Android Zone
31.7K subscribers
2.11K photos
17 videos
15 files
412 links
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ်
ကြော်ညာထည့်လိုလျှင် @kaung234
Download Telegram
Moonlighter (Android)

ဒီဂိမ်းကအရမ်းလူကြိုက်များလို့ ဘာလို့အဲ့လောက်တောင်ကြိုက်ကြတာလဲဆိုတာကိုဆော့ကြည့်မှဘဲသိတော့တယ်။gameplay concept က Dave the diver တို့နဲ့သွားတူတယ်ဗျ။ကိုယ်က gameplay experience အသစ်ကိုခံစားချင်တယ် chill လည်းဖြစ်သလို တဖက်မှာလည်း challenge ဖြစ်တဲ့ဂိမ်းကိုဆော့ချင်ရင် ဒီဂိမ်းကဆော့ကိုဆောါကြည့်သင့်ပါတယ်။

Story
====

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Rynoka ဆိုတဲ့ရွာအနီးမှာ Gates လို့ခေါ်တဲ့တံခါးပေါက်အကြီးကြီးတွေပေါ်လာပါတယ်။ဒါတွေကသာမာန်တံခါးပေါက်တွေမဟုတ်ဘဲ တခြား dimension နဲ့ချိတ်ဆက်ထားတဲ့တံခါးကြီးတွေပါ။ဒီတံခါးတွေအတွင်းမှာ တန်ဖိုးရှိတဲ့ artifact တွေရှိသလို monster တွေကလည်းအပြည့်နဲ့အန္တရာယ်များပါတယ်။ဒါပေမယ့် လူသားတွေကတော့အန္တရာယ်တွေကိုမမှုဘဲ တံခါးပေါက်တွေထဲ၀င်ပြီးပစ္စည်းတွေမရမကယူပြီးရောင်းချကြတာကြောင့် Rynoka ရွာလေးကအရမ်းစည်ကားလာခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက်မှာလည်း တံခါးထဲကို၀င်လာသူတိုင်း ပြန်မထွက်လာနိုင်တာမို့လို့ အစိုးရကဒီ gate တွေအကုန်လုံးကိုပိတ်ပစ်လိုက်ပါတယ်။ဒါကြောင့် Rynoka ရွာလေးကလည်းပြန်လည်ခြောက်ကပ်သွားပါတော့တယ်။Gate ကြီးငါးခုရှိပြီး Golem dungeon,Forest Dungeon ,Desert dungeon ,tech dungeon နဲ့ နောက်ဆုံး fifth gate ဆိုပြီးရှိပါတယ်။ကျန်တဲ့ Dungeon လေးခုကိုလူသားတွေကခိုးဖွင့်လို့ရခဲ့ပေမယ့် နောက်ဆုံး Fifth Gate ကိုတော့ဘယ်သူမှမဖွင့်နိုင်ခဲ့ပါဘူး။
ဂိမ်းရဲ့ဇာတ်လမ်းကတော့Rynoka ရွာသားဖြစ်တဲ့ Will ဆိုတဲ့ကောင်လေးကနေစပါတယ်။သူက အမွေရထားတဲ့ Moonlighter ဆိုတဲ့ဈေးဆိုင်လေးဖွင့်ထားပြီး နေ့ဘက်မှာတော့ဆိုင်မှာဈေးရောင်း ညပိုင်းမှာတော့ Dungeon ထဲခိုး၀င်ပြီးဆိုင်မှာတင်ရောင်းဖို့ ပစ္စည်းတွေလိုက်ရှာပါတယ်။သူ့မှာသာမာန်ကုန်သည်တစ်ယောက်ထက်ပိုတဲ့ပန်းတိုင်ရှိပြီး အဲ့တာကတော့ ‌နောက်ကွယ်မှာဘာတွေရှိနေလဲဘယ်သူမှမသိတဲ့ Fifth Gate ကိုခိုး၀င်ဖို့ပါ။ဒါကဂိမ်းဇာတ်လမ်းအစပျိုးတာဘဲရှိသေးပြီး နောက်ပိုင်းမှာဒီ့ထက် dark ဖြစ်တဲ့ဇာတ်လမ်းအလှည့်ပြောင်းကိုကြုံတွေ့ရမှာပါ။

