Bollywood Cinema
74.8K subscribers
412 photos
6 videos
348 links
For Ads Contact 📌 @Alexic56
Download Telegram
Brick Mansions

သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။
Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

Video Link
https://t.me/biscopei00/3384
Cheaper by the Dozen 2003

ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး
တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း
ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်..
ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့
အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက
မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ …
သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းလာခဲ့ပါတယ်
ကလေး ၈ ယောက်ကနေ အဲ့ဒီမြို့မှာ ၄ ယောက်ထပ်မွေးပြီး ၁ ဒါဇင်ဖြစ်လာခဲ့ပါတယ်။
နှစ်တွေကြာပြီးတဲ့အခါ …တွန်စိတ်ကူးယဉ်ခဲ့တဲ့ ဘောလုံးနည်းပြ အလုပ်ကို
အသင်းကြီးတစ်ခုကနေ ပြန်လည်ကမ်းလှမ်းလာပြီး
ကိတ်ကိုလည်း စာအုပ်ထုတ်ဝေခွင့်ရလာတဲ့အခါမှာ …
မြို့ပြကို ပြန်လည်ရွှေ့ပြောင်းဖို့ အခွင့်တစ်ဖန်ဖြစ်လာတဲ့အခါမှာတော့
တွန်တို့ဇနီးမောင်နှံနဲ့ ကလေး ၁၂ ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသဖြစ်ရပ်လေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/364
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM
An Affair (2018)

An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား
ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ
အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ
အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊
သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့
စိတ်အာသာပြေစေမှာပါ………..

Video Link
https://t.me/biscopei00/3392
The Monkey King 3 (2018)

ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။
အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။
အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ် ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။

Video Link
https://t.me/biscopei00/3401
2 Guns [2013]

   2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။

အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်

။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။

သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။

သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။

အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်

။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။

စတစ်ဂ်မန်းနဲ့ ဘော်ဘီတို့နှစ်ယောက် CIA, ရေတပ်က စတစ်ဂ်မန်းရဲ့ အရာရှိနဲ့ ဆေးမှောင်ခို ဂိုဏ်းသုံးခုကြားမှာ ဒေါ်လာ ၄၃ သန်းနဲ့ တိုင်ပတ်သွားတဲ့ ဇာတ်လမ်းလေးပါ။

📌 Movie link 🍿
https://t.me/mmchnnell/366
Angel Has Fallen (2019)

IMDB: 6.4 / Rotten Tomatoes: 38%
ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်..သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။
သို့ပေမယ့် ဘာကွာသွားလဲဆိုတော့
ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့်
လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့
တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ…မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင်
အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့
သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်…အမိုက်စားအက်ရှင်ခန်းတွေ ဝေေ၀ဆာဆာပါသလို သုံးထားတဲ့
လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း
အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး…။

Video Link
https://t.me/biscopei00/3406
Air Force One 1997

1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force Oneဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။
ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါImdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကိုတစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ

📌 Movie link 🍿
https://t.me/mmchnnell/369
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM
Escape Plan: The Extractors (2019)

ဇာတ်လမ်းကတော့
လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင်
ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။
ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံးနဲ့သူ့ရဲ့အဖွဲ့တို့
ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ် ။

Video Link
https://t.me/biscopei00/3415
Mortal Ouija (2019)

ဒီကားလေးဟာ2019 juneလပိုင်းမှထွက်ထားပြီး box officeမှာ$သိန်း၇၀ကျော် ဝင်ငွေစံချိန်တင်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်.. Ouijaကစားနည်းကိုအားလုံးရင်းနှိးပြီးကျအတိုင်းပဲ ဒီကစားနည်းလေးကိုအခြေပြုပြီးဒီဇာတ်လမ်းဖြစ်လာရပါတယ်… Onlineမှာ ဇာတ်လမ်းတိုလေးတွေပြောပြရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ single momတစ်ယောက်သူ့ရဲ့သမီးဝိန်ဝိန်နဲအတူ တိုက်ခန်းသစ်ကိုပြောင်းရွှေ့လာတဲ့အခါ..ဒီတိုက်ခန်းမှာ Ouijaရှိနေတဲ့အခါ… ဒီ Ouijaကစားမိသူတိုင်းဘယ်လိုဒုက္ခတွေကြုံတွေ့ခဲ့ရတာလဲ… သူ့ရဲ့သမီးဝိန်ဝိန်တစ်ယောက်လည်းအိပ်မက်ယောက်ယောက်ရင်း ouijaကို ကစားမိတဲ့အခါ…ဘယ်လိုဒုက္ခမျိုးတွေကြုံတွေ့ရမှာလဲ…သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ

Video Link
https://t.me/biscopei00/3417
✔️အကောင်းဆုံးဇာတ်အိမ်နဲ့ အတော်ဆုံးမင်းသားကြီးတွေ ကြောင့်လဲ Oscar ဆု 4ခုထိ ရရှိခဲ့တဲ့ မှုခင်းရုပ်ရှင်တခုပါပဲ
ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေကတော့ အပြင်လောကက FBI Agent တစ်ယောက်နဲ့ Gangs၊ter ခေါင်းဆောင်တို့ကို အခြေခံထားပါတယ် ဒီဇာတ်လမ်းထဲမှာ အကြိုက်မိဆုံးကတော့ မင်းသားကြီး Nicholson ရဲ့ လေသံခပ်ဝဲဝဲနက် intro ကိုပါပဲ ဘယ်ရဲမှ မဖမ်းနိုင်သေးတဲ့ ဒေသရဲ့ ဂို၊ဏ်းခေါင်းဆောင်ကြီး Costello ၊ သူရဲ့ မွေးစားသားတဖြစ်လဲ Colin ကို ငယ်ငယ်ထဲက ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်တဲ့အခါသူ့လူ ကိုယ့်ဘက်သားဖြစ်အောင် ရဲထဲ ဝင်ခိုင်းခဲ့ပါတယ် တဖက်မှာလဲ မျိူးရိုးနဲ့ ချီ ရာ၊ဇဝ၊တ် မကင်းတဲ့ အသိုင်းအဝိုင်းက လာတဲ့ DiCaprio တစ်ယောက် ပတ်ဝန်းကျင်ကို စိတ်ကုန်လာပြီး ရဲထဲ ဝင်ခဲ့ပါတယ် သူ့ဘဝက အတော်လေး သနားစရာကောင်းသလို စောနက ဂို၊ဏ်းခေါင်းဆောင်ကြီး Costello ရဲ့ လက်အောက်မှာ အသွင်ယူဖို့ တာဝန်ပေးခံရပါတော့တယ် ဒီလိုမျိုး တဖက်စီက သူလျှိုကိုယ်စီ နဲ့ လည်သူ စားတဲ့ လောကကြီးကို ရိုက်ပြထားခဲ့တဲ့ ဒီရုပ်ရှင်ကတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတပုဒ်လို့သာ ညွန်းဆိုလိုက်ပါရစေ



✅Movie Link ✅
https://t.me/internmovie/3328
Please open Telegram to view this post
VIEW IN TELEGRAM
" It Gets Better " [2012]

တွန်မိုင် အဖြစ် Salim Panupong
တွန်လျူ အဖြစ် Bell Nuntita
စိုင်ထန် အဖြစ် Tai Penpak
ဖိုင်း အဖြစ် Punjan Prama

ဇာတ်လမ်းအကျဉ်း

ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့ဇာတ်လမ်းသုံးခုကိုကြည့်ရှုရမှာဖြစ်ပါတယ်။

တွန်မိုင်က ဖခင်ဖြစ်သူရဲ့ဂေဘားကို အမွေဆက်ခံဖို့ဘန်ကောက်ကိုပြန်လာခဲ့တာပါ။

ဖခင်ဖြစ်သူဆိုင်က မိန်းမလျာတွန်လျူနဲ့တွေ့ပြီး သူတို့ဇာတ်လမ်းက ကြည်နူးစရာဖြစ်မလား တွန်မိုင်က မိန်းမလျာတစ်ယောက်ကို
လက်ခံနိုင်မလားဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

ဒုတိယဇာတ်လမ်းကတော့ နယ်မြေလေးကိုရောက်လာတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နဲ့
ကောင်လေးတို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေးပါ။

တတိယဇာတ်လမ်းအနေနဲ့ကြည့်ရှုရမှာကတော့ မိန်းကလေးလိုဝတ်စားရတာကြိုက်တဲ့ သားဖြစ်သူကိုလက်မခံနိုင်ဘဲ ဘုန်းကြီးဝတ်ဖို့ဘုန်းကြီးကျောင်းပို့ခံလိုက်ရတဲ့ ကောင်လေးရဲ့ဇာတ်လမ်းဖြစ်ပါတယ်။

မတူညီတဲ့ဇာတ်လမ်းသုံးခုကို ဇာတ်ကားတစ်ခုတည်းမှာ ကြည့်ရမှာဖြစ်ပြီးလူတွေရဲ့စိတ်ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/373
IP man 1

2008 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကားဖြစ်သလို
ပထမဦးဆုံးသောဇာတ်ကားပဲဖြစ်ပါတယ်

IMDb Rate 8ရရှိထားတဲ့ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်
အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..
အညွှန်းပေးဖို့မလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါ
ဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်

Video Link
https://t.me/biscopei00/3425
The Kill Team (2019)

ဒီဇာတ်လမ်းထဲမှာဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာငယ်ငယ်လေးကတည်းကစစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခွင့်ရဖို့ကသူ့အိပ်မက်ပဲ
ကံကောင်းထောက်မစွာမရိန်းတပ်သားဖြစ်လာပေမဲ့အာဖဂန်စစ်မြေပြင်ကိုပို့ခြင်းခံရတယ်
အာဖဂန်စစ်မြေပြင်ဟာအချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလားလက်နက်ကိုင်သူပုန်လားဆိုတာ
ဝေခွဲရခက်ခဲလွန်းတဲ့နေရာပါပဲဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ဘဝထဲကပေးဆပ်ရနိုင်သလိုအသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်ဒီနေရာကိုသူရောက်ခဲ့ပေမဲ့သူစိတ်မပျက်ခဲ့ဘူး
ရောက်တဲ့အချိန်ကင်းထောက်တွေ မကြာခဏထွက်ရသလိုအခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်
ဒီနေရာမှာသူမမျှော်လင့်ထားတဲ့ဥပဒေပြင်ပကိစ္စမျိုးတွေကိုသူ့ရဲ့ဘော်ရဲဘက်တွေကလုပ်ဆောင်တာကိုသူတွေ့လိုက်ရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး
ဒီကားကဝုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့်တော်တော်
စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ခံစားချက်တွေဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကိုတွေ့ရတာမို့တော်တော်ကိုကြည့်လို့ကောင်းပါတယ်

📌 Movie link 🍿
https://t.me/mmchnnell/377
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM