Basic Education Students & Youths Association - BESYA Central
1.85K subscribers
506 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
မေဒေး(World Labor day) လို့ခေါ်တဲ့ အလုပ်သမားနေ့ဟာ ကျွန်တော်တို့အနေနဲ့ ကျောင်းပိတ်ရက်အနေနဲ့ပဲ သိခဲ့ကျပေမဲ့ တကယ်ဖြစ်ပေါ်လာပုံတွေ ပေးဆပ်ခဲ့ရပုံတွေကိုတော့ လူကြီးတွေကိုမေးကြည့်ရင် အများစုက မသိဘူးလာမမေးနဲ့လို့ ပြောခံခဲ့ရမယ်ဆိုမလွှဲအသေအချာပါပဲ။
မေဒေး(World Labor day) လို့ခေါ်တဲ့ အလုပ်သမားနေ့က ၁၉ရာစုမှာ အမေရိကန်ကအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပြီး နေ့စဉ်နာရီပေါင်းများစွာ လုပ်ကိုင်ခဲ့ရပါတယ်။ဒီချိုးဖောက်မှုတွေကို ဆန္ဒပြတောင်းဆိုမှုတွေကို ဖမ်းဆီးထောင်ချပြီး ဖိနှိပ်ချုပ်ချယ်မှုတွေပြုလုပ်ခဲ့တဲ့အပေါ် အလျှောမပေးပဲဆက်လက်လုပ်ဆောင်မှုကြောင့် ဥရောပတိုက်အထိပြန့်နှံ့လာခဲ့ရပါတယ်။၁၈၈၄ခုနှစ် မှာ အမေရိကန်အလုပ်သမားအဖွဲ့ချုပ်ညီလာခံကို ကျင်းပပြီး ၁၈၈၆ မေလ ၁ရက်နေ့ကစပြီး တစ်ရက်ကို ၈ နာရီပဲလုပ်ပြီးတော်လှန်ဖို့ဆုံးဖြတ်ခဲ့ကျပါတယ်။အဲ့အပေါ်ကိုဖိနှိပ်မှုတွေကြောင့်သေကြေပျက်စီးမှုတွေ အလုပ်ထုတ်တာတွေကိုပြုလုပ်ခဲ့ပြီးတော့ နောက်ဆုံးမှာအလုပ်သမားတွေအနေနဲ့ တော်လှန်မှုအောင်မြင်ခဲ့ပါတယ်။စတင်တော်လှန်ခဲ့တဲ့ မေလ ၁ ရက်နေ့ကို ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ညီလာခံမှာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆိုရှယ်လစ်ခေတ်အတွင်းမှာအလုပ်သမားနေ့အနေနဲ့ စီတန်းသရုပ်ဖော်မှုတွေကို ဟန်ပြလုပ်ဆောင်ခဲ့ပြီး အလုပ်သမားအခွင့်အရေးအနေနဲ့ မရရှိခဲ့ပါဘူး။ယနေ့ခေတ်အာဏာသိမ်းကာလအတွင်းမှာဆို အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့လခကိုလျှော့ချတာ အချိန်ပိုကြေးမပေးပဲအတင်းအကြပ် အချိန်ပိုဆင်းခိုင်းတာတွေ အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်ခံရတာတွေ အခုထိရှိနေဆဲပါပဲ။ဒါ့အပြင် အကြမ်းဖက်စစ်တပ်အနေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေကိုပါ လုပ်ဆောင်ခဲ့တဲ့အပြင် စစ်မှုထမ်းဥပဒေထုတ်ပြန်မှုကြောင့် အလုပ်သမားများသာမက ပြည်သူများကိုပါ အကြမ်းဖက်၍ ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ခေတ်အဆက်ဆက်တိုက်ယူရရှိခဲ့တဲ့ အခွင့်အရေးတွေကို ထပ်မံချိုးဖောက်ခံရတဲ့အတွက် အတူတကွလက်တွဲပြီး ထပ်မံတော်လှန်တိုက်ယူရ‌မှာဖြစ်ပါတယ်။

" ဖိနှိပ်ခံလူတန်းစားတို့ညီညွတ်ကြလော့ "

#မေဒေး #အလုပ်သမားနေ့ #WorldLaborDay #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး