Android Zone
31.8K subscribers
2.11K photos
17 videos
15 files
412 links
Android game နဲ့ emulator ဂိမ်းတွေကိုတင်ပေးပါတယ်
ကြော်ညာထည့်လိုလျှင် @kaung234
Download Telegram
TMNT Shredder's Revenge (Android)

ဟိုးအရင်တုန်းက ကြွေပြားစေ့ထည့်ပြီးဆော့ရတဲ့ Arcade ဂိမ်းစက်တွေကိုလူတိုင်းသိကြမှာပါ။အဲ့စက်မှာပါတဲ့ဂိမ်းတွေက gameplay ကိုမိနစ်ပိုင်းအတွင်းနားလည်အောင်လုပ်ထားပြီး level တစ်ခုကိုသိပ်အကြာကြီးမဟုတ်ဘဲ မြန်မြန်ဆန်ဆန်ဆော့ရတာပါ။ကစားသူတွေဆီကပိုက်ဆံများများရချင်တာမို့လို့ gameplay တွေကလည်းရှယ်ခက်ပါတယ်။အခု modern gaming platform တွေမှာ အဲ့လို gameplay ကနားလည်ရလွယ် difficulty မြင့်ပြီး level တစ်ခုကိုမြန်မြန်ဆန်ဆန်နဲ့ဆော့ပြီးသွားတဲ့ဂိမ်းတွေကို Arcade ဂိမ်းတွေလို့ခေါ်ပါတယ်။mobile ပေါ်ကဆွဲဆောင်မှုရှိပြီးဆော့ကောင်းတဲ့ arcade ဂိမ်းတွေထဲမှာ TMNT SHREDDER'S REVENGE ဂိမ်းကလည်းတော်တော်မိုက်တဲ့အထဲပါပါတယ်။
Story ကိုတော့ကျနော်ပျင်းလို့မရေးတော့ပါဘူး။player အနေနဲ့ လိပ်နင်ဂျာလေးကောင်အပါ၀င် သူတို့ဆရာနဲ့ သတင်းထောက် character တွေထဲကကြိုက်တဲ့တစ်ကောင်ကိုရွေးဆော့လို့ရပါတယ်။ဘေးတိုက်သွားရတဲ့ 2d space ထဲမှာဆော့ရတယ်ဆိုပေမယ့် combat တွေက solid ဖြစ်သလို နှစ်ဆင့်သုံးဆင့် combo တွေဖန်တီးပြီးချရတာကဒီဂိမ်းရဲ့အသက်ပါဘဲ။
မအားလို့ကော ရေးရင်းနဲ့ပျင်းလာလို့ကော short review ဒီလောက်ဘဲရေးလိုက်ပါတော့မယ်။

====

Size - 1.7gb

Type - offline

Minimum requirements - Android 9.0,Ram 3

======
2
နောက်ပိုင်း mobile crazy page မှာ အခုလို game content တွေမတင်တော့ပါဘူး brother တို့ရေ။telegram မှာဘဲ review နဲ့ link တစ်ခါတည်းတွဲတင်တော့မှာပါ။MC page ကတော့လူကြိုက်များတဲ့ content တွေဖန်တီးဖို့စီစဉ်ထားပါတယ်။ဂိမ်းအသစ်တွေထွက်ရင်တော့ လူသိများအောင် Page ကော telegram မှာပါတင်ပေးမှာပါ

ဒီလအတွင်းမှာ PC ပေါ်ကသောက်ရမ်းမိုက်တဲ့ဂိမ်းတစ်ခုလာမှာပါ
25👍2
Forwarded from TunTainYanOo
𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐦𝐨𝐛𝐢𝐥𝐞ဆော့ကြတယ်ဆိုရင်ဒီ𝐂𝐡𝐚𝐧𝐧𝐞𝐥လေးနဲ့ မိတ်ဆက်ပေးချင်တယ် 𝑻𝒖𝒏𝑻𝒂𝒊𝒏𝒀𝒂𝒏𝑶𝒐ဆီမှာ 𝐞𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐬အစုံကို ငွေစင်တခါတည်းဝယ်ရသလို အရစ်ကျပါယူလို့ရတယ် 𝐂𝐨𝐢𝐧ထည့်ချင်ရင်လည်းရသေးတာဗျာ

