တော်တော်သိ Public Channel
924 subscribers
575 photos
77 videos
172 links
သိတာတင်မယ်
Download Telegram
Messages in this channel will be automatically deleted after 1 day
မင်္ဂလာ နံနက်ခင်းလေးပါ
🙏🌻☘️🙏🌻☘️🙏🌻

🙏 မြတ်ဗုဒ္ဓ၏ မေတ္တာတရားတော်များကြောင့်
      ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးပါစေ ...

🙏 {၇}ရက် သား သမီးများနှင့်တကွ  ကမ္ဘာမြေကြီးပေါ်တွင် ☘️
      မှီတင်းနေထိုင်ကြသော ဝေနေယျသတ္တဝါ ☘️    
      အားလုံး ...
      🌻 ကျန်းမာပါစေ
      ☘️ ချမ်းသာပါစေ
      🌻 လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ
      ☘️ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ပါစေ ...

  🙏🌻☘️🙏🌻☘️🌻🌻☘️🙏🌻☘️🙏🌻☘️🙏


http://t.me/ahkonetheat
*သတင်းကြည့်သူချစ်ညီအကို မောင်နှမများခင်ဗျာ။ကျွန်တော်၏Copy Public Channelလေးသည်ကျွန်တော်၏ကိုယ်ပိုင်ပို့စ်များမဟုပ်​ကြောင်းအထပ်ထပ်ပြောထားပြီးဖြစ်ပါသည်။
            Channelတူညီအကိုများတင်ထားသောပို့များကိုCrd:ပေးပြီးဖြတ်ညှပ်ကပ်မပါတင်ပေးလျှက်ရှိပါသည်။ကျွန်တော်သတင်းသမားမဟုပ်ပါ။သတင်းလောကအားနည်းသဖြင့်မျိုးချစ်သတင်းများကိုတနေရာထဲကြည့်ရအောင်ကူးတင်ပေးခြင်းဖြစ်ပါသည်။အမှားအမှန်ကိုသူများပို့စ်ဖြစ်သဖြင့်ကာယကံရှင်ဖြင့်သာဖြေရှင်းကြပါရန်တောင်းပန်အပ်ပါသည်။အတတ်နိုင်ဆုံးနီးစပ်သောသတင်းများကိုရှာဖွေတင်ပေးနေပါသည်။တိုင်းပြည်အေးချမ်းချိန်ယောက်သည့်အခါကျွန်တော်၏Channelလေးရပ်နားပါမည်ယ္ခုအချိန်ငွေကြေး၊အချိန်၊ကျန်းမာရေးအထိခိုက်ခံတင်ပေးနေဦးမည်ဖြစ်ပါသည်။Channelဖွင့်တာသိပ်မကြာသေးသော်လည်းSubscriberအနည်းငယ်ရလာသဖြင့်ကြိုးစားပြီးရှာတင်ပေးပါမည်။Channelစုဖွဲ့မှုမရှိသောလည်းအားလုံးဝါရင့်Channelကြီးများအားစော်ကားခြင်း၊ဝေဖန်ခြင်းမပြုလုပ်ပါ။တိုင်းပြည်၊လူမျိုး၊ဘာသာ၊သာသနာ၊တိုင်းပြည်ကိုအုပ်ချုပ်နေသောခေါင်းဆောင်အားလုံးစော်ကားဝေဖန်သောပို့စ်များကိုလုံးဝမတင်ပါ။Public Channelမှမတင်သင့်သည်များကိုအောက်ပါအောက်ပါChannelမှတင်မည်ဖြစ်ပါသဖြင့်ဆက်လက်ဝင်ထားကြပါခင်ဗျာ။

http://t.me/ahkonetheat
ပညာရေးဝန်ကြီးဌာန“၂၀၂၅-၂၀၂၆ ပညာသင်နှစ်”ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ


မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။

ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။

အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။

ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးပါရန်။

ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်။

ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက်(Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်။

နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ရန်နှင့် ဆေးကုသမှုခံယူရန်။

အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်။

https://t.me/MyanmarNationalPost
Forwarded from Sun Moon Info
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
 
နေပြည်တော်  မေ  ၁၈

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့   သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင်  အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “U Soe Win” Facebook  အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊    လယ်ဝေးမြို့နယ်၊  ကံသာကျေးရွာနေ နေစိုးဝင်းအား ည ၆ နာရီခွဲတွင် လယ်ဝေးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ    ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။                       
Forwarded from Myanmar Daily Brief News
မေလ ၂၀ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

ပြည်တွင်းသတင်းများ
--------------------------
၁။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

၂။ ပြည်ခိုင်ဖြိုးပါတီနှင့် Belaya Rus ပါတီတို နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး

၃။ မာန်အောင်ကျွန်းအနီး အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်

၄။ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇) သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပိုလွှတ်ပေးနိုင်မည်

၅။ ရန်ကုန်မြိုလယ်တွင် ခါးပိုက်နှိက်များအုပ်စုဖွဲ ဝိုင်းရိုက်၍ ၁၉ နှစ်သား ဆေးရုံရောက်

၆။ ညောင်ဦးမြိုနယ်၊ ချောင်းရှည်ရွာလမ်းဆုံနှင့် ရွှေစာရံဘုရားပေါ်၌ စခန်းချထားသည့် အကြမ်းဖက်အုပ်စုများကို ရှင်းလင်းပေးရန် မြိုမိမြိုဖများ တောင်းဆို

၇။ အိန္ဒိယနိုင်ငံထဲ ခိုးဝင်တဲ့ NUG လက်အောက်ခံ တမူးပကဖ ၁၀ ဦးကို အာသံရိုင်ဖယ်တပ်ရင်းက ပစ်သတ်

၈။ မေလ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 - ၂၇၅၀ ကျပ်၊ Octane 95 - ၂၈၀၅ ကျပ်၊ Diesel - ၂၃၂၀ ကျပ်၊ Premium Diesel - ၂၈၅၅ ကျပ်

နိုင်ငံတကာသတင်းများ
------------------------
၁။ နိုင်ငံအတွင်း တရားမဝင်နေထိုင်သူများ ဒဏ်ကြေးပေးဆောင်ကာ မိမိဆန္ဒအလျောက် နေရပ်ပြန်ရန် မလေးရှားအစိုးရ အသိပေးထုတ်ပြန်

၂။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာဖြစ်နေ

၃။ ရိုမေးနီးယား ရွှေးကောက်ပွဲကို ပြင်သစ် က ဝင်ရောက်စွတ်ဖက်နေတယ်လို စွပ်စွဲ

၄။ ပလတ်စတစ်နှင့်ဆက်စပ်၍ နှလုံးရောဂါကြောင့် (၂၀၁၈) ခုနှစ်အတွင်းသေဆုံးသူ သုံးသိန်းခွဲရှိခဲ့

၅။ အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား

၆။ ဥရောပနဲ့ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို အဆင်သင့်ဖြစ်နေပြီလို အီရန်အစိုးရပြော

အားကစားသတင်းများ
------------------------
၁။ မြန်မာဘောလုံးအကယ်ဒမီများသို တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်

၂။ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်

၃။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းလေ့ကျင့်မှုစတင်

၄။ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် ဒေးဗစ်ရာယာနှင့် မတ်ဆဲလ် အပြိုင်ဖြစ်နေ

၅။ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ် ကလပ် ၂ သင်း အပြိုင်ကြိုးပမ်း

အနုပညာသတင်းများ
------------------------
၁။ Miss Cosmo Myanmar 2025 အဖြစ် အလှမယ် မြင့်မြတ်မိုးကို ရွေးချယ်

၂။ ထက်ထက်ထွန်းက Energy တွေ ပြည့်လျှံနေသူမို ကိုယ့်အမရဲ့ Energy တွေကို တော်တော် လိုက်ယူနေရတယ်ဆိုတဲ့ တာတာ

၃။ Flavors Of Thailand ပွဲအခမ်းအနားကို Golden Valley Marketplace မှာကျင်းပပြုလုပ်


#News
#mmdbn
https://t.me/dbnchannel
https://mmdbnchannel.com/
https://www.youtube.com/channel/UCygyxM7xitDFttIJUfVToLw
Forwarded from Michael Saw (M S)
.


☯️


>>>ရခိုင်ဒေသမှာ ငလျင်ဘယ်လိုလှုပ်သလဲ<<<

မေလ ၁၉ ရက်နေ့ မနက် (၁၈ ည) မှာ ရခိုင်ကမ်းလွန်ဒေသမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု (၅.၃ မဂ္ဂနီကျူ့ဖြင့်) လှုပ်ခတ်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့က ငလျင်ကြီး လှုပ်ခတ်မှုဒဏ် ကိုယ်တွေ့ ခံစားခဲ့ရတဲ့ အများပြည်သူများမှ ငလျင်ကြီးတစ်ခု ထပ်ဖြစ်မှာလား၊ ဆူနာမီရေလှိုင်း ဖြစ်မှာလား စသည်ဖြင့် မေးခွန်းများ မေးမြန်းလာတဲ့အတွက် ရခိုင်ဒေသမှာ ငလျင်ဘယ်လိုလှုပ်ခတ်နိုင်သလဲဆိုတာ သိမှတ် မိသလောက် ရေးသားပေးလိုက်ပါတယ်။

