Bollywood Cinema
74.8K subscribers
420 photos
6 videos
356 links
For Ads Contact 📌 @Alexic56
Download Telegram
2 Guns [2013]

   2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။

အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်

။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။

သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။

သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။

အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်

။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။

စတစ်ဂ်မန်းနဲ့ ဘော်ဘီတို့နှစ်ယောက် CIA, ရေတပ်က စတစ်ဂ်မန်းရဲ့ အရာရှိနဲ့ ဆေးမှောင်ခို ဂိုဏ်းသုံးခုကြားမှာ ဒေါ်လာ ၄၃ သန်းနဲ့ တိုင်ပတ်သွားတဲ့ ဇာတ်လမ်းလေးပါ။

📌 Movie link 🍿
https://t.me/mmchnnell/366
Angel Has Fallen (2019)

IMDB: 6.4 / Rotten Tomatoes: 38%
ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်..သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။
သို့ပေမယ့် ဘာကွာသွားလဲဆိုတော့
ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့်
လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့
တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ…မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင်
အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့
သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်…အမိုက်စားအက်ရှင်ခန်းတွေ ဝေေ၀ဆာဆာပါသလို သုံးထားတဲ့
လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း
အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး…။

Video Link
https://t.me/biscopei00/3406
Air Force One 1997

1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force Oneဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။
ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါImdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကိုတစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ

📌 Movie link 🍿
https://t.me/mmchnnell/369
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM
Escape Plan: The Extractors (2019)

ဇာတ်လမ်းကတော့
လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင်
ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။
ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံးနဲ့သူ့ရဲ့အဖွဲ့တို့
ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ် ။

Video Link
https://t.me/biscopei00/3415
Mortal Ouija (2019)

ဒီကားလေးဟာ2019 juneလပိုင်းမှထွက်ထားပြီး box officeမှာ$သိန်း၇၀ကျော် ဝင်ငွေစံချိန်တင်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်.. Ouijaကစားနည်းကိုအားလုံးရင်းနှိးပြီးကျအတိုင်းပဲ ဒီကစားနည်းလေးကိုအခြေပြုပြီးဒီဇာတ်လမ်းဖြစ်လာရပါတယ်… Onlineမှာ ဇာတ်လမ်းတိုလေးတွေပြောပြရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ single momတစ်ယောက်သူ့ရဲ့သမီးဝိန်ဝိန်နဲအတူ တိုက်ခန်းသစ်ကိုပြောင်းရွှေ့လာတဲ့အခါ..ဒီတိုက်ခန်းမှာ Ouijaရှိနေတဲ့အခါ… ဒီ Ouijaကစားမိသူတိုင်းဘယ်လိုဒုက္ခတွေကြုံတွေ့ခဲ့ရတာလဲ… သူ့ရဲ့သမီးဝိန်ဝိန်တစ်ယောက်လည်းအိပ်မက်ယောက်ယောက်ရင်း ouijaကို ကစားမိတဲ့အခါ…ဘယ်လိုဒုက္ခမျိုးတွေကြုံတွေ့ရမှာလဲ…သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ

Video Link
https://t.me/biscopei00/3417
✔️အကောင်းဆုံးဇာတ်အိမ်နဲ့ အတော်ဆုံးမင်းသားကြီးတွေ ကြောင့်လဲ Oscar ဆု 4ခုထိ ရရှိခဲ့တဲ့ မှုခင်းရုပ်ရှင်တခုပါပဲ
ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေကတော့ အပြင်လောကက FBI Agent တစ်ယောက်နဲ့ Gangs၊ter ခေါင်းဆောင်တို့ကို အခြေခံထားပါတယ် ဒီဇာတ်လမ်းထဲမှာ အကြိုက်မိဆုံးကတော့ မင်းသားကြီး Nicholson ရဲ့ လေသံခပ်ဝဲဝဲနက် intro ကိုပါပဲ ဘယ်ရဲမှ မဖမ်းနိုင်သေးတဲ့ ဒေသရဲ့ ဂို၊ဏ်းခေါင်းဆောင်ကြီး Costello ၊ သူရဲ့ မွေးစားသားတဖြစ်လဲ Colin ကို ငယ်ငယ်ထဲက ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်တဲ့အခါသူ့လူ ကိုယ့်ဘက်သားဖြစ်အောင် ရဲထဲ ဝင်ခိုင်းခဲ့ပါတယ် တဖက်မှာလဲ မျိူးရိုးနဲ့ ချီ ရာ၊ဇဝ၊တ် မကင်းတဲ့ အသိုင်းအဝိုင်းက လာတဲ့ DiCaprio တစ်ယောက် ပတ်ဝန်းကျင်ကို စိတ်ကုန်လာပြီး ရဲထဲ ဝင်ခဲ့ပါတယ် သူ့ဘဝက အတော်လေး သနားစရာကောင်းသလို စောနက ဂို၊ဏ်းခေါင်းဆောင်ကြီး Costello ရဲ့ လက်အောက်မှာ အသွင်ယူဖို့ တာဝန်ပေးခံရပါတော့တယ် ဒီလိုမျိုး တဖက်စီက သူလျှိုကိုယ်စီ နဲ့ လည်သူ စားတဲ့ လောကကြီးကို ရိုက်ပြထားခဲ့တဲ့ ဒီရုပ်ရှင်ကတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတပုဒ်လို့သာ ညွန်းဆိုလိုက်ပါရစေ



