တော်တော်သိ Public Channel
887 subscribers
564 photos
98 videos
163 links
သိတာတင်မယ်
Download Telegram
🇨🇳ရှီကျင့်ဖျင်သည် 🇷🇺ရုရှားနှင့် 🇨🇳တရုတ်ပြည်သူများ လွန်ခဲ့သည့် နှစ် ၈၀ က ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်နဲ့အတူ အောင်ပွဲခံခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားတို့၏ တိုးတက်မှုအတွက် သမိုင်းဝင် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း 🇨🇳ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
❝တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိအောင် သတင်းပေးခဲ့သည့် ပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ်သန်း ၂၁၁၈ ဒသမ ၅၇၀ ကို  ချီးမြှင့်ပေးသွားမည်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝙖𝙮~𝟖》 
This media is not supported in your browser
VIEW IN TELEGRAM
နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက် AA ခဲဝါအဖွဲ့တွေကို
မီးဖုတ်ပေးလိုက်ပါပြီ။

ဗြင်းချက်ကတော့ လုံး၀အလွှင့်။
ဦးဦးလှစောရုပ်အလောင်းအားရက္ခိးတစ်နေရာတွင်သင်္ဂြုလ်ပြီးစီး
မေ၈၊ ၂၀၂၅


ဝါရင့်နံနံရေးသမား ဦးဦးလှစော(ခ) မောင်ခိုင်အောင်သည်AAနိုင်ငံရေးမှူးတာဝန်ထမ်းဆောင်နေချိန်လည်ပင်းကင်ဆာရောဂါဖြင့်၅.၅.၂၀၂၅ရက်နေ့ညနေ၁၁နာရီခန့်သေဆုံးသွားခဲ့သည်။
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
နေပြည်တော် တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်း (အခမဲ့)ဖွင့်လှစ်သည်။
တပ်ကုန်း မေလ ၇ ရက်
၂၀၂၅ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင်အဖြစ် ပြောင်းလဲသတ်မှတ်
အခု ဘဏ္ဍာနှစ်အတွက် မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင် အဖြစ်ပြောင်းလဲ သတ်မှတ်ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန် အဖြစ် သတ်မှတ်ခဲ့တာပါ။ အခုလို ငါးမဖမ်းရရာသီ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ကမ်းဝေးငါးဖမ်းလှေအားလုံး ရာနှုန်းပြည့် ရပ်နား ထားရမှာဖြစ်ပါတယ်။ ဒီကာလမှာ ကမ်းနီးငါးဖမ်းလှေတွေနဲ့ ငါးသယ်လှေတွေကတော့ ပင်လယ်ထဲမှာသွားလာခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရာသီပိတ်ပြီ ဖြစ်တာကြောင့် ကမ်းဝေးငါးဖမ်းလှေတွေဖြစ်တဲ့ ဝါလတ် ၊ ဝါတန်း ၊ ကင်းမွန် အပါအဝင် အခြားငါးဖမ်းလှေ အားလုံးလုပ်ငန်းတွေ ရပ်နားထားကြပြီး ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ် ငန်း လုပ်ကိုင်နေတဲ့ ငါးဖမ်းသူတွေကလည်း ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး ဆိပ်ကမ်းတွေကို ပြန်လည် ဝင်ရောက်လာကြတယ်လို့ ငါးဖမ်းစက်လှေ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန်၊ မွန်နဲ့ ရခိုင် ဒေသတွေမှာ ငါးဖမ်းကွက် အများအပြားရှိပြီး တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင် ငါးဖမ်းကွက်မှာ ကမ်းဝေးငါးဖမ်းလှေ အကြီး ၁၅၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
ဗန်မော်တိုက်ပွဲ အဆုံးသတ်

Kia တပ်မဟာ ၄ ခု အပါအဝင်
တပ်မဟာမှူး၃ ဦး၊စစ်ဆင်ရေးကွပ်ကဲရေးမှူး၁
ဦး ကျဆုံးခဲ့ပြီး

ထိုးစစ်ဆင်နိုင်စွမ်းမရှိတော့သော
KIA နှင့် pdfအကဖ များသည် ယနေ့နံနက်
၈နာရီခွဲမှ စတင်၍ ဗန်မော်မှ ရှုံးနိမ့်ထွက်ခွာ
ထွက်ပြေးသွားကြပြီဖြစ်သည်။

ထွက်ပြေးဆုတ်ခွာရာတွင် ဒေသခံပြည်သူ
အချို့ကိုဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု
ဒေသခံသတင်း ရရှိပါသည်

Kia,pdf, အချို့ အလံဖြူထောင် လက်နက်ချ
သည့် သတင်းကောင်းများလည်း နောက်ဆက်တွဲ ကြရပါမည်။

၅လ နီးပါးကြာခဲ့သော ဗန်မော်တိုက်ပွဲသည်
Kia ၏ ထိုးစစ်အားလုံး ရိုက်ချိုးအနိုင်ယူ
နိုင်ခဲ့ပြီ ဖြစ်သည်။
🇷🇺ဗလာဒီမာပူတင်သည် 🇨🇳တရုတ်သို့ တရားဝင်လာရောက်လည်ပတ်ရန် အဆင်သင့်ဖြစ်နေပြီဟု 🇨🇳ရှီကျင့်ဖျင်အား အသိပေးခဲ့သည်။ 🇷🇺ရုရှားနှင့် 🇨🇳တရုတ်တို့သည် “နှစ်နိုင်ငံစလုံး၏ ပြည်သူများ၏ အကျိုးအတွက် မည်သူ့ကိုမျှ ဆန့်ကျင်ခြင်းမပြုဘဲ နှစ်နိုင်ငံပြည်သူများ အကျိုးအတွက် ဆက်ဆံရေးကို ဖော်ဆောင်နေကြောင်း 🇷🇺ရုရှားသမ္မတက ပြောဆိုခဲ့သည်။

🇨🇳ရှီကျင့်ဖျင်၏ ပြောကြားချက်အရ နိုင်ငံများသည် နိုင်ငံရေးအရ အပြန်အလှန်ဆက်ဆံရေးကို အားကောင်းအောင် လုပ်ဆောင်နေကြသည်ဟု သိရသည်။ “တရုတ်နှင့်ရုရှားတို့သည် ဒုတိယကမ္ဘာစစ်တွင် ကြီးစွာသောအောင်ပွဲရရှိခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ပါဝင်ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်သမ္မတက မှတ်ချက်ပြုခဲ့သည်။
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ လှုံ့ဆော်ရေး ရုပ်သံ။
Forwarded from Ko Maung Maung
ရွှေကျင် ခမရ ၅၉၈ ဇလုပ်ကြီးတပ်ကို KNU ပူးပေါင်းအင်အား ၅၀၀လောက်နဲ့ ဝိုင်းထားပါတယ်။ အဝေးမှလည်း လက်နှက်ကြီးနဲ့လှမ်းပစ်နေပါတယ်။ ရန်သူက ဗဟိုကင်းနောက်ရောက်နေပါပြီ။ စစ်ကူမလလာ လေယာဉ်ပစ်ကူမလာပါ။အထက်လူကြီးများသိပါစေ။ (ရရှိသတင်း)
08.05.2025
#KoMaungMaung
နိုင်ငံတော်ကိုယှဉ်တိုက်နိုင်တဲ့သူပုန်ပေါ်ပြီလား

  သူပုန် တဲ့ .. စာသားက ၂ လုံးထဲရယ်။ ဒါပေမဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ မလှပဘူး။ “နိုင်ငံရေးအာဏာရယူရန်အတွက် အစိုးရအား စစ်တိုက်နေသော လက်နက်ကိုင်အဖွဲ့” လို့ လှလှပပ ပြောလို့ရနိုင်ပေမဲ့ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းဆိုတာကတော့ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားပဲ။
  ဆိုတော့ ... သူပုန် ဘာကြောင့်ပေါ်တာလဲ။ သူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွား အတွက်ပေါ်တာ။ ဉပမာ ဉပမာ နော် ... မြန်မာနိုင်ငံနဲ့ပဲ ပြောမယ်။ တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ပေါ်လာပါတယ်ဆိုတဲ့ သူပုန်အဖွဲ့တွေ လိုက်ကြည့်။ တကယ်ရော တန်းတူညီမျှရေးအတွက်လားဆိုပြီး ဆန်းစစ်တော့မဟုတ်ဘူး။ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းရဲ့ လိုလားချက်အတွက် စစ်တိုက်နေတာ။ တချို့ကျ ပုဂိ္ဂုလ်ရေးအရ မုန်းတီးမှုကနေ လက်နက်ကိုင်တာ၊ တချို့က စီးပွားရေးအရ လက်နက်ကိုင်တာ။ ဘယ်လိုပဲ လက်နက်ကိုင်ကိုင် နောက်ဆုံးသော အန္တိမ ရည်မှန်းချက်က သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ၈၀ ရာခိုင်နှုန်းမျှပါဝင်သည်။ ပါလို့ပဲ လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ မိသားစုတွေ နိုင်ငံရပ်ခြားမှာနေပြီး ဆီဗူးထောပတ်စားတာပေါ့။ မဟုတ်ရင် သူတို့ပါ တောထဲလိုက်နေမှာလေ။
  AA ထွန်းမြတ်နိုင် ရဲ့ မိသားစုကိုကြည့်။ မိသားစုမကြည့်ပါနဲ့ အဲ့သကောင့်သား တောင် ကျည်လွတ်ရာမှာနေနေတာ။ အဲ့လိုပဲ အင်ဘန်လ တို့ ဂွမ်မော် တို့ တာဘုန်းကျော် တို့ လဲ ဒီလိုပဲ။ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ NUG ရဲ့ မန်းဝင်းခိုင် သန်း တောင် ကျည်လွတ်မြေမှာ။ မလေးရှားဝန်ကြီးချုပ်နဲ့တွေ့တဲ့ Vcall မှာ သူ့နား TikTok ရိုက်တဲ့ မီးပန်းကြီးရှိနေတာကိုပဲကြည့်။ ဘယ်လောက်တောင် အဆင်ပြေ နေလဲဆိုတာ ယုံမှားစရာကိုမရှိ။
  ထားပါ ... ဆောင်းပါးရဲ့ လိုရင်းကိုဆက်ပြောကြမယ်။ နိုင်ငံတော်ကို ယှဉ်တိုက်နိုင်တဲ့ သူပုန်ရှိလား။ ကမ္ဘာ့သမိုင်းမှာတော့ အစိုးရ ကို နိုင်အောင်တိုက်ပြီး အစိုးရဖြစ်သွားတဲ့ သူပုန်တွေရှိတယ်။ လက်ရှိ တရုတ်ကွန်မြူနစ်ပါတီ ဟာ သူပုန် ကနေ အစိုးရဖြစ်လာတဲ့ အဖွဲ့ပဲ။ ဒီလိုပဲ အာဖရိက တို့ဘာတို့မှာလဲရှိပါတယ်။ သို့သော် .. ရှားတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖြစ်တည်လာပုံခြင်းလဲမတူသလို သမိုင်းကြောင်းလဲမတူတာမို့ တစ်နိုင်ငံ က သူပုန် အစိုးရဖြစ်တာနဲ့ နောက်တစ်နိုင်ငံ ဖြစ်မယ်လို့တော့ သေချာပေါက်ပြောမရဘူးရယ်။
