Bollywood Cinema
73.6K subscribers
556 photos
7 videos
500 links
For Ads Contact 📌 @Alexic56
Download Telegram
MMAဖိုက်တာဘ၀ကနေ မကောင်းဆိုးဝါးတွေကိုနှိမ်နင်းဖို့ဖြစ်လာရာ

ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက ၊ေသခါနီးအချိန်မှာ
တကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီး သူ့အဖေက ပြန်မကောင်းလာပဲ တကယ်‌ေ၊သသွားတဲ့အခါ

ဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါ

ယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကို
နက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါ
ဘာတွေဖြစ်မလဲဆိုတာကတော့



Movie Link
https://t.me/cinema090/3623

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
✅ဒီဇာတ်လမ်းလေးက လူတော်တော်များများနဲ့ စိမ်းမှာ မဟုတ်သလို လူတိုင်းရဲ့ရင်ထဲ ကျန်ရစ်စေမဲ့ ဇာတ်ကားတခုပါပဲ ...လောကကြီးမှာမိဘတိုင်းကတော့မွေးလာတဲ့သားသမီး‌တွေကို ငယ်ငယ်ထဲကရည်မှန်းချက်အများကြီးထားခဲ့ကြတယ် ကြီးလာရင် ဆရာဝန်ကြီးဖြစ်ရမယ် အင်ဂျင်နီယာကြီးဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်တွေနဲ့ ကို့ကလေးကိုယ်တိုင်ဘာဖြစ်ချင်လဲ ဆိုတာကိုတော့ မမေးခဲ့ကြပါဘူး မြန်မာနိုင်ငံကမိဘတွေလည်းထိုနည်းတူတူပါပဲ။ဒီကားလေးကတော့ ဒီလိုအကြောင်းအရာတွေအပြင် ဘဝတလျောက်ကြုံတွေ့ခဲ့ရတဲ့လူငယ်ဘဝအခက်အခဲတွေကိုပါ ပညာသားသားပါပါနဲ့ သရုပ်ဖော်ထားခဲ့သလို ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးသွားနိုင်တဲ့အကောင်းဆုံး ဇာတ်ကားတကားပါပဲ


✅Movie Link ✅
https://t.me/msubmovie/8850
Please open Telegram to view this post
VIEW IN TELEGRAM
Bride for Rent (2018)

ဖိလစ်ပိုင်ကားကို ကြည့်ဖူးပြီးသားသူတွေအတွက်တော့ သိပ်မထူးဆန်းပေမယ့် မကြည့်ဖူးသေးတဲ့သူတွေအတွက်တော့ ဟာသ၊ အချစ်ရသကို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွက် အရေးပေါ်ငွေလိုနေတဲ့ Linh ရယ်

အိမ်ထောင်ပြုမှ အမွေရမှာမို့ အိမ်ထောင်ဖက်လိုက်ရှာနေတဲ့ Long ရယ်

တွေ့သွားတဲ့အချိန်မှာ အဘွားဆီက အမွေတွေရဖို့ ဟန်ဆောင်လက်ထပ်ဖို့ စာချုပ်ချုပ်လိုက်ကြတဲ့အခါ

ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်သွားပါနော်။

📌 Movie link 🍿
https://t.me/mmchnnell/583
Rush Hour 1

ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်……ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့
ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..
နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ……မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်….အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ…..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်……တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်…….တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့…

Video Link
https://t.me/biscopei00/4055
သူများအိမ်တက်ပွဲသွားစားရင်းတစ်အိမ်လုံးမြေကြီးအောက်ရောက်သွားခဲ့ရာ


ဇာတ်လမ်းကတော့ တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.
ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။
အိမ်ကမြေပြိုသွားတော့တာပါပဲ.
သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေအသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ.....
Lee Kwang Soo အပြင်ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကိုဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်


Movie Link
https://t.me/moviecinema78/3558

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Geostorm (2017)

၂၀၁၉ ခုနှစ်မှာ ကမ္ဘာတ၀ှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီး အဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်​ချ်​ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်

ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ်ကစနစ်ကို နာဆာ လက်အောက်မှတဆင့်ဦးဆောင်ရင်း ၃နှစ်ခန့်ကြာသောအခါမှာတော့နာဆာရဲ့ဒက်​ချ်​ဘွိုင်း ဂြိုလ်တုတစ်ခုဟာအာဖဂန်နစ်စတန် ရဲ့သဲကန္တာရတစ်ခုထဲကမြို့အပေါ်ကျခဲ့ပြီးတစ်မြို့လုံးရေခဲပြီးအကုန်အေးခဲသေသွားကြတယ်

