Bollywood Cinema
73.7K subscribers
535 photos
7 videos
482 links
For Ads Contact 📌 @Alexic56
Download Telegram
Journey to the West: The Demons Strike Back (2017)

Jounery to the west လို့ဆိုလိုက်တာနဲ့ ဆရာတော်နဲ့သူ့တပည့်၃ယောက်အကြောင်းဆိုတာ လူတိုင်းသိကြမှာပါ။ ယခုကားကတော့ အရင်2013ခုနှစ်ကထွက်ရှိထားခဲ့တဲ့ Journey To The West : Conquering the demons ရဲ့အဆက်ပါ ။ ပထမကားနဲ့လည်းကွားပြားသလို အရင်ထွက်ရှိခဲ့တဲ့ဝူခုံးဇာတ်ကားတွေနဲ့လည်းကွဲပြားမှာအမှန်ပါပဲ။ ယခုဇာတ်ကားကိုတော့ စတီဗင်ချောင်က ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားပါတယ်။ Cm ပရိသတ်ကြီးအကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားပါ။

Video Link
https://t.me/biscopei00/3820
Liar Liar [1997]

IMDB: 6.8/10 ရထားပြီး PG 13 သတ်မှတ်ထားတဲ့The Mask မင်းသား Jim Carreyပါဝင်တဲ့ဟာသကားကိုတင်ဆက်ပေးလိုက်ပါတယ်

ရိဒ် ဖလက်ချာဟာ လိမ်ပြောတဲ့နေရာမှာ ကျွမ်းကျင်တဲ့ရှေ့နေတယောက်ပါ။

လူတယောက်သား စိတ်ချမ်းသာအောင်ပဲဖြစ်ဖြစ် လိမ်ပြောတတ်ပါတယ်။

သူဟာ အိမ်ထောင်ကွဲနေပြီး သားလေးကိုချစ်ပေမယ့်အချိန်မပေးခဲ့ပါဘူး။

သားကိုကတိအမျိုးမျိုးပေးပေမယ့်မတည်တာများနေပါတယ်။

နောက်တော့သူ့သားကသူ့မွေးနေ့လာမယ်ကတိပေးပြီးမှ မလာတဲ့အဖေအတွက်မွေးနေ့မှာဆုတောင်းခဲ့ပါတယ်။

သူ့အဖေတရက်လောက်ပဲဖြစ်ဖြစ်လိမ်မပြောနိုင်ပါစေနဲ့လို့...

မွေးနေ့ဆုတောင်းက အမှန်ဖြစ်လာတယ့်အချိန်မှာတော့…

ဘယ်လိုတွေတောင် ဗရုတ်သုတ်ခဖြစ်ကုန်မလဲရှုစားကြည့်ကြပါဦးခင်ဗျာ

📌 Movie link 🍿
https://t.me/mmchnnell/505
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Honest Thief (2020)

မင်းသားကြီး လီယန်နယ်ဆန်ကတော့ ဖန်တွေကို စိတ်မပျက်စေပါဘူး။အက်ရှင်ကားပီပီ သည်းထိပ်ရင်ဖို အက်ရှင်နဲ့ သဘာဝကျတဲ့ ဇာတ်လမ်းနဲ့ ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ – ရှစ်နှစ်အတွင်း ဘဏ်ပေါင်း ၁၂ ခုကို သဲလွန်စ ရှာမရအောင်ဖောက်ထွင်းခဲ့တဲ့ သူခိုးကြီးတစ်ယောက် ရှိတယ်။အဲဒီသူခိုးကြီးက တစ်နေ့မှာ အကြောင်းတစ်ခုကြောင့်သူခိုးထားတဲ့ငွေတွေအကုန်ပြန်အပ်ပြီး အဖမ်းခံမယ်လို့ အက်ဖ်ဘီအိုင်ကို ဖုန်းဆက်လာပါလေရော။ဒါပေမယ့် သူ့ကိုဖမ်းရမယ့် အေးဂျင့် ၂ ယောက်က သူ ပြန်ပေးမယ် ငွေတွေကို လောဘတက်ပြီးသူ့ကိုသတ်ဖို့နဲ့ လူသတ်မှုတစ်ခုကို သူ့အပေါ် ပုံချဖို့ ကြိုးစားလာတဲ့ခါ…..ထုံးစံအတိုင်း ဒီဘဲကြီး ဘယ်လိုရုန်းကန်လှုပ်ရှားမလဲဆိုတာကိုတော့…

