Bollywood Cinema
73.3K subscribers
595 photos
7 videos
539 links
For Ads Contact 📌 @Alexic56
Download Telegram
Bad Genius (2017)

ဇာတ်လမ်းနဲ့ လှည့်ကွက်တွေကတော့ ဆန်းသစ်ထားတာမို့ အားလုံးကြိုက်မယ်ထင်ပါတယ်။ Bad Genius ရုပ်ရှင် ကြည့်ပြီးသားလူတွေကတော့ အညွှန်းတောင် မလိုလောက်ပါဘူး။လင်းဟာ အရမ်းဥာဏ်ကောင်းတဲ့ ကျောင်းသူဖြစ်ပြီး ဆင်းရဲပါတယ်။ သူဌေးတွေ တက်တဲ့ကျောင်းကြီးတစ်ခုမှ တက်နေရင်း သူဌေးသမီးနဲ့ သူငယ်ချင်းဖြစ်ပြီး စာပြပေးလိုက်မိတယ်။စာပြရုံနဲ့ သူငယ်ချင်းက မဖြေနိုင်တော့ စာခိုးချဖို့ပါ ကူညီလိုက်ရတယ်။ အဲဒီကနေ အစပြုပြီး စာခိုးချနည်းမျိုးစုံနဲ့ အခကြေးငွေယူပြီး လုပ်ရင်းနဲ့ တစ်နိုင်ငံလုံးနဲ့ ချီတဲ့ အလုပ်ကြီးတွေ လုပ်မိလာတဲ့အခါ….

📌 Movie link 🍿
https://t.me/mmchnnell/485
🔻အမေရိကန်ပြည်တွင်းစစ်ကြားက ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းတပုဒ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်ကတော့
Oscar ဆု ၁၅ဆု အထိလျာထားခံခဲ့ရတဲ့အထဲမှ ၈ ဆု ရရှိခဲ့တဲ့ ဂန္တဝင် ဇာတ်ကားကောင်းကြီး တခုပါ လေရူးသုန်သုန် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာကြီး မြသန်းတင့် ဘာသာပြန် တင်ဆက်ခဲ့ပြီး မြန်မာ့စာပေလောကရဲ့ အကောင်းဆုံး ဘာသာပြန် ဝတ္ထုကြီးတပုဒ်လို့တောင် တင်စားခဲ့ကြရပါတယ် ၄ နာရီ နီးပါးရှိတဲ့ ဒီရုပ်ရှင်က ဘာကြောင့် မ Thay ခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကားတကားဖြစ်ရသလဲဆိုတာကတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှူလိုက်ပါ

🎬ရုပ်ရှင် ~ Gone With The Wind


Movie Link ✅
https://t.me/internmovie/3547
Please open Telegram to view this post
VIEW IN TELEGRAM
Miracle in Cell No. 7 (2013)

မေတ္တာတရားတွေကို သေချာ ကြည့်မယ်ဆိုရင် ….. ၁၅၀၀ မေတ္တာ က ၅၂၈ မေတ္တာ ထက် သင်္ချာ အတိုင်းအတာ ပမာဏ အားဖြင့် များပြားတယ်လို့ထင်ရပေမဲ့ … တကယ်တမ်းတော့လေ အဖြူစင်ဆုံးသော တိုင်းတာ မရသော အနန္တမေတ္တာဆိုတာလေ ၅၂၈ ဆိုသော မိသားစု လေးကပေးတဲ့ ဖြူစင် သောမေတ္တာ လေးကသာ တန်ဖိုး အရှိဆုံးပါ…ဘယ်လို မိဘမျိုးဘဲ ဖြစ်နေပါစေ… သားသမီးအပေါ် လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးချင်ကြပါတယ် … ဉာဏ်ရည်မမှီသော ဖခင်တစ်ယောက်က သူ့သမီးလေး လိုချင်သော အိတ်လေးတစ်လုံးကြောင့် အမှတ်မထင် အမှု့အခင်း ဖြစ်ပြီး အရမ်းလိမ္မာပြီး အလိုက်သိလွန်းတဲ့သမီးလေးကြောင့် သူ့ဘ၀ ကြီး နဲ့သမီးလေး ဘ၀ ကို ထပ်တူ ထားသော ဖခင် တစ်ယောက် ရဲ့ မေတ္တာ….. လောကမှာ တစ်ယောက်ထဲ ရှိတဲ့ သမီးလေးသေးဆုံးမှု့ ကြောင့် အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့ဖခင်တစ်ယောက်ရဲ့ခံစားချက် …… ဒီဖခင်၂ယောက်ရဲ့အကြားမှာ အားပြိုင်မှု့တွေက ဘာတွေဖြစ်လာမလဲ…



