AlpHa's Sharing ( FMMC )
632 subscribers
467 photos
5 videos
1 file
76 links
We Win or We Learn
Download Telegram
ရွှေက ဒီလိုင်းကို respect လုပ်နေတာ။ ဒါပေမယ့် ကိုယ့် Zone မပြင်ဖက်ကဆိုတော့ လက်ရှောင်နေရုံသာပဲ ...
4
Micron Technology က S/R Level (820) ကို ထောက်တက်တယ်။ ထောက်ချိန်မှာ High Volume ဝင်လာတယ် (အပြာဝိုင်းကို ကြည့်ပါ)။ ဒါပေမယ့် Market က Uptrend ကိုမှ Higher Low ဆက်မဖော်နိုင်ပဲ Equal Low ပေါ်နေတော့ New ATH တော့ မျှော်မှန်းလို့မရဘူး။ Equal High နဲ့ Sideway ဖော်မလား၊ Lower High နဲ့ Downtrend ဖော်မလား မပြောတတ်ဘူး။ Good news တော့ ထွက်ထားတယ်။ လတ်တလော သူခေါင်းဆောင့်ခဲ့တဲ့ 900 တန်းကိုလဲ ဖောက်တက်ပြီး Downtrend Channel လေးကိုလဲ ဖောက်တက်ထားတယ်လို့ မြင်တယ်။ တအားအဝေးကြီးမှန်းလို့မရပေမယ့် Shorterm Buy လို့ရတယ်လို့တော့ မြင်တယ်။ အဲတော့ Retrace မှာ ဘယ်လို Candle ဘယ်လို Volume ဝင်မလဲဆိုတာကိုပဲ စောင့်ကြည့်ပြီး ဝင်သင့်မဝင်သင့် ဆုံးဖြတ်ရမယ်။
3
Option အကြောင်းရင်းနှီးနေတာတော့ ကြာပြီ။ ဒါပေမယ့် ထဲထဲဝင်ဝင်မလေ့လာဖြစ်ဘူး။ အပေါ်ယံလေ့လာကြည့်တော့ Trading နဲ့ သိပ်မတိမ်းမယိမ်းပါပဲလို့ ထင်လိုက်တာ။ ပိုက်ဆံရတာချင်းအတူတူကို Trading ပဲ လုပ်တော့မယ်ပေါ့။ Robert .T Kiyosaki ကလည်း "Who took my money"စာအုပ်ရဲ့ ကာကွယ်ခြင်းဆိုတဲ့အခန်းမှာ Option အကြောင်းပြောထားတော့ အဲ့ကတည်းက option က ဘာလဲဆိုတာကို စူးစမ်းနေခဲ့တာ။ သူကလည်း သဘောတရားပိုင်းအဓိကထားပြောတာဆိုတော့ အကြမ်းဖျင်းဆန်ဆန်ပဲ။ အဲလိုနဲ့ Option ဘာကြောင့်လုပ်သင့်သလဲဆိုတဲ့အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ဘူး။

ဒါပေမယ့် ခုတော့တွေ့ပြီ။ အသိနောက်ကျတယ်လို့တွေးမိပေမယ့် တကယ်တော့ နောက်မကျပါဘူး။ ရှေ့လျှောက်လုပ်ချိန်အများကြီး ရှိနိုင်ပါသေးတယ်။ ဘာကြောင့်လုပ်သင့်လဲဆိုတဲ့စကားလုံးကို Coin-Margin Options မှာ သွားတွေ့တယ်။ တကယ်က ကိုယ်က crypto သမားမို့။ Stock သမားတွေဆို ပိုတောင်သိနိုင်သေးတယ်။ အဲဒီ Coin-Margin Options အကြောင်းမပြောခင်မှာ Traditional Option အကြောင်း အရင်ပြောရမယ်ထင်တယ်။ Call နဲ့ Put ဆိုပြီး ၂ မျိုးရှိတယ်။ Call နဲ့ Put တစ်ခုချင်းစီမှာ အဝယ်ဖက်နဲ့ အရောင်းဖက် ၂ ဖက်စီ ရှိတယ်။

စကားမစပ်ပြောဦးမယ်။ ခုက ကျွန်တော်လေ့လာထားတာတွေကို Memory Retention အနေနဲ့လက်တန်းပြောမှာဆိုတော့ သိပ်နားမလည်တာ၊ မရှင်းတာဆိုရင် AI ဖြစ်ဖြစ်၊ Websites တွေမှာဖြစ်ဖြစ် ကိုယ့်ဟာကိုယ် လေ့လာကြည့်ပေါ့။ ကျွန်တော်သိတာဆိုရင်လည်း ပြောပြမယ်။ ကျွန်တော်လည်း အကျွမ်းကျင်ကြီး မဖြစ်သေးဘူး။ လေ့လာဆဲပဲ။

အဲတော့ စကားဆက်ရရင် Call Option Sell သမားက အာမခံစာချုပ်ရောင်းတာ။ ဘာအာမခံစာချုပ်လဲဆိုတော့ ဥပမာ လက်ရှိ BTC က 64 K တန်းမလား။ အဲဒါကို 70 K Call Option Sell လိုက်ရင် အဓိပ္ပါယ်က BTC ဈေး 70 K ကျော်သွားတဲ့အခါ ကိုယ်က ဝယ်သူကို 70 K ဈေးနဲ့ပဲရောင်းပေးပါ့မယ်လို့ ဆိုလိုတာ။ 75 K ဖြစ်ဖြစ်၊ 80 K ဖြစ်ဖြစ် ကိုယ်အာမခံထားတဲ့ 70 K နဲ့ပဲ အရှုံးခံရောင်းပေးမယ် ဆိုလိုတာ။ တဖက်မှာ 70 K Call Option Buy ထားရင် ဝယ်ဝယ်ချင်းမှာ Premium ကြေးပေးရတယ်။ အာမခံကြေးပေါ့။ ဘယ်ရက်မတိုင်ခင် 70 K မကျော်ရင် အာမခံကြေးအဆုံးခံမယ်။ သတ်မှတ်ရက်မှာ 70 K ကျော်သွားရင်တော့ coin ဘယ် ၂ ခုစာဝယ်မယ်ဆိုတဲ့ စာချုပ်ပေါ့။ 70K ကျော်သွားရင် 70 K တန်ဖိုးနဲ့ပဲ BTC ကို ဝယ်ခွင့်ရလို့ အမြတ်ရတာပေါ့။ သတ်မှတ်ရက်မှာ BTC Price က 70 K မကျော်ရင်တော့ Premium ကြေးဆုံးတာပေါ့။ အဲမှာ order တင်တဲ့အခါ Limit order နဲ့တင်၊ Market order တင်ရင် Exchange ကို Market Maker Fee ပေးရတယ်။

ကိုယ့်သတ်မှတ်ရက်က မပြည့်သေးဘူး။ ဒါပေမယ့် အမြတ်ကရနေပြီ၊ ကိုယ်ကလည်း လိုချင်တယ်ဆိုရင် ဝယ်ထားရင် အရောင်း order ဖွင့်၊ ရောင်းထားရင် အဝယ် order ဖွင့်ပြီး Profit ယူလို့ရတယ်။ contract တန်ဖိုးဘယ်လောက်ရောက်ရင် အမြတ်ယူပြီး၊ ဘယ်လောက်ရောက်ရင် အရှုံးခံမယ်ဆိုတဲ့ TP/ SL ပေးထားလို့လည်း ရတယ်။ အဲလို သတ်မှတ်ရက်မတိုင်ခင်မှာ ကိုယ်က အမြတ်ပိုင်းပြီး contract ပိတ်လိုက်လည်း အခြားတစ်ဖက်မှာ contract ပျက်မသွားဘူး။ Exchange က ကြားခံအနေနဲ့ တိုက်ရိုက်ဆောင်ရွက်ပေးတာမို့လို့။ Option Trader အတော်များများကတော့ Profit 50-80% ကြားရောက်ရင် အမြတ်ပိုင်းပြီး စာချုပ်ဖျက်သွားလေ့ရှိတယ်တဲ့။ Future Trading နဲ့တော့ အယူအဆချင်း သိပ်မတူဘူး။ အချိန်က ရန်သူပဲဆိုတဲ့ အဓိပ္ပါယ်။

