တော်တော်သိ Public Channel
1.31K subscribers
576 photos
111 videos
228 links
သိတာတင်မယ်
Download Telegram
Messages in this channel will be automatically deleted after 1 day
G-1ကြီး ဒီအရာရှိက မူးရစ်သောက်စားထားတာလဲမရှိ၊နောက်တာဝန်အရအထက်ကခေါ်လို့သွားရတာ၊
ကံမကောင်းလို့ လမ်းမှာ လူဆိုးငမူးငရူးတွေကရန်ရှာတာခံရပြီး၊သူ့အသက် အန္တာရာယ်အတွက် မဖြစ်မနေမို့ သေနတ်နဲ့ ခြေထောက်ကိုပစ်တာ၊ဘာအပြစ်ရှိရမှာလဲ၊မဆင်မခြင် အရာရှိသာဆို ၂ယောက်လုံးကို နဖူးကိုပစ်သတ်ခဲ့နိုင်တယ်

ဒါကြောင့် ပြန်လည်စစ်ဆေးပြီးထောင်ဒဏ်ကင်းလွှတ်ခွင့်ပေးလိုက်
မယ်#####
#ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်

ဗိုလ်ချုပ်သူရ သီဟသူရစစ်မောင်တို့လို စိတ်ရင်းစေတနာကောင်းပီး တပ်မတော်အရာရှိ အကြပ်စစ်သည် မိသားစုတွေ အပေါ် စေတနာထား နွေးထွေးကြင်နာစွာ စောင့်ရှောက်တတ်တဲ့ ရှားပါးတဲ့အရာရှိကောင်းတွေ ကျဆုံးသွားတာဟာ အင်မတန်မှ တပ်မတော်အတွက်နှစ်နာလှပါတယ်၊

ပိန်ပိန်ပါးပါးအသားညိုညို နဲ့ ရိုးရိုးအေးအေးနေတတ်သူ၊
သူက ဖက်ကြမ်းဆေးလိပ်လေးလက်ကြားညှပ်သောက်တတ်သလို ပုဆိုးကြမ်းစစ်စွပ်ကျယ်လေးဝတ်ပြီး ရိုးရိုးလေးဘဲနေတတ်သူ ၊
သူရရှိခဲ့တဲ့ သူရ သီဟသူရဘွဲတွေအကြောင်းမေးတိုင်း ပြုံးပြီး ဘာမှ မဟုတ်ပါဘူးဗျာ၊ဒီလိုဘဲ ရခဲ့တာပါဘဲလို လွယ်လွယ်ဘဲ ဖြေပြီးပြုံးနေတတ်တဲ့လူစားမျိုး၊သူများတွေလို ဘယ်လိုတွေတိုက်ခိုက်လို့ ရလာတာဘာညာကြွားလုံးတွေ ပြောပြီး စကားဖောင်ဖွဲ့မနေတတ်သူ။

သူ့ကို စစ်သားချင်းတကယ်လေးစား မိသွားတာက သူနဲ့ တကယ်ကြုံတွေ့ခဲ့ရပြီး ထောင်ကျဘဝပျက်တော့မယ့် အရာရှိတစ်ဦး အကြောင်း ကြားသိရတော့မှ ဒီဗိုလ်ချုပ်ဟာ တကယ်လေးစားဂုဏ်ယူရမဲ့ တပ်မတော်ထဲက ရှားပါးခေါင်းဆောင်ကောင်းတစ်ဦး
ဆိုတာပိုမို လက်ခံမိသွားတယ်၊

သူ ကမ်းရိုးတန်းတိုင်းကို တိုင်းမူးအဖြစ်ရောက်လာတော့ အရပ်သားတစ်ယောက်ရဲ့ ခြေထောက်ကို ပစ္စတိုနဲ့ ပစ်မူကြောင့်အရပ်ထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်(၃)နှစ်
ပစ်ဒဏ်ချဖို့ တိုင်းမူးအတည်ပြုလက်မှတ်ထိုးဖို့ အမူတွဲကို တိုင်းက စစ်ဦးစီးမူးG•1 ကြီးက တင်ပြတယ်၊

G •1 က အရင်တိုင်းမူးလက်ထက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ၊ ဗိုလ်ချုပ်၊

ပြစ်ဒဏ်က ထောင်၃နှစ်ပါ

အဲတော့ တိုင်းမူးက ဖြစ်စဉ်ကို မေးတယ်၊ဘယ်လိုဖြစ်တာလဲပေါ့၊

ဒီလိုပါ၊အဲအရာရှိကို ဗျူဟာက တပ်ရင်းကနေ ဗျူဟာမူးဆီလာတွေ့ဖို့ ခေါ်ပါတယ်၊အရာရှိက ဆိုင်ကယ်နဲ့ နယ်မြေကလဲ မအေးချမ်းတဲ့ နယ်မြေမို့ ပစ္စတို ကို ခါးမှာ ထဲ့ပြီးအလာ လမ်းမှာ အရပ်သား၂ဦးအရက်မူးပြီး ရန်ဖြစ်နေတာ
တွေ့တာကြောင့် ခဏ ရပ်စောင့်ပြီး အခြေနေကြည့်နေပါတယ်၊

