BBC News မြန်မာ
35.6K subscribers
1.46K photos
260 videos
3 files
1.95K links
နောက်ဆုံးရ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများကို တင်ဆက်ပေးနေသော ဘီဘီစီမြန်မာပိုင်း ​၏ တရားဝင်တယ်လီဂရမ် ချန်နယ် ဖြစ်ပါသည်။

https://www.bbc.com/burmese
Download Telegram
Media is too big
VIEW IN TELEGRAM
‘အာမက်ရေ ကျွန်မဆီအကြောင်းပြန်ပါဦး’ - မင်္ဂလာမဆောင်ခင်တစ်ရက်မှာ ဆုံးသွားတဲ့ ခင်ပွန်းလောင်းဆီ မက်ဆေ့ချ်ပို့နေသူ
မာလက်နဲ့ အာမက်တို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်းပျော်ရွှင်နေခဲ့ကြပါတယ်။ စစ်ဒဏ်ခံခဲ့ရတဲ့ ဂါဇာမှာလုပ်မှာမို့လို့ သူတို့ပွဲကိုတော့ ခပ်ကျဥ်းကျဥ်း ခပ်ရှင်းရှင်းပဲ စီစဥ်ထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာက အားလုံးကို ပြောင်းလဲလိုက်ပါတယ်။ မင်္ဂလာမဆောင်ခင် တစ်ရက်ပဲအလိုမှာ ဂါဇာအလယ်ပိုင်းက အာမက်တို့ မိသားစုနေအိမ်ကို အစ္စရေးကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာခံလိုက်ရလို့ သတို့သားလောင်း အာမက်လည်း သေဆုံးခဲ့ရပါတယ်။ မာလက်ကတော့ အာမက်မသေသေးဘူးလို့ပဲ စိတ်ထဲမှာ စွဲမှတ်ထားပြီး နေ့စဥ် အာမက်ဆီ မက်ဆေ့ချ်တွေပို့နေဆဲပါ။
#ဘီဘီစီမြန်မာပိုင်း #အစ္စရေး #ဟားမတ်စ် #ဂါဇာ
မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်ဟာ ပြတ်သားပြီး တပါးနိုင်ငံ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူကို စွဲကိုင်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။

ကိုးကန့်တပ်(MNDAA) က လားရှိုးကို မြန်မာစစ်တပ်လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့တာ တရုတ်ရဲ့ ဖိအားကြောင့်လို့ ယူဆချက်တွေရှိနေတဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ AFP သတင်းဌာနရဲ့ မေးမြန်းချက်ကို ဧပြီ ၂၁ရက် သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီသတင်းအပါအဝင် ဧပြီလ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://www.bbc.com/burmese/live/cp34z2p1l95t?at_campaign=ws_telegram ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး နှလုံးသားထဲ အမြဲ ရှိနေခဲ့တဲ့ မြန်မာပြည် - ကက်သလစ်သာသနာရဲ့ မြန်မာနိုင်ငံတော် အတွက် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ ဘီဘီစီ မေးမြန်းခန်း

ကက်သလစ်သာသနာရဲ့ ၂၆၆ ပါးမြောက် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ ဧပြီ ၂၁ ရက်နေ့မှာ ပျံလွန် သွားပြီ ဖြစ်ပါတယ်။

ဗာတီကန်နန်းတော်မှာ ပျံတော်မူချိန် သက်တော် ၈၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ ပျံတော်မမူခင် တစ်ရက်၊ တနင်္ဂနွေ နေ့က အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး စျာပန တက်ရောက်ဖို့နဲ့၊ ပုပ်ရဟန်း မင်းကြီး အသစ် ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ မြန်မာနိုင်ငံရဲ့ ကက်သလစ် သာသနာ ရဲ့ ရဟန်းအမတ် ဆရာတော် ချားလ်စ်မောင်ဘို ဗာတီကန်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ပျံတော်မူသွားတဲ့ အတွက် မြန်မာ နိုင်ငံ အတွက်ရော ဘယ်လို ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာပါသလဲ .... ပုပ်ရဟန်းမင်းကြီး အတွက် ဝမ်းနည်းမှု အမှတ်တရ ရန်ကုန်မြို့တော်မှာ အများပြည်သူ အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ပါသလဲ။ ကက်သလစ် သာသနာရဲ့ မြန်မာနိုင်ငံတော် အတွက် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုကို ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ယူကျူ့ ရုပ်သံအနေနဲ့ ဒီလင့်ခ် https://www.youtube.com/watch?v=euaFZjdZ5ek?at_campaign=ws_telegram ကိုနှိပ်ပြီး ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
ဖရန်စစ်ရဲ့ ပုပ်ရဟန်းမင်းကြီးဘဝဟာ ကိစ္စရပ်အတော်များများမှာ ပထမဆုံးဆိုတာတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ကက်သလစ်ကျောင်းတော်ကို ပြုပြင်ပြောင်းလဲမှု လုပ်တာတွေကိုလည်း ဘယ်တုန်းကမှ အဆုံးမသတ်ခဲ့ပါဘူး။ သူဟာ အစဥ်အလာသမားတွေကြားမှာ ကောင်းသတင်းနဲ့ ကျော်စောခဲ့သူပါ။

ဒါပေမဲ့လည်း ရဟန်းမင်းကြီးဘဝမှာ စွပ်စွဲခံရမှုတွေနဲ့လည်း ကြုံဆုံခဲ့ရပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://bbc.in/4lEKTtS?at_campaign=ws_telegram ကို နှိပ်ပြီ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Media is too big
VIEW IN TELEGRAM
အာဖရိကရဲ့ ဘွားဘွားဘောလုံးသမားတွေ
သူတို့မှာ မက်ဆီတို့ ရော်နယ်ဒိုတို့လို အလိမ်အခေါက် ပြေးလွှားဂိုးသွင်းနိုင်စွမ်းတွေ ရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီအဘွားတွေရဲ့ စိတ်ထက်သန်မှုကတော့ ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ယှဥ်နိုင်ပါလိမ့်မယ်။ တောင်အာဖရိကမှာ ကျင်းပနေတဲ့ Òအဘွားတွေရဲ့ ၂၀၂၅ ကမ္ဘာ့ဖလားÓ ဘောလုံးပွဲမှာ နိုင်ငံ ၇ နိုင်ငံက အသင်း ၂၀ ဝင်ပြိုင်နေကြပါတယ်။ ဒီထဲမှာ အသက်အကြီးဆုံး ဘောလုံးဘွားဘွားက ၈၁ နှစ်ပါ။
#ဘီဘီစီမြန်မာပိုင်း #ဘောလုံး #သက်ကြီးရွယ်အို #အမျိုးသမီး
အက်ပဲလ်ဟာ သူ့ရဲ့ ပထမဆုံးစတိုးဆိုင်ကို ဘေကျင်းမြို့မှာ ၂၀၀၈ ခုနှစ်တုန်းက ဖွင့်ခဲ့ပါတယ်။ အဲဒီနှစ်မှာ တရုတ်က အိုလံပစ်ပြိုင်ပွဲကို ဘေကျင်းမြို့မှာ အိမ်ရှင်အဖြစ် စတင်ကျင်းပတဲ့နှစ်ဖြစ်ပြီး အနောက် ကမ္ဘာနဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ အမြင့်ဆုံးကို ရောက်နေချိန်လည်းဖြစ်ပါတယ်။ အဲဒီကနေ စလို့ အက်ပဲလ်စတိုးဆိုင်တွေ တရုတ်မှာ ဆိုင် ၅၀ အထိ ဖွင့်လာပါတယ်။

အက်ပဲလ်ရဲ့ အမြတ်နှုန်း တိုးလာတာနဲ့အမျှ တရုတ်မှာရှိတဲ့သူ့ရဲ့ ထုတ်ကုန်တပ်ဆင်လုပ်ငန်းလည်း ကြီးထွားလာပါတယ်။

ဒါအပြင် တရုတ်ဟာ အမေရိကန်ပြီးရင် အက်ပဲလ်အတွက် ဒုတိယမြောက် အကြီးဆုံးစျေးကွက်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်တို့ အပြန်အလှန်အခွန်တိုးကောက်မှုတွေမှာ အက်ပဲလ်ဟာ ဘယ်လိုကြားညပ်လာပါသလဲ။

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cgkge6yxp3jo?at_campaign=ws_telegram ကနေဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်နေရာယူနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အပစ်ရပ်စောင့်ကြည့်ဖို့အတွက် အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Guo Jiakun က ပြောပါတယ်။

လားရှိုးမြို့ကို ချောချောမွေ့မွေ့ပြန်လည်လွှဲပြောင်းပေးရေးအပါအဝင် ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတပ်ကြားက အပစ်ရပ်အခြေအနေကို စောင့်ကြည့်ဖို့အတွက် အခုလိုစေလွှတ်ထားတာလို့ မနေ့ ဧပြီ ၂၂ ရက်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒီသတင်းအပါအဝင် ဧပြီလ ၂၃ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://www.bbc.com/burmese/live/c99pjnn9n12t?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကရင်ပြည်နယ်ထဲ စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်တွေကြား ပြင်းထန် တိုက်ပွဲဖြစ်နေတဲ့ ကော့ကရိတ် - ကျုံဒိုးဘက်ကို ဒီကနေ့ ဧပြီ ၂၃ ရက် မနက်အစောပိုင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကျုံဒိုး အောက်ဘိုတဲ၊ ကမ္မရာ၊ ရင်ကွဲတောင်၊ ရွှေလူကုန်း၊ ကိုးတိုင် တကြောကို တစ်နေရာကို အနည်းဆုံး ဗုံး ၂ လုံးနှုန်းနဲ့ ပစ်ချခဲ့သလို အာရှလမ်းဘက် မြဝတီလမ်းဟောင်းဘက်မှာလည်း ဗုံးကြဲတာတွေရှိတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအပါအဝင် ဧပြီလ ၂၃ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://www.bbc.com/burmese/live/c99pjnn9n12t?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပုံစာ - ကော့ကရိတ်မြို့နယ်၊ သလွှဲထော်ကျေးရွာက ဘုန်းကြီးကျောင်း စစ်ကောင်စီ လေကြောင်းကြောင့် ဧပြီလ ၁၈ ရက် မနက်မှာ ထိခိုက်ပျက်စီးခဲ့တယ်လို့ မွန်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(MLA)က ပြောပါတယ်
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ထဲကို ဗဟိုပြုတဲ့ငလျင်တွေ မိနစ်ပိုင်းပဲခြားပြီး ၃ ကြိမ်အထိ လှုပ်သွားပါတယ်။

ပထမ ငလျင်ဟာ ပြင်းအား ၃.၉ မဂ္ဂနီကျူ့ ရှိပြီး Silivri အရပ်ကို ဗဟိုပြုကာ ဒေသစံတော်ချိန် ၁၂ နာရီ၊ ၁၃ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်လှုပ်တဲ့နောက်ဆက်တွဲငလျင်ကတော့ ပြင်းအား ၆.၂ မဂ္ဂနီကျူ့ရှိပြီး အဲဒီနေရာကိုပဲ ထပ်မံဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဒီသတင်းအပါအဝင် ဧပြီလ ၂၃ ရက် မြန်မာနဲ့ ကမ္ဘာထိပ်တန်းရောက်သတင်းတွေကို ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒီလင့်ခ် https://bbc.in/3RsisSf?at_campaign=ws_telegram ကို နှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Media is too big
VIEW IN TELEGRAM
ပုပ်ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို စိန့်ပီတာကျောင်းဆောင်ထဲ သယ်ဆောင်
ဧပြီ ၂၁ ရက်နေ့က ပျံလွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို သူ့နေအိမ်ကနေ စိန့်ပီတာဘုရားကျောင်းကြီးရဲ့ ခန်းမထဲကို သယ်ဆောင်လာကြတဲ့ မြင်ကွင်းပါ။ အဲဒီမှာပဲ ကြည်ညိုသူ လူထုပရိသတ်က လာရောက်ဂါရဝပြုနိုင်ကြမှာဖြစ်ပါတယ်။ စျာပနအခမ်းအနားကိုတော့ ဧပြီ ၂၆ စနေနေ့မှာ ပြုလုပ်မှာပါ။
#ဘီဘီစီမြန်မာပိုင်း #ပုပ်ရဟန်းမင်းကြီးဖရန်စစ် #ကက်သလစ်သာသနာ #ဗာတီကန်
Media is too big
VIEW IN TELEGRAM
ကျောင်းပြေးပွဲမှာ တခြားမိဘတွေကို အပြတ်ဖြတ်ထားခဲ့တဲ့ အိုလံပစ်ချန်ပီယံ
ဂျမေကာက ဆယ်လီအန်း ဖရောဇာပရိုက်စ်ဟာ အိုလံပစ်သုံးထပ်ကွမ်းချန်ပီယံပါ။ သူဟာ သမိုင်းမှာ အမျိုးသမီးတွေထဲ တတိယမြောက် အပြေးအမြန်ဆုံးသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ သူ့သားကျောင်းမှာ မိဘတွေအပြေးပြိုင်ပွဲလုပ်တဲ့အထဲ ဆယ်လီလည်း ဝင်ပြိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ ဗီဒီယိုထဲမှာ ကြည့်လိုက်ကြပါဦး။
#ဘီဘီစီမြန်မာပိုင်း #ဂျမေကာ #အိုလံပစ် #အမျိုးသမီး #မိခင်
သန်းနဲ့ချီတဲ့ လူဦးရေအတွက် စစ်ဘေးနဲ့ ငလျင်ဘေးကြားမှာ ရေရှည်ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်နိုင်ကြဖို့ဆိုရင် စစ်ကောင်စီဘက်က ဖြေလျော့မှုတွေ လုပ်မှရမယ်လို့ ပြောဆိုချက်တွေ ကုလယန္တရားအောက် အလုပ်လုပ်နေသူ ကွင်းဆင်းအရာရှိတစ်ဦးက ရှင်းပြပါတယ်။

စစ်ဘေးနဲ့ ငလျင်ဘေးဒဏ်သင့်သူတွေဆီ အကူအညီ ရောက်နိုင်ဖို့ဆိုရင် နောက်ထပ်ဘယ်လိုအစီအစဥ်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါသလဲ၊ မြေပြင်မှာရော ဘယ်လို အကူအညီတွေ ရရှိနေပြီး ဘာတွေလိုအပ်နေပါသလဲ၊ ... စတာတွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
https://www.bbc.com/burmese/articles/c2ewz1ln74jo?at_campaign=ws_telegram