ဂျိတ် တစ်ယောက်နာဆာမှတဆင့် အာကသထဲက ဒက်​ချ်​ဘွိုင်းစနစ်တည်ရှိရာစခန်းသို့ရောက်သွားချိန်မှာတော့သူ့ညီမတ်ထင်နေခဲ့သလိုဒက်​ချ်​ဘွိုင်း ရဲ့စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေ၀သ ထိန်းချုပ်တဲ့စက်အပေါ်လူသတ်လက်နက်အဖြစ်အသုံးချနေတဲ့ အဖြစ်မှန်းသိရှိသွားခဲ့သောအခါ

📌 Movie link 🍿
https://t.me/mmchnnell/586
Police Story(1985)

ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

Video Link
https://t.me/biscopei00/4061
Get the Hell Out (2020)

ဒီကားလေးကတော့ ခွေးရူးပြန်ရောဂါမျိုးစိတ်ဖြစ်တဲ့ ဇွန်ဘီဗိုင်းရပ်စ်တွေ

ပါလီမန်ထဲမှာ ပျံနှံ့သွားတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ

အစပိုင်းမှာ
ပေါတယ်လို့ထင်ရပေမဲ့ တဖြည်းဖြည်း ဇာတ်ရှိန်တတ်လာပြီး
တကယ်ကိုကြည့်ကောင်းတဲ့ ဟာသ သဲထိတ်ရင်ဖိုကားလေးပါနော်

ဟဆွမ်ရင်းရင်းဟာ သူတို့ကမ်းခြေလေးပေါ်မှာ ခွေးရူးပြန်ရောဂါ
အရင်းအမြစ်ဖြစ်တဲ့ ဓာတုစက်ရုံဆောက်မှာကို တားဆီးဖို့အတွက်
ပါလီမန်မှာ ရွေးကောက်ခံပြီး ပါလီမန်အဖွဲ့ဝင်ဖြစ်လာတာပါ

ဒေါသမထိန်းနိုင်တဲ့ ဟဆွမ်ရင်းရင်းက စက်ရုံကိစ္စနဲ့ပတ်သတ်လို့
သတင်းထောက်တွေနဲ့ရန်ဖြစ်ပြီး ပါလီမန်ကနေ နှုတ်ထွက်လိုက်ရပါတယ်

ဝမ်ယုံဝေကတော့ ပါလီမန်ရဲ့ လုံခြုံရေးအစောင့်ဖြစ်ပြီး ဟဆွမ်ရင်းရင်း ရန်ဖြစ်တာကို

ဝင်ဆွဲခဲ့ပြီး တစ်နိုင်ငံလုံးမှာ heroအဖြစ် နာမည်ကြီးသွားတဲ့သူပါ
ဟဆွမ်ရင်းရင်းက စက်ရုံဆောက်တာကို တားဖို့အတွက် ဝမ်ယုံဝေကို ရွေးကောက်ပွဲမှာ

ပါလီမန်အဖွဲ့ဝင် ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ် အဲ့ဒီနောက်
ပါလီမန်မှာ သမ္မတနဲ့အတူ အစည်းအဝေးလုပ်ကြတဲ့အချိန်မှာ

🔥Movie Link
https://t.me/moviecinema78/3563

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Rush Hour 3

Rush Hour ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်၊
တရုတ်ကောင်စစ်ဝန်ဟန် လုပ်ကြံခံခဲ့ရခြင်းကြောင့်အင်စပက်တာလီနဲ့ စုံထောက်ကာတာတို့နှစ်ဦးပြန်လည်ပေါင်းစည်းကြဖို့အကြောင်းဖန်လာပြန်ပါတယ်။ဒီတစ်ခေါက်တော့ပဲရစ်မြို့မှာပါ

ဗီလိန်အဖြစ်ဝါရင့်ဂျပန်မင်းသားကြီးHiroyuki Sanada လည်းပါဝင်ထားပါတယ်။

Video lINK
https://t.me/biscopei00/4066
🍿တကားလုံး ရီလဲရီရ ကြောက်လဲကြောက်ရ ဆိုတာ ဒီလိုကားမျိုးကို ပြောတာနေမှာ..... ဇာတ်လမ်းလေးကို ဆက်ရရင် အမြဲတမ်း ဘယ်နေရာမဆို ပြသာနာ မီးထွန်းရှာတတ်တဲ့ သူငယ်ချင်းအုပ်စု တသိုက် ဒီတခါမှာလဲ သရဲခြောက်ပါတယ်ဆိုတဲ့ အဆောက်အဦးပျက်ကြီးကိုမှ စူးစမ်းရာကနေ စတင်ထားပါတယ် သရဲ ဆိုတာ အယုံအကြည် မရှိလို့ သွားစူးစမ်းရာကနေ တဂယ်တမ်းသရဲခြောက်ခံလိုက်ရတဲ့အခါမှာတော့....
3ကားထိ ထွက်ရှိထားပြီး တကားစီတိုင်းမှာ အလွဲလွဲ ဟာသတွေနဲ့ အူတက်အောင်ရီနေစေရမှာမို့ အချိန်အားရင် ကြည့်ကြည့်ဖို့ရာ တိုက်တွန်းလိုက်ပါတယ်




Movie Link😍
https://t.me/msubmovie/8863
Please open Telegram to view this post
VIEW IN TELEGRAM
The Long Way Home (2015)

၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ်။
စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တောင်ကိုရီးယားဖက်ကလည်းလယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလိုမြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်..
တောင်ကိုးရီးယားဖက်ကခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်..လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာကကျပျောက်သွားပါတယ်
အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့်တင့်ကားတစ်စီးနဲ့ ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်းကျန်ခဲ့ပါတယ်
ကျောင်းသားလေးကို သူ့ရဲခေါင်းဆောင်က သေခါနီးမှာ တင့်ကားကိုသေချာအရေးကြီးစာကိုလည်းသူကောက်ရလိုက်တော့ ဘယ်လိုတွေများရှေ့ဆက်ဖြစ်ကြမှာလဲ

Movie link
https://t.me/moviecinema78/3567

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Flash Point ( 2007 )

2007 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသားကြီး ဒယ်နီယန်း ရဲ့အက်ရှင် ဇာတ်ကြမ်းကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်

IMDb မှာတော့ 6.8 ထိရရှိထားပြီး R rated ပေးထားတယ်ဆိုတော့ အသတ်အပုတ်တွေ သွေးထွက်သံယိုခန်းတွေ မနည်းမနောကြီးပါနေလိုပဲဖြစ်မယ်ထင်ပါတယ်ဗျပြီးတော့ ဗီလိန်နေရာမယ်သရုပ်ဆောင်တွေကလဲ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေပြီးသား ဆိုတော့ ကောင်းမကောင်းသိပြီးသားဖြစ်မှာပါဗျ

ဇာတ်လမ်းအကျဉ်းလေးကတော့

ဗီယက်နမ် တရုတ်ဂိုဏ်းကြီးကိုဖြိုခွဲဖို အင်စပက်တာ Ma Jun ဟာဂိုဏ်းခေါင်းဆောင် ညီအစ်ကို၃ယောက်ကို ဖမ်းဆီးရာမှာ အစ်ကိုအကြီးဆုံးဖြစ်သူ Wei Cha ဟာအဖမ်းခံ ခဲ့ရပါတယ်

ဒီလိုနဲ့ wei cha ရဲ့ရီးစား Qui Di ဟာသက်သေခံဖို သဘောတူလိုက်ရာမှ ကောင်မလေးကအသက်အန္တရာယ်ရှိလာတဲ့အခါမှာတော့ တရားမျှတမူအတွကဘယ်လိုတွေဆက်လက် ဖြစ်ပျက်ကြမလဲဆိုတာကိုတော့...