ရခိုင်ဒေသမှ ငလျင်ကြောများ (တနည်း) မြန်မာနိုင်ငံ အနောက်ဘက်မှာ ရှိတဲ့ ငလျင်ကြောများဟာ အိန္ဒိယကျောက်လွှာရဲ့ တွန်းကန်ခြင်းအားကို ခံထားရတဲ့ နေရာများ ဖြစ်ကြပါတယ်။ အိန္ဒိယကျောက်လွှာချပ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀ ခန့်က ဂွန်ဒါးနားတိုက်ကြီး (Supercontinent Gondwana) မှ ပဲ့ထွက်လာခဲ့ပြီး အရှေ့ဘက်မှ ယူရေးရှန်း (ဆွန်းဒါး) မြေထုချပ်ဆီသို့ တိုးဝင်နေတဲ့ သက်တမ်းနု ကျောက်များဖြစ်ပါတယ်။ ယူရေးရှန်း မြေထုချပ်ကတော့ နှစ်ပေါင်း ၃ ဘီလီယံခန့် သက်တမ်းရှိပြီမို့ မြေသား မာကျောမှု ပိုမြင့်ပါတယ်။ သက်တမ်းရင့် မြေမာကို သက်တမ်းနု မြေသားက လာရောက် ထိတွေ့တိုးဝင်ကြတဲ့အခါ မြေလွှာတွေ တွန့်ခေါက်သွားကြပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အနောက်ဘက်မှာ တွေ့ရတဲ့ ငလျင်များဟာ Reverse Fault လို့ခေါ်တဲ့ ပြောင်းပြန်ပြတ်ရွေ့များ (တနည်း) မြေလွှာတိုးဝင်ခြင်းကြောင့် ဖြစ်ရတဲ့ ငလျင်ပုံစံများဖြစ်ပါတယ်။ ရခိုင်ရိုးမ နဲ့ ချင်းတောင်တန်းတို့ဟာ ထိုကဲ့သို့ မြေလွှာ တွန့်ခေါက်ခြင်းမှ ဖြစ်ပေါ်လာကြတဲ့ တောင်တန်းများ ဖြစ်ကြပါတယ်။ (မြေပုံတွင်ကြည့်ပါ။)

အနောက်ဘက်မှ အိန္ဒိယကျောက်လွှာချပ်ရဲ့ အရှေ့မြောက်ဘက်သို့ တွန်းကန်နေတဲ့အားဟာ တစ်နှစ်ကို ၂၃ မီလီမီတာခန့် ရှိပါတယ်။ အရှေ့ဘက် ရှမ်းကုန်းပြင်မြင့်မှလာတဲ့ အရှေ့-ဟိမဝန္တာ ကန်အားကတေ့ အနောက်တောင်ဘက်သို့ (တနည်း) ဘယ်ယိမ်းငိုက်မတ်ခြင်းနဲ့ ပြန်တွန်းနေသလို ဖြစ်ပါတယ်။ ထိုအားနှစ်ခုဖြင့် ရှေ့-နောက် ညှပ်တွန်း လိုက်တဲ့အခါ အလယ်တွင်ရှိသော စစ်ကိုင်းပြတ်ရွေ့က ညာဘက် (ယာဖက်) သို့ ယိမ်းယိုင် ငိုက်မတ် ပြတ်ရွေ့ရခြင်းဖြစ်ပါတယ်။ (မြေပုံမှာ အရောင်များဖြင့် ပြသထားပါတယ်။) Right-Lateral Strike Slip လို့ ခေါ်ပါတယ်။

