ကဗျာ/မီးအိမ်(ဝတ္တု)
452 subscribers
12 photos
8 files
4 links
နက်နဲ့တဲ့စာသား(အဓိပ္ပါယ်မရှိသလိုနဲ့အဓိပ္ပါယ်တွေကြီးတွေနဲ့)
Download Telegram
မင်းမရှိလဲငါနေနိုင်ပါတယ်..
ဒါပေ့မဲ့ ငါမနေချင်ဘူး...
#မီးအိမ်
9
ပျော်ရွှင်စရာ ဝမ်းနည်းစရာ
သဲသဲကွဲကွဲသိဖို့လိုတယ် မမခင်
စနစ်ဆိုး မှာ ပွင့်မဲ့ဘုရားအား
ကျုပ်လက်အုပ်မချီအားဘူး
#မီးအိမ်
9
ဘာလိုလိုနဲ နွေဦးတောင်ရောက်တော့မယ် ရွက်သစ်လေးကြွေတာ မြင်တော့
ဒီနွေဦးကိုဖြတ်ကျော်ဖို့ ခွန်အားရှိပမလား
#မီးအိမ်
10
အရက်တွေမသောက်နဲ့နော်တဲ့....
ကြည့်စမ်းပါအုံးဗျာ..
လောဘကြီးလိုက်ပုံများ..
ကျွန်တော့်အသဲကို...
သူတစ်ယောက်ထဲဖျတ်စီးချင်ပုံရတယ်




                                                လင်းညီ
💔5😭4
ကျွန်တော်အများကြီး မလိုအပ်ပါဘူး.ကျွန်တော် ရယ် ဝိစကီလေးရယ် ဘဝကိုအချိုးကျဖျက်သန်းနိုင်ပါတယ်ဗျာ။ #မီးအိမ်
8💯1
ဘယ်ကျားမှအမဲမလိုက်တဲ့ကျားရယ်လိုမရှိပါ
သို့သော် ပုတ်နေလို့မစားတဲ့ကျားပဲရှိမယ်
ကျားဆိုတဲ့သတ္တဝါကသူတိုရဲ့သားကောင်သည်သာပစ်မှတ်ထား၏
ဘယ်နည်း၏မျှသာမဖယ်ရှားပါ
#မီးအိမ်
7
ခိုလုံရာမဲ့တဲ့ရင်ခွင်ကပြောတယ်.

နောက်လာမဲ့ မိုး ..