  မြန်မာ နိုင်ငံရဲ့ သမိုင်းကိုပြန်ကြည့်ကြရအောင်။ မြန်မာဆိုတာ တိုင်းရင်းသား ၁၃၅ မျိုး စုစည်းထားရတဲ့ ပြည်ထောင်စုနိုင်ငံ။ မနေ့တစ်နေ့ကမှ စုစည်းခဲ့တာ မဟုတ်သလို သမိုင်းကြောင်းကလဲ ချောမွေ့မနေဘူး။ ခေတ်အဆက်ဆက်မှာ တပ်မတော် အင်အားကောင်းတိုင်း နိုင်ငံတော်ကြီး အင်အားကြီးမားပြီး တပ်မတော် အင်အားမရှိတဲ့အချိန်မှာ လွတ်လပ်ရေးကအစဆုံးရှုံးခဲ့တဲ့ နောက်ခံ သမိုင်းကြောင်း ရှိတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ အဓိက ပင်မကျောရိုးက တပ်မတော်ပဲ။ တပ်မတော် ဆိုပေမဲ့ တပ်မတော် တစ်ရပ်ထဲလဲမဟုတ်ဘူး။ မိဘပြည်သူတွေရဲ့ ထောက်ခံ အားပေးမှု၊ တစ်မျိုးသားလုံးရဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းပြမှုတွေကလဲ အထောက်အပံ့ တစ်ရပ်ပါပဲ။
  နိုင်ငံတော်ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန် ကတည်းက စလယ်ဝင် အိုး ဖင်မမဲခင်ကွဲ ဖို့ အကြောင်းဖန်လာတယ်။ အဲ့အချိန်မှာ KNDO ဟာ အင်အား အကြီးဆုံး သူပုန်အဖြစ်နဲ့ စတင်တော်လှန်ခဲ့တယ်။ တပ်မတော်ဖွဲ့စည်းချိန်မှာ တိုင်းရင်းသားကရင်တွေ ပါဝင်တဲ့ တပ်ရင်းတွေဟာလဲ အစုအလိုက် အပြုံလိုက် တောခိုတယ်။ လွတ်လပ်ရေးမရခင်ကတည်းက ဗကပ တွေတောခိုတာမို့ KNDO ပါ ပုန်ကန်တဲ့အချိန်မယ် အစိုးရ ရော တပ်မတော်ရော ဖြူကာပြကာကျခဲ့တယ်ဆိုပါ တော့။ ဘယ်လောက်ထိ ဖွဲ့စည်းပုံပျက်ခဲ့သလဲဆိုရင် တပ်မတော် ဟာ ရခိုင်ရောက် နေတဲ့ တပ်ရင်းတွေကိုတောင် လေယာဉ်နဲ့ ရန်ကုန်ပြန်ခေါ်ခဲ့ရတဲ့အထိ အင်အား တွေ ပြန်စုစည်းခဲ့ရတယ်ဆိုပါတော့။ ကရင်တွေအများစုပါဝင်တဲ့ ဆက်သွယ်ရေး တပ် ကလဲ တောခိုသွားတာမို့ တပ်မတော်အတွက် ဆက်သွယ်ရေးစက်တွေဟာလဲ အခက်အခဲဖြစ်ခဲ့သလို လက်နက်/ခဲယမ်း ကလဲ အရမ်းကြီးမားသော ဒုက္ခထဲပါဝင် ခဲ့တယ်။ ပုံမှန်အတိုင်းတွက်ဆရမယ်ဆိုရင်တော့ အစိုးရ က နေ့လား ညလားပဲ။ ကိုးမိုင်အစိုးရ (သို့) ရန်ကုန်အစိုးရဆိုပြီး နိုင်ငံတကာ မီဒီယာတွေမှာပါ အပ်ကြောင်း တွေပေးလာပြီး လှောင်ပြောင်လာတဲ့အထိပဲ။ သို့သော် .. သို့သော် ပေါ့လေ ထိုအခြေအနေမှာ တပ်မတော် ဟာ မိဘပြည်သူရဲ့ အား အပြည့်အဝရခဲ့တယ်။ ဘိုးဘေးတွေတည်ထောင်ပေးခဲ့တဲ့ ပြည်ထောင်စုပြိုကွဲမှာကိုမလိုလားတဲ့ လူငယ် တွေဟာ တပ်ထဲ ပြေးဝင်လာကြတယ်။ ဒီ့အပြင် ဗကပ ဟာလဲ KNDO ကို မထောက်ခံတဲ့အပြင် တပ်မတော်ကို သွယ်ဝိုက်ပြီး အကူအညီတွေပေးခဲ့ကြတယ်။ ဆိုလိုချင်တာက .. မြန်မာဆိုတာ အရေးကြီးရင် သွေးနှီးတယ်ဆိုတာကိုပြောချင် တာ။ ဒီလိုနဲ့ ၁၉၄၈ မှာ ကျမယ်လို့ သေချာသလောက်ဖြစ်နေတဲ့ အစိုးရဟာ မကျဆုံးပဲ သူပုန် KNDO တွေသာ ကျဆုံးပြီး ပြန်ဆုတ်ခဲ့ရတယ်။