🔥Movie Link
https://t.me/cinema090/3483

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
The Theory of Everything (2014)

IMDB (7.7/10)

ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်းရဲ့ အတ္ထုပ္ပတ္တိလေးပါ၊ သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး၊ စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ

အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်

သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်၊ ဒီလိုဖြစ်ဖို့ သူဟာ သာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး

Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီးနဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ

ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ

သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေအတွေးတွေကတော့ ဟိုးကမ္ဘာ့အပြင်ဘက် စင်္ကဝြဠာပေါင်းများစွာထိအောင် ရောက်နေပါတယ်

ဒီလိုကားမျိုးတွေကို သင် လက်လွှတ်မခံသင့်ပါဘူး၊ ဒီလို Biography ကားမျိုးတွေက တကယ့်ကို အသိပညာ ဗဟုသုတလဲ ရပါတယ်

Video Link
https://t.me/biscopei00/3780
White Chicks (2004)

အလုပ်လုပ်လိုက်တိုင်းအမြဲတလွဲတွေဖြစ်နေလို့ FBIအလုပ်ကနေ ပြုတ်တော့မလိုဖြစ်နေတဲ့ တလွဲ ညီအကိုနှစ်ယောက်လူဆိုးတွေရဲ့ ချိန်းခြောက်တာခံနေရတဲ့ လူကြီးသမီး၂ယောက်ကို ကာကွယ်ပေးပြီး အိမ်ပြန်ပို့ရမဲ့ မဟာအခွင့်ရေးတစ်ခု သူတို့ပြန်ရလိုက်တယ်သူတို့၂ယောက်ဟာ ဒီတစ်ခေါက်လည်း ထပ်ပြီးအလွဲတွေလုပ်မိလို့ လူကြီးသမီး ၂ယောက်လုံးအိမ်အပြင်တောင်ထွက်လို့မရတဲ့အခြေနေတွေ ဖြစ်သွားတယဒါကိစ္စဟာ လူမိရင် သူတို့၂ယောက်လုံး ပြသာနာတက်တော့မှာဖြစ်လို့ သူတို့၂ယောက်လုံး လူကြီးသမီးနေရာမှာ ဝင်ပြီးဟန်ဆောင်ပြီးနေလိုက်ကြတဲ့အခါ။

📌 Movie link 🍿
https://t.me/mmchnnell/489
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Buddha: The Great Departure

IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့်ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ်ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး
စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့်ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ်ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ်ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသောကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည်

Video Link
https://t.me/biscopei00/3789
The best of me

ဇာတ်ညွှန်းကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် တစ်လ လောက်နှိပ်စက်ချင်တာ။အချစ်ကံကောင်းပေမယ့် ဘဝကံမကောင်းခဲ့တဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲမှာ အမန်ဒါတစ်ယောက်ဘယ်လိုများဖြစ်မှာလဲ။ပြီးပြည့်စုံတဲ့ကောင်မလေးနဲ့ မပြီးပြည့်စုံတဲ့ ဒေါ်ဆင်တို့နှစ်ယောက်ရဲ့ ဘဝနှစ်ခုက ဘယ်လိုကြမ္မာငင်ကြမှာလဲ။သေချာတာတစ်ခုကတော့ အမန်ဒါဟာ ဒေါ်ဆင်ရဲ့ “အကောင်းဆုံးဖြစ်တည်မှု”တစ်ခုပါပဲ။

Video Link
https://t.me/biscopei00/3793
👍မြန်မာပရိသတ်နဲ့မစိမ်းတဲ့ ထိုင်းမင်းသား မာရီယိုရဲ့ ရုံတင်ဇာတ်လမ်းလေးကတော့ အကြည်ထွက်ရှိလို့ လာပါပြီ ရီလဲရီရ ကြောက်လဲ ကြောက်ရမဲ့ ဇာတ်လမ်းမျိုးလေးပေါ့


✅Movie Link ✅
https://t.me/internmovie/3559
Please open Telegram to view this post
VIEW IN TELEGRAM
Stalingrad (1993)

ခုနောက်ပိုင်းခေတ်ရဲ့ ဂျာမန်စစ်ကားကောင်း ဖြစ်မယ်ဆိုဒီကားကလည်း ၉၀ ခုနှစ်ရဲ့ အကောင်းဆုံးဖြစ်မှာ ဧကန်မလွဲဘူးဗျာ။သတိထားကြည့်မိသလောက် ဂျာမန်တွေက စစ်ကားကောင်းကောင်းတွေ
ပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြတာကို တွေ့ရတယ်ဥပမာ Downfall တို့ ခု Stalingrad တို့ Land of Mine တို့ All quiet.. တို့လိုမျိုးတွေပေါ့။

Video Link
https://t.me/biscopei00/3799
50 First Dates (2004)

Henry Rothဆိုတဲ့တိ/မွေးကုဆရာဝန်တစ်ယောက်ဟာOahu ကျွန်းလေးပေါ်ကအဏ္ဏဝါပြတိုက်တစ်ခုမှာအလုပ်လုပ်နေပါတယ်။ သူဟာမိန်းမအင်မတန်ရူပ်ပြဘယ်မိန်းကလေးကိုမှအတည်တကျတွဲလေ့မရှိတဲ့Womanizerတစ်ယောက်ပါပဲ။တစ်နေ့တော့သူဟာ ကျွန်းကိုပတ်ပြီးရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေပျက်သွားပါတယ်။အဲဒီတော့ကမ်းကိုကပ်၊Hukilauဆိုတဲ့ ကော်ဖီဆိုင်လေးမှာထိုင်ပြီးသူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကိုမျှော်နေတဲ့အချိန်အိပ်မက်နတ်သမီးလေးကိုသူတွေ့လိုက်ရတာပါပဲ။Henryဟာသူ့ရဲ့ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့်အိမ်ထောင်ရှင်မပဲလို့တစ်ထစ်ချယုံကြည်လိုက်ပြီးနောက်တစ်နေ့မှာကောင်မလေးကိုဝင်ရောပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။ကောင်မလေးကမနက်ဖြန်ကျရင်လည်းထပ်တွေ့ကြရအောင်ဆိုတော့Henryတစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့သွားပါတယ်။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးကသူ့ကိုလုံးလုံးမမှတ်မိပဲမနေ့ကတွေ့ဖူးတယ်ဆိုတာကိုဘယ်လိုရှင်းပြရှင်းပြလက်မခံပါဘူး ဆိုင်ရှင်အဒေါ်ကြီးကကောင်မလေးရဲ့ထူးဆန်းတဲ့ရောဂါအကြောင်းကိုရှင်းပြလိုက်တဲ့အချိန်မှာတော့..

📌 Movie link 🍿
https://t.me/mmchnnell/495
Cowboys & Aliens (2011)

ဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ

James Bond မင်းသားDaniel Craig
ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီး

Harrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကိုမင်းသားတို့လူတစ်စုကတားကြတဲ့

ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ

ဂြိုလ်သားကားကြည့်ချင်ပေမဲ့
အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့

ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်

📌 Movie link 🍿
https://t.me/mmchnnell/498
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Real Fighter (2020)

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် အမိုက်စား Action ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့
Tae seong ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်က UFC ကြိုးဝိုင်းထဲမှာယှဉ်တိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။
ဒီလိုနဲ့ပထမဆုံးပွဲကိုယှဉ်ထိုးပြီး အနိုင်ရလာပြီးတဲ့နောက်သူ့ရဲ့ပွဲဦးထွက်ဖို့အချိန်ကိုစောင့်နေတဲ့ကစားသမားစာရင်းဝင်ဖြစ်လာပါတယ်။
အဲဒီညမှာပဲ သူ့သူငယ်ချင်းအကူအညီတောင်းလို့ လမ်းဘေးကလမ်းသူရဲတစ်ယောက် Ho yeol ဆီကနေ
အလဲထိုးတာကိုခံလိုက်ရတဲ့အချိန်မှာတော့ အဲဒီသတင်းကဟိုလေးတကျော်ကျော်ဖြစ်ပြီး သူ့ပွဲဦးထွက်ဖို့အစီအစဉ်ပျက်စီးသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့ Ho yeol ကို Tae seong ဘယ်လိုအနိုင်ပြန်ပိုင်းမှာလဲ…
ချန်ပီယံဆိုတာတစ်ယောက်သာရှိနိုင်တာကြောင့် Blood street က ချန်ပီယံကဘယ်သူဖြစ်လာမလဲဆိုတာ..
ဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။