Put Option Sell ဆိုတာလည်း အဲ့လိုပဲ။ အာမခံစာချုပ်ရောင်းတာ။ 60 K put Option Sell ရင် BTC ဈေး 60 K အောက်ကျသွားတဲ့အခါ အရှုံးခံပြီး ငါဝယ်ပေးမယ်ဆိုတဲ့ ကတိပေးတာပေါ့။ Put Option Buy ကျတော့ BTC ဈေး 60 K အောက်ကျသွားတဲ့အခါ 60 K နဲ့ပဲ ငါဝယ်မှာနော်ဆိုတဲ့စာချုပ်ချုပ်ထားတာ။

အဲတော့ Option Sell သူက အာမခံရောင်းသူဖြစ်ပြီး Premium ကြေးရတယ်။ ဒါပေမယ့် အမြင့်ဆုံးရနိုင်တာက Premium ကြေး 100 ရတယ်ဆိုရင် အဲ့ 100 ထက် ပိုမရနိုင်ဘူး။ Limited Profit ပဲ။ Option ဝယ်တဲ့သူကျတော့ Loss က Premium ကြေးပဲ ရှိမယ်။ Profit က အကန့်အသတ်မရှိဘူး။ Unlimited Profit။ BTC 60 K နဲ့ Put Option Buy ထားတယ်။ BTC က 30 K ထိထိုးဆင်းသွားလဲ သူက 60 K နဲ့ရောင်းပြီး အမြတ်ယူလို့ရတော့ Profit က unlimited ဖြစ်သွားတယ်။ ဒီတိုင်းကြည့်ရင် Buy ဖက်က သာသယောင်ယောင်။

ဒါပေမယ့် Probability ဖက်ကကြည့်ရင် Option Buy သမားက သူသတ်မှတ်တဲ့ဈေးတန်းဖက်ကို Market ရွေ့မှ အမြတ်ရတာ။ Option Sell သမားဖက်မှာကျတော့ အခွင့်အရေးက ၂ ခုရှိတယ်။ BTC 70 K Call Option Sell ထားတယ်ထားပါတော့။ သတ်မှတ်ရက်ပြည့်တဲ့အထိ BTC ဘေးတိုက်သွားပြီး 70 K အောက်မှာရောက်နေရင်လည်း Premium ကြေးရတယ်။ BTC က ထိုးဆင်းသွားပြီး 30 K ဖြစ်သွားလည်း Premium ကြေးက ရတုန်းပဲ။ Cashflow ပေါ့။ Profit ပေါ့။

အဝယ်ဖက်က ဈေးကွက်အရွေ့က ၁ ဖက်ပဲရှိပြီး အရောင်းဖက်မှာ ဈေးကွက်အရွေ့က ၂ ဖက်ရှိတယ်။ အရောင်းဖက်က Probability က အဝယ်ဖက်ထက် ၁ ဖက် ပိုသာတာပေါ့။ ဒါပေမယ့် Risk နဲ့ Reward ချင်းတော့ မတူဘူးပေါ့။

