ARAKKHA MEDIA
2.36K subscribers
2.63K photos
288 videos
3 files
396 links
Arakkha Media (AK-Media) is a US based non-profit news and media organization. Arakkha Media provides true and unbiased news and information.
Download Telegram
🖕1
😁3🤡1
အိန္ဒိယစစ်တပ်က အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များကို ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ သင်ကြားပေးနေ

မေ ၁၃ ၊ ၂၀၂၆
AK - Media Live

အိန္ဒိယစစ်တပ်သည် အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိနှင့် စစ်သည်များအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု (UN Peacekeeping) ဆိုင်ရာ သင်တန်းများ ပို့ချပေးလျက်ရှိသည်။

နေပြည်တော်၌ မေလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်သည့် အဆိုပါ သင်တန်းသည် စစ်ကောင်စီတပ်နှင့် အိန္ဒိယစစ်တပ် ပူးပေါင်းကျင်းပသည့် ၉ ကြိမ်မြောက် သင်တန်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီတပ်သားများ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို နားလည်သိရှိစေရန် ဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီက ဆိုသည်။

သင်တန်းကို စစ်ကောင်စီတပ်မှ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဦးစီးပြီး အိန္ဒိယစစ်တပ်မှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် စစ်သံမှူးများက ဦးစီးသည်။ အိန္ဒိယနိုင်ငံရှိ Center for United Nations Peacekeeping (CUNPK) မှ သင်တန်းနည်းပြခေါင်းဆောင်က သင်ကြားပေးပြီး မေလ ၂၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကာ အရာရှိ ၃၀ တက်ရောက်နေသည်။

သင်ရိုးတွင် ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ကျင့်ဝတ်များအပြင် အရပ်သားနှင့် ကလေးသူငယ်များ ကာကွယ်ရေး၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး၊ တပ်စခန်းတည်ဆောက်ခြင်းနှင့် BlueHelmet လေ့ကျင့်ခန်းတို့ ပါဝင်ပြီး စာတွေ့လက်တွေ့ သင်ကြားမည်ဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူဆလင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကြောင့် ဒေသခံမျိုးနွယ်စုဝင်များ အာရက္ခပြည်နှင့် ချင်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရ

မေ ၁၃ ၊ ၂၀၂၆
AK Media Live

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုနှင့်အတူ မြေပြန့်ဒေသမှ ရွှေ့ပြောင်းအခြေချလာကြသည့် မူဆလင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကြောင့် မူဆလင်မဟုတ်သည့် ဒေသခံမျိုးနွယ်စုဝင်များမှာ အာရက္ခပြည်နှင့် ချင်းပြည်နယ်ဘက်သို့ ထွက်​​ပြေးတိမ်းရှောင်ခိုလှုံနေကြရကြောင်း The Diplomat သတင်းဌာနက မေလ ၁၂ ရက်နေ့တွင် ဖော်ပြသည်။

စစ်တကောင်းတောင်တန်းဒေသတွင် ဒေသခံမျိုးနွယ်စု ၁၁ စု နေထိုင်လျက်ရှိပြီး လူဦးရေ ၈ သိန်းကျော်ခန့် ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း သိရသည်။

ဒေသခံမျိုးနွယ်စုများမှာ နှစ်ပေါင်းများစွာ ဖိအားပေးမှုများ၊ မြေယာကျူးကျော်မှုများနှင့် လုံခြုံရေးကင်းမဲ့မှုများကို ကြုံတွေ့နေရပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ထိရောက်သည့် အကာအကွယ် မရရှိကြောင်း ပြောဆိုထားသည်။

ဘန်ဒါဘန်ခရိုင်၊ လာမာကျေးရွာမှ ဦးထွေးစိန်မောင် က ၎င်း၏ မိသားစုသည် ၂၀၁၄ ခုနှစ်အတွင်း အာရက္ခပြည်ဘက်သို့ ပြောင်းရွှေ့လာခဲ့ကြောင်း ပြောသည်။

