Forwarded from HtayOung(OungMarine) (Htay Oung)
သူ့ပို့စ်ကို နိုင်ငံတကာမှာ ကြည့်ရှု့သူ ၁၅၅ သန်းဆိုတာ နည်းတဲ့ အရေအတွက် မဟုတ်ပါ
ဘယ်လို ဘာသာစကားနဲ့ ဘာအကြောင်းအရာတွေ လွှင့်တယ် မသိပါ
ဂိုလ်ရှယ်လေးဟာ လက်ရှိအမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်တယ်ဆိုပေမယ်
အင်္ဂလိပ်စကားပြော လေယူလေသိမ်း အလွန်ညံ့ပါတယ်

တော်တော်သိ Public Channel
Photo
စောင့်သိရိုသေပါမည်
အပိုင်း(၂၃)
“ဟုတ် .. ယူတော့မှာ တပ်ရင်းမှူး
ဒီစစ်ဆင်ရေးပြီးလို့ ပြန်ဆင်းရင်ယူမှာ”
ကိုယ့်ထက်အဆင့်မြင့်သည်မို့ ဗိုလ်မှူးသက်ပိုင် ပြုံးရင်း အောင်ဟိန်း ကို ကြည့် လိုက်သည်။
“ဟေ့ .. ဆက်စု ကြီး
မင်း ဂျူနီယာ က စွံပြီ
မင်း က မစွံသေးဘူး
Drone ကြီး မင်း စီနီယာကို မိတ်ဆက်ပေးလိုက်ဦး
မင်္ဂလာဆောင်ကျရင် .. ဟားဟား”
ဂေါ်မစွံသည့် သူတစ်ယောက်လို ပြောလာသော်လည်း သက်ပိုင် မှာ ကိုယ့် အကြောင်းနှင့်ကိုယ်မို့ ငြိမ်နေလိုက်ရသည်။
“ဟေ့ .. ဒါနဲ့
ငါမေးဦးမယ်
ဟိုဖုန်းမှာ မင်း ဘာတွေ့လို့
အသည်းအသန်တောင်းသွားတာလဲ”
အကင်းပါးသည့် ဒုမှူးကြီးမိုးေ၀ အချိန်အခါကောင်းမှာမှ ခုလိုမျိုး ထုတ်ဖော် မေး လာသဖြင့် ဗိုလ်မှူးသက်ပိုင် နည်းနည်းတော့ အိုးတိုးအမ်းတန်းဖြစ်သွားသည်။ သူ အဲ့အချိန်က ဒီဖုန်းကို အဲ့လိုများ အသည်းအသန်ဖြစ်နေသည့် ပုံပေါက်နေလားလို့လဲ ကိုယ့်ကိုကိုယ် စဉ်းစားခန်းဝင်မိသည်။
EQ နှင့်ပတ်သတ်လာလျှင် အမြဲ သွေးအေးတတ်သည့် ဗိုလ်မှူးသက်ပိုင် အတွက် သူမ ကတော့ ဘာနဲ့မှ မထိန်းနိုင်လောက်အောင်ကို ခုချိန်ထိ စိုးမိုးနေစဲ။ တွေးသာ တွေးနေတာပါလေ .. သူမ ဟုတ်ရော ဟုတ်ရဲ့လားဆိုတာတော့ မသေချာ။ သို့သော် သိနေသည့် မသိစိတ်ထဲမှာ အဆိုပါ ဓာတ်ပုံထဲမှ အမျိုးသမီးမှာ သူမ ဖြစ်သည်ဆိုတာကို တော့ သေချာသလောက်ရှိနေပြီဖြစ်သည်။
“ဟုတ် .. ကျွန်တော့် အသိတစ်ယောက်နဲ့တူလို့
ဖုန်းကို Lock ဖြည်ကြည့်ချင်လို့ပါ
တကယ်လို့ ကျွန်တော်သိတဲ့လူဆိုရင်
Information ကြိုရတာပေါ့”
အမှန်တဝက် လိမ်တစ်ဝက်နှင့် ပြန်လည်ဖြေဆိုမိသည်။ ဒုမှူးကြီးမိုးေ၀ မှင်သေသေ နှင့် ပြန်ဖြေသည့် ဗိုလ်မှူးသက်ပိုင် ရဲ့ အဖြေကို ယုံကြည်သွားဟန် တူသည်။
“ဟေ .. ဟုတ်လား
ဘယ်သူတုန်းဟ
မင်း အသိ က ငါ့ပြစမ်းပါဦး”
