Bollywood Cinema
74.5K subscribers
365 photos
6 videos
296 links
For Ads Contact 📌 @Alexic56
Download Telegram
☄️ပေါပေါပဲပဲ ဇာတ်လမ်းမျိူး မဟုတ်တဲ့ အိုင်း၊ရ၊စ် ဆိုတဲ့ ဒီကားက အဲ့ခေတ်အဲ့အခါက တော်တော်လေး နာမည်ရခဲ့သလို ခုချိန်ထိလဲ ထွက်ခဲ့သမျှ စပိုင်ကားတွေထဲမှာထိပ်ဆုံးနေရာတခုက ရပ်တည်နေတဲ့ကားဆိုလဲ မမှားပါဘူး လီဗြောင်ဟွန်း ၊ Ki၊m Tae Hee တို့လိုထိပ်တန်းသရုပ်ဆောင်တွေ လက်စွမ်းပြထားတာကြောင့် တော်တော်လေးကြည့်ရကျိူးနပ်တဲ့ ကားတကားလို့ ပြောရပါလိမ့်မယ် 2009 ခုနှစ်က ဇာတ်လမ်းတွဲကို အတိုချုံးပြီး Mo၊vi၊e သဘောမျိူး ပြန်ရိုက်ပြထားပေမဲ့လဲ အစဆုံး သေချာလေးကြည့်ချင်တယ်ဆိုရင်တော့ Series ကိုသာ အရင်ကြည့်ဖို့ အကြုံပြုချင်ပါတယ် မြောက်ကိုရီးယားရဲ့ တောင်ဘက်ခြမ်းအပေါ် နည်းမျိုးစုံနဲ့ လု၊ပ်၊ကြံ၊မှုတွေ၊ တောင်ကိုရီးယားဘက်က တန်ပြန်အစီအစဉ်တွေ ၊ အ၊ထူးအေးဂျင့်တစ်ယောက်ရဲ့ အချစ်နဲ့ တာဝန်အကြားဗျာများခဲ့ရမှုတွေ ဒါတွေကို ကောင်းကောင်းကြီး ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးကို တဖန်ပြန်လည်မြည်းစမ်းကြည့်ဖို့ အကြုံပြရပါစေ


✅Movie Link ✅
https://t.me/biscopei00/3622
Please open Telegram to view this post
VIEW IN TELEGRAM
Ride on (2023)

ဒီရုပ်ရှင်ကတော့CGIတွေခေတ်မစားခင်ဂျက်ကီချန်းတို့ရဲ့ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကစတန့်သမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ရိုက်ကူးထားတာလဲဖြစ်ပါတယ်။စတန့်သမားတွေရဲ့ဘဝတွေ၊ ခံစားချက်တွေကိုပုံဖော်ပြထားတာပါ။ဂျက်ကီချန်းဟာလော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ပါဝင်ထားပါတယ်။သူ့မှာ သားအရင်းလိုချစ်ရတဲ့မြင်းလေးချိထူပဲရှိပြီးသူတို့နှစ်ယောက်တည်းဆင်းဆင်းရဲရဲနဲ့အလုပ်ရှာပြီးအသက်မွေးနေရတာပါ။သူ့ရဲ့သမီး ရှောင်ပေါင်ကလည်းသူ့ကိုစိတ်နာစရာတွေရှိတာကြောင့် စကားမပြောအသိအမှတ်မပြုပါဘူး။သူ့ရဲ့မြင်းလေးဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်ကမသေခင်လက်ဆောင်ပေးခဲ့တာပါ။ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖိုကြိုးစားလာပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲအကြွေးရှင်တွေကလည်းမြင်းကိုအကြွေးနဲ့သိမ်းဖို့အတင်းကြိုးစားလာပါတယ်။အဲဒီအန္တရာယ်တွေကြားမှာမြင်းလေးကိုကာကွယ်ဖို့ဘယ်လိုတိုက်ခိုက်ရုန်းကန်ရလဲဆိုတာကိုဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။...


