A SONE THOTE Movie Entertainment
10 subscribers
17 photos
14 links
A SONE THOTE TCL (Official Channel)
Download Telegram
What’s wrong with Security kim? 👈🏼

CEO နဲ့ security kim တို့ရဲ့ ရုံးတွင်းအချစ် ဇာတ်လမ်းလေး 🌸

Romance ရော ဟာသရော ရသအစုံကိုခံစားရလို့ရမယ့် ဇာတ်ကားလေး

ပြန်ကြည့်ချင်တဲ့သူလေးတွေအတွက်
Link -https://t.me/whatwrongswithsecretarykimmmsub
Reply 1988

Reply1988လို့ပြောလိုက်တာနဲ့ ပုံတခုမြင်လိုက်တာနဲ့ ဇာတ်ဝင်ခန်းတခုလုံးကိုရော ဇာတ်ကောင်တယောက်ချင်းစီရဲ့ momentတွေပါ မြင်ယောင်လာတဲ့အထိ စွဲကျန်ခဲ့ဖူးတဲ့သူတွေရှိကြလား?

Family case Friendship တွေအကုန်လုံးကိုလုံးဝlifestyle အဖြစ်နဲ့ပုံဖော်သွားပေးတာဖြစ်လို့
ခဏတိုင်းပြန်ကြည့်ဖြစ်ကြတဲ့သူတွေရှိကြတယ်

ကြည့်တိုင်းလည်း တခုမဟုတ် တခု ပိုပိုသိလာရပြီး ငယ်ဘဝနဲ့လည်းနီးစပ်အောင် ရသမျိုးစုံ ဟာသမျိုးစုံနဲ့ကြည့်ရမှာပါ

k drama ထဲမှာမှ must watch seriesထဲမှာပါသလို

rating နဲ့ လူကြိုက်တော်တော်များတဲ့ကားကောင်းလေးဖြစ်တာမလို့
မကြည့်ဖူးသေးရင် နည်းနည်းလောက် စမ်းtryကြည့်လိုက်ပါခဗျာ💯

ဒီChannelလေးကိုအရင်Join ပေးပါခဗျာ

👉Channel Link-https://t.me/ASONETHOTETCL01👈

MovieLink-https://t.me/reply1988_sm
Fight for my way (2017)

"ငါ လှချင်ယောင်ဆောင်ရင် ကျက်သရေမရှိဘူးမလား?
ငါလဲ တကယ်စိတ်ရှုပ်ပါတယ်..
ငါက လှချင်ယောင်ဆောင်တာမဟုတ်ပါဘူး.
ဒီတိုင်း မွေးကတည်းက လှနေတာကို"🤣
Crd

Link- https://t.me/joinchat/pYhRimAx6_82NmY1
Bon Appétit, Your Majesty (2025) အပိုင်း (1) ရပါပြီ❤️‍🔥

မထွက်ခင်ကတည်းက အားလုံးမျှော်လင့်စောင့်​စားနေကြရတဲ့ မင်းသားချောလေး Lee Chae-min, မမလှလှတွေဖြစ်ကြတဲ့ Lim Yoon-A, Kang Han-Na တို့နဲ့ တခြားသရုပ်ဆောင်ပေါင်းများစွာတို့ရဲ့ အမိုက်စားနန်းတွင်းကားသစ်လေး ထွက်ရှိလာပါပြီ။

ဇာတ်လမ်းအညွှန်း…

​ယွန်းဂျီယောင်း (Lim Yoon-A) ဟာ အစားအသောက်ကို ရူးသွပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြင်သစ်စားဖိုမှူးမလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ ပဲရစ်မြို့က နာမည်ကြီး Michelin 3-star စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံနေရချိန်မှာပဲ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ခေတ်နောက်ပြန်ဆွဲကာ ဂျိုဆွန်းခေတ်ကို ရောက်ရှိသွားပါတော့တယ်။