နောက်ပြီးတော့ တစ်လအတွင်းတစ်သိန်းဖိုးပြည့်အောင်ဝန်ဆောင်မှုယူပြီးတာနဲ့ လကုန်ရင် 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐑𝐞𝐭𝐫𝐨 𝐉𝐞𝐫𝐬𝐞𝐲တစ်ထည်ရနိုင်မယ့်ကံစမ်းမဲတိုကင်ပါပြန်ရဦးမယ်

𝐀𝐜𝐜𝐨𝐮𝐧𝐭𝐬တွေ ဆော့ဝသွားလို့ပြန်သွင်းချင်ရင် %ခွာပြီးချက်ချင်းပြန်ယူပေးတယ် အလဲထပ်လည်းလုပ်ပေးတယ် တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဝန်ဆောင်မှုပေးနေတာမို့ တကြိမ်လောက် 𝐂𝐡𝐚𝐧𝐧𝐞𝐥ဆီအလည်လာဖို့ဖိတ်ခေါ်ပါတယ်

ချန်နယ်ဝင်ရန်📎
https://t.me/tuntainyanoopes

👑စကားပြောရန်
https://t.me/tuntainyanoo888
Please open Telegram to view this post
VIEW IN TELEGRAM
1👏1🖕1
Quake 4 (Android/unofficial port)

idtech4A++ - https://apkvision.org/games/action/idtech4a-plus-118686/

Game file - https://apkvision.org/games/action/idtech4a-plus-118686/

English voice pack - https://www.moddb.com/addons/quake-4-language-pack

Note - APK ကိုပထမ link ကဒေါင်းပါ။ဒုတိယ link က obb file ကိုဘဲဒေါင်းပါ။ဂိမ်းက English language voice support မဖြစ်တာကြောင့် eng language ထည့်ပေးရပါမယ်။မလုပ်တတ်ရင်တော့ အားတဲ့အချိန် vd တင်ပေးပါမယ်
5
Quake 4 (Android/unofficial port)

shooting ဂိမ်းတွေကြိုက်တဲ့ brother တို့အတွက် old PC ဂိမ်းကို ဖုန်းပေါ်မှာဆော့ရအောင်လုပ်ထားတဲ့ဂိမ်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။unofficial port ဆိုတာ mobile ပေါ်ကို developer တွေကတရား၀င်ထုတ်ပေးထားတာမဟုတ်ဘဲ ဂိမ်းကိုသောက်ရမ်းကြိုက်တဲ့ Player တွေက mobile ပေါ်မှာပြန်ခံစားနိုင်အောင်လုပ်ပေးထားတာပါ။ဂိမ်းအကြောင်းမပြောခင် ဒီဂိမ်းကိုဆော့ရအောင်ဘယ်လိုလုပ်ထားလဲဆိုတာကိုနည်းနည်းလေးအာချောင်ချင်တယ်ဗျ။

Game engine port တစ်ခု
======

Doom 3,quake 4 နဲ့ prey တို့လိုဂိမ်းတွေဆော့ချင်ရင် idtech4A++ ဆိုတဲ့ software တစ်ခုလိုပါမယ်။ဒီဂိမ်းတွေဟာ id tech 4 ဆိုတဲ့ open source game engine တစ်ခုတည်းမှာရေးဆွဲထားတာပါ။open source ဆိုတဲ့သ‌ဘောကိုက game engine ထဲကကုဒ်တွေကိုစိတ်ကြိုက်ပြင်လို့ရပါတယ်။id tech 4 engine ဆိုတာ PC အတွက်ရည်ရွယ်ပြီးရေးဆွဲထားပေမယ့် open source ဖြစ်တာကြောင့် တခြားနည်းပညာနားလည်တဲ့ developer တွေက အဲ့ engine ကို Android ပေါ်မှာ run နိုင်အောင် code တွေပြန်ပြင်လိုက်ပါတယ်။ဒါကြောင့် id tech 4 engine နဲ့ရေးဆွဲထားတဲ့ PC ဂိမ်းအနည်းငယ်ကို ဖုန်းမပူ ဘက်ထရီမစားဘဲ Android ပေါ်မှာအေးဆေး run နိုင်ပါတယ်။