Gameplay
========

အပေါ်မှာပြောသလိုဘဲ Dave the diver gameplay concept နဲ့တူပါတယ်။Dave the diver ကညပိုင်းမှာဆူရှီဆိုင်မှာကူလုပ်ပြီး နေ့ဘက်မှာတော့အန္တရာယ်များတဲ့ blue hole ကြီးမှာရေငုပ်ပြီးဆူရှီဆိုင်အတွက်ငါးတွေဖမ်းတာပါ။Moonlighter ကလည်းအဲ့လိုပါဘဲ။နေ့ခင်းပိုင်းမှာဈေးဆိုင်ထိုင်ပြီး ညပိုင်းမှာတော့ dungeon ထဲ၀င်ပြီးပစ္စည်းတွေရှာရပါတယ်။ဒါပေမယ့် ဒီထဲမှာက ကိုယ့်ဆိုင်ကိုကြီးပွားအောင်လုပ်တာထက် ရွာကိုအရင်ကလိုစည်ကားအောင်ပြန်လုပ်ရတာပါ။
Admin သဘောကျတဲ့ feature က dungeon ထဲကရလာတဲ့ပစ္စည်းတွေကို ကိုယ့်ဆိုင်မှာကြိုက်တဲ့ဈေးနဲ့တင်ရောင်းလို့ရတာဘဲ။ဈေးအရမ်းကြီးရင်လည်း customer တွေကမ၀ယ်ဘဲပြန်ထွက်သွားကြသလို တန်ရင်လည်းနှစ်ခါမစဉ်းဘဲဝယ်သွားကြပါတယ်။တခါတလေ ကိုယ်ကဈေးကိုဘယ်လောက်ထားရမှန်းမသိဘဲ ကျပ်ဂဏန်းလောက်ဘဲထားထားပြီးမှ ထောင်ဂဏန်းလောက်ထိတန်မှန်းသိလိုက်တဲ့အခါ "ဟာ ‌ဒီလိုမှန်းသိဈေးတင်ပါတယ်"ဆိုပြီး စိတ်ထဲတစ်‌ယောက်ထဲကြိတ်မနိုင်ခဲမရကျန်နေခဲ့တာမျိုးပေါ့။admin ဆိုလည်းခဏခဏအဲ့လိုဖြစ်တာဘဲ။ပိုက်ဆံတွေများလာပြီဆိုရင် ရွာမှာပညာရှင်တွေကိုပိုက်ဆံပေးခေါ်ရပါတယ်။ဥပမာ ပထမဆုံး blacksmith ကိုခေါ်လိုက်တာက ရွာကိုလည်းလူစည်ကားလာစေသလို တစ်ဖက်မှာလည်း လက်နက်အသစ်တွေ craft လို့လဲရ ကိုယ့်မှာရှိပြီးသားလက်နက်တွေနဲ့ armor တွေကို upgrade လုပ်လို့ရတာပေါ့။ နေ့ခင်းဘက်မှာ chill နေရပေမယ့် ညပိုင်းကျရင်တော့ dungeon တွေထဲ၀င်ပြီးအဲ့ထဲမှာ monster တွေနဲ့ရှယ်ကြုံးရမှာပါ။သူတို့တွေတိုက်ခိုက်ချက်တွေကိုအချိန်ကိုက်ရှောင်ပြီး ပြန်လည်တိုက်ခိုက်ရင်းနဲ့ပစ္စည်းတွေယူရပါတယ်။dungeon floor သုံးခုရှိပြီး ပထမဆုံး floor နှစ်ခုအဆုံးမှာတော့ mini boss လေးတွေနဲ့ရင်ဆိုင်ရပါတယ်။နောက်ဆုံး floor က final boss ကိုနိုင်ရင်တော့ နောက်ထပ် dungeon အသစ်ကိုဖွင့်နိုင်မယ့် သော့တစ်ချောင်းရလာမှာပါ။တစ်ခုသတိထားရမှာ သေသွားတဲ့အခါမှာ ကိုယ်ရထားတဲ့ပစ္စည်းတွေအကုန် dungeon ထဲကျန်ခဲ့တာဖြစ်လို့ လောဘကြီးလို့မရပါဘူး။floor တစ်ခုတက်တိုင်းမှာ monster တွေကလည်းပို strong ဖြစ်လာလို့ ကိုယ်လိုချင်တဲ့ပစ္စည်းတွေရရင် pendant ကိုသုံးပြီး ရွာကိုပြန်ပါ။အဲ့မှာပစ္စည်းရောင်း လက်နက်တွေ upgrade လုပ်ပြီးမှ dungeon ထဲနောက်တစ်ခါပြန်၀င်ပါ။

