တော်တော်သိ Public Channel
994 subscribers
496 photos
84 videos
164 links
သိတာတင်မယ်
Download Telegram
Messages in this channel will be automatically deleted after 1 day
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ .....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

https://t.me/ahkonetheat
ကံကောင်းနည်း
***
(ဆေ
ာင်းပါးကဏ္ဍ) ဇွန် ၆
ချစ်နိုင်စစ်ပညာ

“အတ္တာနံ ဘိက္ခဝေ ရက္ခန္တော
ပရံရက္ခတိ။
ပရံ ရက္ခန္တော အတ္တနံ ရက္ခတိ"
ဂေါတမဗုဒ္ဓ

“မိမိကိုယ်ကိုစောင့်ရှောက်ခြင်းသည်
သူတစ်ပါးကိုပါ စောင့်ရှောက်၏။
သူတစ်ပါးကိုစောင့်ရှောက်ခြင်းသည်လည်း
မိမိကို စောင့်ရှောက်ရာရောက်၏။
ဗုဒ္ဓမြတ်စွာဘုရား(ဘီစီ-၅၆၃-၄၈၃)

ကံကောင်းနည်းဆိုတာရှိလားဗျ။
ရှိတာပေါ့။ ကံကောင်းချင်ရင် ကံကောင်းနည်းတိုင်းလိုက်နာကျင့်သုံးရုံပဲ။
အဲဒီကံကောင်းနည်းကိုသိလား။
သိတာပေါ့။
သိရင် ကျွန်တော် ကျွန်မတို့ကိုပေးပါလား။ ရပါတယ်။ သို့သော်-

    ကံကောင်းနည်းဆိုတာက မြတ်စွာဘုရားဟော ကြားခဲ့တာခင်ဗျ။ ဗေဒင်ဆရာအချို့၊ လက္ခဏာဆရာအချို့ အကြံပေးတဲ့ယတြာချေနည်းမျိုးမဟုတ်ပါဘူး။ ပေးသူကပေး၊ ပြသူကပြပေမယ့်လည်း တကယ်ရရှိနိုင်တာကတော့ အမှန်တကယ်လိုက်နာဆောင်ရွက်သူအတွက်သာ ကံကကောင်းလာနိုင်တာပါ။

     ပြောသာပြောပါ။ လက်တွေ့လိုက်နာပါမယ်လို့ အာမခံသူတွေလည်း ......

https://t.me/ahkonetheat
မင်္ဂလာပါ အနယ်နယ်အရပ်ရပ်မှမျိုးချစ်အစစ်အမှန်များ၏တင်ထားသည့်ပို့စ်များကိုဖြတ်ညှပ်ကပ်မပါCrd:ပေးပြီးကူးယူတင်ပေးပါတော့မည်။အားလုံးခွင့်တောင်းတောင်းပါသည်။

https://t.me/ahkonetheat
သက်ဆိုင်ရာများ သတိပြုနိုင်ရန်

လမ်းလျှောက်စက် ဟုခေါ်သည့် မိမိတို့၏ ဖုန်းကို လှုပ်နေရုံဖြင့် ပိုက်ဆံအလကား ရသည်ဟု မက်လုံးပေးကာ လှုပ်ရှားနေကြပြီ။

သေချာတာကတော့ လူတွေ ခံရတော့မှာပါ။

မောင်ချိန်ခွင်
ကိုမောင်မောင်ပြောပါတယ် ကျောက်ဖြူအကြောင်းကို သူမသိပါစေနဲ့လို့ သူသိသွားရင် အပစ်ရပ်ဆိုပြီး ဘယ်ကလာမှန်းမသိတဲ့အမိန့်ရောက်လာမယ်လို့။

မြေပြင်စစ်သည်တွေကလည်း မပြောလောက်ပါဘူးထင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးရက်ဆက်တိုက် ဒရုန်းနဲ့ချခံထိတဲ့ နိုင်ငံရူးအကြမ်းဖက်အေအေ တော်တော်များများသေတာ တချို့ဆို ဦးနှောက်တွေပါထွက်တယ်။ အထိနာလို့ သူတို့ကပဲ သူတို့ကို စစ်တပ်က မတရားထုနေပါတယ်ဆိုပြီ တိုင်လိုက်ပုံရပါတယ် မင်းတပ်တောင်ကို လုံးဝမသိမ်းပါနဲ့တဲ့ဗျာ။

မနေ့ကလည်း လေယာဥ်နှစ်ကြိမ်ကြဲတယ် နိုင်ငံရူးအကြမ်းဖက်အေအေတွေတော်တော်သေတယ်။ မင်းတပ်တောင်က ခင်ဗျားတို့ဘဘကြီးရဲ့လက်ဆောင်ဖြစ် နိုင်ငံရူးတွေကိုပေးထားတယ်။ ဘာမှပြန်မရသေးဘူး မဖွကြပါနဲ့လို့။
05.06.2025
#KoMaungMaung
https://t.me/KoMaunMaung
Forwarded from NP News Talk Show (🇲🇲)
Media is too big
VIEW IN TELEGRAM
NP News - 5.6.2025
ချန်ပီယံလိဂ်ဖိုင်နယ်က ကျွန်တော်တို့ကိုစိတ်ပျက်ခဲ့ပေမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ကတော့ 2 သင်းပေါင်းသွင်းဂိုး 9 ဂိုးအထိရှိခဲ့ပြီး ပရိတ်သတ်တွေကို ရသအစုံပေးနိုင်ခဲ့ပါတယ်

