Basic Education Students & Youths Association - BESYA Central
1.86K subscribers
510 photos
17 videos
94 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
"အခြေခံပညာကျောင်းသားလူများအစည်းအရုံး (အကလ-မြေပြင်) မှ ရန်ကုန်မြို့လယ်တစ်နေရာတွင် ဘန်နာချိတ်ဆွဲ"

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်၊ အကလ (မြေပြင်)

စစ်ကောင်စီတပ်မှ လုံခြုံရေးတိုးမြှင့်ထားသည့် ရန်ကုန်မြို့လယ်တစ်နေရာတွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များမှ

"မီးကုန် ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန် ထလိမ့်မယ်"

စာသားပါ ဘန်နာအား စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ကြသည်။ ထိုမြေပြင်လှုပ်ရှားမှုအား Youths Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပို့မှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ #BESYA #မြေပြင် #YouthsScoutForDemocracy #YSD
#မီးကုန်ယမ်းကုန်ရိက္ခာကုန်တပ်တွင်းသူပုန်ထလိမ့်မယ်
"(၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့"

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အကလ(မြေပြင်)

ယနေ့ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၇ရက်) တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ဟူသော စာသားပါ ဘန်နာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက အာဏာလုစစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအနေဖြင့် ချိတ်ဆွဲခဲ့သည်။ ထိုမြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။

#၁၀၃နှစ် #အမျိုးသားအောင်ပွဲနေ့ #လူထုဒေါ်အမာ #အာဏာရှင်ဆိုတာဘယ်တော့မှအရှင်မထွက်ဘူး #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #BESYA #YouthScoutForDemocracy #YSD