ဘုရင်အီဟွန်း (Lee Chae-min) ကတော့ ဂျိုဆွန်းခေတ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်တစ်ပါးဖြစ်ပြီး အာဏာကို အပြတ်အသတ်  ကိုင်စွဲထားသူလည်းဖြစ်ပါတယ်။  ဒါပေမဲ့ သူ့မှာ ထူးခြားတဲ့ အရသာခံနိုင်စွမ်းရှိပြီး ရာသီဥတုအနည်းငယ် ပြောင်းလဲတာနဲ့တောင် အစားအစာရဲ့အရသာကို ခွဲခြားနိုင်သူပါ။

​ဒီလိုနဲ့ ဂျိုဆွန်းခေတ်ကို ရောက်သွားတဲ့ ဂျီယောင်းဟာ အကြောင်းကိစ္စတစ်ခုခုကြောင့် ဘုရင်အီဟွန်းကို သူ့ရဲ့ဟင်းလျာတွေ တည်ခင်းဖို့ ဖြစ်လာခဲ့ပြီး ဂျီယောင်းရဲ့ ဟင်းလျာတွေကို စားကြည့်ပြီးနောက် အရမ်းကြိုက်သွားတဲ့ ဘုရင်ကြီးဟာ သူ့အတွက် သီးသန့်ဟင်းတွေ ချက်ပြုတ်ခိုင်းဖို့အတွက် နန်းတော်ထဲကို ခေါ်ဆောင်သွားတဲ့အခါမှာတော့...

ကမ္ဘာ့အဆင့်မီ စားဖိုမှူးမလေးက အာဏာရှင်ဘုရင်ကြီးရဲ့ စားတော်ကဲဖြစ်လာပြီး ဘယ်လိုဟင်းလျာတွေ ချက်ပြုတ်ရင်း ဆက်လက်ရှင်သန်သွားမလဲ...

နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေနဲ့အတူ ဒီကမ္ဘာနှစ်ခုက လူသားနှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဆက်စခန်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန် Channel အရင် join ပါ👇
https://t.me/+eQpZ1DpP5W1mM2I1

ပြီးမှဇာတ်ကားလင့်ကိုနှိပ်ပါ👇
https://t.me/c/2907835556/10
❤1
"The Mermaid" (2016)

ကျွန်တော်အကြိုက်ဆုံး တရုတ်မင်းသားကြီး စတီဖင်ချောင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖန်တီးထားတဲ့ဇာတ်ကားပါ။

ထူးခြားတာက ဒီဇာတ်ကားကို Rotten Tomatoes မှာ (100%) Rate ပေးထားတာပါ။
ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။

ပင်လယ်ရေအောက်က ရေသူမလေးတစ်ယောက် ပင်လယ်အော်ကို သဘာဝအတိုင်းဆက်လက်ထိန်းသိမ်းချင်တဲ့စိတ်နဲ့ အဲ့နေရာကိုဝယ်ယူခဲ့တဲ့ လူသားတစ်ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့အခါကနေစပြီး ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာရပါတယ်။

စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်

အဓိကအချက်ဖြစ်တဲ့ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကိုတဆင့်ချင်းစီဟာသလေးတွေစွတ်ပြီးခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။ကုန်ကျစရိတ် US$60.72 millionပဲရှိခဲ့ပေမယ့်ဝင်ငွေ US$553.8millionပြန်လည်ရရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။
Crd
🎬ဇာတ်ကားကြည့်ရန်-

https://t.me/ktmmoview/175
❤2
M_r.V_a-m_p-i_r-e (1985)

အညွှန်း* 🔽🔽🔽

1 , 2 , 3 , 4 ,5 ထွက်ရှိခဲ့ပေမယ့် ဇာတ်လမ်းတွေဟာ တစ်ကားနဲ့တစ်ကားဆက်စပ်မှုမရှိသလိုတစ်ကားလာတိုင်း အဓိကသရုပ်ဆောင်ကလွဲရင်ကျန်တာတွေပြောင်းသွားတာမို ဘယ်နေရာကဖောက်တင်တင်..ဖောက်ပြီးကြည့်ကြည့် အရသာလုံးဝပျက်မှာတော့မဟုတ်ပါဘူး..ဒါကြောင့်မိုMr Vampire 1 ကို တင်ပေးလိုက်ပါတယ်…

#Credit

ဇာတ်ကားကြည့်ရန် 🔽
link -
https://t.me/moviezonee11/790
❤2
The Three Stooges (2012)

အညွှန်း👇

The three stooges ဟာသဇာတ်ကားလေးပါ ၊၊
မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊
ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊ Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊
ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊
“ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ”
အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊ ဒီလို အော်ကြောလန်သုံးယောက်က သူတိုရဲ့ မတော်တဆအမှားတွေကြောင့်
အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင်
လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊

Review credit

Link - https://t.me/c/2571066195/736
❤1🤣1
White Chicks(2004)

White Chick ဆိုတဲ့ ၂၀၀၄ ထွက် Crime,
Comedy ဇာတ်ကားလေးနဲ့ ရယ်ကြရအောင်။
FBI အေးဂျင့် ညီအကို ၂ ယောက်ရှိတယ်သူတို့ညီအကို ၂ ယောက်ဟာ ဒီအလုပ်ကိုတကယ်လည်း
ဝါသနာပါသလို အတတ်နိုင်ဆုံးအောင်မြင်အောင် ကြိုးစားလေ့ရှိတယ်
သို့ပေမယ့် အလွဲကြီးဆိုတဲ့စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်
ရှင်းလေရှုတ်လေဆိုတဲ့ညီအကို ၂ ယောက်ဆိုပါတော့
ဒါကြောင့်အလုပ်ကထွက်ရဖို့အကြောင်းဖန်လာတယ်
ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကိုပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်
ပြသနာတောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို
ဘေးမသီရန်မခဘဲရောက်အောင်ပို့ပေးဖို့တာ၀န်ပေးခြင်းခံရတယ်
ကဲ သူတို့ ညီအကို ၂ယောက် အောင်မြင်မလားဘယ်လိုအလွဲတွေဖြစ်မလဲ.
ပြန်ပေးသမားတွေရန်ကရော လွတ်အောင်ရုန်းနိုင်ပါ့မလား
ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့
#crd

Channel လေး အရင်Join ပေးပါ📌
Movie link - https://t.me/mxtmovie0/329
❤1🤣1
𝗚𝗢𝗕𝗟𝗜𝗡 (2016)

Mmsub

ဇာတ်လမ်းအကျဉ်း

ကင်ရှင်းဟာ ကမ္ဘာမြေကြီးပေါ်မှာ နှစ်ပေါင်း ကိုးရာကျော်တိုင်အောင်အသက်ရှင်လာခဲ့တဲ့ မှင်စာ
တစ်ကောင်ပါ..သူ့လူဘဝတုန်းကတော့ သူဟာမတရားစွပ်စွဲခံရပြီး မင်းကြီးကသတ်လိုက်လို့သေဆုံး
ခဲ့ရတဲ့သစ္စာရှိစစ်သူကြီးတစ်ဦးပေါ့..သို့ပေမယ့်လည်း သူသတ်ခဲ့တဲ့ရန်သူပေါင်းများစွာ ဒီအပြစ်တွေ
ကြောင့် ဘုရားသခင်ဟာ သူ့ကိုမှင်စာအဖြစ်ဖန်တီးခဲ့ပြီး ထာဝရအသက်ရှင်စေတဲ့ အပြစ်ကို
ပေးလိုက်ပါတယ်.ကိုယ်ချစ်တဲ့သူတွေကိုယ့်ကိုစွန့်ခွာသွားတာတွေ..တစ်ယောက်တည်းအထီးကျန်မှု
တွေကိုနာကျဉ်ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပါ..ဒါပေမယ့် ဒီကျိန်စာက လွတ်မြောက်ဖို့အတွက်
သူသေဆုံးတုန်းက သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓါးကို ဆွဲနှုတ်နိုင်တဲ့ မှင်စာရဲ့သတို့သမီးပေါ်လာမှသာလျှင်
မှင်စာအဖြစ်မှာတောင်သူ့ရင်ဘတ်မှာစိုက်နေတဲ့ဓါးကို ဆွဲနှုတ်ပြီး ပြာအဖြစ်လောင်ကျွမ်းကာ
ငြိမ်းချမ်းခွင့်ရမှာပါ..သူနဲ့အတူနေထိုင်တဲ့ သေမင်းတစ်ယောက်လည်းရှိပါတယ်..
ကဲ..မှင်စာတစ်ယောက် သူ့သတို့သမီးကိုရှာနိုင်မလား..သူနဲ့အတူနေထိုင်တဲ့သေမင်းနဲ့
ပတ်သတ်ဆက်နွယ်မှုတွေက..ဘာတွေဖြစ်လာမလဲဆိုတာ...?

