင့် ထိခိုက်သွားတာသေချာလို့ သူတို့တရားသူတို့စီရင်တဲ့အခါကျရင် ပြည်သူကို ထိခိုက်ပါတယ်လို့အော်မယ်ကြံထားသူတွေ ခုဖြစ်ရပ်ကို သတိရကြ။
မူရင်းတင်သူထံမှတဆင့် ကူးယူဖော်ပြပါသည်။
#OCTOPUS #ရေဘဝဲ
မူရင်းတင်သူထံမှတဆင့် ကူးယူဖော်ပြပါသည်။
#OCTOPUS #ရေဘဝဲ
Forwarded from OCTOPUS (ရေဘဝဲ) 🐙
" အကုန်မီးရှို့ကွာ ... ငါ -ိုးမဈေးသည်တွေ -ီးပဲ "
ည (၈) နာရီ၊လှည်းတန်း ပေ (၅၀)လမ်း
အကြမ်းဖက်စစ်ကားကြီးတစ်ကားပြီးတစ်ကား ထိုးဆိုက်လာပြီး စစ်ခွေးများအော်ဟစ်ဆဲဆိုကာ ဆင်းလာကြသည်။
ထိုသို့မဖြစ်မီနာရီပိုင်းအကြာ ...
မနက်အမှီရုံးဝန်ထမ်းခင်ပွန်းများအတွက် ချက်ပြုတ်ကြော်လှော်ပေးမည့် ဇနီးသည်များ၊သင်တန်းအပြီး အဆောင်မှာပြန်အနားယူမည့် အနယ်နယ်အရပ်ရပ်မှအဆောင်နေလူငယ်များ၊အချိန်မလင့်ခင် အလွမ်းသယ်နေကြဦးမည့် ချစ်သူစုံတွဲများ၊အသီးအရွက်တစ်ဗန်းကုန်လျှင် အောင်နိုင်သူအပြုံးဖြင့် မိသားစုဆီပြန်မည့်ဈေးသည်များနှင့် လှည်းတန်းဈေးသည် စည်းကားလျက်

အကြမ်းဖက်စစ်ကားကြီးတစ်ကားပြီးတစ်ကား ထိုးဆိုက်လာပြီးစစ်ခွေးများအော်ဟစ်ဆဲဆိုကာ ဆင်းလာကြသည်။ဦးထွန်းလင်းခြံလမ်းဘက်မှ စစ်ခွေးများလမ်းလျှောက်ဝင်လာသည်။ထို့နောက်စိန်ဂေဟာဘက်သို့သွားသည့်လမ်းကြားလေးမှလည်းကောင်း၊လက်ဖက်ရည်ဆိုင်ဘေးလမ်းကြားမှလည်းကောင်း၊အင်အားအလုံးအရင်းဖြင့် လှည်းတန်းဈေးလူထုကိုဝိုင်းထားလိုက်ကြသည်။ခုနကပျော်ရွှင်ရယ်မောနေကြသော ပေ (၅၀) လမ်းသည် အော်ဟစ်ပြေးလွှားအကူအညီတောင်းသံများ၊ဆဲဆိုခြိမ်းခြောက်သံများဖြင့် ကမ္ဘာပျက်သည့်အလား။
ဈေးဗန်းများထားခဲ့ပြီး အသက်လုပြေးနေသည့်ဈေးသည်များအကြား ငပိရည်ကျိုဗန်းကိုမနိုင်တနိုင်သယ်ပြေးနေသည့် အဘွားအိုတစ်ဦး
" ဟာ ငါ-ိုးမအဘွားကြီး ရိက္ခာယူနေသေးတယ်ဟုတ်လား "
" ဗုန်း "
အရှိန်ဖြင့်ပြေးကန်လိုက်သည့် စစ်ဖိနပ်ဒဏ်ကြောင့် အဘွားအိုသည်မှောက်လျက်အနေအထားဖြင့် လမ်းပေါ်လှဲကျသွားသည်။
ကန်လိုက်သောစစ်ခွေးမှာ ပြန်ကျဲ့နေသော တို့စရာ အသီးအရွက်များကို ဆာလာအိတ်တစ်ခုထဲထည့်လျက် ကားပေါ်သို့တင်လိုက်သည်။စစ်ကားပေါ်တွင်ကား အာလူး၊ငရုပ်ပွ၊အသားငါးဗန်းများဖြင့်ပြည့်ကျပ်နေသည်။
" ဆရာ၊ကျွန်တော့်ကိုတော့ချမ်းသာပေးပါဆရာ၊ကျွန်တော်ကပြည်ခိုင်ဖြိုးအဖွဲ့ဝင်တစ်ယောက်ပါဆရာ၊ဟိုနေ့ကဒီဈေးမှာ လှုပ်ရှားမှုလုပ်သွားတုန်းက ဆရာတို့ကိုအရင်သတင်းပေးတာကျွန်တော်ပါဆရာ ဟီး"
ထိုသူ၏အပြောများသည် အရက်နံ့ထောင်းထောင်းထနေသော စစ်ခွေးနားထဲသို့မဝင်
" -ီးလိုလို မှိုလိုလိုေ-ာက်ခွက်နဲ့ ဒီမိချောင်းသားလျှာရှည်လှချည်လား " ဟုပြောဆိုကာကိုင်ထားသောသေနတ်ဒင်ဖြင့် အားကုန်လွှဲရိုက်လိုက်သည်။
ခုနကပြောဆိုသူပါးစပ်မှ သွေးများဖြာထွက်လျက်
"အကုန် ဒူးထောက်၊လက်ကိုခေါင်းပေါ်တင်ထား၊
တစ်ယောက်မှ မော်မကြည့်နဲ့၊ေ-ာက်ခွက်တွေကို တည်ပစ်လိုက်မယ် "