Review
======

ဂိမ်းရဲ့အစပိုင်းက cozy ဖြစ်ပေမယ့် ဇာတ်လမ်းကိုသိလိုက်ရချိန်မှ ဒီဂိမ်းကအရမ်းကို dark ဖြစ်တာဘဲဆိုတာကိုသိလိုက်ရတာ။ဂိမ်းက action ချည်းဘဲမဟုတ်ဘဲ တစ်ဖက်မှာလည်း shopping လုပ်တာနဲ့ ပစ္စည်းတွေ management လုပ်ရတာကဒီဂိမ်းရဲ့ဆွဲဆောင်မှုလိုဖြစ်နေတာပါ။procedural generate level တွေဖြစ်တာကြောင့် dungeon ထဲတစ်ခေါက်၀င်ရင် map တွေတခါပြောင်းလဲကုန်ပြီး အမြဲတန်း challenge ဖြစ်နေပါတယ်။ဘာပစ္စည်းတွေရလာမလဲ ဒီပစ္စည်းကိုဈေးဘယ်လောက်ထားပြီး ရောင်းရမလဲ,customer တွေကကော၀ယ်ပါ့မလားဆိုတာတွေက တော်တော်လေးစိတ်လှုပ်ရှားရပြီး ဂိမ်းထဲကမထွက်ချင်အောင်ဆွဲခေါ်ထားတာပါ။ဒါကြောင့် gameplay ပုံစံက repetitive ဖြစ်တယ်ခံစားရပေမယ့်
7
ပျင်းသွားတာမျိုးကိုမဖြစ်စေပါဘူး။တစ်နည်းပြောရရင် management လုပ်နေရတာကိုကပျော်စရာကြီးဖြစ်နေတာပါ။pixel graphic ပုံစံကြောင့် လူတော်တော်များများက graphic မကောင်းဘူးထင်ကြပေမယ့် admin ကတော့ colorful ဖြစ်တဲ့ art style လေးကိုသဘောကျမိပါတယ်။character design ပိုင်းတွေဆိုလည်း cute ဖြစ်သလို npc တွေနဲ့ interact လုပ်ရတာက cozy ဖြစ်တဲ့ခံစားချက်ကိုရပါတယ်။စိတ်မကောင်းစရာတစ်ခုက ဂိမ်းတစ်လျှောက်လုံး tutorial အဖြစ်လမ်းပြပေးတဲ့ Crazy Pete ကအစပိုင်းမှာရူးကြောင်ကြောင်စကားတွေပြောပြီး ရူးကြောင်ကြောင်အလုပ်တွေလုပ်လို့ ရယ်ရတယ်ထင်ရပေမယ့် သူလည်းအရင်တုန်းက fifth gate ကိုဖွင့်ချင်တဲ့သူဖြစ်ပြီး တစ်စုံတစ်ခုကြောင့်ရူးသွားတာကိုသိလိုက်ရတော့ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့ gameplay ပုံစံအပြင်ကိုမှ ကြီးမားတဲ့ဇာတ်လမ်းအလှည့်ပြောင်းတွေကိုခံစားချင်ရင် ဒီဂိမ်းကလုံး၀လက်လွှတ်သင့်တဲ့ဂိမ်းမဟုတ်ပါဘူး။

