Bollywood Cinema
74.7K subscribers
427 photos
6 videos
363 links
For Ads Contact 📌 @Alexic56
Download Telegram
The Young Master (1980)

ဒီတစ်ခါတော့ ဟောင်ကောင် ခုန်ဆွ ခုန်ဆွ တရုတ်သရဲကားတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီကပဲ ၁၉၈၀ မှာ ရိုက်ထားတဲ့ Jackie Chan ရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ရှေးဟောင်းကားဆိုပေမဲ့ IMDb rating က 7.1/10 ‌ထိတောင် ရရှိထားပါသေးတယ်။ Martial သိုင်းကားတစ်ခုအတွက်ဆိုရင် အတော်ကို မြင့်တဲ့ အမှတ်မျိုးပါဗျာ။ နောက်ပိုင်းမှာ နာမည်ကြီးလာကြတဲ့ လူတွေအတော်များများလည်း ဇာတ်ပို့ အနေနဲ့ ပါဝင်ထားကြပါသေးတယ်ဗျ။ ဇာတ်အိမ်‌အကြမ်းဖျင်းပြောရရင်တော့ တရုတ်ခြင်္သေ့ အက ပြိုင်ရင်း ရှုံးသွားတဲ့အခါဆရာတစ်ယောက်ဟာနောက်ကွယ်မှာ ဘယ်လို လုပ်လို့ ရှုံးသွားရတယ်ဆိုတာကို သိသွားပြီး သူငယ်ငယ်တည်းက မွေးစားထားခဲ့တဲ့ ချစ်တပည့်ကြီးတစ်ယောက်ကို နှင်ထုတ်လိုက်ပါတယ်။ဒါကြောင့်မို့ အစ်ကိုကြီးနဲ့အတူတူကြီးပြင်းလာရတဲ့ ကောင်လေးကသူ့မွေးစားအစ်ကိုကြီးကို ရှာဖို့ ဆရာ့ကို ကတိပေးပြီး ရှာပုံတော်ထွက်ဖြစ်ရင်း အခွီး အပြောင် ဇာတ်လမ်း ဇာတ်အိမ်တွေ နဲ့အတူ တကယ်ကို အခုခေတ် သိုင်းတွေလို လေထဲက ချနေတာမျိုးမဟုတ်တဲ့ ကွန်ဖူးသိုင်း ချတာတွေကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်

📌 Movie link 🍿
https://t.me/mmchnnell/380
🔥အမြဲ အမှုလိုက်တိုင်းအလွဲလွဲ
အချော်ချော်ဖြစ်ပြီးရာထူးမတိုးတဲ့ ခေါင်းဆောင် စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ ဖြစ်လာပါတော့တယ် သက်သေ အထောက်အထားကလဲ မပြည့်စုံသေးတော့ မူးယစ်ရာဇာကြီး နေတဲ့ နေရာနားမာ ကြက်ကြော်ဆိုင်တခုကို ဟန်ပြဖွင့်ရင်း ထောက်လှမ်းနေပါတော့တယ်
ဟန်ပြ ကြက်ကြော်ဆိုင်ဆိုပေမဲ့လဲ လက်ရာရှယ်ကောင်းတာကြောင့် တဆင့်စကားတဆင့်နဲ့ ကြကါကြော်ဆိုင်လေးက အရမ်းနာမည်ကြီးလာပြီး တော်တော်လေးလဲ ရောင်းလာရတဲ့အခါမှာတော့



✅Movie Link✅
https://t.me/biscopei00/3442
Please open Telegram to view this post
VIEW IN TELEGRAM
The Forbidden Kingdom (2008)

The Forbidden Kingdom ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း mystery သမားတွေအတွက်၊ conspiracy သီအိုရီတွေထုတ်ရတာကိုကြိုက်တဲ့လူတွေအတွက် ပုစ္ဆာအများကြီးပေးနိုင်တယ်။ ဥပမာ Jason ကြုံခဲ့ရတာ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်တစ်ခုလား။ ဝူခုန်းရဲ့လက်နက်က portal တစ်ခုကိုဖွင့်ပေးနိုင်ခဲ့လား။………..

Movie link

https://t.me/biscopei00/3443
San Andreas (2015)

ရေးဟာနာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာနကယ်ဆယ်ရေးနဲ့ရှာဖွေရေး
အဖွဲ့ကခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။အလုပ်ဘက်မှာတော်နေပေမယ့်တစ်ဖက်မှာတော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။မိန်းမနဲ့ကွာရှင်းထားပြီးသမီးလေးကလည်းမကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။
သိပ်မကြာခင်မှာမိန်းမရော သမီးရောကပထွေးဖြစ်သူဒန်နီယယ်နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။
တဖက်မှာလည်းဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်
တာဝန်ဝတ္တရားနဲ့မိသားစုအရေးယှဉ်လာတဲ့အခါမှာသမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး
ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးကဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်
ခက်တာကရေးရဲ့သမီးလေး ဘလိတ်ဟာဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်
တကယ်တမ်းငလျင်လှုပ်တော့ဆန်ဖရန်စစ္စကိုမှာဘလိတ်ဟာပိတ်မိနေပါတော့တယ်
ကျွန်တော်တို့ရဲ့ဟီးရိုးကြီးတစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ
ဒီကားရဲ့ထူးခြားချက်ကတော့မကြာသေးခင်ကမှယောက်ျားယူပြီး
အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့
အနုအရွအလှအပကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်


📌 Movie link 🍿
https://t.me/mmchnnell/384
Forwarded from BunnySlot via @chelpbot
Please open Telegram to view this post
VIEW IN TELEGRAM
Little Big Soldier

တရုတ်ပြည် ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလကို အခြေခံရိုက်ကူးထားတဲ့ Little Big Soldier လို့ခေါ်တဲ့ဂျက်ကီချမ်းရဲ့ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့
အခုလို ပြည်မကြီးအဖြစ် မပေါင်းစည်းမိခင်ကာလမှာ တရုတ်ပြည်ကြီးဟာ စစ်တလင်းဖြစ်ပွားနေပြီး ပြည်နယ်တွေဟာလည်း သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေကြပါတယ်။ ချီ၊ ချူ၊ ရန်၊ ဟန်၊ ကျောင်၊ ဝေနဲ့ ချင်းတို့ကတော့ အင်အားအကြီးဆုံးပြည်နယ်နိုင်ငံတွေပါ။ တနေ့မှာတော့ စစ်မက်အင်အားကြီးနိုင်ငံဖြစ်တဲ့ ဝေနိုင်ငံဟာ လီအန်းလို့ခေါ်တဲ့ နိုင်ငံငယ်လေးကို ကျူးကျော်သိမ်းပိုက်ဖို့ စစ်ချီလာနေတုန်း လီအန်းနိုင်ငံရဲ့ ဖီးနစ်တောင်ခြေအရောက်မှာ ခြုံခိုတိုက်ခိုက်ခံရပါတော့တယ်။ ၂ဖက်လုံး အပြင်းထန်စစ်တိုက်ပြီးသကာလမှာ ၂ဖက်လုံးအကျရှုံးများစွာနဲ့ လူပေါင်း ၃ထောင် သေဆုံးခဲ့ရပါတယ်။

Video Link
https://t.me/biscopei00/3451
The Karate Kid (2010)

ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် …………..ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင်
အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက်
ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်
ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်..
ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက်
တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း
မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို
ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..

Video Link
https://t.me/biscopei00/3456
Lost in Saigon (2016)

ဇာတ်လမ်း အကျဉ်းလေးကတော့
မိသားစု တစ်စုမှာ မိန်းမက ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ဦးစီးလုပ်ပြီး
ယောကျာ်းဖြစ်သူမှာ ကလေးထိန်း ဟင်းချက် အဝတ်လျော်ကာ အိမ်ရှင်မ ရာထူးကို ယူထားကြပါတယ်။
မိန်းမဖြစ်သူမှာလည်း သူငယ်ငယ်က အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကို
စပွန်ဆာဘဲကြီး တစ်ပွေက စပွန်ဆာပေးမည်ဟု ပြောလာပါတယ်။
ဒါနဲ့ပဲ မိန်းမ ဖြစ်သူဟာ နာမည်မကြီးခင် စနေနှစ်ခိုင် အရင်ကြီးအောင်လုပ် ဆိုတဲ့ ထုံးကို နှလုံးမူပြီး ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုလာပါတယ်။
ဒါနဲ့ အိမ်ကယောကျာ်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းပြီး
စနေနှစ်ခိုင်ကြီးအောင် လုပ်မယ်ဆိုပြီး လုပ်ရာကနေ ယောကျာ်းနဲ့စကားများပြီး အရောင်းဆိုင်ကို ရောက်သွားပါတော့တယ်။
ကံဆိုးချင်တော့ ရွှေဆိုင်ကို ဓားပြလာတိုက်တာနဲ့ကြုံပြီး မျက်မြင်သက်သေတွေဖြစ်ကာ
သူတို့မိသားစုလေးနဲ့ဓားပြတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး တွေ့ကြမလဲ
သူတို့ရဲ့ အိမ်ထောင်ရေးကကော ဘယ််လိုတွေဖြစ်ကြမလဲ ဆိုတာကို
ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ အရွှန်းဖောက်ကာ ရယ်စရာကောင်းတဲ့ မိသားစု ကားလေးဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/386
🔻အ၊ပြစ်လုပ်ခဲ့တဲ့သူတွေအတွက် လောကကြီးကမှ အ၊ပြစ်မပေးနိုင်ရင် ကိုကိုယ်တိုင်သာ တရားစီရင်ပြီးဒ၊ဏ်ခ၊တ်ပစ်မယ်ဆိုတဲ့ ဂျပန်သမိုင်းထဲကရိုနင် 47ယောက်..... ဖြစ်ရပ်မှန် သမိုင်းကြောင်းကို အခြေခံရိုက်ထားတဲ့ ဒီဇာတ်လမ်းကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းသလို ဂျပန်ပြည်က ဆာမူရိုင်းတွေရဲ့ သခင်ဖြစ်သူအပေါ် သစ္စာစောင့်သိမှုတွေ၊ တိုင်းပြည်အတွက် ထားတဲ့ တာဝန်ယူမှု ဒါတွေကို အလေးပေးရိုက်ကူးထားတာ ဖြစ်လို့ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်လမ်းတပုဒ်ပါ သမိူင်းကြောင်းနဲ့ မတူတာက ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီး Keanu ကို ထူးဆန်းတဲ့ မှော်ဆန်ဆန် ဇာတ်ကောင်တခုအနေနဲ့ ပုံဖော်ထားပြီး ပေးရတဲ့အချိန်ထက် တန်တဲ့ဇာတ်ကားတခုလို့သာ ဆိုလိုက်ပါရစေ


✅Movie Link✅
https://t.me/internmovie/3350
Please open Telegram to view this post
VIEW IN TELEGRAM
Stretch (2014)

ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်
ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson,
Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေက
IMDb 6.5နဲ့ RT 88%ပါ။
LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကား
အ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက်
ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့
ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲ
ဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီး
တင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။
ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေး
ဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝ
ရောက်သွားပါ​တော့တယ်။


📌 Movie link 🍿
https://t.me/mmchnnell/390
Creed 2015

နာမည်
ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီး
စတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာ
ဖြစ်ပါတယ်။
Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis
Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို
လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ
ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့
ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ
သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့
လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။
ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု
တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ
ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။

Video Link
https://t.me/biscopei00/3465
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Creed 2

၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလိုထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ်ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ်ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ်ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ်လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါသူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကိုကြောက်နေလို့မဖြစ်ပါဘူးနာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ်အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကိုစက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်…

Video Link
https://t.me/biscopei00/3473
Creed 3

ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ်
ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက်
လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားက
တော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်း
ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေ
အလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက်
ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက်
ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့
သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင်
နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့
ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ်
လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေ
ရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန်
သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်း
ဆိုလာတဲ့အခါ…

Video Link
https://t.me/biscopei00/3476
🗣️နိုင်ငံမတူတဲ့ စစ်သူကြီးနှစ်ယောက်ကြားက အန္တရာယ်များလှတဲ့ခင်မင်မှု


"ရ၊န်သူကို မိတ်ဆွေဖွဲ့နိုင်ရမယ်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့
တရုတ်စစ်သူကြီးဟိုအန်......
ပိုးလမ်းမကြီးထဲက မျိုးနွယ်စုတွေရဲ့ စ၊စ်ပွဲတွေကို ဖျန်ဖြေ ပေးရုံသာမက သူ့တပ်ဖွဲ့ငယ်လေးနဲ့ အတူ ဧကရာဇ်ကြီးဆီက အမိန့်ကြောင့် ၁၅ရက်အတွင်းခံတ၊ပ်ကြီးကိုပြီးစီးအောင် ဆောက်လုပ်ဖို့ အမိန့်ကျလာပါတယ်
တဖက်မာလဲ သ၊စ္စာ၊ဖောက်ခံရမှုကြောင့် ဘုရင်ငယ်လေးကိုခေါ်ပြီးထွက်ပြေးလာရတဲ့ ရောမ စစ်သူကြီး
အဲ့နှစ်ယောက် တိုက်ခိုက်ရင်းနဲ့မှ မိတ်ဆွေဖြစ်လာကြပြီးရောမ က လူတွေ အကူညီနဲ့ပဲ ခံတပ်ကြီးဟာ ပြီးစီးသွားခဲ့ပါတယ် ဒါပေမဲ့လဲ မိတ်ဆွေဖြစ်မှုဟာ တခဏတောင် မခံလိုက်ပဲ ကံကြမ္မာဆိုးဟာ ဝင်ရောက်လာပါတော့တယ်


Movie Link😍
https://t.me/internmovie/3362
Please open Telegram to view this post
VIEW IN TELEGRAM
The Nice Guys (2016)

ယခုဇာတ်ကားကို ကြည့်နေစဉ်မှာ ဘယ်ဇာတ်ကားတွေကို သွားသတိရမိစေလဲဆိုတော့ Chinatown နဲ့L.A. confidential ဇာတ်ကားတွေပဲ။ ဒါပေမဲ့ ထိုဇာတ်ကားတွေနဲ့ ကွာခြားချက်ကတော့အသောမတတ်နိင်အောင် ရယ်မောနေစေရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ဟာသလို့ပြောရမယ်ဆိုရင် “Lethal Weapon” နဲ့ “Boogie Nights” တို့နဲ့လည်းသွားဆင်တူသေးတယ်။ ခင်ဗျားဟာဇာတ်အိမ်ကောင်းကောင်းတစ်ကား ကြည့်ချင်မယ်။Actionခန်းတွေကိုလည်း များနိုင်သမျှများ၊ကြမ်းနိုင်သမျှကြမ်းစေချင်မယ်။ဒီကြားတည်းဟာသခန်းလေးတွေလည်းကြည့်ချင်သေးတယ်ဆိုရင်တော့2016အတွက် ရှားရှားပါးပါးယခုThe Nice Guysဆိုတဲ့ တစ်ကားလေးပဲထွက်ပေါ်လာခဲ့တယ်။နောက်ထပ်တစ်ချက်က ဇာတ်သိမ်း၊အားမရခဲ့ပေမဲ့ယုတ္တိရှိတယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့အပြင်လက်တွေ့လောကကြီးတွေထဲမှာလည်းယခုအတိုင်းပင် ငွေကြေးရှိရင်ဥပဒေတွေက လွတ်မြောက်စမြဲပင်လေ ဒီဇာတ်ကားကိုDirector Shane Blackကကိုယ်တိုင်ရေးသားကာ ကိုယ်တိုင်ရိုက်ကူးခဲ့ပါသည်။ သရုပ်ဆောင်တွေအဖြစ်ကတော့ Ryan Goslingနဲ့Russell Crowe။ ဟာသမဟုတ်တဲ့ဟာသကောင်နှစ်ယောက်ပါဗျာ။