" လိုက်ဖမ်းစမ်း၊ဟို -ာသယ်မတွေကို "
" ရှို့ကြစမ်း မင်းတို့စိတ်ကြိုက် ရှို့ကြ၊တစ်ဆိုင်မှမကျန်စေနဲ့ "
လှည်းတန်း ပေ (၅၀) လမ်းဈေးကို အကြမ်းဖက်ဖက်ဆစ် မီးတောက်မီးလျှံများကဝါးမြိုနေသည်။
ဈေးသည်များ၏ မျက်ဝန်းများသည် ငိုစရာမျက်ရည်မထွက်တော့နှယ် ဖျော့တော့နေသည့်ဟန်။
တိုက်ပေါ်နေ ပြည်သူလူထုမှာ အံတကျိတ်ကျိတ်၊တောက်တခေါက်ခေါက်ဖြင့် ထိုမြင်ကွင်းကိုမျက်နှာလွဲထားကြသည်။
ရေဒီယိုမှ စစ်ကိုင်း၊မုံရွာနဲ့တခြားဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ မီးရှို့၍ ရွာလုံးကျွတ်ထွက်ပြေးနေရသည့်သတင်းကို ကြေညာနေသည်။
#Hledan

Basic Education Students & Youths Association - BESYA Central
Photo
ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ
CCTV လုံခြုံရေးကင်မရာများနှင့်စပ်လျဥ်း၍
ပြည်သူလူထုထံသို့ မေတ္တာရပ်ခံပန်ကြားခြင်း
သို့
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ
၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီ (၁) ရက်နေ့ အကြမ်းဖက်သူပုန်စစ်တပ် မတရားအာဏာသိမ်းပြီးသည့်အချိန်မှစ၍ ယခုနွေဦးတော်လှန်ရေးအချိန်ကာလ (၁) နှစ်ကျော်သည်အထိ အမှန်တရားဘက်မှာ ရပ်တည်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းအမျိုးမျိုးဖြင့်ဖြစ်စေ တော်လှန်ရေးတွင်ပါဝင်နေကြသောပြည်သူလူထုတစ်ရပ်လုံးကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်းဦးစွာပြောကြားလိုပါသည်။
အကြမ်းဖက်သူပုန်စစ်တပ်၏အာဏာသိမ်းမှုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များထဲတွင် အကြမ်းဖက်ခိုးဆိုးလုယက်၊ဓားပြမှုများစွာပေါ်ပေါက်လာသည်ကိုလည်းပြည်သူလူထုတစ်ရပ်လုံးသိရှိပြီးဖြစ်မည်ဟုယုံကြည်ပါတယ်။ထိုအမှုအခင်းများကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် မိမိတို့၏ စျေးဆိုင်၊အိုးအိမ်များတွင် CCTV လုံခြုံရေးကင်မရာများတပ်ဆင်ထားသည်ကိုတွေ့ရှိရပါသည်။
ထိုသို့တပ်ဆင်ရာတွင်
(၁) CCTV လုံခြုံရေးကင်မရာများ၏ ရိုက်ကူးမှု ဦးတည်ရာလမ်းကြောင်းကို လမ်းအလယ်၊လမ်းခွဆုံ နှင့် ပလက်ဖောင်းထက်သို့ ဦးတည်ထားခြင်းမှ ရှောင်ရှားခြင်း၊
(၂) မိမိပတ်ဝန်းကျင်အနီးတဝိုက်အတွင်း လူထုပြောက်ကျားသပိတ်တိုက်ပွဲ (သို့) မြို့ပြပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းကြားလျှင်ကြားခြင်း မိမိတို့၏ CCTV လုံခြုံရေးကင်မရာများ၏ ရိုက်ကူးမှုမှတ်တမ်းများကို ကြိုတင်ရှင်းလင်းဖျက်ဆီးထားခြင်းများ
အထက်ဖော်ပြပါ (၂) ချက်လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးတွင် တတ်နိုင်သည့်ဘက်မှဖြတ်ထိုးဉာဏ်ဖြင့်ပါဝင်နိုင်သည်သာမက ပြည်သူလူထု၏အားဖြင့် တော်လှန်ရေးရဲဘော်များ မတရားဖမ်းဆီး၊သတ်ဖြတ်ခံရခြင်းတို့မှကာကွယ်ပြီးသားဖြစ်မည်ဟု အပြည့်အဝယုံကြည်သောကြောင့် CCTV လုံခြုံရေးကင်မရာများနှင့်