စစ်သတင်းဆိုသည်မှာ သိချင်သည်ထပ် သိချင်သည့် သဘောရှိသည်။ ဒုမှူးကြီး မိုးေ၀ အတွက် တိုက်ပွဲအောင်နိုင်ရေးမှာ သတင်းက အရေးကြီးနေသည်မို့ သက်ပိုင် ရဲ့ Information ဆိုသည့် အသံကြားသည်နှင့် နည်းနည်းတော့ စိတ်ဝင်စားမှု မြင့်တက် သွားဟန်တူသည်။
ကိုယ့်ရှုးကိုယ်ပတ်ချေပြီ။ ဒါပေသိ ... ဖုန်း ကို ဆက်ယူထားဖို့ဆိုတာက တပ်ရင်းမှူး သိချင်တာကို ပြောကာမှ ဖြစ်နိုင်မှာမို့ သက်ပြင်းတစ်ချက် ပင့်သက်ရှိုက်ရင်း ဖုန်းကိုထုတ်ကာ သူမ ဟု ယူဆရသည့် အမျိုးသမီး ပုံကို လက်နှင့်ထောက်ပြလိုက် သည်။
“သူပါ .. တပ်ရင်းမှူး
ကျွန်တော့် အသိက”
ဖုန်း Lock Screen မို့ မနည်းမျက်လုံးပြူးကြည့်ရသည်။ ဒုမှူးကြီးမိုးေ၀ မျက်မှောင် ကြီးကျုံ့ မျက်လုံးပင့်ကာ ကြည့်ပြီးသကာလ မေးထပ်ငေါ့သည်။
“ကောင်မလေး လား .. မင်း အသိက
အမျိုးသမီးမို့လား”
မျက်နှာက ဘယ်သူ ဘယ်ဝါမှန်းမသဲကွဲပေမဲ့ ဝတ်စုံစားပုံကတော့ အမျိုးသမီး မှန်း ခန့်မှန်းလို့ရသည်။
“ဟုတ် .. တပ်ရင်းမှူး
အသိပါ ...”
ပြောရင်းနဲ့ ဗိုလ်မှူးသက်ပိုင် အဝေးတစ်နေရာဆီသို့ ဆွေးဆွေးမြေ့မြေ့ လှမ်း ကြည့်ရင်း အတိတ်ရဲ့ အရိပ်တွေကို ပြန်ပြောင်းသတိရလိုက်သည်။
လွန်ခဲ့သော .. လွန်ခဲ့သော တချိန်က သူ ဗိုလ်ဘဝနှင့် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ဖွင့်လှစ်သော အရာရှိအင်္ဂလိပ်ဘာသာစကားပြောသင်တန်း ကို တက် ရောက်ခဲ့စဉ်က အချိန်တွေကား မျက်စိထဲ အနှေးပြကွက်ဖြင့် တစ်ကွက်ပြီး တစ်ကွက် ပြန်လည်မြင်ယောင်လာခဲ့သည်။
အမှတ်(xxx)ဆက်သွယ်ရေးတပ်ရင်း လက်အောက်ခံ ဆသခွဲ၊စကခ(xx) နှင့် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ပြီး နောက်တန်းပြန်ရောက်ချိန်တွင် သင်တန်း ဖွင့်လှစ်သည်နှင့် ကြုံကြိုက်သဖြင့် နာမည်စာရင်းပေးပြီး သင်တန်းက ကံကောင်းတော့ တက်ရောက်ဖို့ ရွေးခြယ်ခြင်းခံရသည်။
ရန်ကုန်မှာ မွေးဖွား ရန်ကုန်မှာ ကြီးပြင်းသည့် သက်ပိုင် တစ်ယောက် မွေးရပ်မြေ တွင် သင်တန်းတက်ရမည်ဆိုတော့ တာဝန်ကျရာ ဆသခွဲမှ သည် မိခင်တပ်ရင်းကို ပြန်လည်သတင်းပို့ပြီး တပ်ရင်းမှူးထံ ခွင့်ပန်ကာ ရက်စောထွက်ခဲ့ပြီး သတင်းပို့လိုက် သည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် သင်တန်းအတွက် သင်တန်းတက်ရောက်ရန် ရွေးခြယ်ထားသည့် အရာရှိများအား ရန်ကုန် ဘောက်ထော် ရှိ မှတ်တမ်းရုံးဟောင်း ထဲတွင် တည်းခိုစေသဖြင့် ပိုပြီး အဆင်ပြေလှသည်။
“မင်း က ရန်ကုန်သားဆိုတော့
အိမ်ပြန်အိပ်မှာလား
ဒို့ဆီမှာအိပ်မှာလား”
