British American Education Center
3 subscribers
General English/GED/IELTS
Download Telegram
♦️GEDဆိုတာ ဘာလဲ
GEDဆိုတာ General Educational Development ဖြစ်ပြီး အမေရိကန်က အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ်တစ်ခု ဖြစ်ပါတယ်

♦️GEDကို ဘယ်လိုလူမျိုးတွေတက်သင့်တာလဲ
🎓 မြန်မာအစိုးရသင်ရိုးအထက်တန်း မအောင်မြင်တဲ့သူတွေ နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့သူတွေ အချိန်တိုတိုနဲ့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တစ်ခု ရချင်တဲ့သူတွေအတွက် GEDကို အရမ်း ရွေးချယ်သင့်ပါတယ်

♦️GEDမှာ ဘာသာရပ်ဘယ်နှစ်ခုရှိတာလဲ
Social Studies
RLA
Mathematics
Science ဆိုပြီး လေးဘာသာရှိပါတယ်
လေးဘာသာစလုံးမှာ Totalအမှတ် ၂၀၀ဖိုးဖြေဆိုရမှာဖြစ်ပြီးတော့ ၁၄၅မှတ်က အောင်မှတ်(pass score)ဖြစ်ပါတယ်

♦️ အသက်၁၈နှစ်ပြည့်ရင် GED ဖြေဆိုခွင့်ရှိပြီး ၁၆နှစ်နဲ့ဖြေဆိုချင်တယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူရဲ့ခွင့်ပြုချက်နဲ့ ဖြေဆိုလို့ရပါတယ်

♦️GEDမှာ Ready test
Real test ဆိုပြီး testနှစ်ခုရှိပါတယ်
Ready testကိုတော့ မိမိအိမ်မှာဖြေဆိုရမှာဖြစ်ပြီး
Real testကို‌တော့ သတ်မှတ်ထားတဲ့ exam center တွေမှာ သွားရောက်ဖြေဆိုရမှာပါ

ဘာသာရပ်လေးခုစလုံးကို ဆက်တိုက်ဖြေဆိုလို့ရသလို ရက်ပိုင်းခြားပြီးဖြစ်စေ လပိုင်းခြားပြီးဖြစ်စေ အချိန်ခြားပြီးလည်း ဖြေဆိုနိုင်ပါတယ်
အကယ်၍ စာမေးပွဲကျခဲ့သည်ရှိသော် ဘာသာရပ်လေးခုထဲကမှ မိမိကျတဲ့ဘာသာရပ်ကို ထပ်မံဖြေဆိုလို့ရပါတယ်

GEDနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေ သိသင့်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေထဲက တချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်နော်

🌟ထပ်မံပြီးတော့ GEDနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို sharingလုပ်ပေးသွားမှာဖြစ်လို့ ကျွန်မတို့ရဲ့
🔰British American Education Center Pageကို like&followလုပ်ထားနိုင်ပါတယ်နော်
Please open Telegram to view this post
VIEW IN TELEGRAM