စပ်လျဥ်း၍ အထက်ဖော်ပြပါ အချက် (၂)ချက် ဖြင့်ပါဝင်ပံ့ပိုးပေးကြပါရန် ရန်ကုန်သပိတ်အဖွဲ့အစည်းများ နှင့် မြေပြင်ကင်းထောက်အဖွဲ့အစည်းများမှ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
#OCTOPUS #ရေဘဝဲ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို )

ရန်ကုန်မြို့ရဲ့" ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် " (ရုပ်၊သံ)
အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည့် ရန်ကုန်မြို့တနေရာတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" စာသားပါတပ်ဦးအလံကိုကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
အဆိုပါသပိတ်ကို
- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ
- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်)
- Labour Alliance အဖွဲ့ဝင် (CTUM)
- စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။
ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်
#ပြန်ဆုံနိမိတ်နဲ့ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

ရန်ကုန်မြို့လယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ ညသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၈ ရက်
ရန်ကုန်မြို့လယ် တရုတ်တန်းတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ ❝ လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ(၉)ဦးမက ❞ စာသားပါတပ်ဦးအလံတော်ကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒတိုက်ဖျက်ရေး ပြောက်ကျား ညသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
အဆိုပါသပိတ်ကို
- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ
- Youth Association Of Thingangyun (YAT)
- အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး(အကလ-မြေပြင်)
- Labour Alliance အဖွဲ့ဝင် (CTUM)
- စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Revolution Force (RF) ၏မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။
#July19 #အာဇာနည်နေ့
#OCTOPUS #ရေဘဝဲ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Video
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊ အကလ(မြေပြင်)
ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။
ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။
#အာဏာရှင်အလိုကျ_ကြိုးဆွဲရာက_မင်းတို့ဘဝ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #OCTOPUS #ရေဘဝဲ #OwlCommunity