ဒါကို အဓိကပြောချင်တာ မဟုတ်ဘူး။ ဒါက နောက်ပြောမယ့်ဟာကို သဘောပေါက်အောင် အကြမ်းဖျင်းရှင်းပြထားတာ။
တကယ့်မေးခွန်းက crypto ကို တိုက်ခန်းဝယ်သလိုဝယ်ပြီး တိုက်ခန်းငှားသလို cashflow ရအောင်လုပ်လို့ မရဘူးလားဆိုတဲ့ မေးခွန်း။ ဘဏ်အပ်ပါဆိုတာတွေ၊ Liquidity Pool ထဲထည့်ပါဆိုတာတွေ Option Trade ပါဆိုတာတွေ အဖြေရတယ်။ တစ်ခုမှ ရေရေရာရာသဘောမကျဘူး။ ဘဏ်တိုးကလည်း နည်းတယ်၊ မက်လောက်စရာ မရှိဘူး၊ Liquidity Pool ကျတော့လည်း တောက်လျှောက်စောင့်ကြည့်ပြီး Management လုပ်ရမှာမျိုးဆိုတော့ လူပင်ပန်းတယ်။ ခေါင်းနောက်တယ်။ Risk ကလည်း ရှိသေးတယ်။ ဝယ်ထားပြီး ဘဏ်တိုးယူတာကမှ Capital Gain ရပြီး အာရုံနောက်သက်သာတယ်လို့ မြင်တယ်။ ကိုယ်ပေးရတဲ့ Energy နဲ့ ပြန်ရမယ့် Profit မတန်ဘူးလို့မြင်တယ်။ Profit သာပြောတာ၊ Loss လည်း ဖြစ်နိုင်တာပဲ။ Option Trading ကျတော့လည်း Buy ကျတော့ Premium ကြေးက ရှုံးပြီးသား၊ Sell ကျတော့လည်း Risk က unlimited၊ TP/SL ပေးလို့တော့ ရပါတယ်။ ဒါပေမယ့် SL ထိနိုင်ချေ ရှိနေတုန်းပဲ။ နောက်ပြီး Trading Pattern ကလည်း ရိုးရိုး Trading နဲ့တူတယ်လို့ မခံစားရဘူး။ Option ရဲ့ Risk Reward Management ကို ဘယ်လို Control လုပ်ရမလဲဆိုတာကို ကိုယ်သဘောမပေါက်သေးတာလဲ ပါမှာပေါ့။

ဒါပေမယ့် Coin-Margin Options ကျတော့ မတူတော့ဘူး။ တက်တက်ကျကျအမြတ်ရဆိုတာ ဒါမှအစစ်။ Loss ဆိုလို့ Psychological Loss ပဲ ရှိမယ်။ ဒါပေမယ့် Investing အယူအဆနဲ့တွဲနိုင်မှ ရမယ်။ သူ့ချည်းပဲဆို ဗရမ်းဗတာ ဖြစ်နေဦးမှာပဲ။ အဲတော့ Coin-Margin Options လုပ်ချင်တယ်ဆိုရင် ဘယ် Assets တွေကို လုပ်လို့ရလဲဆိုတာကို အရင်လေ့လာရမှာ။ Project နဲ့ Future Potential ကောင်းတိုင်း ကိုယ်ကြိုက်တဲ့ Crypto လိုက်ဝယ်နေလို့ မရဘူး။

ကိုယ်မြင်နိုင်သလောက်ဆို BTC, ETH, SOL, XRP အခြားဟာတွေရှိသေးပေမယ့် Market Volume နည်းတယ်။ အဲတော့ အဲလို Option လုပ်လို့ရတဲ့ Coin တွေထဲက ကိုယ်နိုင်တဲ့၊ ဈေးတန်တဲ့ ကွိုင်တွေ ဝယ်စုတာမျိုး အရင်လုပ်ရမှာပေါ့။ ခုလက်ရှိတော့ ဘာမှ မဝယ်သင့်သေးဘူး။ ETH က Support ထောက်ပေမယ့် တက်ဖို့ အားမရှိဘူး။ BTC နဲ့ SOL က ဆင်းမယ်ဆို ဆင်းလို့ရသေးတယ်။ SOL ကို တော့ ပိုကြိုက်တယ်။ Invest လုပ်ထားတဲ့ Project လည်း များတယ်၊ ကျပြီးရင်လည်း ပြန်တက်တဲ့သမိုင်းကြောင်းရှိတယ်။ ဈေးကလည်း တန်တယ်။ ခုဈေးတော့ပြောတာ မဟုတ်ပါဘူး။ 25-30 ဝန်းကျင်ဆိုရင် တန်တယ်ပြောတာပါ။ XRP က တော့ ဆင်းနေရင်း အထက်မရောက် အောက်မရောက်နဲ့ လေထဲမှာ ဇော်ကန့်လန့်ဖြစ်နေတယ်။ ထားပါတော့။ ပြောရင်းနဲ့ Investing ဖက် ကျွံနေပြန်ပြီ 😅😅

အဲလို Coin တစ်ခုခုဝယ်ပြီး Coin-Margin Options လုပ်တယ်ဆိုပါစို့။ အပေါ်မှာပြောခဲ့တဲ့ BTC Option ဥပမာအတိုင်းဆို BTC ဈေးက 64 K မှာ။ ကိုယ်က BTC 70 K Option Sell လိုက်ရင် 70 K အောက်မှာ စာချုပ်သက်တမ်းကုန်ရင် Premium ကြေးရတယ်၊ Cashflow။ 70 K အထက်မှာ စာချုပ်သက်တမ်းကုန်ရင် 70 K နဲ့ ကိုယ့် BTC ကို ရောင်းပေးလိုက်ရုံပဲ။ Premium ကြေးရလိုက်သလို Sell High ဖြစ်လို့ BTC ရဲ့ Capital Gain Profit တစ်ခုလည်း ရလိုက်တယ်။ 80 K ဖြစ်သွားလို့ ကိုယ့်ရောင်းဈေးထက်ပိုသွားတဲ့ 10 K profit ကိုတော့ မရတော့ဘူးပေါ့။ ဒါက မရလိုက်တာ၊ ရှုံးတာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ Psychological Loss တော့ ရှိနိုင်မယ်လို့။

Put Option Sell ရင်လည်း အတူတူပဲ။ BTC 60 K Put Option Sell တယ်ဆိုပါဆို့။ 60K အောက်ကျမသွားရင် Premium ကြေးရတယ်။ ကျသွားရင် 60 K နဲ့ BTC ဝယ်လိုက်တာဖြစ်လို့ Coin ရလိုက်တယ်။ Buy Low ဆိုတဲ့ Investing Rule နဲ့လည်း ညီတယ်။ Cash Profit ယူမလား၊ Premium ကြေးယူမလား၊ Coin ယူမလားဆိုတာကို လိုက်ရွေးရသလိုပဲ။ အဲ့အတိုင်း ဈေးတန်းတိုင်းမှာ လိုက်ကစားရုံပဲ။

ဒါပေမယ့် အဲလို စီပွားရေးဆန်ဆန် တိုက်ခန်းငှားသလိုမျိုး Option Trade ဖို့ဆိုရင် အမြဲ Sell ဖက်မှာပဲ နေရမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Option လုပ်ရခြင်းရည်ရွယ်ချက်က Premium ကြေးရဖို့ပဲ ဖြစ်ရမယ်။ ကျန်တာကတော့ သူ့ဟာသူ ရချင်သလို ရပါစေပေါ့။ ရည်ရွယ်ချက်က Cashflow ရဖို့ပဲ။ အခြေခိုင်ထားဖို့လိုတယ်။

ဒါမျိုးလုပ်နိုင်ဖို့ဆိုရင် Investing အကြောင်း အခြေခံသိရမယ်။ Market ကို Technical Analysis အကြမ်းဖျင်းလုပ်နိုင်ရမယ်။ Trending, Sideway, Support, Resistance, Pattern လောက်တော့ ဆွဲနိုင်ရမယ်၊ သိရမယ်။ Option Sell သမားကို ပိုက်ဆံပေးတာက Sideway Market လို့တောင် ပြောကြတယ်။ ဒါပေမယ့် Volatility ဈေးကွက်လှုပ်ခါမှုနည်းရင် စာချုပ်ဈေးကျတတ်တယ်။ သတင်းထွက်ချိန်၊ ဈေးကွက်က အဝယ်သမားတွေဖက်ကို ရွေ့ချိန်မှာ Volatility မြင့်ပြီး Contract ဈေးမြင့်လာတတ်တယ်။ အဲလိုအချိန်မျိုးမှာ ရောင်းနိုင်ရင် Premium ကြေးပိုရတယ်။ ငါလည်း ပြောရင်းပြောရင်းနဲ့ ဟိုချော် ဒီချော်နဲ့ 😁😁

ပြောလက်စ စကားပြန်ဆက်ရရင် စီးပွားရေးအမြင်ရှိဖို့လည်း လိုတယ်။ ကိုယ်က ချေးငွေတွေကို ဘယ်လိုသုံးလို့ရလဲ၊ Cashflow ရအောင် ဘယ်လိုလုပ်လို့ရလဲ၊ အရှုံးမရှိတဲ့နည်းမရှိဘူးလား စသဖြင့်မေးခွန်းထုတ်တာ အဖြေရှာတာတွေ လုပ်တတ်ဖို့၊ သဘောပေါက်ဖို့၊ နားလည်ဖို့ လိုတယ်။ ချေးငွေနဲ့ ပတ်သက်ပြီး Elon Musk ဘယ်လိုလုပ်လဲ လိုက်ကြည့်လိုက်သေးတယ်။ သူ့ပိုင်ဆိုင်မှုရဲ့ ၅ ပုံ ၁ ပုံကို အပေါင်ထားပြီး ချေးငွေယူထားတယ်တဲ့။
😱1
Twitter ကို ဝယ်တော့ သူ့ Stock အချို့အဝက်ကိုပေါင်ပြီး ၃ ပုံ ၁ ပုံကို ချေးငွေယူပြီး ဝယ်ခဲ့တယ်။ ဒါတွေ ဒီနည်းဗျူဟာတွေဘယ်လိုသုံးလဲဆိုတာကို ကိုယ့်ဟာကိုယ် Financial Game ကစားရင်း၊ စဉ်းစားတွေးခေါ်ရင်း ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ သိလာမှာပေါ့။

Binance မှာ Option Trade လို့ရပေမယ့် Coin-Margin Options မရဘူး။ Demo Option Trade လို့လည်း မရဘူး။ Bybit မှာ Demo Option Trade လို့ရပေမယ့် Coin-Margin Options မရဘူး။ Deribit Exchange မှာ Coin-Margin Options Trade လို့၊ Demo Trading လုပ်လို့ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံကဆို အဖက်မလုပ်ချင်ဘူး။ အဲတော့ Option အကြောင်းစိတ်ဝင်စားရင် Bybit မှာ Demo Trading လုပ်ပြီး လေ့ကျင့်ကြည့်ပါ။ အခွင့်အရေးမလာခင် လေ့ကျင့်သားပြည့်ဝနေဖို့လိုပါတယ်။ Future Trading ကပေးခဲ့တဲ့ သင်ခန်းစာတွေပေါ့ 🥲🥲😁😁

(Option အကြောင်း ထဲထဲဝင်ဝင်လေ့လာဖြစ်တာ သိပ်မကြာသေးလို့ လွဲနေတာ၊ မှားနေတာရှိရင် မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို အားမနာတမ်း ဝင်ထောက်ပြပေးသွားပါဦးဗျ။ အမြဲလေ့လာသင်ယူနေဆဲပါ ခင်ဗျာ 🙏❤️❤️😁)

We win or we learn
AlpHa (FMMC)
6
4🔥1😱1
ရေနံက တကျော့ပြန်စောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပြီ။ ဒီလို Pattern မျိုးဆို သိပ်သဘောကျတာ။ လေထဲမှာ ခြေလွတ်လက်လွတ်ဆို SL ဘယ်နား ထားရမှန်းမသိလို့။ ခုကတော့ အဝယ်ဖက်ကနေ စောင့်ပါမယ်။
4
It's time to listen about the war.

#Oil
4
SPX Chart ကိုကြည့်။ ပိုက်ဆံတွေက Stock Market ကို ဝင်လာတာ။

Nvidia M1 ကို ကြည့်။ Uptrend ဒါပေမယ့် Volume ကျလာတယ်၊ RSI Divergence ပေါ်တယ်။ ဒါပေမယ့် ကျမယ်လို့တော့ မဆိုလိုဘူး။ Correction တစ်ခုခုလောက် ဖြစ်မှာပေါ့။ ကိုယ်က H1 Trader ဆိုတော့ အဲဒါသိပ်စဉ်းစားစရာ မလိုဘူး။ အဓိကက M1 Uptrend ဖြစ်နေဖို့ပဲ လိုတယ်။

NVDA D1 မှာ Uptrend 3 Rd Touch ကိုမှ Bullish Harami Breakout ဖြစ်ထားတယ်။ နောက် Descending Triangle ရဲ့ 3 Rd Touch နဲ့လည်း တစ်ထပ်တည်းကျတယ်။ Pattern Breakout လည်းဖြစ်ထားတယ်။ MA 200 ကိုလည်း Support အဖြစ် ၂ ခါ နင်းတက်ထားတယ်။

အဲတော့ D1 ရဲ့ Breakout ဖြစ်ထားတဲ့ Gap တွေနေရာမှာ Retest Candle ပေါ်မလား တစ်ချက်စောင့်ကြည့်ရမယ်။

Retest လုပ်ပြီး ဆက်တက်မယ်ဆိုရင် အနီးဆုံး Target က 250 ဖြစ်နိုင်တယ်။ M1 ရဲ့ Analysis အနေအထားအရ အရမ်းအဝေးကြီးတော့ မျှော်လင့်ထားလို့မရဘူး။ 250 တစ်ဝိုက်က Candle+ Volume ကိုကြည့်ပြီးမှ ခုန်ချရမလား၊ ဆက်လိုက်စီးရမလား ကြည့်ရမယ်။
4
Gold 🎉
5👍1
ရေနံကိုစောင့်ကြည့်မယ်။ နောက်တစ်ပတ်အတွင်းမှာ H1 Bullish Candle+ Trendline 3rd Touch ပေါ်ရင် ဝယ်မယ်။

ဒီမနက်ပဲ Pattern Resistance Touch+ RSI Divergence+ Bearish Candle ဆိုပြီး +1X မပြည့်တပြည့်နဲ့ ပိတ်လိုက်တာ။ Resistance ကို ကျော်နိုင်မနိုင်ကြည့်ပြီး 2 nd Entry စောင့်မယ်။
5
ခုလိုဈေးကွက်ကောင်းနေချိန်မှာ Trader တွေအတွက် အလိုအပ်ဆုံး skill က FOMO မဝင်ပဲ စိတ်တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ပဲ။ စိတ်မငြိမ်ပဲ ကြုံရာနေရာကစွတ်ဝင်ရင် မြတ်လည်း ခုခဏပဲ။ မြတ်သမျှက နောက်တစ်ကြိမ်ကျရင် အကုန်ပြန်ပါသွားမှာပဲ။

စိတ်တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ဆို ငါဘာကိုစောင့်မှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ကိုယ့် Edge ရဲ့ Probability အပေါ် ယုံကြည်မှု ရှိထားပြီးသား ဖြစ်ရမယ်။ Trading Plan ကို ကြိုဆွဲထားပြီးသား ဖြစ်ရမယ်။ Trading မှာ မှန်လို့ပိုက်ဆံရတာလား၊ ငြိမ်လို့ ပိုက်ဆံရတာလား သိဖို့လိုမယ်။

နောက်ပိုင်းကျ Trading Analysis ကောင်းပေမယ့် စိတ်မငြိမ်လို့ရှုံးခဲ့တဲ့ကျွန်တော် ကိုယ့်ကိုကိုယ် စိတ်ငြိမ်လက်ငြိမ်နဲ့ ပိုက်ဆံရှာနိုင်တဲ့ Trader ဖြစ်သွားအောင် ဘယ်လို Trick နဲ့ ကိုယ့်ကိုယ်ကို ထိထိရောက်ရောက်ပြုပြင်လိုက်သလဲဆိုတာကို မျှဝေပါဦးမယ်။

We win or we learn
AlpHa (FMMC)
15🍾1
Please open Telegram to view this post
VIEW IN TELEGRAM
လွန်ခဲ့တဲ့ ၆ နှစ်လောက်က သူများဂရုတွေမှာ Market Analysis တွေအကြောင်းဆွေးနွေးရတာ Culture မတူတော့ ရိုင်းတာ၊ ရွဲ့တာ၊ ခနဲ့တာ စုံလို့ပဲ။ ဂရု Admin တွေကလည်း ဂရုလူစည်ပြီးရောဆိုပြီး အငြင်းပွားစရာတွေကို UFC trash talk လုပ်သလိုပဲ လှိုင်လှိုင်ခွင့်ပြုထားတာပေါ့။ အဲဒါနဲ့ ကိုယ့်လိုအေးဆေးသမားတွေ ထိထိရောက်ရောက် ဆွေးနွေးလို့ရအောင်ဆိုပြီး FMMC telegram group ဖွဲ့လိုက်တယ်။

နောက်ပိုင်း လူများလာပြီး နိုင်ငံခြား scammer တွေရော၊ မြန်မာ scammer တွေရောစုံအောင် ရောက်လာလို့ အကုန်စစ်ထုတ်၊ ကစ်ထုတ်ပြီး Private Group လုပ်ပစ်လိုက်တယ်။ နောက်ပိုင်း တောင်းဆိုသူတွေရှိတာနဲ့ Filter ခံပြီး ဂရုကို ပြန်ဖွင့်တယ်။ Myanmar only ပဲ လက်ခံတယ်။ အဲဒါလည်း scammer က ပါဖြစ်အောင် ပါလာသေးတယ်။ မြန်မာပဲ။ အဲဒါနဲ့ ထပ်ပိတ်ပြီး အေးဆေးနေလာတာ ၃၊ ၄ နှစ်လောက် ရှိပြီထင်တယ်။

ခုက အဲ့ ၃၊ ၄ နှစ်အတွင်း Private ဂရုကို ပထမဆုံး ဝင်ခွင့်ပြုတာပေါ့။ ဝင်ခွင့်ပြုချိန်က 24 နာရီပဲ။ ပြီးရင် ပြန်ပိတ်မှာ။ ဂရုထဲရောက်ရင် စည်းကမ်း ၃ ခုတော့ ဖတ်ကြည့်။ Analyst တွေ၊ Trading/ Investing ကို စိတ်ဝင်စားတဲ့ Trader တွေကို ကာကွယ်ပေးထားတဲ့ စည်းကမ်းပေါ့။ ဂရုလင့်က 👇

https://t.me/+rh7GV0FKj2VmMmI1
8
BTC က Uptrend လားဆို 60 K ထောက်ထားပေမယ့် LH, LL ပုံဖော်နေတယ်။ Downtrend လားဆိုတော့လည်း 60 K ထောက်ပြီး HH ပုံဖော်ထားတယ်။ 60 K အောက်ထပ်ဆင်းဖို့ 80 K က Liquidity က မလုံလောက်လို့ 90 K ထိ တက်ယူရမလိုပုံဖြစ်နေတယ်။ အဲလိုဆိုတိုင်း ဆင်းဖို့အားယူနေတယ်လို့ ပြောလို့ မရသေးပြန်ဘူး။ မမဆောင်း ဖြစ်နေတယ် 😅

80 K ကျော်သွားမှ LH, LL ပုံစံပျက်သွားပြီး Bull အတွက် မျှော်လင့်ချက်ရှိမယ်။ ကျွန်တော်ကတော့ 80 K အထက်မှာ ဘာပုံစံဖွဲ့မလဲဆိုတာကို စောင့်ကြည့်ပါမယ်။ Bullish Sign ပေါ်မှ ဝယ်ဖို့စောင့်ပါမယ်။

80 K အောက်က Uptrend လိုလို၊ Downtrend ဖို့ Liquidity မပြည့်သေးသလိုလို ဇဝေဇဝါကာလမှာ လက်ရှောင်နေပါမယ်။ တကယ်ပိုက်ဆံရှာနိုင်တဲ့ Trade တွေက Uptrend, Downtrend, Sideway ဆိုတာကို ကြည့်လိုက်တာနဲ့ ရှင်းတယ်။ သရုပ်ခွဲဖို့ အားထုတ်နေရပြီဆိုရင်တော့ မ Trade သင့်တော့ဘူး။ ကိုယ့်အတွက်ပြောတာပါ။ မရေမရာဝင်ဝယ်ပြီး စွန့်စားတာထက် ရေရာတဲ့အထိ ငွေသားကိုင်ပြီးစောင့်တာက ရေရှည်မှာ အကျိုးအမြတ်ပိုရပါတယ်။
15👍1