အခြေနေ နည်းနည်းအေးဆေးပြီယူဆမှ ဆိုင်ကယ်စီးပြီးဆက်ထွက်ပါတယ်၊အနားရောက်တော့ အဲထဲက တစ်ယောက်က ဆိုင်ကယ်ကို
တားပြီး မင်းဘယ်သွားမှာလဲ ဘာကောင်လဲမေးပါတယ်၊ဒါနဲ့ ဖြစ်စဉ်ဖြစ်တဲ့ အရာရှိက ကျနော်
ကော့သောင်းကို သွားမလို့ပါ၊တပ်က အရာရှိပါ ၊အထက်က ခေါ်လို့ သွားတွေ့မလိုပါဖြေပေမယ့်၊

မအေယိုး မင်းက ငါတို့ကို စစ်ဗိုလ်ဆိုပြီး ခြိမ်းခြောက်တာလားကွဆို စထိုးပါတယ်၊
အဲအရာရှိပုံစံကလဲ အရာရှိပုံတော့ မပေါက်ပါဘူး၊လူက ဝဝ အရပ်က ပုပုပါ၊ဒါနဲ့ မလုပ်ဖို့ တားပါတယ်၊မရတဲ့ အပြင် နှစ်ယောက်ဝိုင်းထိုးတာကြောင့် မိုးပေါ်သေနတ်တစ်ချက်ထောင်ဖောက်ပြီး  တစ်ချက်က ခြေထောက်ကို ပစ်လိုက်ပါတယ်၊
အဲဒါကြောင့် အရပ်သားကို သေနတ်နဲ့ပစ်မူ့အတွက် အရင်တိုင်းမူးက ထောင်ဒဏ်၃နှစ်
ပြစ်ဒဏ်ပေးပါတယ်၊

အတည်မပြုခင် တိုင်းမူး အပြောင်း အလဲကြောင့် ခုတိုင်းမူးက အတည်ပြုလက်မှတ်ထိုးပြီးရင် အရပ်ထောင်ကို လွှဲမှာပါ၊

ရပြီ... G•1 ကြီး၊အဲအရပ်သားက ဘာအလုပ်လုပ်လဲ ၊

ဘာမှ မလုပ်ပါဘူး၊ဟိုဘက်ကမ်းမှာ အလုပ်သွားလုပ်လိုက် ဒီဘက်ပြန်လာလိုက်နဲ့ ကြုံရာကျပန်းလုပ်စားနေသူတွေပါ၊

တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့ဖူးလဲပြန်စစ်ပါ၊ဒီအရာရှိကို အမူတွဲပြန်စိစစ်ပြီး လွှတ်ပေးလိုက်ပါ၊

သူမို့လို့ပေါင်ကို ပစ်တာ ကျုပ်သာဆို နဖူးကို ပစ်မိမှာလို့ G-1 ကို ပြန်ပြောပြီး အမူတွဲကိုပြန်လည်စိစစ်စစ်ဆေးတာကြောင့် တိုင်းပြည်အတွက် အရာရှိကောင်းတစ်ယောက် မဆုံးရှုံးခဲ့ရကြောင်းပြောပြပါတယ်၊

တိုင်းမူးပြောတာက တပ်မတော်နဲ့ တိုင်းပြည်အတွက် အရာရှိတစ်ယောက်ဖြစ်ဖို့ ငွေကြေးတွေ ပညာတွေအချိန်တွေအများကြီးရင်းနှီးခဲ့ရတယ်၊

ဒီအရာရှိကမူးရစ်သောက်စားထားတာလဲမရှိ၊နောက်တာဝန်အရအထက်ကခေါ်လို့သွားရတာ၊
ကံမကောင်းလို့ လူဆိုးငမူးငရူးတွေကရန်ရှာတာခံရပြီး၊သူ့အသက်
အန္တာရာယ်အတွက် မဖြစ်မနေသေနတ်နဲ့ ခြေထောက်ကိုပစ်တာ၊ဘာအပစ်ရှိရမှာလဲ၊မဆင်မခြင် အရာရှိသာဆို ၂ယောက်လုံးကို နဖူးကိုပစ်သတ်ခဲ့နိုင်တယ်

ဒါကြောင့် ပြန်လည်စစ်ဆေးပြီးထောင်ဒဏ်ကင်းလွှတ်ခွင့်ပေးလိုက်တယ်လို့ ပြန်ပြောပြတော့ အရင်ကထက်ပိုပြီးလေးစားမိသွားသလို

သူ အရှေ့တောင်တိုင်းတိုင်းမူးဖြစ်လာတော့ ဗိုလ်ချုပ်ကြီးတင်ဦးတို့နဲ့အတူ ဖားအံကို အသွားမှာ ရဟတ်ယာဥ် ပျက်ကျသွားလို့ ကွယ်လွန်တဲ့ သတင်းကြားတော့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်၊

သူနဲ့ အတူ တပ်မတော်ရဲ့ အရေးကြီးတဲ့ စိတ်ရင်းစေတနာကောင်းတဲ့ အနာဂတ်ရဲ့ခေါင်းဆောင်ကောင်းဖြစ်လာမဲ့ အတွင်းရေးမူး၂ဗိုလ်ချုပ်ကြီးတင်ဦးပါ ပါသွားခဲ့တယ်၊

တပ်မတော်နဲ့ အရာရှိစစ်သည်မိသားစုတွေအတွက် စိတ်ရင်းစေတနာကောင်းတဲ့ ဒီလိုခေါင်းဆောင် ကောင်းတွေဟာ ဒီလိုဘဲ အရေးယူခံရ ကျဆုံးနေကြရတာဟာ ဒီနိုင်ငံနဲ့ တပ်မတော်အတွက် ကျိန်စာများလားတွေးမိပါတယ်၊

မူရင်းစာသား##ရွာပြင်က သာဒင်

https://t.me/ahkonetheat
Forwarded from Popular Journal
ငါးမွေးသူများ အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှု၏ နောက်ဆက်တွဲဆိုးကျိုးများ

ငါးကန်များ အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှုများရှိ‌‌နေသည့်အတွက် ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှုကွင်းဆက် ပြတ်လပ်နိုင်သည့်အပြင် ရေရှည်တွင်ဝယ်ယူစားသုံးမှုကိုလည်း ထိခိုက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးမှ သိရသည်။

ရေငန်ထွက်ကုန် စတင်ဝင်ရောက်ခဲ့သည့် ဇူလိုင်လပထမပတ်မတိုင်မီ ရေချိုထွက်ကုန်များဈေးကောင်းခဲ့ပြီး ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ငါးကန်များသည်ဈေးကောင်းရရှိခြင်း၊ ဆက်လက်မွေးမြူရန် အစာစရိတ်ချွေတာလိုခြင်းနှင့် ရာသီဥတုကြောင့် ငါးကန်များပျ-က်စီးဆုံးရှုံးမှုကို ရှောင်ရှားလိုခြင်းတို့ကြောင့် အချိန်မရောက်မီ ငါးကန်များကိုဖော်ကြရာ အရွယ်မတိုင်မီငါးများ ရွှေပိတောက်ငါးဈေးနှင့် ဗဟိုစံပြငါးဈေးသို့ ဝင်ရောက်လာ ကြောင်း သိရသည်။

"ပုံမှန်အတိုင်းဆိုရင် (၁၀) လ၊ တစ်နှစ်မွေးပြီးမှ ထုတ်လုပ်တာကို (၄/၅)လနဲ့ ထုတ်ရောင်းလာကြတာပါ။ ပုံမှန်ရာသီအလိုက် မွေးမြူထုတ်လုပ်တာ မဟုတ်တော့တဲ့အတွက် ဈေးကွက်နဲ့ ထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ငါးမွေးသူများ-အချိန်အခါ/p
👍1
Forwarded from Popular Journal
ပါမောက္ခချုပ်ဆရာတော်ကြီးက သံဃာတော်များကို ဝါဆိုသင်္ကန်းဆက်ကပ်

စစ်ကိုင်းတောင်ရိုးပေါ်ရှိ စာသင်တိုက်(၃)တိုက်မှ သံဃာတော်များကို ပါမောက္ခချုပ်ဆရာတော်ကြီးက ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းတော်မူခဲ့ကြောင်း သိရသည်။

မြစကြာကျောင်းတိုက်ရှိ သံဃာတော်(၄၃၀)ပါး၊ ဇိနောဒယပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်(၉၅) ပါး၊ ရွှေဟင်္သာတိုက်သစ်ရှိ သံဃာတော်(၂၈)ပါး (စုစုပေါင်း သံဃာတော် ၅၅၃ ပါး)တို့အား ဝါဆိုသင်္ကန်းများကို ပါမောက္ခချုပ်ဆရာတော်ကြီး(ကိုယ်စား) ဆရာတော်၊ သံဃာတော်များကဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
🙏1