✅Movie Link ✅
https://t.me/internmovie/3328
Please open Telegram to view this post
VIEW IN TELEGRAM
" It Gets Better " [2012]

တွန်မိုင် အဖြစ် Salim Panupong
တွန်လျူ အဖြစ် Bell Nuntita
စိုင်ထန် အဖြစ် Tai Penpak
ဖိုင်း အဖြစ် Punjan Prama

ဇာတ်လမ်းအကျဉ်း

ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့ဇာတ်လမ်းသုံးခုကိုကြည့်ရှုရမှာဖြစ်ပါတယ်။

တွန်မိုင်က ဖခင်ဖြစ်သူရဲ့ဂေဘားကို အမွေဆက်ခံဖို့ဘန်ကောက်ကိုပြန်လာခဲ့တာပါ။

ဖခင်ဖြစ်သူဆိုင်က မိန်းမလျာတွန်လျူနဲ့တွေ့ပြီး သူတို့ဇာတ်လမ်းက ကြည်နူးစရာဖြစ်မလား တွန်မိုင်က မိန်းမလျာတစ်ယောက်ကို
လက်ခံနိုင်မလားဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

ဒုတိယဇာတ်လမ်းကတော့ နယ်မြေလေးကိုရောက်လာတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နဲ့
ကောင်လေးတို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေးပါ။

တတိယဇာတ်လမ်းအနေနဲ့ကြည့်ရှုရမှာကတော့ မိန်းကလေးလိုဝတ်စားရတာကြိုက်တဲ့ သားဖြစ်သူကိုလက်မခံနိုင်ဘဲ ဘုန်းကြီးဝတ်ဖို့ဘုန်းကြီးကျောင်းပို့ခံလိုက်ရတဲ့ ကောင်လေးရဲ့ဇာတ်လမ်းဖြစ်ပါတယ်။

မတူညီတဲ့ဇာတ်လမ်းသုံးခုကို ဇာတ်ကားတစ်ခုတည်းမှာ ကြည့်ရမှာဖြစ်ပြီးလူတွေရဲ့စိတ်ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/373
IP man 1

2008 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကားဖြစ်သလို
ပထမဦးဆုံးသောဇာတ်ကားပဲဖြစ်ပါတယ်

IMDb Rate 8ရရှိထားတဲ့ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်
အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..
အညွှန်းပေးဖို့မလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါ
ဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်

Video Link
https://t.me/biscopei00/3425
The Kill Team (2019)