သင်တန်း တာဝန်ခံ ဗိုလ်မှူး ကား သူ ရောက်ရှိ သတင်းပို့သည်နှင့် ပွင့်ပွင့် လင်းလင်း ပင်ပြောသည်။ တပ်မတော်သားဘဝတွင် မွေးရပ်မြေမှာ သင်တန်းတက် ရောက်ရသည်ဆိုသည့် ကံ က နည်းသည့် ကံ မှ မဟုတ်တာလေ။
“ဟုတ် .. ဗိုလ်မှူး
ကျွန်တော် အိမ်ပြန်အိပ်မှာပါ
အိမ် က ဗိုလ်တထောင်ရေကျော်မှာပါခင်ဗျ”
မြို့ထဲ Down Town ဟုခေါ်ဝေါ်သော မြို့နယ်ရှိ ရပ်ကွက် တစ်ခုတွင် နေထိုင် သူဖြစ်သဖြင့် ဘောက်ထော်ကို လာရတာလဲ အရမ်းကြီး အဝေးကြီးမဟုတ်သောကြောင့် သင်တန်းမှူး ဗိုလ်မှူးကလဲ လွယ်လွယ်ကူကူ ပင် ခွင့်ပြုသည်။
“အေး .. ဒါဆိုလဲပြီးရောလေ
မင်း မနက် သင်တန်းတက်ခါနီး ဒီကိုလာ
ဒီက ကားနဲ့ UFL သွားမယ်
ပြန်ရင်လဲ ဒီကို ပြန်လာပြီး ည Night Study ထိဒီမှာနေရမယ်
Study ဖြုတ်မှပြန်မယ်”

ဒီလိုနှင့် အဆင်ပြေမှုများစွာဖြင့် သက်ပိုင် ရဲ့ သင်တန်းခရီးက အစပြုခဲ့သည်။ စစ်တက္ကသိုလ်တွင် ၃ နှစ် ၃ မိုး တက်ရောက်ပြီး သင်တန်းဆင်းတော့လဲ တာဝန်ကျရာ တပ်မှာ စစ်ဆင်ရေးတာဝန်တွေ ဆက်တိုက်ထမ်းဆောင်ခဲ့သဖြင့် မြို့ပြ ရဲ့ အရိပ်အငွေ့ ဆိုတာ ခံစားရသည့် နေ့ရက်တိုင်းကား တကယ်ကို အရသာရှိလှသည်ဖြစ်ခြင်း။
“ရှေ့ကြည့် ... တန်းထ
တပ်မတော်အရာရှိ xxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxx”
သင်တန်းဖွင့်သည့် ရက်မှာပင် တာဝန်ခံ ဌာနမှူး ကို တန်းအပ်ရင်း အမှတ်မထင် တွေ့ဆုံခဲ့သည့် အမျိုးသမီးလေးကား သက်ပိုင် ရင်ထဲထိ ထိုးဖောက်ဝင်ရောက်သွား သည်။
“ဟေ့ .. ဌာနမှူး ဘေးနားကပါလာတဲ့
Tutor ဆရာမလေး လှတယ်နော်
သက်ပိုင်”
တစ်ပတ်စဉ်ထဲ ၅ ယောက် ထူးထူးခြားခြား ပါလာသဖြင့် နောက်ဆုံးတန်းမှာ တွတ်ထိုးရင်း အနှီ အမျိုးသမီးလေးရဲ့ အလှကို ခံစားကြသည်။
“အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း
ခန္ဓာကိုယ်ကလဲလှတယ်
အသားလေးညိုနေတာတစ်ခုပဲ”
ဟုတ်ပေသည် .. သူမ ကား ဆံပင်ကလဲ ခါးလယ်ထိရှည်ပြီး ကျော့ရှင်းသည့် ခန္ဓာကိုယ်ကား တက္ကသိုလ်ဆရာမ ယူနီဖောင်းနှင့်လိုက်ဖက်လှသည်။ အသားက ညိုသော်လည်း မျက်နှာပေါက်ကား ကုလားဆင်လေးနှင့် တစ်မျိုးလေး ဆွဲဆောင်မှု ကောင်းလှသည်။
ဌာနမှူး ကား သူတို့ တပ်မတော်အရာရှိ သင်တန်းသားတွေစာသင်သည့် အခန်းကို လာရောက် ကြည့်ရှု မှာစရာရှိတာလာမှာသည့် အချိန်တွင် နံဘေးတွင် ပါလာသည်မို့ ကြည့်ရတာ ဆရာမ ပေါက်စ လဲဖြစ်နိုင်သည်။
“မျက်လုံးလေးက ဝိုင်းပြီး ရွဲနေတာပဲ
လှချက်ကွာ
ငါတော့ ရင်ထဲထိသွားပြီ ...”