📌 Movie link 🍿
https://t.me/mmchnnell/432
Under the Skin 2013

ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။
ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တ]

Video
link
https://t.me/biscopei00/3623
Battle of the Warriors (2006)

ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ် ...

📌 Movie link 🍿
https://t.me/mmchnnell/435
Forwarded from BunnySlot via @chelpbot
Please open Telegram to view this post
VIEW IN TELEGRAM
21 Jump Street

2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်။ 2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ်။ 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလိုရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်။ ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်။

Video link
https://t.me/biscopei00/3632
Bad Teacher (2011)

Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။
Poster ပေါ်မှာလဲ Eat me ငါ့ကိုစားပါတွေရော.. She doesn’t give an “F.” တွေရောနဲ့ R-Rated ဇာတ်ကားလေးပါ။
မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့…မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်…အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်…သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ …ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ…ဒါနဲ့ဘူနေတုန်းမှာပဲ…သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်…ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ….။

Video
link
https://t.me/biscopei00/3637
Please open Telegram to view this post
VIEW IN TELEGRAM
🔥လူတိုင်းရဲ့ ဘဝမှာ တခါလောက် ကြည့်သွားသင့်တဲ့ရုပ်ရှင်လို့ ပြောလိုက်ရင် မင်းသားကြီး Tom Hanks ရဲ့ Ca၊st Aw၊ay ရုပ်ရှင်ကတော့ ထိပ်ဆုံးကမပါမဖြစ်ပါပဲ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့အောင်မြင်မှုပေါင်းများစွာရခဲ့သလို မင်းသားကြီး Tom Hanks ကိုဆုပေါင်းများစွာရရှိစေခဲ့ပါတယ် ဒီရုပ်ရှင်ရဲ့ စ လယ် ဆုံး တခုလုံးကို Tom Hanks တယောက်ထဲကနေပဲ ပရိသတ်‌ကို ထိုင်ရာက မထအောင်ဆွဲခေါ်သွား‌ေစမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ပစ္စည်းပို့ဆောင်ရေး Company တခုရဲ့ သူဌေးလဲဖြစ်တဲ့ Chu၊ck Noland တယောက် လေယာဉ်နဲ့ ပစ္စည်းသွားပို့ရင်း မုန်တိုင်းကြောင့် လေယာဉ်ပျက်ကျခဲ့ရပြီး ကျွန်းတခုမှာ သောင်တင်နေခဲ့ပါတယ် ဒီကျွန်းက‌ လွတ်မြောက်ဖို့ နည်းအမျိူးမျိုးနဲ့ကြိုးစားခဲ့ပေမဲ့လဲ အချိန်သာကုန်လာပါတယ် ဘာမှအရာမထင်ခဲ့ပါဘူး 2နာရီကျော်ကြာတဲ့ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ကို တွေးစရာတွေ စိတ်ခွန်အားဖြစ်စေခဲ့တာတွေ များပါတယ် အတုယူစရာတွေလဲ များသလိူ တဂယ့်က်ုအနှစ်သာရရှိတဲ့ ရုပ်ရှင်ကောင်းတခုလို့သာ ညွှန်းဆိူပါရစေ


✅Movie Link ✅
https://t.me/biscopei00/3643
Please open Telegram to view this post
VIEW IN TELEGRAM
Top Gun (1986)

ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးနှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက်နံပါတ် ၂ ဇာတ်ကား Top Gun: Maverick(2022)ရုပ်ရှင်ကားလဲ ထွက်ရှိပီးပါပီ

Top Gun 1986ဇာတ်ကားကတော့ ခပ်မိုက်မိုက်အမေရိကန်လေသူရဲတစ်ယောက်နဲ့ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကိုအမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။

မင်းသားကြီးတွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ခုနှစ်အသက်၆၀ထိနုပျိုနေတဲ့တွမ်ခရုစ်အကြောင်းတွေကမမြင်ချင်မှအဆုံးပါပဲ။

