Slime Rancher (Android)
Link - https://apkvision.org/games/action/slime-rancher-106836/
iOS တွေ၀ယ်ဆော့ရပါမယ်။

❤7⚡2👍1👏1
Slime Rancher (Android/iOS)
Admin ကိုယ်တိုင်အရမ်း Hype နေတဲ့ PC ပေါ်ကဂိမ်းက mobile ပေါ်ကို official ထွက်လာခဲ့ပါပြီ။အရင်က unofficial port တွေရှိပေမယ့် error ပေါင်းသောင်းခြောက်ထောင်နဲ့မို့ဆော့ရတာအဆင်မပြေခဲ့ပါဘူး။ဒီဂိမ်းက PC ပေါ်မှာလူကြိုက်များသလို အရမ်းကို chill လို့လည်းကောင်း relax လည်းဖြစ်သလို adventure ဂိမ်းရဲ့အရသာကိုပါမပျက်သွားလို့ ဆော့ကြည့်ကြဖို့ highly recommend ပေးချင်ပါတယ်။
Story (Spoiler alert)
====
အစက ဇာတ်လမ်းကို မပြောပြတော့ဘူးလုပ်ပေမယ့်လည်း developer တွေပေးချင်တဲ့ message က လေးနက်လွန်းလို့ ဇာတ်လမ်းအစဆုံးကိုအကျဉ်းချုပ်ပြောပြဖို့ဖြစ်သွားတာပါ။
ကမ္ဘာမြေကနေ အလင်းနှစ်တစ်ထောင်ကွာဝေးတဲ့ Far,Far Range ဆိုတဲ့ဂြိုလ်ကို Beatrix ဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။player ကသူ့နေရာကနေ ကစားရမှာပါ။ဂိမ်းဆော့ရင်းနဲ့ Beatrix ဆီကို ကမ္ဘာပေါ်မှာကျန်နေခဲ့တဲ့ သူ့ရဲ့ချစ်သူ Casey က mail တွေနဲ့စာတွေအချိန်မှန်မှန်ပို့ပေးပါတယ်။ဒီစာတွေကနေတစ်ဆင့် Beatrix နဲ့ Casey ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီး ကမ္ဘာပေါ်မှာတုန်းက သူတို့နှစ်ယောက်ဟာ ဂီတပွဲတွေမှာဖျော်ဖြေပေးသူတွေဆိုတာသိလိုက်ရပါတယ်။တစ်ချိန်မှာတော့ Beatrix ဟာ ရိုးရှင်းလွန်းတဲ့သူ့ရဲ့ဘ၀ကိုစိတ်ကုန်လာပြီး စွန့်စားခန်းအသစ်တွေလုပ်ဖို့ရာ Far,Far Range ဆိုတဲ့ဂြိုလ်ကိုထွက်လာခဲ့ပါတယ်။ချစ်သူဖြစ်သူ Casey ကတော့ ကမ္ဘာပေါ်မှာကျန်ခဲ့တာပေါ့။
Far,Far Range ဂြိုလ်ပေါ်ကတစ်ခြားသူတစ်ယောက်
======
Beatrix ဟာ ဂြိုလ်ပေါ်မှာ slime တွေမွေး နယ်မြေသစ်တွေရှာဖွေရင်းနဲ့ သူ့မတိုင်ခင် ဒီဂြိုလ်ပေါ်ကိုအရင်ရောက်ခဲ့တဲ့ Hobson ဆိုတဲ့လူကြီးချန်ထားခဲ့တဲ့ မှတ်တမ်း(logs) တွေကိုရှာတွေခဲ့ပါတယ်။ဒီမှတ်တမ်းတွေကနေတစ်ဆင့် Hobson ဆိုတာလည်း Beatrix လိုမျိုး စကြ၀ဠာကြီးကိုရှာဖွေမှုတွေလုပ်ချင်တဲ့သူဖြစ်ပြီး Far,Far Range ဂြိုလ်မှာဆယ်စုနှစ်ကျော်နေထိုင်ရင်းနဲ့ ဂြိုလ်တစ်ဖက်ခြမ်းက Thora ဆိုတဲ့ကောင်မလေးနဲ့ Email တွေပို့ဖြစ်ခဲ့ကြပြီး သံယောဇဉ်တွေနက်ရှိုင်းလာခဲ့ပါတယ်။ဒီဂိမ်းရဲ့ Ending နေရာဖြစ်တဲ့ The Glass Desert ဆိုတဲ့နေရာကို Hobson ရှာတွေ့သွားတော့ အဲ့နေရာမှာ အလင်းနှစ်ထောင်ချီဝေးတဲ့နေရာတွေကို teleport လုပ်ပြီးချက်ချင်းသွားနိုင်မယ့် "Ancient Teleporter" ကြီးကိုလည်းတွေ့လိုက်ရပါတယ်။
အဲ့အချိန်မှာ Hobson စဉ်းစားတယ်။သူ့အနေနဲ့ ဒီ Ancient Teleporter ကြီးကိုသုံးပြီး သူ၀ါသနာပါတဲ့စကြာ၀ဠာကြီးကိုရှာဖွေမှုတွေပိုလုပ်နိုင်မယ်။ဒါပေမယ့် တစ်ဖက်မှာလည်း ချစ်ရသူ Thora နဲ့ဝေးသထက်ဝေးသွားမယ်။နောက်ဆုံးမှာတော့ စကြာ၀ဠာကိုရှာဖွေပြီးအချိန်ကုန်ဆုံးတာထက် ချစ်ရသူနဲ့အတူတူဘ၀ကိုဖြတ်သန်းရတာက ပိုပြီးတန်ဖိုးရှိတယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့် သူဖြစ်ချင်တာကိုစွန့်လွှတ်ပြီး ကမ္ဘာတစ်ဖက်ခြမ်းက Thora နဲ့ဘဲအချိန်တွေကုန်ဆုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
တစ်ဖက်ကBeatrix နဲ့ Casey တို့မှာလည်း ဂိမ်း ending ပိုင်းမှာ ကမ္ဘာမြေမှာကျန်ခဲ့တဲ့ Casey က "Beatrix ရဲ့ရွေးချယ်မှုကိုအပြစ်မမြင်ကြောင်း၊ဘယ်လောက်ဘဲဝေးပါစေ အချစ်တွေမပျက်ကြောင်းနဲ့၊ဘာတွေဘဲဖြစ်လာဖြစ်လာ အမြဲတန်းသူ့ရဲ့အနောက်မှာရှိနေမှာဖြစ်ကြောင်း"စာပို့လာပါတယ်။
Developer တွေပေးချင်တဲ့ message
=====
Brother တို့ story ကိုဖတ်ကြည့်လိုက်ရင် Beatrix နဲ့ Hobson တို့အဖြစ်က ဆန့်ကျင်ဘက်တွေဆိုတာသတိထားမိလိမ့်မယ်။တစ်ယောက် ချစ်ရသူကိုရွေးချယ်ခဲ့တယ်..တစ်ယောက်ကတော့ သူ့ဝါသနာကိုရွေးချယ်ခဲ့တယ်။
အနေဝေးကွာနေပါစေ သို့မဟုတ် အတူရှိနေပါစေ၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလည်နားလည်မှုနဲ့ ချစ်ရသူတွေကိုတန်ဖိုးထားဖို့လိုပါတယ်။လက်တွေ့ဘ၀မှာလည်း ရည်မှန်းချက်နောက်ကိုလိုက်နေတာ စီးပွားတွေကုန်းရုန်းရှာနေတာနဲ့ အချိန်မကုန်သင့်ဘဲ အနီးနားကသူငယ်ချင်း ချစ်ရသူတွေ မိသားစုတွေကိုလည်းတန်ဖိုးထားအချိန်ပေးဖို့လိုတယ်ဆိုတာကို dev တွေက message ပေးချင်တာဖြစ်ပါတယ်။
Gameplay
========
Admin ဒီကောင့်ရဲ့ gameplay ကိုမပြောခင်မှာ ဂိမ်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်လေးတွေကိုအရင်ပြောပြချင်တယ်။အဓိက ဆွဲဆောင်မှုတွေထဲကတစ်ခုက ဂြိုလ်ပေါ်က slime လေးတွေရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေပေါ့နော်။သူတို့ရဲ့ပုံစံက အရည်ရွှမ်းရွှမ်း လုံးလုံးဝိုင်းဝိုင်းနဲ့ အူယားစရာလေးတွေ။အဓိက gameplay core ကလည်း slime လေးတွေကိုမွေးပြီးပိုက်ဆံရှာရတာပါ။
ကိုယ်မွေးထားတဲ့ slime တွေကို သစ်သီးတွေ အသားတွေ သူတို့ကြိုက်တဲ့စားစရာတွေကျွေးတဲ့အခါမှာ သူတို့က plort ဆိုတဲ့အရာလေးတွေစွန့်ထုတ်ပေးတယ်။အဲ့ plort တွေကိုပြန်ရောင်းရင် ပိုက်ဆံရပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ ခြံတိုးချဲ့တာတွေနဲ့ ကိုယ့်ရဲ့ gadget တွေကို upgrade လုပ်ရတာပါ။
Slime တွေကိုမျိုးစပ်ခြင်း
=====
Far,Far Range ဆိုတဲ့ဂြိုလ်ကြီးပေါ်မှာ slime မျိုးစိတ်တွေအများကြီးရှိနေပြီး ထူးခြားတာတစ်ခုက Slime မျိုးစိတ်တစ်ခုရဲ့ plort တွေကို တစ်ခြား slime မျိုးစိတ်တစ်ခုက စားမိရင် နောက်ထပ် Slime မျိုးစိတ်အသစ်တစ်ခုဖြစ်သွားတာပါ။ဥပမာ ခေါင်းမှာအချွန်အတက်တွေပါတဲ့ rock slime တွေရဲ့ plort ကို Pink slime တွေက စားမိရင်

❤7
သူတို့ပါခေါင်းမှာအချွန်တက်တွေပေါက်လာတာပါ။ဒီလို မျိုးစပ် slime တွေကို Largo slime လို့ခေါ်ပါတယ်။player ကအဲ့အချက်ကိုအသုံးချပြီး ဈေးကြီးတဲ့ plort တွေရမဲ့ slime အသစ်တွေ ထူးထူးဆန်းဆန်း slime မျိုးစိတ်အသစ်တွေကို ကိုယ့်စိတ်ကြိုက် လျှောက်ပြီးမျိုးစပ်ပစ်လို့ရပါတယ်။တခါတလေတော့ လက်လွန်ကြက်သွန်တွေဖြစ်သွားပြီး ရန်လိုတတ်တဲ့ slime တွေလည်းထွက်လာတတ်ပါတယ်။တစ်ခုသတိထားရမှာက Slime တစ်ကောင်က မတူညီတဲ့ Plort နှစ်ခုကိုစားမိတဲ့အခါမှာ Monster slime အဖြစ်ပြောင်းလဲသွားတာပါ။ဒီကောင်တွေကို Tarr လို့ခေါ်ပြီး အဲ့ကောင်တွေက ခြံထဲကဟာတွေအကုန်လိုက်ဖျက်ဆီးသလို တခြား slime ကောင်တွေကိုပါ zombie virus လိုကူးစက်ကုန်တာပါ။ဒါကြောင့် chill ဂိမ်းဆိုပေမယ့်လို့ ဆော့ရတာ challenge တော့ဖြစ်ပါတယ်။
Upgrade system နဲ့ npc များ
====
အစပိုင်းမှာ slime တွေအစာကျွေးလိုက် plort တွေရောင်းလိုက်နဲ့ဘဲဆိုပေမယ့် နောက်ပိုင်းရောက်လာတဲ့အခါ science tab တွေပွင့်အောင်လုပ်ပြီး world ထဲ resources တွေကနေတစ်ဆင့် အသုံး၀င်မဲ့ ပစ္စည်းတွေကို craft လုပ်နိုင်မှာပါ။နောက်ပြီး world ထဲက သူတို့ကိုယ်ပိုင်နယ်မြေတွေမှာ မွေးမြူရေးလုပ်နေတဲ့ npc တွေကလည်း Range Exchange ကနေတစ်ဆင့် " ငါ့ကို slime ဘယ်နှစ်ကောင်နဲ့ ဘယ်ပစ္စည်းတွေကိုပို့ပေး" ဆိုပြီး quest တွေလာပေးပါတယ်။သူတို့ပေးတဲ့ quest တွေလုပ်ပေးတဲ့အခါမှာ ကိုယ့်ကိုလည်း တန်ဖိုးရှိတာတွေပြန်ပေးပါတယ်။ဒီထဲမှာ နောက်ပိုင်းရောက်လေလုပ်စရာတွေကျယ်ပြန့်လာလေပါဘဲ။စာအရမ်းရှည်မှာစိုးလို့ ကျန်တဲ့ feature တွေကို brother တို့ဆော့ကြည့်ရင်းလေ့လာလိုက်ပါ။
Review
======
ဒီဂိမ်းကိုအပြင်ပိုင်းကြည့်လိုက်ရင် မွေးမြူရေးလုပ်ရတာတစ်ခုဘဲ ဘာလို့အဲ့လောက်တောင်လူကြိုက်များနေလဲဆိုပြီးမေးစရာရှိတယ်။တကယ်ဆော့ကြည့်လိုက်ရင် ဒီဂိမ်းက အရမ်းကို satisfied ဖြစ်ပြီး Player ကို dopamine အရမ်းပေးတာဗျ။အပေါ်မှာပြောသလို slime လေးတွေကလည်းချစ်စရာကောင်းပြီး ဗိုက်ဆာနေချိန်ဆိုရင် မျက်နှာလေးတွေကသနားစရာပုံစံလေးတွေဖြစ်သွားသလို အစာကျွေးလိုက်ရင် မျက်လုံးလေးတွေမှိတ်ပြပြီးပျော်နေသေးတာ။အထူးသဖြင့် Tabby slime လို့ခေါ်တဲ့ ကြောင် slime တွေဆိုရင် လူနားကိုသူတို့ကိုယ်လုံးလေးနဲ့တိုးဝှေ့ပြီး လာချွဲတာက player ကိုတော်တော်လေးအရည်ပျော်စေတာပါ။ပြောရရင် သူတို့ပုံကချစ်စရာအရမ်းကောင်းနေတော့ ကိုယ့်ကို damage ထိစေတဲ့တချို့ slime တွေကိုတောင်အပြစ်မမြင်ရက်ဘူး။နောက်ပြီး သူတို့တွေခုန်တဲ့အခါ "ဘလော့ ဘလော့" နဲ့ထွက်လာတဲ့အသံလေးတွေကအစ player ရဲ့နားထဲမှာဆွဲကျန်နေပြီး ဘာမှမလုပ်ဘဲ သူတို့ဆော့နေတာကိုထိုင်ကြည့်နေရတာကို relax ဖြစ်စေတာပါ။
Open world ကြီးဖြစ်တာကြောင့် player ကလွတ်လပ်မှုအပြည့်ရပြီး နယ်မြေအသစ်တွေလိုက်ရှာတဲ့အခါမှာ ဘယ်နေရာမှာ ဘယ်လို slime အသစ်တွေတွေ့ရဦးမလဲဆိုပြီး အမြဲတန်းစိတ်လှုပ်ရှားနေရတာပါ။
Mobile port ကိုတော့ PC ဂိမ်းတွေ mobile ပေါ်ပို့ပေးနေကျ playdigious ကဖြစ်လို့ graphic quality မကျသွားသလို ဆော့ရတာကလည်းအရမ်း smooth ဖြစ်ပါတယ်။touch screen control ပိုင်းကလည်း fluid ဖြစ်ပြီး fully controller support ပေးတာကြောင့် controller နဲ့ဆော့ရင် console experience ကိုရစေမှာပါ။playdigious ဆိုတာ optimization ပိုင်းမှာလည်းဆရာတစ်ဆူဖြစ်တာကြောင့် low device တွေလည်း graphic လျှော့ဆော့ရင် heating issues တွေမကြုံရဘဲ အေးဆေး run နိုင်ပါတယ်။
====
Size - 582mb
Type - offline
Minimum requirements - Android 10,Ram 4, Snapdragon 700+
Controller support - yes
=====
#Survival
#Adventure

❤16
Forwarded from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️
Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို
စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
Premium Space Items List For U✅
------------------------------
About Telegram Premium✔️
About Telegram Star⭐️
Express Premium VPN User Guide🚀
About Chat GPT
Sale Proof ကြည့်နည်း⏩ Click here
ဝယ်ချင်တဲ့ Premium/Subscription
တွေရှိရင်လဲ
⤵️
Admin💘 @ZoYENix 💸
မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။
Premium Space ltem List✔️
https://t.me/PremiumSpaceMM/103
Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို
စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
Premium Space Items List For U
------------------------------
Telegram premium⭐️
About Telegram Premium
Telegram Star⭐
About Telegram Star
TON📱
Mobile Legends Diamond💎
Lets VPN🚀
Jump Jump Premium VPN⏫
Express Premium VPN📱
Express Premium VPN User Guide
Outline Premium VPN📱
ChatGPT Plus📱
About Chat GPT
Gemini Pro📱
Spotify Premium📱
YouTube Premium📱
Netflix📱
Capcut Pro📱
TikTok Coin📱
Viber Plus📱
Google Play Store📱
Sale Proof ကြည့်နည်း
ဝယ်ချင်တဲ့ Premium/Subscription
တွေရှိရင်လဲ
Admin
မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။
Premium Space ltem List
https://t.me/PremiumSpaceMM/103
Please open Telegram to view this post
VIEW IN TELEGRAM
❤7❤🔥1🥰1🤓1
Roller Coaster Tycoon Classic (Android/iOS)
Android - https://apkvision.org/games/strategy/rollercoaster-tycoon-classic-4924/
iOS - https://iosvizor.com/games/simulation/rollercoaster-tycoon-classic-plus/
Note - iph မကိုင်ဘူးလို့ IPA file install တင်နည်းကိုမသိပါဘူး။Ai ကိုမေးကြည့်ကြပါ iOS သမားများ

❤8🥰1
Roller Coaster Tycoon Classic (Android/iOS)
ဒီတစ်ခါတော့ဂေါင်းကြီးတို့က စီးပွားရေးသမားကြီးလုပ်ရမှာပါ။ရယ်လည်းရယ်ရ အရမ်းလည်းအသေးစိတ်ကျတာမို့လို့ city-building, simulation management ဂိမ်းတွေရှာနေသူတွေအကြိုက်တွေ့ကြမှာပါ။
Gameplay
=======
ဒီကောင့်ရဲ့ gameplay က အစပိုင်းမှာ တခြား simulation ဂိမ်းတွေလို ပိုက်ဆံအလကားပေးထားတာမဟုတ်ဘဲ ဘဏ်ကနေအကြွေးစနစ်နဲ့ပေးထားတာဗျ။ဒီချေးထားတဲ့ငွေတွေနဲ့ ကျနော်တို့ပိုင်တဲ့ park ကြီးကို ကစားကွင်းအဖြစ်ပြောင်းလဲရမှာပါ။
ဂိမ်းနာမည်က roller coaster tycoon ဆိုပေမယ့် player အနေနဲ့ roller coaster တွေတင်မကဘဲ ချားတွေ ၊ ရဟတ်တွေ ၊သရဲအိမ်တွေ ၊ရေပေါ်ကစားနည်းတွေအစုံဆောက်ပြီး ပိုက်ဆံရှာရတာပါ။ကိုယ်ဆောက်ထားတဲ့ အဆောက်အဦးရဲ့၀င်ကြေးတွေကိုလည်းစိတ်ကြိုက်သတ်မှတ်လို့ရပါတယ်။
ဂိမ်းထဲမှာသာမာန်အဆောက်အဦး ကစားစရာလေးတွေဆောက်တာ ပြဿနာသိပ်မရှိပေမယ့် roller coaster တွေဆောက်ပြီဆိုရင်တော့ ဂိမ်းရဲ့ physics ပိုင်းကစကားပြောလာပါတယ်။roller coaster တွေရဲ့အလုပ်လုပ်ပုံက ပထမအမြင့်ဆုံးနေရာကနေ အရှိန်ယူပြီးဆင်းတဲ့ပုံစံပါ။အဲ့တာကိုမသိဘဲ ပထမဆုံးတောင်ကုန်းနေရာကနိမ့်နေပြီး နောက်တစ်နေရာကအဲ့ထက်မြင့်နေတဲ့ပုံဆောက်ထားရင် အပေါ်ကိုဆက်မတက်တော့ဘဲ ရပ်နေတာမျိုး၊ နောက်ကိုပြန်လှိမ့်သွားတာမျိုးတွေဖြစ်ပါတယ်။ဒါဆိုရင် မောင်းတဲ့အရှိန်မြှင့်ပစ်လိုက်မှာပေါ့လို့ပြောစရာရှိပေမယ့် အရှိန်အရမ်းမြန်တဲ့အခါမှာ ကွေ့တွေ၊ အတက်တွေမှာ အရှိန်လွန်လမ်းချော်ပြီးမြေပြင်ပေါ်ကျသွားပြီး လူသေတာတွေအထိဖြစ်တာပါ။ဒီလိုတွေဖြစ်ပါများလာရင် ကစားကွင်းရဲ့ rating ကျလာပြီး လူတွေမလာတော့ဘဲအရှုံးပေါ်သွားပါတယ်။
Unique Features များ
=====
ဒီလိုဆောက်ရတာတွေကတခြား simulation ဂိမ်းမှာလည်းပါတာဘဲ ဘာထူးဆန်းလို့လဲမေးစရာရှိလိမ့်မယ်။
ဒီဂိမ်းက Tycoon ဂိမ်းပီပီ လုံး၀စီးပွားရေးသမားတစ်ယောက်လိုတွေးခေါ်ရပြီး npc တွေဆီကငွေညှစ်ရတာဗျ။ဥပမာ-ကျနော်တို့က park ထဲမှာထီးဆိုင်ဖွင့်လိုက်မယ်ဆိုပါစို့။သာမာန်အချိန်မှာ ထီးတစ်ချောင်းကို 2$ နဲ့ရောင်းတယ်ဆိုပေမယ့် မိုးရွာချိန်ကျရင် ထီးတစ်ချောင်းကို 20$ ထိတင်ရောင်းလိုက်လို့ရတယ်။လူတွေကလည်း မိုးစိုမှာကြောက်တော့ အောင့်သက်သက်နဲ့ဘဲ 20$ ပေးပြီး၀ယ်သွားကြတာပေါ့😆။
နောက်ပြီး ကစားစရာတစ်ခုစီတိုင်းမှာ Excitement level,intensity level နဲ့ Nausea level ဆိုပြီးရှိကြတယ်။Exciment level များပြီး ကစားစရာက popular ဖြစ်နေချိန်မှာဆို အဲ့ကစားစရာအတွက်ပိုက်ဆံတိုးကောက်လိုက်လို့ရပါတယ်။Intensity level မြင့်နေရင်တော့ လူတွေကကြောက်လို့မစီးရဲကြတော့ဘူး။Nausea မြင့်နေတဲ့ဟာတွေဆိုရင် လူတွေစီးပြီးတဲ့အခါ ကစားကွင်းထဲမှာပျို့အန်တာတွေဖြစ်ကုန်ရော။အဲ့ကျရင် သန့်ရှင်းရေးလုပ်ဖို့ရာ အလုပ်သမားတွေခန့်ရတာ၊ အမှိုက်ပုံးတွေထားပေးရတာတွေလုပ်ရပါတယ်။နောက်ပိုင်း လူများလာချိန်မှာဆို တချို့လူတွေက အကြောင်းအမျိုးမျိုးကြောင့် Angry ဖြစ်သွားချိန်ဆိုရင် ကစားကွင်းထဲကခုံတွေရိုက်ချိုးတာမျိုး ပစ္စည်းတွေဖျက်ဆီးတာမျိုးတွေလုပ်ကြတယ်။အဲ့တာမျိုးတွေအတွက်လည်း guard တွေ security တွေခန့်ရပါတယ်။
နောက်ပြီးတော့ ဒီဂိမ်းထဲမှာ အလှဆင်တဲ့ပစ္စည်းတွေကလည်း တခြားဂိမ်းတွေလိုအလကားဖြစ်ေနတာမဟုတ်ဘဲ excitement level ကိုမြင့်ပေးတယ်။ဥပမာ သရဲအိမ်နားမှာ Halloween ဆန်တဲ့အပြင်အဆင်တွေချပေးထားတာမျိုး အဲ့နားမှာဘဲကျားရုပ်ထဲ၀င်ပြီးသရုပ်ပြမဲ့ joker တွေငှားပြီးထားထားတာမျိုးတွေက သရဲအိမ်ရဲ့ popularity ဖြစ်မှုကိုကျမသွားစေဘူးပေါ့။ဂိမ်းထဲမှာ feature တွေကအများကြီးဘဲ..ရေးမယ်ဆို စာတော်တော်ရှည်သွားလိမ့်မယ်။
Review
======
ဒီဂိမ်းက micro management လုပ်ရလို့လွယ်ကူတဲ့ထဲတော့မပါပေမယ့် ဆော့ရတာတော်တော်လေး fun ဖြစ်တာပေါ့နော်။အထူးသဖြင့် npc တွေဆိုရင် မိုးရွာရင် ခပ်သုတ်သုတ်ပြေးနေကြတာတွေ နေရာတကာမှာလိုက်အန်နေတဲ့အသေးစိတ်တွေထိပါပြီး သူတို့ကိုကြည့်ရတာတော်တော်လေးရယ်ရတယ်။ကလေးတွေဆိုရင်လည်း ကစားပြီးရင်ခုန်ပေါက်ပြီးပြန်ထွက်လာတာမျိုး၊ ပျော်လို့အော်ဟစ်နေကြတာတွေက ဂိမ်းကိုပိုပြီးအသက်၀င်သလို "အော်..ငါဆောက်ထားတဲ့ကစားကွင်းကြီးမှာ ပျော်နေကြတာဘဲ" ဆိုတဲ့ စိတ်ကျေနပ်မှုကိုလည်းပေးပါတယ်။
ဒီဂိမ်းက Scenario ပုံစံနဲ့ level တစ်ခုချင်းဆော့ရတာဖြစ်ပြီး level တစ်ခုစီတိုင်းမှာ challenge အသစ်တွေ feature အသစ်လေးတွေ ထပ်တိုးလာလို့ဆော့ရတာပျင်းစရာတော့မကောင်းပါဘူး။
ဒီလောက်မိုက်တဲ့ဂိမ်းက sandbox mode မပါလို့ Player တွေက sandbox ထည့်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်လည်း ဂိမ်းဖန်တီးသူ Chris Sawyer ကတော့ ဒီလိုဂိမ်းမျိုးကို ပိုက်ဆံကြိုက်သလောက်သုံးနိုင်တဲ့ sandbox mode ထည့်ပေးလိုက်ရင် ခဏလေးနဲ့ရိုးအီသွားမှာစိုးလို့ ထည့်မပေးတာလို့ပြောပါတယ်။
Chris Sawyer ဆိုလို့ ဂိမ်းထဲမှာ npc တစ်ယောက်ရဲ့နာမည်ကို Chris Sawyer ဆိုတဲ့နာမည်ပေးလိုက်ရင် အဲ့ npc ကဘာမှလိုက် မကစားတော့ဘဲ ကစားကွင်းကိုဖုန်းနဲ့ဓာတ်ပုံပါတ်ရိုက်နေတဲ့ Easter egg ပါပါတယ်။တခြား Easter egg တစ်ခုလည်းရှိသေးတယ်ဆိုပေမယ့် စာလည်းရှည်နေပြီ ရေးရင်းနဲ့လည်းပျင်းလာလို့ ဒီလောက်ပါဘဲ။