Bollywood Cinema
74.2K subscribers
349 photos
6 videos
299 links
For Ads Contact 📌 @Alexic56
Download Telegram
21 Jump Street

2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်။ 2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ်။ 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလိုရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်။ ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်။

Video link
https://t.me/biscopei00/3632
Bad Teacher (2011)

Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။
Poster ပေါ်မှာလဲ Eat me ငါ့ကိုစားပါတွေရော.. She doesn’t give an “F.” တွေရောနဲ့ R-Rated ဇာတ်ကားလေးပါ။
မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့…မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်…အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်…သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ …ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ…ဒါနဲ့ဘူနေတုန်းမှာပဲ…သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်…ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ….။

Video
link
https://t.me/biscopei00/3637
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Jungle (2017) 😍

တကယ့်ဖြစ်ရပ်မှန်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်၊ ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ၃ယောက်အတူ ခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကို သူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူက ရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်..ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကို မြင်ရမယ့် Survivor ကားလေးပါ


🔥Movie Link
https://t.me/moviecinema78/3403

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Forwarded from BunnySlot via @chelpbot
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Baaria 2009

ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို
ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ
မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး
သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို
အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။
ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး
ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။
လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ
လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ
တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။

Video Link
https://t.me/biscopei00/3745
Oh! My Gran(2020)

၅၂၈ မေတ္တာရဲ့ အေးချမ်းမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပါဇာတ်လမ်းအကျဉ်းအဘွားအိုမွန်ဟီးဟာ သူငယ်ပြန်ရောဂါကို ခံစားနေရသူပါ
သူမမှာ သားတစ်ယောက်နဲ့ မြေးမလေးတစ်ယောက်ရှိပါတယ်
သားဖြစ်သူကလည်း အလုပ်များတာကြောင့် အမေကို ဂရုမစိုက်နိုင်ခဲ့ဘူးသူငယ်ပြန်နေတဲ့လူဆိုတော့ ကလေးလို အမြဲလျှောက်သွားနေကျပေါ့သူအဲ့လိုသွားတိုင်းမှာ မြေးမလေးက အမြဲ သူ့အဖော်အဖြစ်ပါတယ်တစ်ရက်မှာတော့ ဆန်အရက်ဝယ်ဖို့ဆိုပြီး မြေးအဘွား ၂ ယောက် ညဘက် ထွက်သွားခဲ့တယ်လမ်းမှာ မြေးဖြစ်သူ ဘိုမီကားနဲ့တိုက်ပြေးခံရတယ် တရားခံမမိဘူး
စီစီတီဗီကလည်း မှောင်နေလို့ သေချာ မမြင်ရဘူးရဲစခန်းကလည်း အမှုကို သေချာမလိုက်ပေးဘူးအဲ့ဒါကြောင့် အဖေနဲ့အဘွားက အမှုကို လိုက်စုံစမ်းကြမှာပါနောက် ဘာတွေဆက်ဖြစ်မလဲ တရားခံ မိမှာလားဘယ်လို အလွဲလေးတွေ ဟာသလေးတွေဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါနော်


🔥Movie Link
https://t.me/cinema090/3467

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Oasis: Supersonic (2016)

ဂီတမှတ်တမ်းရုပ်ရှင် Oasis: Supersonic ဟာဆိုရင်
အင်္ဂလန်ရဲ့ ဂီတလောကကို လှုပ်ခတ်စေခဲ့တဲ့ Oasis တေးဂီတအဖွဲ့ရဲ့
မန်ချက်စတာမြို့မှာ စတင်ဖွဲ့စည်းချိန်ကနေ ၁၉၉၆ ခုနှစ်ရဲ့
သမိုင်းဝင် Knebworth ဖျော်ဖြေပွဲတွေအထိ
ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပုံကို ပုံဖော်ထားပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဖျော်ဖြေပွဲမှတ်တမ်းတွေ၊ နောက်ကွယ်က
မြင်ကွင်းတွေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ Liam နဲ့ Noel Gallagher တို့အပြင်
သူတို့ရဲ့ မိခင် Peggy နဲ့ အစောပိုင်းကာလတွေမှာ
အရေးပါခဲ့သူတွေရဲ့ အင်တာဗျူးတွေကိုပါ ထည့်သွင်းထားပါတယ်။
ဒီရုပ်ရှင်ဟာ Oasis ရဲ့ ပရိသတ်တွေအတွက်ရော
ဂီတမှတ်တမ်းရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက်ပါ
မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
Oasis ရဲ့ အတိတ်ကာလကို ပြန်လည်အမှတ်ရစေပြီး
သူတို့ရဲ့ ဂီတအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကိုလည်း
ခံစားရစေမှာပါ။

Video
Link
https://t.me/biscopei00/3753