Emulator နဲ့မတူတာက emulator ဆိုတာ playstation လို Nintendo switch လို hardware အလုပ်လုပ်ပုံတွေကို software နဲ့တုပပြီး Android ပေါ်မှာ run နိုင်အောင်လုပ်ထားတဲ့နည်းပညာပါ။game engine port နဲ့မတူတာက engine port က Android နဲ့ကိုက်ညီအောင်လုပ်ထားတာဖြစ်လို့ risk မရှိဘဲဂိမ်းတွေအေးဆေး run နိုင်တယ်။emulator ကျတော့ Android ဖုန်းတွေကနားမလည်တဲ့ code တွေနဲ့တည်ဆောက်ထားတဲ့ ဂိမ်းတွေကို Android ကနားလည်အောင် CPU ကော gpu ကောကိုအတင်းဘာသာပြန်ခိုင်းပြီး run အောင်လုပ်တာမို့လို့ဖုန်းအရမ်းပူတာပါ။

Game story
=====

ဂိမ်းရဲ့ဇာတ်လမ်းဟာ ကမ္ဘာမြေပေါ်ကို Strogg ဆိုတဲ့ cyborg တွေကျူးကျော်တာကနေစပါတယ်။ဒီ quake 4 ဟာ quake 2 ရဲ့အဆက်လဲဖြစ်ပါတယ်။Strogg တွေဆိုတာ တခြားသက်ရှိတွေလို အဟင်းအဟင်းလုပ်ပြီးမျိုးပွားတာမဟုတ်ဘဲ သူများဂြိုလ်တွေကိုကျူးကျော်ပြီး အဲ့ဂြိုလ်ပေါ်ကသက်ရှိတွေကိုဖမ်းပြီး စက်ရုပ်အစိတ်အပိုင်းတွေအတင်းအကျပ်တပ်ရင်း မျိုးဆက်အသစ်တွေဖန်တီးတဲ့ cyborg တွေပါ။တစ်ရက်မှာတော့ လူဦးရေသန်းချီရှိနေပြီး အရင်းမြစ်ပေါကြွယ်တဲ့ကမ္ဘာကြီးကိုမျက်စိကျပြီး စစ်‌ကြေညာလိုက်ပါတယ်။လူသားတွေကလည်း ပြန်လည်ခုခံကြပြီး အနိုင်ရသွားပေမယ့် ဒီ Strogg တွေကလက်လျှော့မှာမဟုတ်တာကြောင့် သူတို့နေထိုင်တဲ့ဂြိုလ်ထိအမြစ်ပြတ်ချေမှုန်းဖို့လုပ်ကြပါတယ်။Quake 4 ရဲ့ဇာတ်လမ်းက ဒီကနေစတာပါ။ကျနော်တို့က Kane ဆိုတဲ့ character နေရာကနေဆော့ရမှာဖြစ်ပြီး ဇာတ်လမ်းအလှည့်ပြောင်းတစ်ခုမှာတော့ Kane က Strogg တွေရဲ့ဖမ်းဆီးချင်းခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာစက်ရုပ်လက်တွေအတပ်ခံလိုက်ရပါတယ်။ဒါကို Stroggification လုပ်တယ်လို့ခေါ်ပါတယ်။အဲ့လိုလုပ်လိုက်တာက Strogg တွေရဲ့ ကိုယ်သေတွင်းကိုယ်တူးသလိုဖြစ်သွားပြီး Kane ကစက်ရုပ်လက်တွေတပ်ခံလိုက်ရတာကြောင့် သူတို့ရဲ့ security တွေကိုအေးဆေး hack နိုင်သွားပါတယ်။ကျနော်တို့က cyborg Kane နေရာကနေစကြာ၀ဠာတစ်ခွင်ဒုက္ခပေးနေတဲ့ကောင်တွေကိုအမြစ်ပြတ်ချေမှုန်းပစ်ရမှာပါ။