🔥Movie Link
https://t.me/moviecinema78/3441

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Embrace of the Vampire(2013)

၂၀၁၃ ခုနှစ်ထွက် Horror အမျိုးအစား Vampire ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Embrace of the Vampire ဇာတ်ကားကို Remark
လုပ်ထားတဲ့ဇာတ်ကားပါ။မင်းသမီး Sharon Hinnendael အဓိကပါဝင်ထားပြီး သူမရဲ့အတိတ်နဲ့ပတ်သက်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာသူမရဲ့နောက် တကောက်ကောက်လိုက်နေတဲ့အခါမှာတော့………။Nudity အခန်းတချို့ပါတာကြောင့် မိသားစုနဲ့မကြည့်သင့်ပါ။

Video Link
https://t.me/biscopei00/3805
Refrain (2013)

အမှောင်ဖုံးနေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကို ထွန်းလင်းပေးမဲ့မီးအိမ်ရှင်တစ်ယောက်ကတော့လိုမှာပါချစ်ခြင်းကိုအစပြု တစ်ခါတစ်ခါ ကြောက်ရွံ့ခြင်းတွေကဖွင့်ပြောဖို့သတ္တိကိုလာ လာပစ်ခွဲနေသေးတယ်လေ…အချစ်ဆိုတာ အိပ်နေတဲ့ကျားနဲ့တူတယ် ငြိမ်သက်နေတဲ့ရေပြင်နဲ့တူတယ် ဆူးခတ်တွေနဲ့နှင်းဆီပင်နဲ့အလား
သဏ္ဍာန်တူတယ် နာကျင်ခြင်းကိုထိုးဆွမိသလိုတဆစ်ဆစ်နဲ့ခံရခက်တာတွေလဲကြုံရမယ်ကိုင်း လေရှည်နေမိပြန်ပြီဇာတ်ညွန်းလေးဆီခေါင်းတည်လိုက်ကြရအောင်….နက်တာ နဲ့ နစ်ကီဟာ ငယ်ငယ်လေးထဲက တူတူပေါင်းလာကြတဲ့သိပ်ချစ်ကြတဲ့ ငယ်ချင်းတွေပါ သံယောဇဉ်ကစကားပြောလာတယ်လို့ဆိုရမလားနက်တာဟာ နစ်ကီကို တစ်ဖက်သတ်ချစ်နေရပြန်ပါတယ်သိုပေမဲ့ နက်တာဖွင့်ပြောလိုက်ချိန်မှာ သူ့နှလုံးသားကိုဓားနဲ့မွှန်းခံရသလို မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရပါတယ်….နစ်ကီသူ့ကိုငြင်းလိုက်တာလား…

Video Link
https://t.me/biscopei00/3814
Please open Telegram to view this post
VIEW IN TELEGRAM
Old Henry (2021)


လူသူဝေးတဲ့တစ်နေရာမှာ မုဆိုးဖိုလယ်သမားကြီးတစ်ယောက်ဟာ သူ့သားလေးနဲ့အတူတူ အေးအေးလူလူ နေထိုင်ပါတယ်၊

တစ်နေ့မှာ သားရေလွယ်အိတ်ငွေထုပ်နဲ့သေနတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို အိမ်ခေါပြီးကယ်မိလိုက်ပါတယ်၊

အဲ့ဒီ ပိုက်ဆံတွေအတွက် လာရှာတဲ့လူတွေ ရှိတဲ့အခါမှာ‌တော့ လယ်သမားကြီးက ဘယ်သူ့ကိုယုံရမလည်းစဉ်းစားရကြပ်သွားပါတော့တယ်။

သူ့ကိုယ်သူနဲ့ သူ့သားကို ကာကွယ်ရတဲ့အချိန်မှာတော့ သူ့ရဲ့ ပုံစံ‌အစစ်လိုပြောလိုရတဲ့ သေနတ်ပစ် စွမ်းရည်တွေနဲ့ တိုက်ရည်ခိုက်ရည်တွေကိုထုတ်ပြရပါတော့တယ်။

1900 ခုနှစ် အစပိုင်းကိုအခြေတည်ထားတာဖြစ်ပြီးဇာတ်လမ်းက အချိန်ကြာလာလေ ဇာတ်ရှိန်မြင့်လာလေမို အေးအေးဆေးဆေး နှပ်ကြည့်မယ့်သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲ။



🔥Movie Link
https://t.me/moviecinema78/3442

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1