“ကျနော်တို့ လယ်မြေတွေထဲကို ကျူးကျော်ဝင်လာပြီး စပါးခင်းတွေကို မီးရှို့တယ်။ စိုက်ပျိုးခွင့်မပေးဘူး။ ရဲစခန်းကို သွားတိုင်ပေမယ့် အရေးယူပေးတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဦးထွေးစိန်မောင် မိသားစုနှင့်အတူ အခြားအိမ်ထောင်စု ၁၆ စုမှာလည်း ပိုင်ဆိုင်မှုများ ရောင်းချကာ အာရက္ခပြည်၊ မောင်တောမြို့နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် နေထိုင်နေသည့် ဦးမောင်ကျော်ဆန်းကလည်း “စစ်ပွဲတွေရှိပေမယ့် အနည်းဆုံးတော့ ဘေးကင်းတယ်” ဟု ပြောဆိုထားပြီး ၎င်းတို့အနေဖြင့် လက်လုပ်လက်စားဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြောင်း ဆိုသည်။

ထို့အပြင် စစ်တကောင်းတောင်တန်းဒေသတွင် ကလေးငယ်များ ပျောက်ဆုံးမှုများနှင့် အမျိုးသမီးငယ်များ အတင်းအကျပ် လက်ထပ်ခံရမှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

ရန်ဂါမတီခရိုင်မှ ဒေါ်သာနုစိန်က “သူမရဲ့ အသက် ၁၆ နှစ်အရွယ် တူမအပါအဝင် မိန်းကလေးငယ်တွေ ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်းမှာ မူဆလင်အမျိုးသားတွေနဲ့ အတင်းအကျပ် လက်ထပ်ခြင်း ခံခဲ့ရတယ်” ဟု ဆိုထားသည်။

၂၀၂၂ ခုနှစ်အတွင်း စစ်တကောင်းတောင်တန်းဒေသမှ အိမ်ထောင်စုအချို့မှာ ချင်းပြည်နှင့် မီဇိုရမ်နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဒေသခံများကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက KCNF (Kuki Chin National Front - KCNF) အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုများမှာ မြေယာပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခနှင့် လုံခြုံရေးကင်းမဲ့မှုများကြားတွင် နေထိုင်နေရပြီး ဘေးကင်းလုံခြုံမှုအတွက် အရက္ခပြည်နှင့် ချင်းပြည်ဘက်သို့ ရွှေ့ပြောင်းနေထိုင်မှုများ ဆက်လက်များပြားလာနေကြောင်း သိရသည်။

The Diplomat မဂ္ဂဇင်း ၏ ဖော်ပြချက်အရ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း စစ်တကောင်းတောင်တန်းဒေသမှ လူပေါင်း နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

Ref: Ethnic Groups Are Fleeing Bangladesh’s Chittagong Hill Tracts in Search of Safety in Myanmar(The Diplomat)

#everyonehighlightsfollowers
#Ethnic_Groups
#Bangladesh’sChittagong_HillTracts
#arakha_chin
#highlightseveryone
🤬1😡1
အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေသည့် မူဆလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ RSO အဖွဲ့ဝင် (၄) ဦးကို ဘင်္ဂလားဒေ့ရှ့် ရဲတပ်ဖွဲ့ ဖမ်းဆီး

AK Media Live
မေ ၁၄ ၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အုခီးယားမြို့နယ်ရှိ "ဘာလုခါလီ" မူဆလင်ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် မေလ (၁၃) ရက်၊ ညဥ့် (၂) နာရီအချိန်ခန့်၌ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဥ်နေသည့် အစ္စလာမ်မစ် အစွန်းရောက် မူဆလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ( RSO)အဖွဲ့၏ ခေါင်းဆောင်တစ်ဦးအပါအဝင် အကြမ်းဖက်အဖွဲ့ဝင် (၄) ယောက်အား ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ (RAB) နှင့် ရဲတပ်ရင်း (APBN) တို့ကာ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီခံရသည့် အကြမ်းဖက် (RSO) အဖွဲ့ဝင်များမှာ ( RSO)တပ်မှူး မိုဟာမက်နူရ် (Mohamad Noor) ၊ မုတ်တာ ( Mukter )၊ မိုဟာမက်ဟာစိန် (Mohamad Hasson) နှင့် မိုဟာမက် အာဖန် (Mohamad Arfan) တို့ဖြစ်သည်။

အဆိုပါ အကြမ်းဖက် (RSO) အဖွဲ့ဝင်များသည် ၄င်းတို့၏ ပြိုင်ဖက် အစ္စလာန်မစ် စစ်သွီးကြွအဖွဲ့များဖြစ်သော (ARSA) နှင့် (ARA) အဖွဲ့ဝင်များကို ညဥ့်အချိန်တွင် အလစ်ချောင်းကာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဥ်နေစဥ် (RAB) နှင့် (APBN) ပူးပေါင်းအဖွဲ့က သတင်းရရှိကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယခုဖမ်းဆီးခံရသည့် (RSO) အကြမ်းဖက်တပ်ဖွဲ့ဝင်များမှာ (ARO) ခေါင်းဆောင် ကီဖာယက်အူလာနှင့် (ARA) ခေါင်းဆောင် နဘီဟူစိန်၏ညီ မိုဟာမက်ကာမယ်လ် တို့အား လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ကြခဲ့ကြသူများဖြစ်သည်ဟုလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်၊ ကော့ဇ်ဘဇားခရိုင်ရှိ မူဆလင်ဒုက္ခသည် စခန်းများတွင် ARSA၊ RSO၊ ARO နှင့် ARA စသော အစ္စလာန်မစ် အစွန်းရောက် စစ်သွေးကြွ အဖွဲ့များစွာရှိနေပြီး ၄င်းတို့ အဖွဲ့များအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

ထို့ပြင် စခန်းတွင်းရှိ ဒုက္ခသည်များထံမှ ပစ္စည်းများကို ခြိမ်းခြောက်ဓားပြတိုက်ပြီး ၄င်းတို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုများရှိနေသည်။

စခန်းတွင်းရှိ ဒုက္ခသည်များမှာ အကြမ်းဖက်အဖွဲ့များ၏ အနိုင်ကျင့်၊ ဗိုလ်ကျသောင်းကျန်းမှုများကို ခံနေရလျှက်ရှိပြီး ဒုက္ခသည်များအနေဖြင့် ၄င်းအကြမ်းဖက်အဖွဲ့များကို အရေးယူပေးရန် နိုင်ငံတကာအဖွဲ့အစည်းများသို့ တောင်းဆိုထားသော်လည်း လက်ရှိတွင် တစ်စုံတစ်ရာမျှ ထူးခြားမှု မရှိသေးပေ။

#everyonehighlightsfollowers
#muslim
#terrorist
#refugeecamp
#bangladesh
#highlightseveryone
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်မြို့ရှိ မူဆလင်ဒုက္ခသည်စခန်းတွင် မူဆလင်အကြမ်းဖက်သမား တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံး

မေ ၁၅ ၊ ၂၀၂၆
AK Media Live

ကော့ဇ်ဘဇားခရိုင်၊ တက္ကနက်ဖ်မြို့ရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခုတွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မူဆလင်အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။

မေလ ၁၄ ရက် (ကြာသပတေးနေ့) ည ၁၀ နာရီခန့်က တက္ကနက်ဖ်မြို့ရှိ နာယာပါရာ မူဆလင်ဒုက္ခသည်စခန်း၏ H-Block တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ဟာဆန်အာမက် (ခေါ်) ကာလာဟာဆန် (အသက် ၄၅) ဖြစ်သည်။ ၎င်းသည် ဒုက္ခသည်စခန်း H-Block ရှိ တဲအမှတ် (၆၃၄) တွင် နေထိုင်သူဖြစ်ပြီး MRC နံပါတ် ၃၉၂၂၅ ဖြစ်ပြီး သေဆုံးသူသည် ဆူလတန်အာမက်၏သားဖြစ်ကာ ယခင်က ဓားပြဂိုဏ်း 'Zakir Group' ၏ တက်ကြွသောအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ (APBN) ၏ တပ်မှူး မိုဟာမက်ကော်ဆာဆစ်ဒါက သောကြာနေ့တွင် သတင်းအချက်များကို အတည်ပြုပြောကြားခဲ့သည်။ ၎င်းက “ယခင်ရန်ငြိုးမှုကြောင့် အကြမ်းဖက်သမား ဆက်ဒမ်ဟူစိန်နှင့် ၎င်း၏အပေါင်းပါများသည် လက်နက်များဖြင့် ဒုက္ခသည်စခန်းအတွင်းသို့ ဝင်ရောက်လာပြီး ဟာဆန်အာမက်အား ပစ်ခတ်ခဲ့ကြောင်း” ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ ပြောကြားထားသည်။