Video Link
https://t.me/biscopei00/3829
Merrill's Marauders (1962)

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။

"ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။

ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ

Video Link
https://t.me/biscopei00/3835
🔥 လီဗြောင်ဟွန်း လို့ ပြောလိုက်တာနဲ့ ကိုရီးယားတင်မကပဲ Hollywood ရုပ်ရှင်တွေထိပါ အမိုက်စားအက်ရှင်တွေနဲ့ နေရာယူခဲ့တဲ့ ဘဲကြီးကိုပြေးမြင်မိမှာပါ.... R၊e၊d 2, Ma၊g၊ni၊fic-ent Seve-n တို့လို့ Hollywood ရုပ်ရှင်တွေအပြင် Korea အက်ရှင်ကားတော်တော်များများမှာလဲ အမိုက်စားအက်ရှင်တွေနဲ့မြင်ခဲ့ရသလို ဒီရုပ်ရှင်မှာလဲ St၊or၊m Sha၊do၊w ဆိုတဲ့ Character နဲ့ ဘာမဆို မညှာတတ်တဲ့ Nin၊ja တယောက်အဖြစ်မြင်တွေ့ရမှာပါ သေချာတာတခုကတော့ မြင်နေကြ Koreaကားတွေထဲက လီဗြောင်ဟွန်းမဟုတ်ပဲ တဂယ်မူကွဲပြားတဲ့ အမိုက်စားပုံ‌စံတွေကို မြင်တွေ့စေရမှာပါ


Movie Link ✅
https://t.me/biscopei00/3841
Please open Telegram to view this post
VIEW IN TELEGRAM
၈နှစ်အရွယ်ကလေးမလေးကိုပြန်ပေးဆွဲပြီးလူမဆန်စွာအဓမ္မပြုကျင့်ခဲ့တဲ့ သနားဖွယ်ရာဖြစ်ရပ်မှန်ဇာတ်လမ်းလေး

Na-Youngဆိုတဲ့ ၈နှစ်အရွယ်သာရှိသေးတဲ့ကလေးငယ်လေးကို ၅၆နှစ်အရွယ် အမျိူးသားတစ်ယောက်ကပြန်ပေးဆွဲပြီး အဓ္ဓမ ပြုကျင့်ခဲ့ပါတယ်၊ကလေးလေးရဲ့ ဘဝဟာစုတ်ပြတ်သတ်သွားပြီးမိသားစုကဒီလူကြီးထောင်ထဲရောက်အောင်အမှု့ရင်ဆိုင်ခဲ့ကြပါတယ်။သူဟာထောင်ဒဏ်(၁၂)နှစ်သာ ကျခဲ့ပြီး၂၀၂၀မှာတော့ ပြန်လည်လွတ်မြောက်လို့လာခဲ့ပါပြီ။

ဇာတ်ကားထဲမှာဘယ်လိုပုံဖော်ရိုက်ကူးပြထားသလဲဆိုတာကြည့်ရှု့ခံစားပေးကြပါအုန်း၊အရမ်းကောင်းတဲ့ကားလေးမို့ဒေါသ၊ပူဆွေးသောက၊ဝမ်းနည်းခြင်းတွေ ကျန်ခဲ့မှာမို့ အချိန်ပေးရကျိုးနပ်မယ့်ကားလေးပါ။