22'—Spain 1-0 France
25'—Spain 2-0 France
54'—Spain 3-0 France
55'—Spain 4-0 France
59'—Spain 4-1 France
67'—Spain 5-1 France
79'—Spain 5-2 France
84'—Spain 5-3 France
90+4'—Spain 5-4 France
သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Golden Valley Warrior အဖွဲ့ဝင်များ အပါအဝင် ဆက်စပ်သူများအား ဖမ်းဆီးရမိ

သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Golden Valley Warrior အဖွဲ့ဝင်များ အပါအဝင် ဆက်စပ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်နေ သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် (စိစစ်ဆဲ) အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးချိုထွန်းအောင် သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် လုပ်ကြံသတ်ဖြတ်သူများ အသုံးပြုခဲ့သည့် စက်ဘီးအား သုံးဘီးယာဉ် တစ်စီးပေါ်တွင် တင်ဆောင်သွားသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ မေ ၂၃ ရက်တွင် သုံးဘီးယာဉ်မောင်းနှင်သူ စန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါ(၃)လမ်း၊ အမှတ်(၂၄၈)ရှိနေအိမ်၌ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် စက်ဘီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ပွဲတွေကတော့   နေရာတိုင်းမှာလို  ဖြစ်နေကြပါတယ်

           မြွေမသေ  တုတ်မကျိုး  စကားပုံလို   တိုင်ပတ်နေကြလေရဲ့ဗျာ

        နောင်ချိုခွင်ဘက်က   လုံဝယ်  လုံစံ   မျက်ချင်းနု  နောင်တော   ယာပြင်စတဲ့  ရွာသား​ေတွလည်း   နီးစပ်ရာကို   စစ်ရှောင်ဖို့ ပြင်ဆင်ကြလေ ရဲ့

      လုံဝယ်  လုံစံဘက်က    ရွာသားတွေကတော့   မနေ့ထဲက  စစ်ရှောင်ဖို့  အိုးအိမ်တွေစွန့်နေကြပါပြီ  

          သပိတ်ကျင်းခွင်   လိပ်ကျ  ချောင်းကြီး   ၅မိုင်    စသည်ဖြင့်  ရွှေထွက်တဲ့နေရာများ
သဖန်းဆိပ်ဆည်ထဲက   တရားမဝင်ရွှေဖေါင်တွေ
ဧရာဝတီမြစ်   ဗန်းမော်  ရွှေကူအနီးက    တရားမဝင်ရွှေဖေါင်များ

          ပုဂံ ညောင်ဦး   စလင်း     ဆောမြို့နယ်  မြိုင်မြို့နယ်ဘက်က  တရားမဝင်ရေနံမှော်တွေမှာ  EAOs နဲ့ ပဒက်တွေက   ဆက်​ေကြးငွေ  မြောက်မြားစွာရပြီး   ရိက္ခါ  လက်နက်ခဲယမ်း အတွက်မပူရတော့   ရန်သူက  ဘယ်လို  အမြစ်ပြတ်မှာတဲ့လဲဗျာ

          နယ်မြေအစုံက  စစ်သားတွေ  ရဲတွေ  ပြည်သူ့စစ်တွေက   ရန်သူနဲ့ တိုက်ရင်း  အနားယူလို့  မရ  လက်အံသေကုန်ပြီလေ   စစ်ပန်းကုန်ပြီ

     ဆက်ကြေးငွေရနိုင်မဲ့  တရားမဝင်    သစ်   ရွှေ    ရေနံ    စသည်ဖြင့်    တရားမဝင်  ကုန်ပစ္စည်းများကို  ဖမ်းဆီးခြင်း  ဖျက်သိမ်းခြင်းများ  များများလုပ်နိုင်ပါစေဗျာ

        စိတ်ပျက်စရာကောင်းတဲ့ စစ်သတင်းတွေအစား    ရန်သူရဲ့  ဆက်​ေကြးငွေရရှိနိုင်တဲ့ အသက်သွေးကြောနေရာအစုံကို   ဖြတ်တောက်ပိတ်ဆို့စေချင်မိပါတယ်

           စစ်သတင်းတွေက   ဇယ်ဆက်သလို    ထိတွေ့မှုတွေက  ဖြစ်နေဆဲမိူ့   Post  မတင်သင့်လိူ့    ဒီလောက်ဘဲ  တင်ပြလိုက်တာ   နားလည်ပေးပါခင်ဗျာ

            အားလုံးကို  လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅     ဇွန်      ၀၅  ၁၆၅၀

#Bosaw

https://t.me/ahkonetheat