ပစ်ခတ်မှုတွင် ကျည်ဆန်သည် ဟာဆန်အာမက်၏ ရင်ဘတ်ညာဘက်ခြမ်းကို ထိမှန်ခဲ့သည်။ ဒဏ်ရာရရှိပြီးနောက် ဒေသခံများက ၎င်းအား ကယ်တင်ကာ ဒုက္ခသည်စခန်းအနီးရှိ G/K ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော ကုသမှုအတွက် တက္ကနက်ဖ်မြို့ ကျန်းမာရေး အဆောက်အအုံသို့ ပြောင်းရွှေ့စဉ် လမ်းတွင် သွေးထွက်လွန်ပြီး သေဆုံးခဲ့သည်။

တိုက်ခိုက်သူများသည် ဖြစ်ရပ်အပြီးတွင် ဒုက္ခသည်စခန်း၏ အနောက်ဘက်ရှိ တောင်ကုန်းဒေသသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

APBN ဗိုလ်ကြီး Kausar က သေဆုံးသူဟာဆန်သည် Zakir Group ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအပေါ် လက်နက်ကိုင်အမှု ၃ မှု၊ လုယက်မှုပြင်ဆင်မှု ၂ မှုနှင့် ပြန်ပေးဆွဲမှု ၂ မှုတို့ကို တရားစွဲဆိုထားကြောင်း အတည်ပြုပြောကြားသည်။

မူဆလင်ဒုက္ခသည်စခန်းများတွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များဖြစ်သော (ARSA,ARA,RSO,RIM,ARO) အဖွဲ့ဝင်များသည် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချင်းချင်း သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ပဋိပက္ခများကြောင့် သာမန်မူဆလင်ဒုက္ခသည်ပြည်သူများကြားတွင် အလွန်အမင်းကြောက်ရွံ့မှုများ ရှိနေကြသည်။

Ref: Panowa News

#everyonehighlightsfollowers
#terrorist
#muslim
#refugeecamp_bangladesh
#highlightseveryone
👍1
ဘာလုခါလီ မူဆလင် ဒုက္ခသည်စခန်းတွင် RSO အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို RSO အဖွဲ့ဝင်များမှ အတင်းအဓမ္မဝိုင်းဖမ်း နှိပ်စက်ပြီး နောက်ကျောကို ဓားဖြင့်ထိုးသွား

AK Media Live
မေ ၁၅၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အုခီးယားမြို့နယ်ရှိ ဘာလုခါလီ မူဆလင်ဒုက္ခသည်စခန်း အမှတ် (၁၈) တွင် မေ ၁၄ ရက်နေ့ ည ၆ နာရီခွဲခန့်၌ မူဆလင်လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ RSO အဖွဲ့ဝင်ဟောင်းတစ်ဦးအား RSO အဖွဲ့ဝင်များက အတင်းအဓမ္မဝိုင်းဖမ်း နှိပ်စက်ပြီး နောက်ကျောကို ဓားဖြင့် ထိုးသွားကြောင်း သိရသည်။

ဓားထိုးခံရသူမှာ စခန်းအမှတ် (၁၈)၊ ဘလောက် (K-ဝ၁) တွင်နေထိုင်သည့် RSO အဖွဲ့ဝင်ဟောင်း ဆာလ်မော့ခန်း (Salmot Khan) ဖြစ်သည်။ ၎င်းသည် RSO အဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် ငြင်းဆိုမှုကြောင့် RSO အဖွဲ့ဝင် ၁၁ ဦးက လာရောက်ဖမ်းဆီးကာ သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မူဆလင်သတင်းရင်းမြစ်များ၏ အဆိုအရ ဆာလ်မော့ခန်းသည် ယခင်က RSO အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း RSO သည် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေကြောင်း သိရှိရသည့်အခါ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

သို့သော် RSO အဖွဲ့က ဆာလ်မော့ခန်း၏ နုတ်ထွက်မှုကို လက်မခံဘဲ အဖွဲ့ထံသို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး မေ ၁၄ ရက်နေ့တွင် RSO အဖွဲ့ဝင် ၁၁ ဦးက ၎င်းအား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆာလ်မော့ခန်းအား ဖမ်းဆီးမှုကို ဦးဆောင်သူမှာ စခန်းအမှတ် (၁၀)၊ ဘလောက် (H-၄၅) နေသူ အစ္စမဲလ်၏သား RSO တပ်မှူး အီဗရာဟင် (အသက် ၂၆ နှစ်) ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဖမ်းဆီးပြီးနောက် ဆာလ်မော့ခန်းကို RSO အဖွဲ့တည်ရှိရာ ဘာလုခါလီ မူဆလင်ဒုက္ခသည်စခန်းအမှတ် (၁၁) သို့ ဆွဲခေါ်သွားကြောင်း သိရသည်။

ထို့နောက် ဆာလ်မော့ခန်းအား RSO အဖွဲ့ဝင်များက ၉ မမ အမျိုးအစား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ပြင်ဆင်နေစဉ် ဘင်္ဂလားဒေ့ချ် လက်နက်ကိုင် ရဲတပ်ရင်း (APBN) က ဝင်ရောက်လာသဖြင့် RSO အဖွဲ့ဝင်များက ဆာလ်မော့ခန်း၏ နောက်ကျောကို ဓားဖြင့် ထိုးကာ ထွက်ပြေးသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

မျက်မြင်သက်သေများ၏ အဆိုအရ အဆိုပါ RSO အဖွဲ့ဝင်များမှာ ARO ခေါင်းဆောင် ကီဖာယက်အူလာ (ခေါ်) အဗ္ဗဒူ ဟာလိန်း နှင့် ARA ခေါင်းဆောင် နဘီဟူစိန်၏ညီ မိုဟာမက်ကာမယ်လ် (ခေါ်) နူးရ်ကာမယ်လ်တို့အား လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်သူများဖြစ်ကြောင်းလည်း သိရသည်။

စခန်းများတွင် မူဆလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေသည့်အတွက် ဒုက္ခသည်များအကြား အကြောက်တရားနှင့် မလုံခြုံမှုများ တိုးပွားလာနေပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံး ဝင်ရောက်ဖမ်းဆီး အရေးယူရန် တောင်းဆိုမှုများလည်း မြင့်တက်လျက်ရှိသည်။

Photo - online

#everyonehighlightsfollowers
#terrorist
#refugeecamp_bangladesh
#muslim
#highlightseveryone
👏1
👍2
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများရှိ ဘင်္ဂလီများမှ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ (RSO) ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုံ့ချကြောင်း ဆန္ဒပြပြောဆိုထားသည့် ရုပ်သံ

AK Media Live - 16/05/2026

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများရှိ ဘင်္ဂလီများမှ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ RSO (Rohingya Solidarity Organisation) ၏ အကြမ်းဖက်လုပ်ရပ်များအား ရှုံ့ချကြောင်း ဆန္ဒပြပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခုသည် လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိသည်။

ထိုရုပ်သံတွင် စခန်းနေ ဘင်္ဂလီများမှ RSO အဖွဲ့သည် ရခိုင်ပြည်ကိုတိုက်ခိုက်ရန်လားရောက်သည့် ရိုဟင်ဂျာလူငယ်များအား နယ်စပ်တွင် ဖမ်းဆီးခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်မှုများပြုလျက်ခဲ့ကြောင်း ယခုထက်တိုင် ပြုလုပ်နေဆဲ ဖြစ်သည်ဟု ပြောကြားထားသည်။

RSO အဖွဲ့များ၏ အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်သည်းခံနေမည်မဟုတ်ကြောင်းကိုလည်းပြောဆိုထားရှိသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း အသိပေးသည်ဟုပြောထားသည်။

ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များဖြစ်သည့် RSO, ARSA, ARA, RIM, ARO တို့သည် ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေသည့်အတွက် ဒုက္ခသည်ဘင်္ဂလီများအကြား အကြောက်တရားနှင့် မလုံခြုံမှုများ တိုးပွားလာနေပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံး ဝင်ရောက်ဖမ်းဆီး အရေးယူရန် တောင်းဆိုမှုများလည်း မြင့်တက်လျက်ရှိသည်။

#everyonehighlightsfollowers
#refugeecamp_bangladesh
#bangli
#terrorist
#RSO
#everyonehighlights
👍1
၁၉၄၂ ခုနှစ် ရက္ခိုင်လူမျိုး ၃၀၀၀၀ခန့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်း၊အောက်မေ့ကြောင်း (AAC) ထုတ်ပြန်

AK Media Live
မေ ၁၇ ၊ ၂၀၂၆

၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် အာရက္ခ​ပြည်အတွင်း ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး ပျက်ပြားသွားစဉ်က လက်နက်ကိုင် ဘင်္ဂါလီအုပ်စုများ၏ စနစ်တကျ တိုက်ခိုက်မှုကြောင့် ရက္ခိုင်လူမျိုးများအပါအဝင် အာရက္ခဒေသက အပြစ်မဲ့ မျိုးနွယ်စုအရပ်သား ၃၀,၀၀၀ ခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် သမိုင်းဝင်ဖြစ်ရပ်ဆိုးအပေါ် ဝမ်းနည်းကြေကွဲကြောင်းနှင့် အောက်မေ့သတိရကြောင်း ARAKAN AMERICAN COMMUNITY (AAC) က မေလ ၁၃ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဘင်္ဂလီအကြမ်းဖက်များ၏ အကြမ်းဖက်မှုများကြောင့် ရက္ခိုင်ကျေးရွာပေါင်း ၂,၀၃၀ ကျော် ဖျက်ဆီး၊ သိမ်းပိုက်ခံခဲ့ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး အမျိုးသမီး ရာပေါင်းများစွာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း၊ ၎င်းကျေးရွာအများစုမှာ နောက်ပိုင်းတွင် ဘင်္ဂလီအခြေချရာနေရာများ ဖြစ်သွားခဲ့ပြီး ယနေ့တိုင် နဂိုခြေအနေအတိုင်း ပြန်မရရှိသေးကြောင်း (AAC) က ဖော်ပြထားသည်။

လက်နက်ကိုင် ဘင်္ဂါလီ ပြည်သူ့စစ်များ၊ အစွန်းရောက်အုပ်စုများနှင့် နောက်ပိုင်းတွင် ပေါ်ပေါက်လာသော မူဂျာဟစ်နှင့် ဆက်နွှယ်သည့် လှုပ်ရှားမှုများသည် ရက္ခိုင်မြောက်ပိုင်းမှ ရက္ခိုင်မျိုးနွယ်စုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ၊ အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုများနှင့် အကြမ်းဖက်မှုများကို မည်သို့လုပ်ဆောင်ခဲ့ကြသည်ကို သမိုင်းဝင် ဖြစ်ရပ်များနှင့် သက်သေထွက်ဆိုချက်များရှိနေကြောင်း (AAC)ကဆိုထားသည်။

AAC အနေဖြင့် ၁၉၄၂ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ရခိုင်လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးရေးအကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် လူမှုအသိုက်အဝန်းအကြား ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည့် မူဂျာဟစ်သူပုန်လှုပ်ရှားမှုများနှင့် ရိုဟင်ဂျာအမည်ခံအစွန်းရောက် ဘင်္ဂလီအကြမ်းဖက် အဖွဲ့အစည်းများကိုလည်း ရှုတ်ချကြောင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါဖြစ်ရပ်များမှာ ဗြိတိသျှကိုလိုနီအစိုးရအုပ်ချုပ်စဥ်ကသွေးခွဲအုပ်ချုပ်ရေးနှင့် လူမျိုးစုများကို လက်နက်တပ်ဆင်ပေးခဲ့သည့် မူဝါဒများကြောင့် ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့ပြီး ဗြိတိန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရက္ခိုင် လူမျိုးများ၏ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို လျစ်လျူရှုခြင်း၊ ပယ်ဖျက်ခြင်း တစ်ဖက်သတ်ပြောဆိုချက်များကိုလည်း မျှတစွာ အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။

၁၉၄၂ ခုနှစ် မေလ ၁၃ ရက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ရက္ခိုင်လူမျိုးများအတွက် တရားမျှတမှု၊ သမိုင်းဝင်အမှန်တရား၊ လူသားဂုဏ်သိက္ခာနှင့် ရက္ခိုင် ပြည်သူများနှင့် ဘိုးဘွားပိုင် ဇာတိမြေကို ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ပြုပါကြောင်း ထုတ်ပြန်ထားပါသည်။

Photo - ARAKAN AMERICAN COMMUNITY (AAC)ထုတ်ပြန်ချက်

#everyonehighlightsfollowers
#statement_AAC
#massacre
#everyonehighlights
❤2😢1
❤2😢2