🔥Movie Link
https://t.me/moviecinema78/3453

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Romeo Must Die (2000)
-----------------------------

IMDB (6.1/10)

တရုတ် Action ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်..သူတို့အားသန်ရာ ကိုယ်ခံပညာတွေနဲ့ သရုပ်ဖော်ကြပေမယ့် ဂျက်လီကားတွေကို ပိုနှစ်သက်မိတယ်

သူ့အက်ရှင်ခန်းတွေက လှပြီး သေသပ်တယ်..သတ်ဖြတ်ခန်းတွေဆိုရင်တောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ဟာမျိုးပါတာရှားတယ်

လူတိုင်းသိကြတဲ့ ကားမို့ တကူးတက အညွှန်းကို ရေးမပြတော့ပါဘူး..ခံစားကြည့်လိုက်ပါ

📌 Movie link 🍿
https://t.me/mmchnnell/513
No Country for Old men (2007)

ဆိုတော့ ဒီကားရဲ့အသက်က ဂုတ်ဝဲလေးနဲ့ ဘဲကြီးပါဘဲ စိတ်တဆဗီလိန်ကြီးပါ ဒီကားထဲလူတွေမပြောနဲ့ကြည့်တဲ့လူတောင် ဂုတ်ဝဲနဲ့ဘဲကြီးကို ကြောက်ကြပါတယ်။သူ့ရဲ့ရက်စက်တဲ့အကြည့်နဲ့တည်တည်ငြိမ်ငြိမ်ပါးနပ်တဲ့ ပုံစံတွေက ကြည့်တဲ့လူကိုတောင် လွှမ်းမိုးနိုင်တဲ့ထိ မိုက်တာ‌ပါ အဲ့ကြောင့် အော်စကာဆုရထားတာ ဖစ်မယ် ဒီကားမှာ ဂုတ်ဝဲဘဲကြီးကို မကြောက်တာဆိုလို့ ဆိုင်ရှင် ၀တုတ်မကြီးတစ်ယောက်ရှိတာပါ။ကျွန်တော်တော့ အဲ့ဂုတ်ဝဲဘဲကြီးကြည့်ပြီး တကယ်လို့ကိုယ်သာ သူ့သားကောင်ဖြစ်သွားပြီဆို ဘယ်လိုပြန်တိုက်ခိုက်ရမလဲမသိ ကြောင်ပျောက်နေမှာ အသေချာပါဘဲ အဲ့ထက်သေချာတာက သူ့လက်ကလုံး၀မလွှတ်တော့ဘူးလို့ကို ခံစားမိပါတယ်။Thanos မင်းသားကြီးလည်းပါ၀င်ထားပြီး တစ်ခြား legend မင်းသားတွေလည်း ပါပါတယ်ဆိုတော့ ဂုတ်ဝဲမြင်တိုင်း လိုက်မကြောင်ကြပါနဲ့ Anton‌ဆိုတဲ့ဘဲကြီးဖစ်နေအုန်းမယ်။


Video Link
https://t.me/biscopei00/3844
Slapface (2021)

လူးကက်စ်နဲ့ တွမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ မိခင် မတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့နောက် တောထဲက အိမ်လေးမှာ နှစ်ကိုယ်တည်းနေနေခဲ့ကြပါတယ် သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းတဲ့ဂိမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မနာနာအောင် ပါးရိုက်ကြေးဆိုတဲ့ဂိမ်းပါ

အန်နာ ဆိုတဲ့ ကောင်မလေးက တွမ်နဲ့ ချစ်ကြိုက်မိပြီး အန်နာကပါ သူတို့အိမ်လေးမှာ လိုက်နေလာခဲ့ပါတယ် လူးကက်စ်မှာလည်း ချစ်သူဖြစ်သူ မိုရိုင်ယာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အမြွှာမိန်းကလေးနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသူပါ

တစ်ရက်မှာတော့ လူးကက်စ်တစ်ယောက် တောထဲမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့တွေ့မိပြီး မိတ်ဆွေဖွဲ့ခဲ့ရာကနေ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေ အားလုံး စတင်လာခဲ့ပါတော့တယ် Virago Witch Story နဲ့ ချိတ်ဆက်ထားတဲ့ Horror and Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်


🔥Movie Link
https://t.me/moviecinema78/3456

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Big Daddy (1999)

ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ်
ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို
အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ
ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့
ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့
အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့
ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ကယ်ဗင်ရဲ့ ရှိလို့ရှိမှန်းမသိရဘဲ
ရုတ်တရက်ပေါ်လာတဲ့ သားတစ်ယောက်ပါ။ ထိုအချိန် ကယ်ဗင်ဟာ တရုတ်ပြည်ကို
သွားနေတာမို့ ဆန်နီလည်း ဗနက်ဆာများ စိတ်ပြန်လည်လာမလားဆိုပြီး ဂျူလီယန့်ကို
မွေးစားဖို့လုပ်ပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ တာဝန်မယူတတ်၊
ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေတဲ့ ဆန်နီ ကလေးတစ်ယောက်နဲ့ ဘယ်လိုတွေ
ဖြတ်သန်းရမလဲ၊ ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ
ဆက်လက်ရှု့စားလိုက်ပါဦး

📌 Movie link 🍿
https://t.me/mmchnnell/517
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Snatch (2000)

ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်…ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင်ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင်  လက်ရှိ မူလကျောရိုးအတိုင်းရိုက်ခဲ့ပေမယ့်အောင်မြင်မှုတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်….ပြောရရင်အထက်ပါ ၂ကားဟာပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်းရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့…ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေတည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြားက စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်းအလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်…Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီးအခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်….ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့….

Video Link
https://t.me/biscopei00/3852
Late Autumn(2010)

HyunBin နဲ့ တရုတ်မင်းသမီးချော TangWei တို့ပါဝင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

TangWeiက လူသတ်မှုတစ်ခုကြောင့် အကျဉ်းကျနေတဲ့ အန်းနာချန်အဖြစ် သရုပ်ဆောင်ထားပါတယ်။

အကျဉ်းကျနေခိုက် တနေ့မှာတော့ အမေဆုံးသွားလို့ဆိုပြီး အစ်ကိုဖြစ်သူဆီက ဖုန်းဆက်လာပါတယ်။ မိခင်ဖြစ်သူရဲ့ စျာပနာပွဲတက်ရန်ဖို့ ပြန်လာရင်း လမ်းမှာ ဟွန်း (HyunBin) နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဟွန်းကလည်း ကိစ္စတစ်ခုနဲ့ ရှောင်ပြေးလာသူဖြစ်ပါတယ်။

ပြဿနာကိုယ်စီနဲ့ လောကဒဏ်ကို အံတုဖို့ကြိုးစားကြရင်း ဒီလောကဇာတ်ခုံပေါ်မှာ အချစ်တစ်ခုမွေးဖွားဖို့
သူတို့ဆုံခဲ့တယ်လို့ပြောရမယ်...

အချစ်ဆိုတာမျိုးက ဘယ်အတန်းအစားမဆိုး ခံစားဖို့ ခံယူဖို့ ထိုက်တန်ကြတာပဲမဟုတ်လား...

သူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...


🔥Movie Link
https://t.me/moviecinema78/3461

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Absolutely Anything

ဒီဇာတ်ကားကိုတော်တော်များများ TikTok တွေ Reels တွေမှာ အတိုလေးတွေအနေနဲ့ တွေ့ဖူးမှာပါ။simon pegg တစ်ယောက်မှန်မှာ ကြည့်ပြီးတော့ ဂွေးကြီးစမ်း ဘော်ဒီကြီးကြီးလာစမ်းဆိုပြီး လက်ကိုဝေ့ဝေ့ပြီး ပြောနေတဲ့ အခန်းကို။ ပြောရရင် တကားလုံးက ဒီလိုသောက်တလွဲတွေနဲ့ ပြည့်နေပြီးတော့ခွီနေအောင်ရယ်ရပါတယ်။ ဒီအတိုတွေထဲမှာ မပါတာကတော့ ဒီဇာတ်လမ်းထဲက မင်းသမီးKate Beckinsale ပါ။ ဗြိတိန်မင်းသမီးပိပိ အင်္ဂလိပ်ဆန်ဆန်လေး မှုန်နေအောင်လှတာပါ။ ကြည့်နေရင်းနဲ့
တခြားဘာမှမကြိုက်တောင် ဒီမင်းသမီးကိုတော့ ကြွေသွားမှာ သေချာပါတယ်။ဒီတော့ ဒီ စက္ကန့်သုံးဆယ်စာ အတိုလေးတွေ ကြည့်နေမယ့်အစား ဒီဇာတ်ကားကိုသာအပြည့်ပြေးကြည့်လိုက်ပါ။ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးကနေ ပြင်ပမှာ ဂြိုဟ်သားတွေရှိလားဆိုပြီးတော့ ဆက်သွယ်ဖို့အာကာသယာဉ်မှာ လူတွေအကြောင်းရေးပြီး လွှတ်ပေးလိုက်ပါတယ်၊။

Video Link
https://t.me/biscopei00/3856
😓❝ မိုးအေးအေးနဲ့ ကြည့်လို့ကောင်းစေမဲ့ ရုပ်ရှင်ဇာတ်ကားများ ❞


☕️မိုးအေးတဲ့နေ့လေးမှာ ကော်ဖီခွက်လေးကိုင်ရင်း အနားယူကြည့်ရှူဖို့ရာအတွက် ဒီဇာတ်ကား‌တွေကို Recommend ပေးလိုက်ချင်ပါတယ်

Movies Link
😍
https://t.me/internmovie/3599
Please open Telegram to view this post
VIEW IN TELEGRAM
Triple Frontier (2019)

Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။ မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။

ဇာတ်လမ်းအကျဉ်း

အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။

သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့်  အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။

ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။

တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။

📌 Movie link 🍿
https://t.me/mmchnnell/521
Pushing Tin

လူသဘောသဘာဝဆိုတဲ့အတိုင်း အဆင်ပြေနေတဲ့ဘဝကြီးမှာ လူတစ်ယောက်က ကိုယ့်ဘဝထဲကို ဝင်လာပြီး အရာအားလုံးကို လုယူသွားသလို ခံစားရတဲ့အခါ မကျေမနပ်ဖြစ်ကြတာပဲမလား….. နာမည်ကျော် မင်းသားကြီး John Cusack သရုပ်ဆောင်ထားတဲ့ Nick Falzone ဆိုတဲ့ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်က ဒီကားမှာတော့ လုယူခံလိုက်ရတဲ့လူပေါ့…..
လေယာဥ်တွေကို controlling ပိုင်းမှာ အစစအရာရာ ပြည့်စုံနေခဲ့တဲ့ လူတစ်ယောက်ဟာ သူ့ထက်သာတဲ့ သူ့ပြိုင်ဘက် Russell Bell ဆိုတဲ့ ဘဲကြီး ရောက်လာတဲ့အခါမှာတော့ သူ့ဘဝကြီးက စတင်မှားယွင်းလာတော့တာပါပဲ ဒီဘဲကြီးက သူ့ထက် အစစအရာရာ သာရုံတင်မက မိန်းမကပါ လန်းနေတော့ Nick တစ်ယောက် မနာလိုတွေဖြစ် အမှားတွေကျူးလွန်မိပြီး ဘဝက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ‌တော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျား comedy လေးလည်း ရောထားတော့ စိတ်အပန်းဖြေဖို့အတွက် ကြည့်သင့်တဲ့ကားပါပဲ

Video Link
https://t.me/biscopei00/3865