Gameplay and Review
======

အခုခေတ်ပြန်ဆော့တော့သာ ကလေးကြိုက်တစ်ခုဖြစ်သွားပေမယ့် သူ့ခေတ်သူ့ခါကတော့တော်တော်လေးမိုက်တဲ့ဂိမ်းတစ်ခု‌ဗျ။အထူးသဖြင့် Kane တစ်ယောက် Stroggification လုပ်ခံရတုန်းကဆို ခြေတွေလက်တွေကိုအစိမ်းလိုက်ဖြတ်ပစ်ခံရတာကို first person view နဲ့အနီးကပ်မြင်ရတာ။အဲ့ခေတ်အဲ့ခါက ဒါကတော်တော်လေး brutal ဆန်တဲ့ scene တစ်ခုအဖြစ်ပြောစမက်တွင်ခဲ့တာပေါ့လေ။ဘာလို့အခု ကလေးကြိုက်ဖြစ်သွားပြီလဲလို့ပြောရလဲဆိုရင် သူ့ရဲ့ gameplay က strategy တွေဘာတွေတစ်ခုမှမပါဘဲ ထွက်လာသမျှ alien တွေကို gun နဲ့ထိုင်လှော်နေရုံဘဲ။alien တွေရဲ့ Ai ကလည်းအရမ်း dumb ဖြစ်ပြီး mission တွေကလည်း linear ဆန်တော့ modern gaming taste ရှိသူတွေအတွက်တော့အပျင်းပြေဆော့ဖို့ကောင်းတဲ့ဂိမ်းတစ်ခုသာသာဘဲဖြစ်သွားတာပါ။ဒါကြောင့် brother တို့က ဖုန်းပေါ်ကအပစ်အခတ်ဂိမ်းတစ်ခုရှာနေရင်တော့ ဒီဂိမ်းကိုဆော့ကြည့်သင့်ပါတယ်။ဒီလိုဟာတွေကြိုက်ရင်လည်း doom 3 လို‌ဂိမ်းတွေပါထပ်ဒေါင်းပြီးဆော့လို့ရပါတယ်။android ပေါ်မှာ serious Sam လို unofficial port တွေလည်းရှိပြီးအဲ့ဂိမ်းတွေလည်းတော်တော်ကောင်းပါတယ်။နောက်ပြီး touch screen control ပိုင်းကလည်းအဆင်ပြေအောင်လုပ်ပေးထားတော့ ဆော့ရတာ smooth ဖြစ်တဲ့ခံစားချက်ကိုရကြမှာပါ။တစ်ခုရှိတာက screen သေးသေးလေးမှာ first person view နဲ့မြန်မြန်ဆန်ဆန်ဆော့ရတော့ ဆော့ရတာခေါင်းတော့နည်းနည်းမူးပါတယ်။

=====

idtech4A++ - 46mb

Game size - 2.5gb

Minimum requirements - Android 6, Ram 4, Snapdragon 675+

=====

#Shooter
3
Little Nightmares 2 ဟာ mobile ပေါ်ရောက်လာဖို့လမ်းစပြုလာပါပြီ။ဘာလို့ဆို အရင်တစ်ခါ lt nightmare 1 ကို port လုပ်ပေးခဲ့တဲ့ playdigious ဟာ သူတို့ရဲ့ official YouTube channel မှာ ဒီပုံလေးတင်ခဲ့ပါတယ်။ဆိုလိုတာကတော့ သူတို့တွေ little Nightmares 2 port လုပ်ဖို့ရာစီစဉ်နေပြီဆိုတဲ့သဘောဖြစ်နိုင်ပါတယ်။official အတည်မပြုသေးတာမို့လို့ အရမ်းကြီးတော့မမျှော်လင့်ကြပါနဲ့ဦး
13👏1
Forwarded from PREMIUM SPACE
Telegram Premium ⭐️

Telegram Premium Update Price List ⭐️ ($ Plan)
----------------------------
1 Month - 22000 Ks(Login)

SMS Fee - 8500 Ks (Login)

Gift Plan ($) Within 10 Mins(Official)

3 Months -   56000 Ks⭐️

6 Months -   76500 Ks⭐️

12 Months - 132000 Ks⭐️

ကြာချိန် - 10 မိနစ်

Note - $ Gift Plan တွေဝယ်မယ်ဆိုရင်
username တစ်ခုသာ
ပေးဖို့လိုအပ်ပါတယ်။

Mmk Link

3 Months - 49000 Ks

6 Months - 70000 Ks

12 Months - 120000 Ks

ကြာချိန် - (၁နာရီအတွင်း)

Telegram Premiumအပြင်
အခြားဝယ်ယူချင်တဲ့Itemတွေရှိရင်လဲ
        ⤵️
💘@ZoYENix💸
မှာစုံစမ်းဝယ်ယူနိုင်ပါတယ်။

Telegram Premium နဲ့ပတ်သက်ပြီးသိချင်ရင် အောက်က Linkကတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။
https://t.me/PremiumSpaceMM/1249
Please open Telegram to view this post
VIEW IN TELEGRAM
3👏1