Bollywood Cinema
73.3K subscribers
591 photos
7 videos
535 links
For Ads Contact 📌 @Alexic56
Download Telegram
☄️ပေါပေါပဲပဲ ဇာတ်လမ်းမျိူး မဟုတ်တဲ့ အိုင်း၊ရ၊စ် ဆိုတဲ့ ဒီကားက အဲ့ခေတ်အဲ့အခါက တော်တော်လေး နာမည်ရခဲ့သလို ခုချိန်ထိလဲ ထွက်ခဲ့သမျှ စပိုင်ကားတွေထဲမှာထိပ်ဆုံးနေရာတခုက ရပ်တည်နေတဲ့ကားဆိုလဲ မမှားပါဘူး လီဗြောင်ဟွန်း ၊ Ki၊m Tae Hee တို့လိုထိပ်တန်းသရုပ်ဆောင်တွေ လက်စွမ်းပြထားတာကြောင့် တော်တော်လေးကြည့်ရကျိူးနပ်တဲ့ ကားတကားလို့ ပြောရပါလိမ့်မယ် 2009 ခုနှစ်က ဇာတ်လမ်းတွဲကို အတိုချုံးပြီး Mo၊vi၊e သဘောမျိူး ပြန်ရိုက်ပြထားပေမဲ့လဲ အစဆုံး သေချာလေးကြည့်ချင်တယ်ဆိုရင်တော့ Series ကိုသာ အရင်ကြည့်ဖို့ အကြုံပြုချင်ပါတယ် မြောက်ကိုရီးယားရဲ့ တောင်ဘက်ခြမ်းအပေါ် နည်းမျိုးစုံနဲ့ လု၊ပ်၊ကြံ၊မှုတွေ၊ တောင်ကိုရီးယားဘက်က တန်ပြန်အစီအစဉ်တွေ ၊ အ၊ထူးအေးဂျင့်တစ်ယောက်ရဲ့ အချစ်နဲ့ တာဝန်အကြားဗျာများခဲ့ရမှုတွေ ဒါတွေကို ကောင်းကောင်းကြီး ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးကို တဖန်ပြန်လည်မြည်းစမ်းကြည့်ဖို့ အကြုံပြရပါစေ


Movie Link
https://t.me/biscopei00/3622
Please open Telegram to view this post
VIEW IN TELEGRAM
Ride on (2023)

ဒီရုပ်ရှင်ကတော့CGIတွေခေတ်မစားခင်ဂျက်ကီချန်းတို့ရဲ့ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကစတန့်သမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ရိုက်ကူးထားတာလဲဖြစ်ပါတယ်။စတန့်သမားတွေရဲ့ဘဝတွေ၊ ခံစားချက်တွေကိုပုံဖော်ပြထားတာပါ။ဂျက်ကီချန်းဟာလော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ပါဝင်ထားပါတယ်။သူ့မှာ သားအရင်းလိုချစ်ရတဲ့မြင်းလေးချိထူပဲရှိပြီးသူတို့နှစ်ယောက်တည်းဆင်းဆင်းရဲရဲနဲ့အလုပ်ရှာပြီးအသက်မွေးနေရတာပါ။သူ့ရဲ့သမီး ရှောင်ပေါင်ကလည်းသူ့ကိုစိတ်နာစရာတွေရှိတာကြောင့် စကားမပြောအသိအမှတ်မပြုပါဘူး။သူ့ရဲ့မြင်းလေးဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်ကမသေခင်လက်ဆောင်ပေးခဲ့တာပါ။ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖိုကြိုးစားလာပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲအကြွေးရှင်တွေကလည်းမြင်းကိုအကြွေးနဲ့သိမ်းဖို့အတင်းကြိုးစားလာပါတယ်။အဲဒီအန္တရာယ်တွေကြားမှာမြင်းလေးကိုကာကွယ်ဖို့ဘယ်လိုတိုက်ခိုက်ရုန်းကန်ရလဲဆိုတာကိုဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။...


📌 Movie link 🍿
https://t.me/mmchnnell/432
Under the Skin 2013

ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။
ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တ]

Video
link
https://t.me/biscopei00/3623
Battle of the Warriors (2006)

ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ် ...

📌 Movie link 🍿
https://t.me/mmchnnell/435
Forwarded from BunnySlot via @chelpbot
Please open Telegram to view this post
VIEW IN TELEGRAM
21 Jump Street

2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်။ 2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ်။ 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလိုရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်။ ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်။

Video link
https://t.me/biscopei00/3632
Bad Teacher (2011)

Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။
Poster ပေါ်မှာလဲ Eat me ငါ့ကိုစားပါတွေရော.. She doesn’t give an “F.” တွေရောနဲ့ R-Rated ဇာတ်ကားလေးပါ။
မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့…မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်…အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်…သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ …ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ…ဒါနဲ့ဘူနေတုန်းမှာပဲ…သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်…ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ….။

Video
link
https://t.me/biscopei00/3637
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Jungle (2017) 😍

တကယ့်ဖြစ်ရပ်မှန်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်၊ ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ၃ယောက်အတူ ခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကို သူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူက ရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်..ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကို မြင်ရမယ့် Survivor ကားလေးပါ


🔥Movie Link
https://t.me/moviecinema78/3403

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Forwarded from BunnySlot via @chelpbot
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM