Android Zone
31.7K subscribers
2.11K photos
17 videos
15 files
412 links
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ်
ကြော်ညာထည့်လိုလျှင် @kaung234
Download Telegram
Forwarded from PREMIUM SPACE
Telegram Premium ⭐️

Telegram Premium Update Price List ⭐️ ($ Plan)
----------------------------
1 Month - 21000 Ks(Login)

SMS Fee - 8500 Ks (Login)

Gift Plan ($) Within 10 Mins(Official)

3 Months -   56000 Ks⭐️

6 Months -   76500 Ks⭐️

12 Months - 132000 Ks⭐️

ကြာချိန် - 10 မိနစ်

Note - $ Gift Plan တွေဝယ်မယ်ဆိုရင်
username တစ်ခုသာ
ပေးဖို့လိုအပ်ပါတယ်။

Mmk Link

3 Months - 49000 Ks

6 Months - 70000 Ks

12 Months - 120000 Ks

ကြာချိန် - (၁နာရီအတွင်း)

Telegram Premiumအပြင်
အခြားဝယ်ယူချင်တဲ့Itemတွေရှိရင်လဲ
        ⤵️
💘@ZoYENix💸
မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။

Telegram Premium နဲ့ပတ်သက်ပြီးသိချင်ရင် အောက်က Linkကတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။
https://t.me/PremiumSpaceMM/1249
Please open Telegram to view this post
VIEW IN TELEGRAM
5👏2
6🥰1👏1
Wytchwood (Android/iOS) Repost

ရုပ်ရှင်တွေ animation တွေမှာ စုန်းမကိုကောက်ကျစ်တဲ့ character အဖြစ်ပုံဖော်ထားတာများပေမယ့် ဒီဂိမ်းထဲမှာတော့ထူးထူးဆန်းဆန်း ကိုယ်ကစုန်းမနေရာကနေကစားရမှာပါ။Diseny animation တွေထဲကလို fairytale ကမ္ဘာကြီးထဲမှာဇာတ်လမ်းတွေဖြစ်ပျက်နေတာကြောင့် visual ပိုင်းတွေ character design တွေက unique ဖြစ်နေပါတယ်။

အရင်တုန်းကတစ်ခါတင်ဖူးပေမယ့် review သေချာမလုပ်ပေးလိုက်ရတာကြောင့်ကော အခု YouTube video ထဲမှာဒီဂိမ်းကိုထည့်ချင်တာကြောင့်ပါ နောက်တစ်ခါတင်ဖြစ်သွားတယ်ဆိုပါတော့လေ။

Story
====

စုန်းမကြီးရဲ့အိမ်ဘေးအနီးနားက The Shrine ဆိုတဲ့နေရာမှာ အိပ်ပျော်နေတဲ့မင်းသမီးလေး "Sleeping Maiden" ရှိပါတယ်။တစ်ဖက်က ကျနော်တို့ဆော့ရမဲ့စုန်းမကြီးကတော့ memory lost ဖြစ်ပြီး မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးနေပါတယ်။တစ်ရက်မှာစုန်းမဆီကို ဆိတ်နက်ကြီးတစ်ကောင်ကရောက်လာခဲ့ပြီး အကြောင်းကတော့ တချိန်ကစုန်းမကြီးကသူ့ကိုပေးထားတဲ့ ကတိကြောင့်ပါ။စုန်းမကြီးအနေနဲ့ ခုနကအိပ်ပျော်နေတဲ့မင်းသမီးလေးကို နိုးထအောင်လုပ်ပေးမယ်လို့ကတိပေးထားပါတယ်။မင်းသမီးလေးကို နိုးထစေဖို့ဆိုရင် ဒီကမ္ဘာကြီးထဲက သတ္တဝါကြီးတွေရဲ့ ဝိဉာဉ်ဆယ့်နှစ်ခုကိုလိုက်ယူဖို့လိုပါတယ်။စုန်းမအနေနဲ့ မှတ်ဉာဏ်တွေပျောက်နေပေမယ့်လို့ သူပေးထားတဲ့ကတိဖြစ်နေတာကြောင့် ဝိဉာဉ်တွေကိုယူပြီး မင်းသမီးလေးကိုပြန်လည်နိုးထစေဖို့ လုပ်ပေးရမှာပါ။

ဂေါင်းကြီးတို့ဒီ story ကိုဖတ်ပြီး Disney ရဲ့ sleeping beauty နဲ့တူတယ်လို့ထင်မိကြလိမ့်မယ်။တကယ်တန်းအဲ့ထက်ကို dark ဖြစ်တဲ့ ဇာတ်လမ်းအလှည့်ပြောင်းတွေက မင်းသမီးနိုးထလာတဲ့အချိန်မှာသိလိုက်ရတာဘဲ။ဒီမင်းသမီးအိပ်ပျော်သွားတဲ့ နောက်ကွယ်ကအဖြစ်ပျက်တွေက ထင်ထားတာထက်ကို player ကို shock ရစေမှာပါ။

Gameplay Review
=======

အမှန်တိုင်းပြောရရင် ဒီဂိမ်းကို action အကြမ်းတမ်းတွေကြိုက်တဲ့ admin တောင်သဘောကျမိတယ်။gameplay ပုံစံကိုမြင်သာအောင်ပြောရရင် Don't Starve ကိုမှ cozy ဖြစ်တဲ့ version လေးပေါ့နော်။ဓားတွေ လက်သီးတွေသုံးပြီး combat တွေနဲ့တိုက်ခိုက်ရတာထက် စုန်းမပီပီ spell တွေ မန္တာန်တွေအသုံးပြီး enemy တွေကိုရင်ဆိုင်ရတာပါ။ဒီဂိမ်းရဲ့ ထူးခြားတဲ့အချက်က "witch eye" ဆိုတဲ့အရာပါတာဖြစ်ပြီး player အနေနဲ့ witch eye ကိုအသုံးပြုပြီး enemy တွေရဲ့အားနည်းချက်တွေနဲ့ ပတ်၀န်းကျင်ကပစ္စည်းတွေကို ဘယ်လိုအရာကိုအသုံးပြုပြီးယူရမလဲဆိုတာ သိနိုင်ပါတယ်။
ဥပမာ မြက်‌‌ခြောက်တွေကိုလိုချင်ရင် witch eye နဲ့မြက်ခြောက်ကိုထောက်ကြည့်လိုက်ပါ.. weakness က shred ဆိုပြီး ကတ်ကြေးပုံလေးနဲ့ပြပါတယ်။အဲ့အခါမှာ ကိုယ်က ကတ်ကြေးကို craft ဖို့ရာလိုအပ်တဲ့ resources တွေကို world ထဲမှာလိုက်ရှာရပါမယ်။
အဲ့လိုဘဲ အသက်၀င်နေတဲ့သစ်ပင်ကြီးကိုနှိမ်နင်းဖို့ရာ ဆိုရင် သူ့ရဲ့အားနည်းချက်ကို witch eye နဲ့ကြည့်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို world ထဲမှာလိုက်ရှာရပါတယ်။
အစပိုင်းမှာ ပစ္စည်းတွေက craft ရတာရိုးရှင်းပေမယ့်လည်း နောက်ပိုင်းမှာအဆင့်ဆင့် craft ရတဲ့ chain crafting ပုံစံဖြစ်တာလာတာပါ။ဥပမာ ကျနော်တို့က သတ္တဝါတစ်ကောင်ကိုပညာပေးဖို့ရာ spell တစ်ခုလိုအပ်ပါတယ်၊အဲ့ဒီ spell ကိုရဖို့ရာလိုအပ်တဲ့ပစ္စည်းကို world ထဲက တခြားအကောင်တွေကိုထောက်ချောက်ဆင်ဖမ်းတာမျိုး ပစ္စည်းတွေလိုက်ရှာတာမျိုးနဲ့ရှာရတာပါ။ပါ၀င်ပစ္စည်းတွေကိုလည်း Grimorie ဆိုတဲ့ စုန်းမရဲ့လက်ဆွဲတော်စာအုပ်ကြီးနဲ့ကြည့်ရတာမို့လို့ ပစ္စည်းတွေကို grind လုပ်နေတယ်မခံစားရတော့ဘဲ အစီရင်အတွက်လိုက်ရှာနေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေတာပါ။
npc တွေနဲ့စကားပြောပြီး quest လုပ်လိုက်၊quest complete ဖို့ရာလိုအပ်တဲ့ပစ္စည်းလိုက်ရှာလိုက်နဲ့ ဒီလိုပုံချည်းဘဲ ထပ်တလဲလဲဆော့နေရတော့ ကြာရင်ပျင်းသွားနိုင်တယ်ဆိုတာ developer တွေကသိပါတယ်။ဒါကြောင့် နေရာအသစ်တွေထည့်ပေးထားပြီး ပြောင်းလဲသွားတဲ့ environment style နဲ့ ရင်ဆိုင်ရတဲ့ enemy အသစ်တွေက player ကိုအမြဲတန်း refresh ဖြစ်စေပြီး ရိုးအီသွားတာမျိုးကိုမဖြစ်စေပါဘူး။gameplay ပုံစံက adventure ဆန်ပေမယ့် cozy vibe လေးသွားထားတာကြောင့် အရမ်းကြီးခက်မှာမဟုတ်ဘဲ လိုအပ်တဲ့ resources တွေကို Grimorie စာအုပ်ထဲမှာ အချိန်မရွေးပြန်ကြည့်လို့ရတာကြောင့် ပစ္စည်းရှာဖို့ရာခေါင်းအရမ်းစားစရာမလိုဘဲ အေးအေးဆေးဆေးဆော့ချင်သူတွေအတွက် အကိုက်ဖြစ်မဲ့ gameplay ပါ။

Review
=====

ဒီဂိမ်းထဲမှာ admin သတိထားမိတာက fairytale ဆိုပေမယ့်လို့ dark fantasy ရဲ့အငွေ့သက်တွေကိုတွေ့ရတယ်။အထူးသဖြင့်တချို့သော character design တွေက monster ပုံစံပေါက်နေပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း နည်းနည်းစိတ်ခြောက်ခြားစရာကောင်းနေတာပါ။ဒါပေမယ့်လည်း hand-drawn 2d art style မှာ colorful ဖြစ်တဲ့ visual တွေကကြည့်ရတာ မျက်စိပဒါသဖြစ်ပါတယ်။အပေါ်မှာပြောသလိုဘဲ environment design အသစ်တွေနဲ့ player ကိုဆွဲခေါ်သွားသလို နောက်ခံတေးငြိမ့်ငြိမ့်လေးတွေကလည်း player ကိုဂိမ်းထဲမှာ ပိုပြီးနစ်မြောသွားစေပါတယ်။အထူးသဖြင့် Swamp biome မှာဆိုရင် ဖားအော်သံတွေ မိုးကျသံတဖြောက်ဖြောက်တွေက player ကိုအရမ်းကို relax ဖြစ်စေတာပါ။brother တို့အနေနဲ့ story
4
ကိုသေချာလိုက်ဖတ်မယ်ဆိုရင်လည်း စုန်းမရဲ့ personality က ဂျစ်ကန်ကန်၊ အတ္တကြီးသလိုဖြစ်နေပေမယ့်လည်း တကယ်တန်းသူ့ရဲ့လုပ်ရပ်တွေ၊ကူညီမှုတွေက စိတ်ထားကောင်းတယ်ဆိုတာပြနေပါတယ်။ဒါတွေဘာလို့ထည့်ပြောလဲဆိုရင် game ဆိုတာအနုပညာဆိုသလို developer တွေရဲ့အားစိုက်မှုကိုသိစေချင်လို့ပါ။
Cinematic အလန်းစားတွေနဲ့ဇာတ်လမ်းကိုဖော်ပြတာမဟုတ်ဘဲ dialogue တွေကနေတစ်ဆင့် story ကိုသိရတာပါ။ဒါကြောင့် cutscene တွေမှာဆိုရင်လည်း ရုပ်ပြစာအုပ်တစ်ခုကိုဖတ်နေသလိုခံစားနေရတာပါ။admin လိုသောက်ပျင်းတွေကတော့ အကုန်ကျော်မယ်ဆိုတာသိပါတယ်။

Gameplay ပိုင်းကိုသဘောကျမိပေမယ့်လည်း mobile port အတွက်ကတော့ perfect ဖြစ်နေတာတော့မဟုတ်ဘူးဗျ။အထူးသဖြင့် control ပိုင်းမှာ နည်းနည်းလေးလိုအပ်ချက်ရှိနေပြီး joystick က fixed ဖြစ်နေတော့ control ကကိုယ့်နောက်မလိုက်သလိုခံစားရတာပေါ့။တခါတလေ control ကိုနှိပ်လိုက်ပေမယ့်လည်း character က react မလုပ်တာတော့ရှိပါတယ်။ဒါကလည်း တခါတလေမှပါ..ပြန်ထွက်ပြီးပြန်၀င်လိုက်ရင်အဆင်ပြေပါတယ်။
Personally ခံစားချက်ကတော့ cozy ဖြစ်တယ်..တစ်ဖက်မှာလည်း adventure vibe ကိုခံစားမိပါတယ်။art work လေးကလည်း mobile ဂိမ်းတစ်ခုအတွက်အရမ်းလှပြီး စာအုပ်လေးတစ်အုပ်အပေါ်မှာလမ်းလျှောက်နေရတဲ့ခံစားချက်ကိုပေးမှာပါ။

=====

Size - 1.13gb

Type - offline

Minimum requirements - Android 11+,Ram 4, Snapdragon 700+

====

#Adventure
#Cozy
9
Slime Rancher (Android)

Link - https://apkvision.org/games/action/slime-rancher-106836/

iOS တွေ၀ယ်ဆော့ရပါမယ်။
72👍1👏1
Slime Rancher (Android/iOS)

Admin ကိုယ်တိုင်အရမ်း Hype နေတဲ့ PC ပေါ်ကဂိမ်းက mobile ပေါ်ကို official ထွက်လာခဲ့ပါပြီ။အရင်က unofficial port တွေရှိပေမယ့် error ပေါင်းသောင်းခြောက်ထောင်နဲ့မို့ဆော့ရတာအဆင်မပြေခဲ့ပါဘူး။ဒီဂိမ်းက PC ပေါ်မှာလူကြိုက်များသလို အရမ်းကို chill လို့လည်းကောင်း relax လည်းဖြစ်သလို adventure ဂိမ်းရဲ့အရသာကိုပါမပျက်သွားလို့ ဆော့ကြည့်ကြဖို့ highly recommend ပေးချင်ပါတယ်။

Story (Spoiler alert)
====

အစက ဇာတ်လမ်းကို မပြောပြတော့ဘူးလုပ်ပေမယ့်လည်း developer ‌တွေပေးချင်တဲ့ message က လေးနက်လွန်းလို့ ဇာတ်လမ်းအစဆုံးကိုအကျဉ်းချုပ်ပြောပြဖို့ဖြစ်သွားတာပါ။