Movie Link - https://t.me/juliadramachann1/404
❤1💘1
Life of Pi

ပင်လယ်ထဲမှာ ဒုက္ခအခက်အခဲတွေကို တစ်ကားလုံး ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ကုန်းပေါ် ရောက်နိုင်ခဲ့တယ်။
သေချာတွေးကြည့်ရင် ကျွန်တော်တို့ မြန်မာ လူငယ်တွေရဲ့ အဖြစ်နဲ့ ခပ်ဆင်ဆင်ပါပဲ့။
ဒုက္ခ အခက်အခဲတွေ ရင်ဆိုင်ပြီးရင် အရာအားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်နေရတာပဲ။ Movie က စိတ်ကူးယဉ်ဇာတ်ကား မဟုတ်ပါဘူး။
တကယ့် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။
မကြည့်ရသေးရင်လည်း အခုလို ကာလမျိုးမှာ ကြည့်ဖို့ တိုက်တွန်းပါတယ်ဗျ။

Movie Link - https://t.me/c/2527042558/172
❤1😢1
Series ရဲ့နာမည်အတိုင်းပဲ Nanno ဟာepisode တစ်
ခုစီတိုင်းမှာ ကျောင်းပြောင်းလာတဲ့ ကျောင်းသူအနေ
နဲ့ ဇာတ်လမ်းစတာပါ။အဓိက ဇာတ်အိမ်တည်ထားတာကတော့ အထက်ကျောင်းသားကျောင်းသူဘ၀ကိုပါပဲ။

ရည်းစားကိစ္စတွေရှိမယ်။မနာလိုတာတွေရှိမယ်။နှာဘူးကျတဲ့ကျောင်းဆရာတွေရှိမယ်။ဇီဇာ ကြောင်ပြီးတအားစိတ်ဖိစီးနေတဲ့တစ်ကိုယ်တည်းဆရာမတွေ၊single momတွေရှိမယ်။လိင်ကိစ္စစူးစမ်းချင်နေတဲ့ ဆယ်ကျော်
သက်တွေရှိမယ်။အသိုင်းအဝိုင်းဆင်းရဲတာကိုဖုံးကွယ်
ပြီးချမ်းသာချင်ယောင်ဆောင်နေမယ်လူတစ်ချို့ရှိမယ်။လာဘ်စားတဲ့ လူတန်းစားတွေရှိမယ်။ geniusတွေစုနေ
တဲ့နေရာမှာကိုယ်ကပုံမှန်ဖြစ်နေလို့အားငယ်နေတဲ့လူ
တွေရှိမယ်။ အလှအပအရမ်းပြိုင်တဲ့ဟာတွေရှိမယ်‌ပေါ့။

Series တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ လူတွေရဲ့ အတွင်းစိတ်၊ dark side ကိုကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာပါ။ သရဲကား၊ လူသတ်ကား မဟုတ်ပေမယ့် ကြည့်နေရင် ငါ့ဘေးနားက လူတွေကော အဲ့လိုလူတွေများ ရှိနေမလား ဆိုပြီး စိုးရိမ်စိတ်တွေ ဖြစ်လာတဲ့ အထိ အရသာ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ.....