၁၉၆၂ နဲ့ ၁၉၈၈ မှာကတော့ ဒီလောက်ထိတော့ မဟုတ်တော့ဘူး။ သို့သော် မြေပေါ်တော်လှန်ရေးနဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေ အင်အားကြီးတာမို့ မြို့ပြမှာလဲ လုံခြုံရေးတာဝန်ကို တပ်က ယူခဲ့ရတာကြောင့် နယ်စပ်ဒေသစခန်းတွေကို သူပုန်က ဝင်တိုက်ခဲ့ပြန်တယ်။ ကွမ်းလုံ၊ မိုင်းယန်း၊ မာနယ်ပလော၊ စီစီဝမ်တာပန် စတဲ့ တိုက်ပွဲကြီးတွေဟာ သူပုန်တွေရဲ့ စစ်ရှိန်အမြင့်ဆုံး တိုက်ပွဲတွေလို့ပဲ ဆိုရမယ်။ သို့သော် .. ၁၉၄၈ က KNDO လောက်တော့ တပ် ကိုရော နိုင်ငံတော်ကိုရော ဖိအား မပေးနိုင်ခဲ့ဖူး။
  ခု ၂၀၂၁ ဖေ ၁ အရေးအခင်းနောက်ပိုင်း တပ်မတော်ဟာ ၁၉၄၈၊ ၁၉၆၂ နဲ့ ၁၉၈၈ စတဲ့ ခုနှစ်တွေထပ်ပိုဆိုးတဲ့ မြေပေါ်မြေအောက်လှုပ်ရှားမှု၊ ဆန္ဒပြ အကြမ်းဖက်မှုနဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေကို ရင်ဆိုင်ရပြန်တယ်။ ၁၀၂၇ ကျူးကျော်စစ်ဟာ တပ်မတော်အတွက် နှစ် ၇၀ အတွင်း မကြုံတွေ့ဖူးတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ခိုက်ခံခဲ့ရတာမို့ နယ်မြေအချို့ ကနေ ခေတ္တ ဆုတ်ခွာခဲ့ရတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းအရှေ့မြောက်၊ ရခိုင်၊ တနင်္သာရီ စတဲ့ဒေသတွေမှာ သူပုန်တွေရဲ့ စစ်ရှိန် ကမြင့်နေသလို စစ်ကိုင်း၊ မကွေး မှာလဲ လက်နက်ကိုင်သူပုန်တွေ ဇောင်းထပြီး တည်ငြိမ်အေးချမ်းမှုကို ကောင်းကောင်း နှောင့်ယှက်နေပြန်တယ်။ ဒါကြောင့် ဒီကာလကိုကြည့်ပြီး NUG အနေနဲ့ရော လက်နက်ကိုင်တွေအနေနဲ့ရော တပ်ကိုနိုင်ပြီလို့ ပဏာမ ခန့်မှန်းကြတယ်။ သူတို့ ခန့်မှန်းတာလဲ မှားလားဆိုရင် လုံးလုံးချည်းတော့မမှားဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ နဲ့ ဆိုရင်တော့ ဖြစ်လာနိုင်ချေအများကြီးရှိတယ်လေ။
  ကမ္ဘာပေါ်မှာ War Theory တစ်ခုရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင်တော့ ...ပြည်တွင်းစစ် ၃ နှစ် ကျော်ရင်တော့ စစ်ဟာ အရှိန်လျော့သွားတယ်။ အဲ့အချိန်မှာ အစိုးရတပ်အနေနဲ့ သူပုန်ကို ကောင်းကောင်းဦးကျိုးအောင် တိုက်လိုက်တာနဲ့ ပြီးပြီပဲ။ သို့သော် ၄ နှစ်ကျော်သွားရင်တော့ ပြသနာရှိလာပြီ။ ဘရိတ်အုပ်ဖို့ မကြိုးစားနိုင်ခဲ့ရင်တော့ ၁၀ နှစ်အတွင်း သူပုန်က အစိုးရကို ဖြုတ်ပစ်နိုင်တယ်တဲ့။ ဒါက သီအိုရီပါ။ တရုတ်ကွန်မြူနစ်ပါတီလဲ ဒီ သီအိုရီ အတိုင်း တိုက်ခဲ့ရတာ။