သက်ပိုင် က သူမ အလှကို တိတ်တိတ်လေးခံစားရင်း ရင်ခုန်သံတွေ မြန်နေ သလို တစ်ပတ်စဉ်ထဲ သူငယ်ချင်းတစ်ယောက်ကလဲ နှုတ်မှ ဖွင့်ပြောရသည်အထိ ကို သဘောကျနေသည်။
“ဗိုလ်ကြီးများ .. ဗိုလ်မှူးများ
ကျွန်မ တို့ သင်တန်း မှာ ချစ်သူရည်းစား မထားနဲ့မပြောပါဘူး
ထားလို့ရပါတယ်
ဒါပေမဲ့ .. ကျွန်မ သမီးတွေကို အသည်းမခွဲပါနဲ့လို့
တောင်းဆိုပါတယ်”
ဌာနမှူး ဆရာမကြီးကား ရုတ်တရက် အရွှန်းဖောက်လိုက်သဖြင့် အားလုံးသော သင်တန်းသားတွေမှာ ဝါးကနဲ မပြုံးပဲ ရယ်မိကြသည်။
ဆရာမကြီး မှာ ရှေ့မှာ သင်တန်းအပတ်စဉ်ပေါင်းများစွာနှင့် ကြုံနေပြီဖြစ်သဖြင့် သဘောပေါက်နေသည်နှင့်တူသည်။
“ဒီ UFL ဖူးစာတွေရှိပါတယ်
ဗိုလ်မှူး များ ဗိုလ်ကြီးများ
အဲ .. တစ်ခုပဲ ပြဿနာမဖြစ်ပါစေနဲ့
ကျွန်မ က ဒီ သင်တန်းရဲ့ တာဝန်ခံမို့
တစ်ခုခုဆို ကျွန်မ ကို အရင်ပြောကြပါ
ယုတ်စွအဆုံး ကောင်မလေး က ပါးရိုက်ရင်လဲပြောပါ”
ဆရာမကြီး က နောက်နေတာလား အတည်ပြောနေတာလား မသိပေမဲ့ တစ်ခါ တစ်ခါ ပြောထုတ်လိုက်တာကြီးက ပိဿလေး ခဲနဲ့ ပစ်လိုက်သလို။
“သင်တန်းမှာလဲ စိတ်ပါဝင်စားစွာ တက်ရောက်ကြပါ
စာမေးပွဲမကျပါစေနဲ့နော်
ဒီမှာ စာမေးပွဲကျရင် ကကထူး ကို Report တက်ပါတယ်
အဲ့ကျ ဗိုလ်မှူးတို့ ဗိုလ်ကြီးတို့ Service Card ထိပါတယ်”
အက်လဲ့ ... ဆရာမကြီးကား Service Card ထိတာကိုတောင် သိနေသည်။ ကြည့်ရတာ တပ်မတော် နှင့် အတော်ကို ရင်းနှီးကျွမ်းဝင်သည့် သဘောရှိသည်။
“ကျွန်မ နာမည် က ဒေါ်ခင်ခင်ထူးပါ
အင်္ဂလိပ်စာဌာန ဌာနမှူး ပါ
ဗိုလ်ကြီးတို့ တစ်ယောက်ချင်းဆီ မိတ်ဆက်ကြပါဦး
အဲ .. အပတ်စဉ်၊ တပ် နဲ့ လူပျို ဟုတ်မဟုတ်ပါပြောပါ”
ဘယ်လောက်တောင် ဒဲ့ပြောလဲဆိုရင် သူမ နံဘေးမှာ လိုက်လာသည့် ဆရာမ လေးပင် မျက်နှာလေးငုံ့သွားသည်အထိ ပြောချလိုက်သဖြင့် သက်ပိုင် တို့ အတွေးထဲ ဆရာမကြီး မှာ မလွယ်ရေးချ မလွယ်ဘူးလို့တော့ မှတ်ချက်ပြုလိုက်သည်။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
Crd:
https://t.me/ahkonetheat

Telegram
တော်တော်သိ Public Channel
သိတာတင်မယ်
👍2
Forwarded from Myanmar Hard Talk
This media is not supported in your browser
VIEW IN TELEGRAM
သင်္ကြန်အကျနေ့ ၊ နေပြည်တော်။
👍1
အီရန်ဆိပ်ကမ်းများ ပိတ်ဆို့ခံထားရသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ ပြန်လည်စတင်နိုင်ဖွယ်ရှိ 🇮🇷🇺🇸
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို စတင်ပိတ်ဆို့ (Blockade) နေပြီဖြစ်သော်လည်း၊ ပျက်ပြားသွားခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာမီရက်ပိုင်းအတွင်း ပြန်လည်စတင်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း သံတမန်ရေးရာ သတင်းရင်းမြစ်များအရ သိရသည်။ ဤသည်မှာ စစ်ရေးအရ အမြင့်ဆုံးဖိအားပေးနေချိန်တွင် သံတမန်ရေးရာ ထွက်ပေါက်တစ်ခုကို နှစ်ဖက်စလုံးက ရှာဖွေနေခြင်း ဖြစ်နိုင်သည်။ ⚠️🤝