ဒီထဲကမင်းသမီး Kelly McGillis ကိုတော့အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီးတွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။

တကယ်တော့မင်းသမီးကယ်လီမက်ဂေးဟာဒီဇာတ်ကားမရိုက်ခင် ၁၉၈၄ ခုနှစ်မှာသူ့အိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် စိတ်ဝေဒနာခံစားခဲ့ရသလို တခြားရောဂါတွေကိုလဲ ကုသခဲ့ရတာကြောင့် ပုံတချို့မှာ အိုစာတဲ့ပုံတွေပေါက်နေတာပါ။အခုတော့သူမဟာ ဒီဝေဒနာဆိုးတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး သာမန်မိန်းခလေးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်တဲ့ပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/437
Under the Skin 2013

ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။
ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။

Video
Link
https://t.me/biscopei00/3646
Top Gun: Maverick (2022)

IMDb Rating – 8.6/10

တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့
တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် ထွက်လာပါပြီ။
ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ရေတပ်ဗိုလ်ချုပ်
ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီး
တွေနဲ့ ငြိလိုက်နဲ့ သက်တမ်းရင့် ကပ္ပတိန် (ဗိုလ်မှူးကြီး) ဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ်
အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။
အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်း
အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ်
တာဝန်ပေးလိုက်ပါတော့တယ်။
အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကို
သူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားက
အမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လို
ရအောင် တိုက်ခိုက်ကြမလဲဆိုတာ….ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။


📌 Movie link 🍿
https://t.me/mmchnnell/440
Crazy Alien ( 2019 )

တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး
ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့
နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း
အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး
ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ်
တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို
တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့
DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး
ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ
မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက
ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်

Video link
https://t.me/biscopei00/3649
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
King of Beggars 😍

ဇာတ်လမ်း အကျဉ်းလေးကတော့
ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်
သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်
ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်
အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ



✅Movie Link ✅
https://t.me/biscopei00/3655
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
☄️မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ ၊ နာမည်ကြီး‌ဖော၊က်ထွ၊င်း၊ဝိ၊ဇ္ဇာ၊အဖွဲ့ကြားထဲထားရှိတဲ့ အချင်းချင်းသစ္စာရှိမှုတွေ ဒါမျိုး‌တွေကိုမှ ကြည့်ချင်ရင်တော့ ဒီကားလေးက အကောင်းဆုံးဖြစ်ပါလိမ့်မယ် က၊င်ဝူဘင်ရဲ့ အကောင်းဆုံးကားတွေထဲကတခုလို့ဆိုရမှာဖြစ်ပြီး ဇာတ်လမ်းတခုလုံးမြုပ်ကွက်အပြည့်နဲ့မို့ အတော်လေးကြည့်ရတာအရသာရှိစေမှာပါ ဇာတ်လမ်းအကျဉ်းကိုဆက်ရရင် Professional ကျကျ၊ဖော၊က်၊ထွ၊င်း၊ခို၊းယူတတ်တဲ့ အဖွဲ့တဖွဲ့ပေါ့ လက်ရာပိရိလှတဲ့အပြင် သ၊က်၊သေ၊တခုမှ မကျန်တဲ့အတွက် ရဲတွေအတွက်ပါ ခေါင်းခဲစရာဖြစ်လာပါတော့တယ် ဒီလိုနဲ့ တရက်မှာတော့ သူတို့အဖွဲ့ကို သူဌေးကြီးတစ်ယောက်က အလုပ်အပ်ရင်းက မမျော်လင့်ထားတာတခုကိုကြုံတွေ့လိုက်ရပါတော့တယ် ဇာတ်လမ်းတခုလုံး ထိုင်ရာက မထစေရအောင်ဆွဲဆောင်မှုရှိတာဖြစ်လို့ အချိန်ကုန်ရကျိုးနပ်စေမိမှာပါ


✅Movie Link ✅
https://t.me/biscopei00/3658
Please open Telegram to view this post
VIEW IN TELEGRAM