ကမ္ဘာမြေကနေ အလင်းနှစ်တစ်ထောင်ကွာဝေးတဲ့ Far,Far Range ဆိုတဲ့ဂြိုလ်ကို Beatrix ဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။player ကသူ့နေရာကနေ ကစားရမှာပါ။ဂိမ်းဆော့ရင်းနဲ့ Beatrix ဆီကို ကမ္ဘာပေါ်မှာကျန်နေခဲ့တဲ့ သူ့ရဲ့ချစ်သူ Casey က mail တွေနဲ့စာတွေအချိန်မှန်မှန်ပို့ပေးပါတယ်။ဒီစာတွေကနေတစ်ဆင့် Beatrix နဲ့ Casey ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီး ကမ္ဘာပေါ်မှာတုန်းက သူတို့နှစ်ယောက်ဟာ ဂီတပွဲတွေမှာဖျော်ဖြေပေးသူတွေဆိုတာသိလိုက်ရပါတယ်။တစ်ချိန်မှာတော့ Beatrix ဟာ ရိုးရှင်းလွန်းတဲ့သူ့ရဲ့ဘ၀ကိုစိတ်ကုန်လာပြီး စွန့်စားခန်းအသစ်တွေလုပ်ဖို့ရာ Far,Far Range ဆိုတဲ့ဂြိုလ်ကိုထွက်လာခဲ့ပါတယ်။ချစ်သူဖြစ်သူ Casey ကတော့ ကမ္ဘာပေါ်မှာကျန်ခဲ့တာပေါ့။

Far,Far Range ဂြိုလ်ပေါ်ကတစ်ခြားသူတစ်ယောက်
======

Beatrix ဟာ ဂြိုလ်ပေါ်မှာ slime တွေမွေး နယ်မြေသစ်တွေရှာဖွေရင်းနဲ့ သူ့မတိုင်ခင် ဒီဂြိုလ်ပေါ်ကိုအရင်ရောက်ခဲ့တဲ့ Hobson ဆိုတဲ့လူကြီးချန်ထားခဲ့တဲ့ မှတ်တမ်း(logs) တွေကိုရှာတွေခဲ့ပါတယ်။ဒီမှတ်တမ်းတွေကနေတစ်ဆင့် Hobson ဆိုတာလည်း Beatrix လိုမျိုး စကြ၀ဠာကြီးကိုရှာဖွေမှုတွေလုပ်ချင်တဲ့သူဖြစ်ပြီး Far,Far Range ဂြိုလ်မှာဆယ်စုနှစ်ကျော်နေထိုင်ရင်းနဲ့ ဂြိုလ်တစ်ဖက်ခြမ်းက Thora ဆိုတဲ့ကောင်မလေးနဲ့ Email တွေပို့ဖြစ်ခဲ့ကြပြီး သံယောဇဉ်တွေနက်ရှိုင်းလာခဲ့ပါတယ်။ဒီဂိမ်းရဲ့ Ending နေရာဖြစ်တဲ့ The Glass Desert ဆိုတဲ့နေရာကို Hobson ရှာတွေ့သွားတော့ အဲ့နေရာမှာ အလင်းနှစ်ထောင်ချီဝေးတဲ့နေရာတွေကို teleport လုပ်ပြီးချက်ချင်းသွားနိုင်မယ့် "Ancient Teleporter" ကြီးကိုလည်းတွေ့လိုက်ရပါတယ်။

အဲ့အချိန်မှာ Hobson စဉ်းစားတယ်။သူ့အနေနဲ့ ဒီ Ancient Teleporter ကြီးကိုသုံးပြီး သူ၀ါသနာပါတဲ့စကြာ၀ဠာကြီးကိုရှာဖွေမှုတွေပိုလုပ်နိုင်မယ်။ဒါပေမယ့် တစ်ဖက်မှာလည်း ချစ်ရသူ Thora နဲ့ဝေးသထက်ဝေးသွားမယ်။နောက်ဆုံးမှာတော့ စကြာ၀ဠာကိုရှာဖွေပြီးအချိန်ကုန်ဆုံးတာထက် ချစ်ရသူနဲ့အတူတူဘ၀ကိုဖြတ်သန်းရတာက ပိုပြီးတန်ဖိုးရှိတယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့် သူဖြစ်ချင်တာကိုစွန့်လွှတ်ပြီး ကမ္ဘာတစ်ဖက်ခြမ်းက Thora နဲ့ဘဲအချိန်တွေကုန်ဆုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

တစ်ဖက်ကBeatrix နဲ့ Casey တို့မှာလည်း ဂိမ်း ending ပိုင်းမှာ ကမ္ဘာမြေမှာကျန်ခဲ့တဲ့ Casey က "Beatrix ရဲ့ရွေးချယ်မှုကိုအပြစ်မမြင်ကြောင်း၊ဘယ်လောက်ဘဲဝေးပါစေ အချစ်တွေမပျက်‌ကြောင်းနဲ့၊ဘာတွေဘဲဖြစ်လာဖြစ်လာ အမြဲတန်းသူ့ရဲ့အနောက်မှာရှိနေမှာဖြစ်ကြောင်း"စာပို့လာပါတယ်။

Developer တွေပေးချင်တဲ့ message
=====

Brother တို့ story ကိုဖတ်ကြည့်လိုက်ရင် Beatrix နဲ့ Hobson တို့အဖြစ်က ဆန့်ကျင်ဘက်တွေဆိုတာသတိထားမိလိမ့်မယ်။တစ်ယောက် ချစ်ရသူကိုရွေးချယ်ခဲ့တယ်..တစ်ယောက်ကတော့ သူ့ဝါသနာကိုရွေးချယ်ခဲ့တယ်။
အနေဝေးကွာနေပါစေ သို့မဟုတ် အတူရှိနေပါစေ၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလည်နားလည်မှုနဲ့ ချစ်ရသူတွေကိုတန်ဖိုးထားဖို့လိုပါတယ်။လက်တွေ့ဘ၀မှာလည်း ရည်မှန်းချက်နောက်ကိုလိုက်နေတာ စီးပွားတွေကုန်းရုန်းရှာနေတာနဲ့ အချိန်မကုန်သင့်ဘဲ အနီးနားကသူငယ်ချင်း ချစ်ရသူတွေ မိသားစုတွေကိုလည်းတန်ဖိုးထားအချိန်ပေးဖို့လိုတယ်ဆိုတာကို dev တွေက message ပေးချင်တာဖြစ်ပါတယ်။

Gameplay
========

Admin ဒီကောင့်ရဲ့ gameplay ကိုမပြောခင်မှာ ဂိမ်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်လေးတွေကိုအရင်ပြောပြချင်တယ်။အဓိက ဆွဲဆောင်မှုတွေထဲကတစ်ခုက ဂြိုလ်ပေါ်က slime လေးတွေရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေပေါ့နော်။သူတို့ရဲ့ပုံစံက အရည်ရွှမ်းရွှမ်း လုံးလုံးဝိုင်းဝိုင်းနဲ့ အူယားစရာလေးတွေ။အဓိက gameplay core ကလည်း slime လေးတွေကိုမွေးပြီးပိုက်ဆံရှာရတာပါ။
ကိုယ်မွေးထားတဲ့ slime တွေကို သစ်သီးတွေ အသားတွေ သူတို့ကြိုက်တဲ့စားစရာတွေကျွေးတဲ့အခါမှာ သူတို့က plort ဆိုတဲ့အရာလေးတွေစွန့်ထုတ်ပေးတယ်။အဲ့ plort တွေကိုပြန်ရောင်းရင် ပိုက်ဆံရပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ ခြံတိုးချဲ့တာတွေနဲ့ ကိုယ့်ရဲ့ gadget တွေကို upgrade လုပ်ရတာပါ။

Slime တွေကိုမျိုးစပ်ခြင်း
=====

Far,Far Range ဆိုတဲ့ဂြိုလ်ကြီးပေါ်မှာ slime မျိုးစိတ်တွေအများကြီးရှိနေပြီး ထူးခြားတာတစ်ခုက Slime မျိုးစိတ်တစ်ခုရဲ့ plort တွေကို တစ်ခြား slime မျိုးစိတ်တစ်ခုက စားမိရင် နောက်ထပ် Slime မျိုးစိတ်အသစ်တစ်ခုဖြစ်သွားတာပါ။ဥပမာ ခေါင်းမှာအချွန်အတက်တွေပါတဲ့ rock slime တွေရဲ့ plort ကို Pink slime တွေက စားမိရင်
7