Bollywood Cinema
74.8K subscribers
403 photos
6 videos
340 links
For Ads Contact 📌 @Alexic56
Download Telegram
Adrift (2018)

ဒီဇာတ်ကားက ၁၉၈၃ ခုနှစ်က ပင်လယ်ကိုအပျော်ခရီးထွက်ရင်းမတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။
‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ်‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီး သူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်
အဲ့ညမှာပဲ ချစ်သူတွေဖြစ်ရာကနေ ကောင်မလေးက ပင်လယ်မှာရွက်လွှင့်သွားရတာကြိုက်မှန်းသိလို့ ကောင်လေးက တစ်ကမ္ဘာလုံးကိုရွက်လွှင့်ပြီးလိုက်ပြဖို့ခွင့်တောင်းပါတယ်နောက်နေ့မှာတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွှင့်ကြပါတော့တယ်…
ဒီလိုနဲ့ရွက်လွှင့်ရင်းကနေ ပစိဖိတ်သမုဒ္ဒရာအလယ်မှာ အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားတဲ့အခါမှာတော့…ဖြစ်ရပ်မှန်ဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ လူသားတို့ရဲ့ဘဝကြီးတခုကို ခံစားထိတွေ့ရမှာပါ….
ဇာတ်ကားရဲ့အဆုံးသတ်မှာ ပရိတ်သတ်တွေ ”ဟာ”ကနဲဖြစ်သွားစေမယ့် အလှည့်အပြောင်းတခုကလဲစောင့်လို့ကြိုနေပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်ရှင်။

Video Link
https://t.me/biscopei00/3374
Homefront (2013)

Jason Statham ချစ်သူများအတွက် ဇာတ်ကားကောင်း ဇာတ်ကားဟောင်းလေးပါ။

ဒီအီးအေး အေးဂျင့်ဟောင်းတစ်ယောက်ဟာ မြို့လေးတစ်မြို့မှာ မိသားစုအေးအေးချမ်းချမ်းနေနေစဉ်မှာ ဒေသခံ မူးယစ်ဆေးရောင်းသူတစ်ယောက်နဲ့ ပြဿနာတက်မိရာမှ ဘယ်လို အက်ရှင်သည်းထိတ်ရင်ဖိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှု ကြည့်ကြပါခင်ဗျာ…

📌 Movie link 🍿
https://t.me/mmchnnell/359
James Bond Thunderball (1965)

မင်းသားကြီးရှောင်ကွန်နရီရဲ့ ၄ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။
သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။

Video Link
https://t.me/biscopei00/3380
✅တကားလုံး အူတက်အောင်ရီနေချင်ရင်‌တော့ ဒီလိုကားမျိူးသာ ပြေးကြည့်လိုက်ကြပါ.....ရီရတာထက်ဆိုတာထက်ပိုတဲ့ တကားလုံးခွီးနေရမဲ့ကား
ဘော်ဒီဂတ် ဆိုတဲ့အတိုင်း သူဌေးဆီမှာ သက်တော်စောင့်လုပ်ရင်းက သူဌေးကို အကာအကွယ် လွန်ရင်း သူဌေးလဲ သူ့လက်ချက်နဲ့ ရှော သွားတာကနေ အစချီထားပါတယ် ထိုင်းနာမည်ကြီးဟာသမင်းသားကြီး Petchtai ရဲ့ ဇာတ်ကားကောင်းတခုဖြစ်ပြီး အက်ရှင်ကြမ်းကြမ်းလေးနဲ့ ရီနေစေရမှာပါ



✅Movie Link✅
https://t.me/internmovie/3308
Please open Telegram to view this post
VIEW IN TELEGRAM
Kiss of the Dragon (2001)

2001 ခုနှစ်ကထွက်ခဲ့ပြီး IMDb မှာ 6.6 ရထားတဲ့ကွန်ဖူးမင်းသားကြီးဂျက်လီရဲ့ အက်ရှင်ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကို ဂျက်လီ က ကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွန်းနဲ့ ကိုယ်တိုင်သရုပ်ဆောင်ပြီး á€•ဟင်သစ်ပဍရဎမဟိုအမသဏ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်ဗျ
ဇာတ်လမ်း အကျဉ်းလေးကတော့ Lui Jian ဟာတရုတ်ရဲတပ်ဖွဲ့က
အရာရှိတစ်ယောက်ဖြစ်ပြီး á€•ဟင်သစ်က မူးယစ်ဆေးဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့
တရုတ်မူးယစ်ဆေးဂိုဏ်းရာဇာကို ဖမ်းဆီးဖို့ လိုက်လံစုံစမ်းရင်း ပါရီမြို့ကိုရောက်ရှိလာပါတယ် ဒီလိုနဲ့ Jian ဟာ á€•ဟင်သစ်ကဥခဝိတ်ဥဆက်ကိုစုလစမ်း
ရင်း á€•á€źá€Šá€ˇá€şá€á€”á€şá€†á€Źá€™á€œá€ąá€¸ Jassica နဲ့ á€á€˝á€ąá€ˇá€†á€Żá€śá€™á€­á€•ဍတယ်
Jassica ရဲ့ á€‚္ဍင်း Richard ဟာ Jassica ကို သူ့သမီးနဲ့အပိုင်ခြိမ်း
ခြောက်ထားတာဖြစ်ပြီး Richard ကိုယ်တိုင်က ဖာဂေါင်းသာမကပဲ
မူးယစ်ဂိုဏ်းရဲ့ ဂျိတ်တခု á€–ဟစ်န္တဲအဥခဍမသဏတ္ဏအ‌‌‌‌‌‌.

📌 Movie link 🍿
https://t.me/mmchnnell/361
Brick Mansions

သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။
Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

Video Link
https://t.me/biscopei00/3384
Cheaper by the Dozen 2003

ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး
တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း
ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်..
ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့
အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက
မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ …
သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းလာခဲ့ပါတယ်
ကလေး ၈ ယောက်ကနေ အဲ့ဒီမြို့မှာ ၄ ယောက်ထပ်မွေးပြီး ၁ ဒါဇင်ဖြစ်လာခဲ့ပါတယ်။
နှစ်တွေကြာပြီးတဲ့အခါ …တွန်စိတ်ကူးယဉ်ခဲ့တဲ့ ဘောလုံးနည်းပြ အလုပ်ကို
အသင်းကြီးတစ်ခုကနေ ပြန်လည်ကမ်းလှမ်းလာပြီး
ကိတ်ကိုလည်း စာအုပ်ထုတ်ဝေခွင့်ရလာတဲ့အခါမှာ …
မြို့ပြကို ပြန်လည်ရွှေ့ပြောင်းဖို့ အခွင့်တစ်ဖန်ဖြစ်လာတဲ့အခါမှာတော့
တွန်တို့ဇနီးမောင်နှံနဲ့ ကလေး ၁၂ ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသဖြစ်ရပ်လေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

📌 Movie link 🍿
https://t.me/mmchnnell/364
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM
An Affair (2018)

An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား
ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ
အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ
အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊
သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့
စိတ်အာသာပြေစေမှာပါ………..

Video Link
https://t.me/biscopei00/3392
The Monkey King 3 (2018)

ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။
အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။
အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ် ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။

Video Link
https://t.me/biscopei00/3401
2 Guns [2013]

   2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။

အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်

။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။

သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။

သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။

အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်

။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။

စတစ်ဂ်မန်းနဲ့ ဘော်ဘီတို့နှစ်ယောက် CIA, ရေတပ်က စတစ်ဂ်မန်းရဲ့ အရာရှိနဲ့ ဆေးမှောင်ခို ဂိုဏ်းသုံးခုကြားမှာ ဒေါ်လာ ၄၃ သန်းနဲ့ တိုင်ပတ်သွားတဲ့ ဇာတ်လမ်းလေးပါ။

📌 Movie link 🍿
https://t.me/mmchnnell/366
Angel Has Fallen (2019)

IMDB: 6.4 / Rotten Tomatoes: 38%
ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်..သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။
သို့ပေမယ့် ဘာကွာသွားလဲဆိုတော့
ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့်
လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့
တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ…မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင်
အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့
သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်…အမိုက်စားအက်ရှင်ခန်းတွေ ဝေေ၀ဆာဆာပါသလို သုံးထားတဲ့
လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း
အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး…။

Video Link
https://t.me/biscopei00/3406
Air Force One 1997

1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force Oneဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။
ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါImdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကိုတစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ

📌 Movie link 🍿
https://t.me/mmchnnell/369
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from BunnySlot
Please open Telegram to view this post
VIEW IN TELEGRAM
Escape Plan: The Extractors (2019)

ဇာတ်လမ်းကတော့
လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင်
ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။
ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံးနဲ့သူ့ရဲ့အဖွဲ့တို့
ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ် ။

Video Link
https://t.me/biscopei00/3415
Mortal Ouija (2019)

ဒီကားလေးဟာ2019 juneလပိုင်းမှထွက်ထားပြီး box officeမှာ$သိန်း၇၀ကျော် ဝင်ငွေစံချိန်တင်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်.. Ouijaကစားနည်းကိုအားလုံးရင်းနှိးပြီးကျအတိုင်းပဲ ဒီကစားနည်းလေးကိုအခြေပြုပြီးဒီဇာတ်လမ်းဖြစ်လာရပါတယ်… Onlineမှာ ဇာတ်လမ်းတိုလေးတွေပြောပြရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့ single momတစ်ယောက်သူ့ရဲ့သမီးဝိန်ဝိန်နဲအတူ တိုက်ခန်းသစ်ကိုပြောင်းရွှေ့လာတဲ့အခါ..ဒီတိုက်ခန်းမှာ Ouijaရှိနေတဲ့အခါ… ဒီ Ouijaကစားမိသူတိုင်းဘယ်လိုဒုက္ခတွေကြုံတွေ့ခဲ့ရတာလဲ… သူ့ရဲ့သမီးဝိန်ဝိန်တစ်ယောက်လည်းအိပ်မက်ယောက်ယောက်ရင်း ouijaကို ကစားမိတဲ့အခါ…ဘယ်လိုဒုက္ခမျိုးတွေကြုံတွေ့ရမှာလဲ…သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ

Video Link
https://t.me/biscopei00/3417