အရမ်းမအေးပါနက်လို့စုတောင်းတယ်

#မီးအိမ်
2😢1
ဘယ်ရထားမှာမလွဲပါဘူး
တမင်ရည်ရွယ်ပြီး..ချန်ခဲ့တာပါ
ဒီဘူတာမှာပဲ ရှိနေပါသေတယ်
ငါတိုမင်းကို ယုံကြည်နေတယ်ရထားတပတ်လှည်လာမှာကိုပေါ့
#မီးအိမ်
4😁1
ညဉ့်နက်သန်းခေါင် ယိုင်နဲ့တဲ့ခြေလှမ်းများနဲ့
ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့။
… မင်းလည်းငါ့လိုပဲလား၊
မျက်ရည်တွေဝိုင်းလို့ ခွက်ချင်းတိုက်ဖို့ပြင်ဆင်။
နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်ခဲ့ရတာ
မင်းတစ်ယောက်တည်းမှ မဟုတ်တာ သူငယ်ချင်းရာ။
#မီးအိမ်
4
မင်း ဖုံးကွယ်ထားတဲ့ တိမ်တိုက်တွေနောက်မှာ
ငါ့ရဲ့ အတွေးတွေ ရူးသွပ်စွာ အတောင်ပံခတ်။
ဘာလို့လဲ... ဘာကြောင့်လဲ... နဲ့
ငါ့ညဉ့်နက်တွေက အမြဲတမ်း ပဟေဠိဆန်ခဲ့ရတယ်။
#မီးအိမ်
3
​မင်း နှုတ်ဆိတ်နေတဲ့ စကားလုံးတိုင်းမှာ
ငါ့ရင်ခုန်သံတွေ တုန်လှုပ်ရီဝေ၊
မင်းတစ်ခုခုကို ဖုံးကွယ်နေမှန်း သိသိရက်နဲ့
ငါ့နှလုံးသားက အလိုလို အရှုံးပေးပြီးသား။
#မီးအိမ်
3
​အခုတော့လည်း... အရာရာက ပြောင်းပြန်၊
မင်းမျက်ဝန်းတွေက ငါ့ကို ကျော်လွန်လို့၊
အရင်က သိပ်မက်မောခဲ့တဲ့ အကြင်နာတွေဟာ
ဒီနေ့မှာတော့... မင်းအတွက် မလိုအပ်တော့တဲ့အရာ။
#မီးအိမ်
5
​ကိုကို့ရဲ့ ကမ္ဘာငယ်လေးထဲမှာ
ခလေးက အေးချမ်းတဲ့ ရိပ်မြုံ၊
ဆိုးသမျှ ညိုညင်မှုမရှိဘဲ
ခွင့်လွှတ်နားလည်ပေးတာ... အသည်းပုံ။
#မီးအိမ်
4
သက်မွန်မြင့်သို့...
​"သက်မွန်မြင့်" တဲ့... ချစ်ရသူလေးရယ်၊
မင်းရဲ့အပြုံးတွေက ညအမှောင်ကို လင်းစေတယ်။
ကျွန်တော် ဘယ်လောက်ပဲ ဆိုးသွမ်းပြီး ဂျီကျပါစေ၊
မင်းရဲ့ မေတ္တာတရားက အမြဲတမ်း နွေးထွေးစေတယ်။
​အလိုလိုက်လွန်းတဲ့ မင်းရဲ့ အချစ်တွေကြား၊
ကျွန်တော်ကတော့ ကလေးတစ်ယောက်လို ပျော်ပါး။
စိတ်ကောက် စိတ်ကောက်၊ ဆိုးသမျှကို သည်းခံလို့၊
ရင်ခွင်ကျယ်ကြီးနဲ့ အမြဲတမ်း ကြိုဆိုခဲ့သူမို့။
​ဒီကမ္ဘာမှာ မင်းထက်ချစ်ရသူ မရှိနိုင်တော့ဘူး၊
မင်းရဲ့ အနားနားမှာပဲ အမြဲတမ်း ပျော်မွေ့ချင်သူ။
ဆိုးသမျှကို သည်းခံပြီး အမြဲတမ်း ချစ်ပေးလို့၊
ကျေးဇူးတင်ပါတယ် "သက်မွန်မြင့်" လေးရယ်...
ကိုယ့်ရဲ့ အသည်းနှလုံးထဲက မင်းသမီးလေးမို့
ရင်ထဲကသရဖီပေးပြီးသားပါ။
#မီးအိမ်
6
ကဗျာ/မီးအိမ်(ဝတ္တု) pinned «သက်မွန်မြင့်သို့... ​"သက်မွန်မြင့်" တဲ့... ချစ်ရသူလေးရယ်၊ မင်းရဲ့အပြုံးတွေက ညအမှောင်ကို လင်းစေတယ်။ ကျွန်တော် ဘယ်လောက်ပဲ ဆိုးသွမ်းပြီး ဂျီကျပါစေ၊ မင်းရဲ့ မေတ္တာတရားက အမြဲတမ်း နွေးထွေးစေတယ်။ ​အလိုလိုက်လွန်းတဲ့ မင်းရဲ့ အချစ်တွေကြား၊ ကျွန်တော်ကတော့ ကလေးတစ်ယောက်လို…»
​" ခေတ်ဆိုးရဲ့ ရင်ဘတ် "
​အထက်မှာ... မီးတောက်တွေ ဝါးမြိုလို့
စစ်ပွဲရဲ့ အော်သံတွေ ညံတယ်။
​အလယ်မှာ... မြေကမ္ဘာက ယိုင်နဲ့လို့
ငလျင်အောက် ရင်ဘတ်တွေ အက်ကွဲရပြန်တယ်။
​အောက်မှာ... ရေလှိုင်းတွေ ထက်လျှံလို့
ဝမ်းနည်းခြင်းတွေနဲ့ ရေနစ်နေခဲ့ရတယ်။
​စစ်ဆိုတဲ့ ဘေး
ငလျင်ဆိုတဲ့ ဘေး
ရေကြီးခြင်းဆိုတဲ့ ဘေး
ဒီထက်ပိုဆိုးတာက...
တယူသန် ခေါင်းမာမှုတွေနဲ့
ခေတ်ကို နောက်ပြန်ဆွဲနေတဲ့
လူကြီးတွေရဲ့ အတ္တအောက်မှာ
ငါတို့ရဲ့ အိမ်မက်တွေ ရစရာမရှိအောင် ပျက်စီးခဲ့ရတာပါပဲ။
​လင်းလက်ချင်ခဲ့တဲ့ နက္ခတ်တွေ
မှောင်အတိကျခဲ့ရပြီ...
လှပချင်ခဲ့တဲ့ အနာဂတ်တွေ
ပြာကျခဲ့ရပြီ...
​ဒါပေမဲ့လေ...
ငါတို့ ရင်ဘတ်ထဲက ပြာပုံအောက်မှာ
ကျန်နေသေးတဲ့ အိမ်မက်မီးစတွေကိုတော့
ဘယ်လူကြီးရဲ့ တယူသန်မှုနဲ့မှ
ငြိမ်းသတ်လို့ ရမှာ မဟုတ်ဘူး။
​ခေတ်က နောက်ပြန်ဆုတ်နေပါစေ
ငါတို့ လူငယ်တွေရဲ့ ခြေလှမ်းနဲ့
ငါတို့ အိမ်မက်တွေကို
မနက်ဖြန်ဆီ ပြန်လည်ယူဆောင်ရမယ်။
#မီးအိမ် (8.5.2026)
3
အကြိမ်ကြိမ်အခါခါ လိမ်ညာခဲ့ဖူးလည်း
ချစ်လွန်းလို့ ခွင့်လွှတ်ခဲ့မိတာပါ။
​မခံမရပ်နိုင်လို့ ဝေးခွာဖို့ ကြိုးစားတဲ့အခါ
မင်း တားဆီးဆွဲထားလိမ့်မယ် ထင်ခဲ့တာပေါ့။
​ဒါပေမဲ့ မင်းရဲ့ နှုတ်ဆက်ခြင်းမရှိတဲ့ နှုတ်ဆိတ်မှုတွေက
ငါ့ထက်ပိုပြီး ဝေးချင်နေခဲ့သလိုပါပဲလား...။
#မီးအိမ်
3