=====

Size - 450mb+

Type - offline

Minimum requirements - Android 8, Ram 3, Snapdragon 675+

=====

#roguelite
🔥6
လာမယ့် May 29 မှာ Crunchyroll ကနေ mobile ပေါ်ယူလာပေးမယ့် ဂိမ်းပါတဲ့ဂေါင်းကြီးတို့ရေ။devil may cry တို့လို third person view နဲ့ရှယ်ကြမ်းရတော့မယ်။offline လို့ confirm သွားတာကြောင့်စက်ရှင်းထားကြပါ။mod version ရရင်တင်ပေးမယ့်။may 26 မှာလည်းရှယ်ကြီးတစ်ခုလာပါဦးမယ်။

Game name Gun Grave G.O.R.E
12
Forwarded from TunTainYanOo
𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐦𝐨𝐛𝐢𝐥𝐞ဆော့ကြတယ်ဆိုရင်ဒီ𝐂𝐡𝐚𝐧𝐧𝐞𝐥လေးနဲ့ မိတ်ဆက်ပေးချင်တယ် 𝑻𝒖𝒏𝑻𝒂𝒊𝒏𝒀𝒂𝒏𝑶𝒐ဆီမှာ 𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐬အစုံကို ငွေစင်တခါတည်းဝယ်ရသလို အရစ်ကျပါယူလို့ရတယ် 𝐂𝐨𝐢𝐧ထည့်ချင်ရင်လည်းရသေးတာဗျာ

နောက်ပြီးတော့ တစ်လအတွင်းတစ်သိန်းဖိုးပြည့်အောင်ဝန်ဆောင်မှုယူပြီးတာနဲ့ လကုန်ရင် 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐑𝐞𝐭𝐫𝐨 𝐉𝐞𝐫𝐬𝐞𝐲တစ်ထည်ရနိုင်မယ့်ကံစမ်းမဲတိုကင်ပါပြန်ရဦးမယ်

𝐀𝐜𝐜𝐨𝐮𝐧𝐭𝐬တွေ ဆော့ဝသွားလို့ပြန်သွင်းချင်ရင် %ခွာပြီးချက်ချင်းပြန်ယူပေးတယ် အလဲထပ်လည်းလုပ်ပေးတယ် တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဝန်ဆောင်မှုပေးနေတာမို့ တကြိမ်လောက် 𝐂𝐡𝐚𝐧𝐧𝐞𝐥ဆီအလည်လာဖို့ဖိတ်ခေါ်ပါတယ်

ချန်နယ်ဝင်ရန်📎
https://t.me/tuntainyanoopes

👑စကားပြောရန်
https://t.me/tuntainyanoo888
Please open Telegram to view this post
VIEW IN TELEGRAM
2🔥1
Forwarded from PREMIUM SPACE
Premium Space ကနေ ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတဲ့ Items Listလေးပါ။✔️
Item တစ်ခုစီရဲ့ ဈေးနှုန်းတွေက်ို
စာသားကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။

Premium Space Items List For U
------------------------------
Telegram premium ⭐️

About Telegram Premium✔️

Telegram Star

About Telegram Star ⭐️

TON 📱


Mobile Legends Diamond 💎


Lets VPN 🚀


Jump Jump Premium VPN


Express Premium VPN 📱

Express Premium VPN User Guide🚀

Outline Premium VPN📱


ChatGPT Plus📱

About Chat GPT

Gemini Pro 📱


Spotify Premium 📱


YouTube Premium 📱


Netflix 📱


Capcut Pro 📱


TikTok Coin 📱


Viber Plus 📱


Google Play Store 📱


Sale Proof ကြည့်နည်း Click here

ဝယ်ချင်တဲ့ Premium/Subscription
တွေရှိရင်လဲ
⤵️
Admin💘 @ZoYENix 💸
မှာစုံစမ်း ဝယ်ယူနိုင်ပါတယ်။

Premium Space ltem List ✔️
https://t.me/PremiumSpaceMM/103
Please open Telegram to view this post
VIEW IN TELEGRAM
14🥰1👏1
Sand Of Salzaar (Android)

Link - https://apkvision.org/games/adventure/sands-of-salzaar-105490/

No controller support
13❤‍🔥2👏1