📌 Movie link 🍿
https://t.me/mmchnnell/394
A Better Tomorrow (1986)

(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် တိုနီလျောင်ချူဝေနဲ့ ဂျွန်ဝူး တွဲရိုက်ထားတဲ့ မာစတာပိစ်တစ်ကားဖြစ်တဲ့
Bullet In The Head ကိုလည်း များမကြာမီ တစ်နှစ် နှစ်နှစ်အတွင်း တင်ဆက်သွားပါဦးမယ်)
သို့ပေမဲ့ ဒီရုပ်ရှင်ဟာ သမိုင်းတွင်ရုပ်ရှင်ပါပဲ။ ဘာလို့ဆို ဒီရုပ်ရှင်ကို ရိုက်တဲ့အချိန်မှာ
ချောင်ယွန်ဖတ်က ကားရိုက်သာများပြီး တစ်ကားမှ ထင်သလောက် မပေါက်တဲ့သူဖြစ်နေပြီး
ဂျွန်ဝူးကတော့ ဟာသဒါရိုက်တာဖြစ်နေခဲ့တာပါ။ နောက် အရင်က သိုင်းကားတွေသာ ရိုက်ခဲ့တဲ့
မင်းသားကြီး Ti Lungကလည်း ကျစပြုလာပါပြီ။ လတ်စလီချောင်ဆို အဆို‌တော်ဘ၀က
လိုင်းကူးခါစ ဒီရှေ့ကားတွေမှာ လူမသိ သူမသိတွေချည်းပါပဲ။
ဒီလိုအကျဘက်ရောက်နေတဲ့သူတွေစုရိုက်ပြီး ၀က်၀က်ကွဲ
အောင်မြင်သွားခဲ့လို့ သမိုင်းမှတ်တိုင်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
A Better Tomorrowဟာ Remake ပြန်ပြန်အလုပ်ခံရတဲ့ ဂန္တ၀င်အက်ရှင်ကား တစ်ကားပါပဲ။

Video Link
https://t.me/biscopei00/3483
Sixty Million Dollar Man (1995)

စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကြီးဇာတ်ကားတချို့ကို ပေါင်းစပ်ပြီး Parody သဘောမျိုးအပြင် ကိုယ်ပိုင်အိုင်ဒီယာတချို့ပါ ကွန့်မြူး ရိုက်ကူးထားတဲ့ Comedy ဟာသကားစစ်စစ်ဖြစ်ပါတယ်။ရယ်ရချက်ကတော့ ကြည့်နေချိန်တစ်ချိန်လုံး တခွိခွိဖြစ်နေလို့ ဘေးနားက လူတချို့တောင် သင့်ကို ရူးနေလားလို့ သမုတ်နိုင်ပါတယ်။
ဇာတ်ကြောင်းလေးကလဲ ထူးခြားဆန်းသစ်သလို စတီဖင်ချောင်နဲ့ သူ့ပါတနာ Ng Man‑tat တို့ရဲ့ သရုပ်ဆောင်ချက်တွေကလဲ အတော်ကို ထိမိလှပါတယ်။ဇာတ်ကားက ကြာခဲ့လှပြီ ဖြစ်လို့ ကြည့်ပြီးသားဖြစ်နေရင်လဲ နောက်တစ်ကြိမ်ပြန်ကြည့်ဖို့ တိုက်တွန်းပါရစေ။ကြပ်ညှပ်တင်းကျပ်စွာ ရှင်သန်နေရတဲ့ ကျွန်တော်တို့ဘဝတွေကနေ ခဏတာ ထွက်ပေါက်ဖြစ်စေဖို့ ဒီဇာတ်ကားက ပံ့ပိုးပေးပါမယ်။

Video Link
https://t.me/biscopei00/3486