  သို့သော် သီအိုရီကို ဆန့်ကျင်နိုင်တဲ့ အား တွေကတော့ မြန်မာမှာ ရှိသေး တယ်။ အဲ့ဒါဘာလဲဆိုတော့ ... မိဘပြည်သူနဲ့ မျိုးချစ်စိတ်ဓာတ်ပဲ။ သေချာတာ တစ်ခုကတော့ မြန်မာမှန်ရင် မြန်မာဘိုးဘေးတွေ စုစည်းတည်ထောင်ခဲ့တဲ့ ဒီနယ်မြေတွေကို ဘယ်တော့မှ အဆုံးရှုံးခံနိုင်မှာမဟုတ်ဘူး။ မျိုးချစ်စိတ်ကလဲ ပြင်းမှပြင်းပဲ။ နောက်ထပ် တစ်ခုရှိသေးတယ် .. အဲ့ဒါ တပ်မတော် ပဲ။ တပ်မတော် ဆိုတာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့လွတ်မြောက်ရေး၊ လွတ်လပ်ရေးထိန်းသိမ်းရေး တိုက်ပွဲစဉ်တွေမှာ သန္ဓေတည် ကြီးထွားလာခဲ့ သမိုင်း ကောင်းတွေရှိတယ်။ ဒီ သမိုင်းကောင်းတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ ဆင့်ကမ်း စိတ်ဓာတ်တွေက တပ်မတော်သားတွေရဲ့ စိတ်ထဲ အမြဲကိန်းအောင်းနေတယ်။
  တစ်ခုပဲ .. တပ်မတော် ကို ထောက်ပံ့ဖို့အတွက် မိဘပြည်သူရဲ့ အားလို တယ်။ တပ် အနေနဲ့ ၂၀၂၁ ဖေ ၁ မှာ နိုင်ငံတော်အာဏာဘာကြောင့်ရယူခဲ့တယ်ဆိုတာ ထပ်ဆင့်ရှင်းပြနေလဲ ဘာမှ အကျုံးဝင်မှာမဟုတ်ဘူး။ တစ်ဖက်က ဝါဒဖြန့်အားက အရမ်းကြီးခဲ့တာကိုး။ ခုချိန်မှာ လူငယ်ထုနဲ့ မိဘပြည်သူ ရဲ့ စိတ်ထဲ “ငါတို့နိုင်ငံ ပြိုကွဲတော့မယ်” ဆိုတဲ့ အသိဝင်လာတာနဲ့ အရင် နိုင်ငံရေးသဘောထားမတိုက် ဆိုင်ခဲ့တာတွေ ကိုကျော်လွန်ပြီး ပြည်ထောင်ပြန်စုဖို့အတွက် တပ်မတော်ကို ကူညီ ကြမယ်လို့ ယူဆမိပါတယ်။
  ကျုပ်တို့ နိုင်ငံဟာ ကံမကောင်းခဲ့ပါဘူး။ ဒီကြားထဲ နိုင်ငံရေးအာဏာ ရယူလို တဲ့ နိုင်ငံရေးသမားတစ်စုရဲ့ “ငါတို့မှအာဏာမရ တိုင်းပြည်ဘာဖြစ်ဖြစ်” ဆိုတဲ့ စိတ် တချို့ လူငယ်တွေဆီ စီးဆင်းခဲ့တော့ ခုလိုမျိုး အခြေအနေဖြစ်လာတယ်လို့ပဲ ပြောရ မှာပေါ့။
  နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် “နိုင်ငံတော်ကိုယှဉ်တိုက်နိုင်တဲ့သူပုန် ပေါ်ပြီလား” ဆိုတဲ့ မေးခွန်းရဲ့ မြန်မာနိုင်ငံအတွက် အဖြေကိုပြောရမယ်ဆိုရင် မပေါ်သေးဘူးလို့ပဲပြောရမယ်။ ဒါပေသိ .. ချွင်းချက်အနေနဲ့ မိဘပြည်သူ၊ မျိုးချစ်စိတ် တွေ ပူးပေါင်းပါဝင်ရင်ပိုကောင်းမှာပါ။
  မြန်မာဆိုတာ မြန်လဲမြန်တယ် .. မာလဲမာတယ် ဆိုတဲ့ စစ်သွေးရှိတဲ့ လူမျိုး မို့ တပ်မတော် အနေနဲ့ ဒီအချက်ကိုသာ ဦးတည်ပြီး စစ်စည်းရုံးရေးလုပ် ပြည်ထောင် ကို ပြန်စုနိုင်မှာပါဆိုတာသေချာပါတယ်ခင်ဗျာ ....