Movie link - https://t.me/ThaiSeriesOnlyChannel21/2
❤1🔥1
Girl from nowhere 2

နာနိုလေးကတော့ နှစ်နှစ်အကြာမှာ

လူ့လောကကြီးတိုးတက်လာရဲ့လားဆိုတာကို

ကြည့်ဖို့အတွက် တစ်ဖန်ပြန်လည် ရောက်ရှိလို့ လာပါပြီ။

စာသင်ကျောင်းဆိုတာ ပညာရှာမှီးတဲ့နေရာလို့
သတ်မှတ်ထားတဲ့အတွက်

ကလေးတွေအတွက် အလုံခြုံဆုံးနေရာရယ်လို
ဆိုစမှတ်ပြုကြပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အလုံခြုံဆုံးနေရာတွေက

မလုံခြုံဆုံးနေရာတွေ ဖြစ်နေတတ်တာကိုတော့

ရင်နာစွာနဲ့ လက်ခံကြရမှာပါ။

နန္နိုဟာ မကောင်းမှုအနံ့အသက်တွေရှိနေတတ်တဲ့
ကျောင်းတွေမှာပဲ

ကျောင်းတက်တတ်တဲ့
အမြဲတမ်းကျောင်းသူသစ်လေးပါ။

ပုံမှန်လူတွေနဲ့မတူခြားနားတဲ့ ဖြစ်တည်မှုတွေနဲ့

နန္နိုဟာ ကျောင်းမှာရှိသမျှ
မကောင်းမှုတွေကို ဖော်ထုတ်သလို

ကိုယ်လုပ်ခဲ့တဲ့ကံရဲ့အကျိုးကိုလည်း
နင့်နင့်နဲနဲ တန်ပြန်ခံစားလာရအောင်
အမှောင်ဘက်အထိဆွဲခေါ်လေ့ရှိတာကို

Season 1 မှာကတည်းက သိခဲ့ကြမှာပါ။

ဒီSeanson 2 မှာရော
သူမဘယ်လိုတွေဆွဲခေါ်သွားဦးမှာလဲ။

Season1 ထက် ပိုပြီး ပြင်းထန်တာမလို့
လန့်တတ်သူတွေ ကြောက်တတ်သူတွေတော့
စိတ်ထိန်းနိုင်မှ ကြည့်ပါလို့တော့ သတိပေးချင်ပါတယ်။

စုစုပေါင်း အပိုင်း (၈) ပိုင်း တိတိ ပါဝင်ပါတယ်။

Movie link - https://t.me/ThaiSeriesOnlyChannel21/2
❤‍🔥1❤1
”Love Untangled “ 💡

ဇာတ်လမ်း အမျိုးအစားကတော့ “ Romance / Comedy “အမျိုးအစား ဖြစ်ပါတယ် 🎉

အရမ်းကိုမှ ကြည့်လို့ကောင်းတဲ့ drama movie ဇာတ်ကားလေးတစ်ကားဖြစ်တယ်နော် 🤍
တစ်ကားလုံးနီးပါးပြုံးဖြီးနေရလိမ့်ပါမယ်နော်😁🤍

လူငယ်ဆန်ဆန် friendship လေးရယ် ငယ်သေးတဲ့အရွယ်တုန်းက ကောင်လေးတွေကို ဘယ်လိုတွေ ပိုးခဲ့လဲ ဆိုတာတွေရယ် လူငယ်ကျောင်းသားဘဝ ကိုအပြည့်အဝ မြင်တွေ့ရမှာဖြစ်ပါတယ်ဗျာ

အဓိကပြောချင်တာတော့ မင်းသားရော မင်းသမီးရော သူ့ရဲ့ friendship တခုလုံး အရမ်းကိုချစ်စရာကောင်းပါတယ် 🥰

နာမည်ကြီး Cameo သုံးဦးလဲပါဝင်ထားပါတယ် 🫢

ဘယ်သူတွေလဲသိချင်ရင် ဇာတ်ကားလေးကိုခုပဲကြည့်လိုက်တော့နော် 👇

Movie link - https://t.me/+tsUzSA5AWFYwZjVl
❤1🥰1