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဟော်မုဇ်ရေလက်ကြားနှင့် အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့မှုအမိန့်သည် မြေပြင်တွင် စတင်အသက်ဝင်နေပြီး အီရန်၏ ရေနံတင်ပို့မှုနှင့် ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေလျက်ရှိသည်။ သို့သော်လည်း ပါကစ္စတန်နှင့် အခြားကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများက နှစ်ဖက်ခေါင်းဆောင်များကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လာရန် တိုက်တွန်းနေကြပြီး၊ အီရန်ဘက်ကလည်း ၎င်းတို့၏ အချက် (၁၀) ချက်ပါ အဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန် အသင့်ရှိကြောင်း အရိပ်အမြွက်ပြသထားသည်။ 🚫🚢
အဓိက အငြင်းပွားဖွယ်ဖြစ်နေသည့် ယူရေနီယံသန့်စင်မှု (၂၀) နှစ်ကြာ ရပ်ဆိုင်းရေးနှင့် စစ်လျော်ကြေးကိစ္စများတွင် တစ်ဖက်နှင့်တစ်ဖက် အလျှော့အတင်းလုပ်နိုင်မည့် "အလယ်အလတ်လမ်းစဉ်" တစ်ခုကို ရှာဖွေတွေ့ရှိပါက ဆွေးနွေးပွဲများမှာ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပြန်လည်စတင်နိုင်ပါသည်။ ☢️📉
* သုံးသပ်ချက် 💡
စစ်ရေးအရ ပိတ်ဆို့မှုများ ပြုလုပ်နေစဉ်မှာပင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းခြင်းမှာ သမ္မတ ထရမ့်၏ "အမြင့်ဆုံးဖိအားပေးပြီးမှ ဆွေးနွေးခြင်း" (Maximum Pressure to Negotiation) ဆိုသည့် နည်းဗျူဟာကို ဖော်ပြနေသည်။ အီရန်ခေါင်းဆောင်သစ် မော်ဂျတာဘာ ခါမေနီက မည်မျှအထိ အလျှော့ပေးမည်ဆိုသည်မှာ စောင့်ကြည့်ရမည့်အချက်ဖြစ်ပြီး၊ ဤဆွေးနွေးပွဲများ ပြန်စဖြစ်ခဲ့လျှင်ပင် ပိုမိုခက်ခဲသော အပေးအယူများ ရှိလာနိုင်ပါသည်။
Source: Axios / Al Jazeera / Reuters 📰
#GeoPoliticalPulse #Iran #US #PeaceTalks #Blockade #Diplomacy #MiddleEastCrisis #StraitOfHormuz #InternationalRelations #အီရန် #အမေရိကန် #သံတမန်ရေးရာ #နိုင်ငံတကာသတင်း #စစ်ရေးသတင်း
🌍 နိုင်ငံတကာသတင်းများကို ဖတ်ရှုလိုပါက ဒီ Channel လေးကို Join ထားပေးပါ -
🔗 https://t.me/GeoPoliticalMyanmar

Geo-Political Pulse Myanmar(GPP Myanmar) နိုင်ငံတကာရေးရာသတင်းစုံ
🌍 ကမ္ဘာ့နိုင်ငံရေးလှုပ်ခတ်မှုများ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနှင့် သံတမန်ရေးရာ သတင်းဆန်းစစ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးမည့် နေရာ