မင်းထက်ကျော်ဇော

Telegram Link : https://t.me/minhtetkyawzaw

TikTok Link : https://www.tiktok.com/@minhtetkyawzaw706
Forwarded from NSS
မြန်မာ့သနပ်ခါးဓလေ့ ယူနက်စကိုဝင်ရေးအတွက် အချက်အလက်များကို အပြည့်စုံဆုံး တင်ပြထား
စော (NP News) မေ-၈
https://nssmy.com/news_detail/13912/8/8

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက
(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်
ဖုန်း - 09-444681478 (Viber)
ဒီလို အသိတရားရတော့လည်း
လောကစည်းစိမ်တွေ ပြန်ခံစားလို့ရတာပေါ့

မိသားစုတွေနဲ့ ပြန်တွေ့ရတာပေါ့။
သေသွားရင်ဘာမှလုပ်မရတော့ဘူး
အသက်ရှင်နေရင် ဘ၀ကပြန်တည်ဆောက်လို့ရတယ်

ဒီလိုဆုံးဖြတ်တာ မှန်တဲ့လုပ်ရပ်ပါ။

မှိုင်းဝေ
ဒလမြို့မှ ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးကို ရွှေ၊ ငွေပေးမည်ဟု စည်းရုံးကာ တရုတ်မယားအဖြစ် ရောင်းစားရန်ကြိုးပမ်းသည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် သုံးဦးကို ထောင်ဆယ်နှစ်စီချ

၈.၅.၂၀၂၅
Written By Thettant

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့်ရုပ်သံတွင် ဆယ်ကျော်သက် ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရောင်းစားရန် ကြိုးပမ်းမှုဖြစ်စဉ်မှ ပါဝင်ကျူးလွန်သူများဖြစ်သည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင်သုံးဦးကို ထောင်ဆယ်နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြိုနယ်၊ ကမာကဆစ်ရပ်ကွက်နေ ဆယ်ကျော်သက်ကျောင်းသူ မ…….နှင့် မ……တို့ မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် Video ရိုက်ကူးကာ Online လူမှုကွန်ရက်ပေါ်တွင်လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=100119

#ဆယ်ကျော်သက် #ကျောင်းသူနှစ်ဦး #ငွေပေးစည်းရုံး #တရုတ်မယား #ရောင်းစားရန်ကြိုးပမ်း #ထောင်ဆယ်နှစ်စီချ #MT #mtnews