Aung Moe Kyaw
25.2K subscribers
5.94K photos
1.01K videos
11 files
306 links
Reporter and photographer ကျွန်တော်တို့ကို ကူညီလိုရင်တော့ 09400080398 ကို ကူညီပံ့ပိုးတာတွေ သတင်းပေးပို့တာလုပ်မယ်ဆိုရင်တော့ Kpay,WavePay,Viberနံပါတ်ဖြစ်ပါတယ်။
Download Telegram
Forwarded from KO CHIT (MDY) (Chit KO KO MDY)
သပိတ်ကျင်းကို တပ်မတော်က ထိုးစစ်ဆင် မိုးကုတ်နဲ့ မိုးမိတ် အတွက် အရေးပါတဲ့ တွင်းငယ်ကို လက်မလွှတ်ရေး TNLA အပြင်းထန်ခုခံ
=====================
======

၂၆၊ ၁၀၊ ၂၀၂၄။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နဲ့ မတ္တရာမြို့ကို တပ်မတော်က
အင်အား အလုံးရင်းဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ
မြို့ထဲမှာ ခိုအောင်း စခန်းချထားတဲ့ PDFစခန်းတွေကို
တိုက်ခိုက် ရှင်းလင်းခဲ့ပြီး မတ္တရာမြို့နယ် သပိတ်ကျင်းမြို့ကို
တပ်မတော်က ထိန်းချုပ်ထားပြီး အပြည့်၀ ထိန်းချုပ်နိုင်ရေး ဆက်လက် နယ်မြေရှင်းလင်းလျက်ရှိသည်၊
အကြမ်းဖက် PDF/TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ အတွက် အဓိက အရေးပါတဲ့
လမ်းကြောင်းဖြစ်တဲ့ သပိတ်ကျင်းတွင်းငယ်ရွာကို
တပ်မတော်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာ နယ်မြေ လက်မလွှတ်ရေး အတွက် PDF/TNLAဘက်က အပြင်းထန် ခုခံနေရကြောင်း သိရှိရပါတယ်၊
တွင်းငယ်ရွာကို စစ်တပ်က ပြန်ရခဲ့ပါက မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်က ဆက်လက် တိုက်ခိုက်ဖို့ လျင်မြန်သွားမှာပဲ ဖြစ်ပါတယ်။
ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ရွှေရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း

အောက်တိုဘာ ၂၆

နိုင်ငံအတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် နေ့စဉ်ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ် ထုတ်ပြန်နိုင်ရန် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ် ကော်မတီအား ဖွဲ့စည်းလိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ ကော်မတီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည်ဖြစ်ပြီး ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Media is too big
VIEW IN TELEGRAM
အောက်တိုဘာလ ၂၆ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
Audio
ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw
မြန်မာကိုအလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ILO ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာ ပေးပို့

အောက်တိုဘာ ၂၆

မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ ကန်ဘဲ့လမ်းမှာရှိတဲ့ ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ်(ILO)ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာတစ်စောင်ကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က ပေးပို့ထားလိုက်ပြီဖြစ်တယ်လို့ မြန်မာအလုပ်သမားထုကိုယ်စားလှယ်တွေက ပြောပါတယ်။
၁၀၂၇တစ်နှစ်ပြည့်တွင် ကိုးကန့် MNDAA ဌာနချုပ် လောက်ကိုင်မြို့ကို လေကြောင်းမှ တိုက်ခိုက်

ယမန်နေ့ည ၁၂နာရီ ၂၀ မိနစ်နှင့် ၁၂နာရီ ၂၆ မိနစ်တို့တွင် လောက်ကိုင်မြို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံး အခြေအနေများ မသ်ိရသေးပေ။

MNDAA ၊ တအာင်း(TNLA)၊ ရခိုင်(AA) တို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက် နံနက်အစောတွင် ရှမ်းမြောက်ရှိ စစ်တပ်စခန်းအများအပြားကို ၁၀၂၇စစ်ဆင်ရေး အမည်ဖြင့် လူအင်အား အလုံးအရင်းဖြင့် တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်၊ ကွမ်းလုံ၊သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လားရှိုးမြို့များနှင့် ဖောင်းဆိုင်၊ ကုန်းကြမ်းအပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းရာချီကို MNDAAက စစ်ဆင်ရေး တစ်နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သော်လည်းနောက်ပိုင်းတွင် အုပ်ချုပ်ထောက်ပံ့ပြုလုပ်၍မရသည်မှာလည်း တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ရန်သူကို လိုက်လံချေမှုန်းမှုမှတ်တမ်း (နောင်ချို၊ ဂန့်ဂေါ်)

အောက်တိုဘာ ၂၇ ရက် (ယနေ့)မှာ နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ဒေသဘက်မှ ဆုတ်ခွာထွက်ပြေးနေတဲ့ အကြမ်းဖက် TNLA များအား Drone ပစ်ကူများ၊ လက်နက်ကြီးပစ်ကူများနဲ့ လိုက်လံချေမှုန်းလျက်ရှိပါတယ်။
-
ဒီ Vdo ဖိုင်တွေကတော့ ရန်သူဟာ ရွာအတွင်းရှိ နေအိမ်တွေထဲဝင်ပြေးနေစဉ် Drone ဖြင့် Drop Bomb ချချေမှုန်းတဲ့ Vdo ဖိုင်တွေဖြစ်ပါတယ်။ အိမ်ထဲမှာ Bomb ဒဏ်ကြောင့် သေဆုံးရသလို မခံနိုင်လို့ အပြင်ထွက်ပြေးတဲ့ TNLA သူပုန်တွေ ခေါင်းပေါ် တည့်တည့်ထပ်မံကျလာလို့ အများအပြားသေဆုံးပြန်ပါတယ်။
-
ပထမနေရာမှာ ၁ဝ ယောက်လောက် သေဆုံးပြီး ဒုတိယနေရာမှာလည်း သေဆုံးမှုများမယ်လို့ သုံးသပ်ရပါတယ်။ အလောင်း/လက်နက်တွေ ထမ်းပြေးသွားလို့ အလောင်း/လက်နက်အရေအတွက်ကို နောက်တစ်ပို့စ်မှာ ဖော်ပြ ပေးပါမယ်။

တိုက်ပွဲသတင်းစုံ
ငိုနေပြီ ပလောင်တွေ

#AungMoeKyaw
Media is too big
VIEW IN TELEGRAM
အောက်တိုဘာလ ၂၈ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
Audio
ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။
#AungMoeKyaw
ထွေ/အုပ်စာရေးတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့က အကြောင်းမဲ့သတ်ဖြတ် သွား

အောက်တိုဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းအုပ်စု အငယ်တန်းထွေ/အုပ်စာရေးအား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရပါတယ်။

ယင်းမူကုန်းအုပ်စု ထွေ/အုပ်စာရေး ဦးအေးမင်းနိုင် အား မမဲကျေးရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးသူ ဦးအေးမင်းနိုင် အား ဖုန်းဆက်၍ခေါ်သဖြင့်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်း၏ဖုန်းကိုလည်း အကြမ်းဖက် PDF အဖွဲ့မှ ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
ရလဒ်ဆိုးများကြောင့်
နည်းပြတန်ဟက်ကို
မန်ယူအသင်းထုတ်ပယ်

#AungMoeKyaw
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၂၈