ဒီဇာတ်လမ်းထဲမှာဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာငယ်ငယ်လေးကတည်းကစစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခွင့်ရဖို့ကသူ့အိပ်မက်ပဲ
ကံကောင်းထောက်မစွာမရိန်းတပ်သားဖြစ်လာပေမဲ့အာဖဂန်စစ်မြေပြင်ကိုပို့ခြင်းခံရတယ်
အာဖဂန်စစ်မြေပြင်ဟာအချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလားလက်နက်ကိုင်သူပုန်လားဆိုတာ
ဝေခွဲရခက်ခဲလွန်းတဲ့နေရာပါပဲဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ဘဝထဲကပေးဆပ်ရနိုင်သလိုအသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်ဒီနေရာကိုသူရောက်ခဲ့ပေမဲ့သူစိတ်မပျက်ခဲ့ဘူး
ရောက်တဲ့အချိန်ကင်းထောက်တွေ မကြာခဏထွက်ရသလိုအခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်
ဒီနေရာမှာသူမမျှော်လင့်ထားတဲ့ဥပဒေပြင်ပကိစ္စမျိုးတွေကိုသူ့ရဲ့ဘော်ရဲဘက်တွေကလုပ်ဆောင်တာကိုသူတွေ့လိုက်ရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး
ဒီကားကဝုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့်တော်တော်
စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ခံစားချက်တွေဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကိုတွေ့ရတာမို့တော်တော်ကိုကြည့်လို့ကောင်းပါတယ်

📌 Movie link 🍿
https://t.me/mmchnnell/377
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM
Ip Man 3 (2015)

သာမန်သိုင်းကား အတိုက်အခိုက်တဲ့ရသတွေပေးတဲ့ကားမဟုတ်တာတော့သေချာတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီးမိုက်တိုက်ဆန်ကလဲသူ့အခန်းမှာ ကျကျနနပီပီပြင်ပြင်သရုပ်ဆောင်သွားတာကလဲ
ဒီကားရဲ့အမှတ်ရစရာ အချက်တခုပါ…ဒီကားရဲ့အစမှာလဲအရင်ကားရဲ့အဆုံးဖြစ်တဲ့ဂျီကွမ်တိုကိုတီထွင်ခဲ့တဲ့ကမ္ဘာ့သိုင်းပညာဂုရုကြီးဘရုစ္စလီနဲ့ပြန်စထားပါတယ်ဒုစရိုက်မှုတွေနဲ့ ခြေရှုပ်နေတဲ့ဟောင်ကောင်မြို့ရဲ့တခေတ်တချိန်မှာ-တာဝန်ယူမှုတွေနဲ့မိသားစုကိုဂရုမစိုက်သလိုဖြစ်သွားခဲ့တဲ့ ယိမန်ရဲ့အကြောင်း…အရည်အချင်းရှိသူပြည့်ဝသူတယောက်ဟာတခြားလူကိုတိုက်ခိုက်ပြီးမှနေရာမယူတတ်ဘူးဆိုတာကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ မင်းသားဒန်နီယမ်း…သူနောက်ဆုံးပြောသွားခဲ့တဲ့ မင်းနားမှာရှိတဲ့မင်းချစ်တဲ့လူတွေလောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုတဲ့စကားဟာ လဲမှတ်သားစရာပါသာမန်လန်ချားဆွဲဘဝကနေ နံမည်ကျော်တယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့Cheung Tin Chi. ဟာလဲ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာမြင်ရမှာပါမလွတ်တမ်းကြည့်သင့်တယ်လို့ဆိုတာထက် ကြည့်ရမယ်လို့ပဲညွှန်းပါရစေ

Video Link
https://t.me/biscopei00/3431
Raging Fire [2021]

မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့
သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်
Donnie Yen နဲ့Nicholas Tseတို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်
မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်
သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲ‌
‌အညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ်

Video Link
https://t.me/biscopei00/3437
The Young Master (1980)

ဒီတစ်ခါတော့ ဟောင်ကောင် ခုန်ဆွ ခုန်ဆွ တရုတ်သရဲကားတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီကပဲ ၁၉၈၀ မှာ ရိုက်ထားတဲ့ Jackie Chan ရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ရှေးဟောင်းကားဆိုပေမဲ့ IMDb rating က 7.1/10 ‌ထိတောင် ရရှိထားပါသေးတယ်။ Martial သိုင်းကားတစ်ခုအတွက်ဆိုရင် အတော်ကို မြင့်တဲ့ အမှတ်မျိုးပါဗျာ။ နောက်ပိုင်းမှာ နာမည်ကြီးလာကြတဲ့ လူတွေအတော်များများလည်း ဇာတ်ပို့ အနေနဲ့ ပါဝင်ထားကြပါသေးတယ်ဗျ။ ဇာတ်အိမ်‌အကြမ်းဖျင်းပြောရရင်တော့ တရုတ်ခြင်္သေ့ အက ပြိုင်ရင်း ရှုံးသွားတဲ့အခါဆရာတစ်ယောက်ဟာနောက်ကွယ်မှာ ဘယ်လို လုပ်လို့ ရှုံးသွားရတယ်ဆိုတာကို သိသွားပြီး သူငယ်ငယ်တည်းက မွေးစားထားခဲ့တဲ့ ချစ်တပည့်ကြီးတစ်ယောက်ကို နှင်ထုတ်လိုက်ပါတယ်။ဒါကြောင့်မို့ အစ်ကိုကြီးနဲ့အတူတူကြီးပြင်းလာရတဲ့ ကောင်လေးကသူ့မွေးစားအစ်ကိုကြီးကို ရှာဖို့ ဆရာ့ကို ကတိပေးပြီး ရှာပုံတော်ထွက်ဖြစ်ရင်း အခွီး အပြောင် ဇာတ်လမ်း ဇာတ်အိမ်တွေ နဲ့အတူ တကယ်ကို အခုခေတ် သိုင်းတွေလို လေထဲက ချနေတာမျိုးမဟုတ်တဲ့ ကွန်ဖူးသိုင်း ချတာတွေကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်

📌 Movie link 🍿
https://t.me/mmchnnell/380
🔥အမြဲ အမှုလိုက်တိုင်းအလွဲလွဲ
အချော်ချော်ဖြစ်ပြီးရာထူးမတိုးတဲ့ ခေါင်းဆောင် စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ ဖြစ်လာပါတော့တယ် သက်သေ အထောက်အထားကလဲ မပြည့်စုံသေးတော့ မူးယစ်ရာဇာကြီး နေတဲ့ နေရာနားမာ ကြက်ကြော်ဆိုင်တခုကို ဟန်ပြဖွင့်ရင်း ထောက်လှမ်းနေပါတော့တယ်
ဟန်ပြ ကြက်ကြော်ဆိုင်ဆိုပေမဲ့လဲ လက်ရာရှယ်ကောင်းတာကြောင့် တဆင့်စကားတဆင့်နဲ့ ကြကါကြော်ဆိုင်လေးက အရမ်းနာမည်ကြီးလာပြီး တော်တော်လေးလဲ ရောင်းလာရတဲ့အခါမှာတော့



✅Movie Link✅
https://t.me/biscopei00/3442
Please open Telegram to view this post
VIEW IN TELEGRAM
The Forbidden Kingdom (2008)

The Forbidden Kingdom ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း mystery သမားတွေအတွက်၊ conspiracy သီအိုရီတွေထုတ်ရတာကိုကြိုက်တဲ့လူတွေအတွက် ပုစ္ဆာအများကြီးပေးနိုင်တယ်။ ဥပမာ Jason ကြုံခဲ့ရတာ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်တစ်ခုလား။ ဝူခုန်းရဲ့လက်နက်က portal တစ်ခုကိုဖွင့်ပေးနိုင်ခဲ့လား။………..

Movie link

https://t.me/biscopei00/3443
San Andreas (2015)

ရေးဟာနာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာနကယ်ဆယ်ရေးနဲ့ရှာဖွေရေး
အဖွဲ့ကခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။အလုပ်ဘက်မှာတော်နေပေမယ့်တစ်ဖက်မှာတော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။မိန်းမနဲ့ကွာရှင်းထားပြီးသမီးလေးကလည်းမကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။
သိပ်မကြာခင်မှာမိန်းမရော သမီးရောကပထွေးဖြစ်သူဒန်နီယယ်နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။
တဖက်မှာလည်းဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်
တာဝန်ဝတ္တရားနဲ့မိသားစုအရေးယှဉ်လာတဲ့အခါမှာသမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး
ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးကဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်
ခက်တာကရေးရဲ့သမီးလေး ဘလိတ်ဟာဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်
တကယ်တမ်းငလျင်လှုပ်တော့ဆန်ဖရန်စစ္စကိုမှာဘလိတ်ဟာပိတ်မိနေပါတော့တယ်
ကျွန်တော်တို့ရဲ့ဟီးရိုးကြီးတစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ
ဒီကားရဲ့ထူးခြားချက်ကတော့မကြာသေးခင်ကမှယောက်ျားယူပြီး
အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့
အနုအရွအလှအပကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်


📌 Movie link 🍿
https://t.me/mmchnnell/384