📌 Movie link 🍿
https://t.me/mmchnnell/588
Laws of Attraction

အော်ဒရေနဲ့ ဒန်နီရယ်တို့က နယူးယောက်မြို့ရဲ့ အတော်ဆုံး ကွာရှင်းရှေ့နေ နှစ်ယောက်ဖြစ်ကြတယ်။ စတွေ့ကတည်းက တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေသလို တရားခွင်မှာလည်း တရားသူကြီးတွေ စိတ်ညစ်ရလောက်တဲ့အထိ ရန်တကျက်ကျက်ဖြစ်ကြတယ်။ အဲဒီလောက်ရန်သတ်လွန်းတဲ့ နှစ်ဦးသားခမျာ တိုက်ပဲတိုက်ဆိုင်လွန်းတာလားတော့မသိ၊ အမြဲလိုလို နှစ်ဖက်ရှေ့နေတွေ ဖြစ်ကြရတယ်။
ဒီနေရာမှာ သူတို့နှစ်ဦးက နှစ်ဖက်ရှေ့နေဖြစ်ကြရလို့ မတည့်ကြတာလားလို့ မေးလာမယ်ဆိုရင်… အော်ဒရေရဲ့ ရှေ့နေလိုက်ပုံက စာအုပ်ကြီးဆန်တယ်၊ ဒန်နီရယ်ကတော့ နည်းနည်းဟိုလှည့်ဒီလှည့်နဲ့ လှည့်ကွက်လေးတွေသုံးပြီး အမှုကိုလျှောက်လဲတတ်တယ်။

Video Link
https://t.me/biscopei00/4075
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Adrift (2018)

ဒီဇာတ်ကားက ၁၉၈၃ ခုနှစ်ကပင်လယ်ကိုအပျော်ခရီးထွက်ရင်းမတော်တဆလှေမောက်သွားတဲ့ချစ်သူနှစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။
‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးကသင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ်‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီးသူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်
အဲ့ညမှာပဲ ချစ်သူတွေဖြစ်ရာကနေ ကောင်မလေးကပင်လယ်မှာရွက်လွှင့်သွားရတာကြိုက်မှန်းသိလို့ကောင်လေးက တစ်ကမ္ဘာလုံးကိုရွက်လွှင့်ပြီးလိုက်ပြဖို့ခွင့်တောင်းပါတယ်နောက်နေ့မှာတော့ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွှင့်ကြပါတော့တယ်
ဒီလိုနဲ့ရွက်လွှင့်ရင်းကနေပစိဖိတ်သမုဒ္ဒရာအလယ်မှာအားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားတဲ့အခါမှာတော့ဖြစ်ရပ်မှန်ဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ လူသားတို့ရဲ့ဘဝကြီးတခုကို ခံစားထိတွေ့ရမှာပါ
ဇာတ်ကားရဲ့အဆုံးသတ်မှာ ပရိတ်သတ်တွေ ”ဟာ”ကနဲဖြစ်သွားစေမယ့် အလှည့်အပြောင်းတခုကလဲစောင့်လို့ကြိုနေပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်ရှင်။

📌 Movie link 🍿
https://t.me/mmchnnell/589
The Story of Us 

ဇာတ်လမ်းအကျဉ်းကတော့
ဘန်နဲ့ ကေတီတို့က အိမ်ထောက်သက်ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ သူတို့မှာ ဂျော့နဲ့အယ်ရင်လို့ခေါ်တဲ့ ကလေးနှစ်ယောက်လည်းရှိကြပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိူင်း အိမ်ထောင်သက်ကြာလာတာနဲ့ ရန်ဖြစ်တာတွေ၊ ကတောက်ကဆဖြစ်တာတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကပိုပြီး အေးစက်လာကြပါတော့တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ နှစ်ယောက်သာ ဝေးကွာသွားကြရင်း ကွာရှင်းဖို့အထိပါ ဖြစ်ကုန်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ရပ်တန့်လိုက်ဖို့ကတော့လွယ်ပေမဲ့ တည်ဆောက်ဖို့ကတော့ ခက်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပြီး အသက်သွင်းဖို့ကြိုးစားကြရပါတယ်။

Video Link
https://t.me/biscopei00/4081
The Wild One (1953)

Johnny Strabler ဟာ Black Rebels Motorcycle Club လိုခေါ်တဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ California ပြည်နယ်က Wrightsville မြိုလေးကို သူတိုတွေရုတ်တရက်ဝင်ရောက်လာချိန်မှာပဲ အေးချမ်းနေတဲ့မြိုလေးဟာ မအေးမချမ်းဖြစ်ခဲ့ရပါတယ်။

နောက်ပိုင်း ပြိုင်ဘက်မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ခုလည်းဝင်လာပြီး မြိုသူမြိုသားတွေနဲ့ ရဲတွေကြား အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်လာတယ်။

အရှုပ်အထွေးတွေကြားထဲကပဲ Johnny ဟာ Kathie ဆိုတဲ့ကောင်မလေးကို တွေ့ပြီး စိတ်ဝင်စားသွားတယ်။

Video Link
https://t.me/biscopei00/4086