၂၀၂၅ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းပြတ်ရွေ့တွင် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်ငယ် (သိမ့်ကြွင်း) များဟာ ရာနှင့်ချီပြီး ဆက်လက်ရွေ့လျား လှုပ်ခတ်လျက်ရှိပါတယ်။ တနည်းအားဖြင့် အင်အား ပြန်လည် ထိန်းညှိနေဆဲ ဖြစ်ပါတယ်။ တွန်းနေတဲ့ဘက်ကလည်း သဘာဝအတိုင်း ဆက်လက်ပြီး တွန်းနေဦးမှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ငလျင်များလည်း ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။ ဘယ်အချိန်၊ ဘယ်နေရာ မှာ အင်အားဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာကိုတော့ ကမ္ဘာမှာ မည်သူမျှ၊ မည်သည့်နိုင်ငံမျှ၊ မည်သည့်နည်းပညာနှင့်မျှ ကြိုတင်မခန့်မှန်းနိုင်သေးပါ။ မည်သူမျှ မသိနိုင်တဲ့ အရာကို ခန့်မှန်းပေးနေခြင်းဟာ သေမည့်ရက်အား ကြိုတင်ခန့်မှန်းပေးခြင်းနဲ့ တူပါတယ်။ ဇီဝသက်ရှိတိုင်း တစ်နေ့ သေကြရမယ်ဆိုပေမဲ့ ဘယ်အချိန်သေမလဲဆိုတာကိုတော့ ဘယ်သူက သိနိုင်ပါမလဲဗျာ။ (သိတယ်လို့ ပြောသူကိုရော ယုံကြည်လက်ခံသင့်မလား စဉ်းစားကြည့်နိုင်ပါတယ်။) ငလျင်လှုပ်မှာကို တွေးကြောက်နေကြမည့်အစား ငလျင်လှုပ်လာခဲ့လျှင် မည်သို့ ပြုမူနေထိုင်ရမည်ကို သိရှိနားလည်ခြင်းဟာ ထိရောက်တဲ့ ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်ပါတယ်။

ငလျင်တစ်ခု လှုပ်လိုက်တိုင်းလည်း ထိုငလျင်ဟာ ရှေ့ပြေးငလျင်လို့ တပ်အပ် ပြောလို့မရနိုင်ပါ။ ငလျင်ကြီးတစ်ခု ဖြစ်ပြီးမှ ထိုနေရာနားမှာ ရှေ့က လှုပ်ခတ်ဖူးတဲ့ ငလျင်ကိုမှ ရှေ့ပြေးငလျင်လို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံတစ်ခုတည်းမှာတင်ပင်လျှင် မတူညီတဲ့ ပုံစံနဲ့ ငလျင်ကြောတွေ၊ မတူညီတဲ့ ဘူမိ နောက်ခံ သမိုင်းကြောင်းတွေနဲ့ ဖြစ်တည်နေကြတာကြောင့်မို့...၊ မြန်မာနှင့် အလှမ်းကွာဝေးလှတဲ့ နေရာဒေသ၊ ဘူမိသွင်ပြင် မတူညီတဲ့ နေရာမှ အချက်အလက်များကြောင့် မြန်မာပြည်တွင် ငလျင်လှုပ်မယ်၊ မလှုပ်ဖူး ပြော၍ မရသလို... နေမုန်တိုင်း၊ နေ ဆူနာမီ မကလို့... နေ ဆူနာမီ့ ဘိုးအေကြီးပဲ လာလာ သူ့ဟာသူ အော်ရိုရာ (ဥတ္တရအလင်းတန်း) ဖြစ်ပြီး ပြီးသွားမှာဖြစ်ပြီး ငလျင်နှင့် မည်သို့မျှ မသက်ဆိုင်နိုင်ပါကြောင်း ရေးသားလိုက်ပါတယ်။

ဤအကြောင်းအရာ အချက်အလက်များဟာ ဆဌမတန်း မှ နဝမတန်းအထိ သိပ္ပံ နှင့် ပထဝီ ဘာသာရပ်များမှာ ကျနော်တို့ လေ့လာသင်ကြားခဲ့ကြပြီး ဖြစ်ပါတယ်။ အခြေပြု စဉ်းစားတွေးခေါ်တတ်အောင် မသင်ခဲ့ရပဲ.. အလွတ်ကျက်ခြင်း နှင့် စာမေးပွဲအောင်ခြင်းအတွက်သာ သင်ကြားခဲ့ရခြင်းကြောင့် တွေးခေါ်နိုင်မှု စွမ်းအား တွေ လျော့ပါးခဲ့ရတာဖြစ်ပါတယ်။ social media ခေတ်မှာ သတင်းတခုတွေ့တိုင်း အယုံမလွယ်ကြဖို့ နဲ့ မိမိအခြေခံ အသိပညာ (ဆင်ခြင်တုံတရား) အား အသုံးချပြီး အမှားနှင့် အမှန်အား ဝေဖန်ပိုင်းခြားတတ်ကြပါစေလို့ ဆန္ဒပြုရင်း...

အနာဂတ်ပညာရေးအတွက် ဆက်လက်ကြိုးစားရမည့်...

သန့်ဦး
(အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

( ပြန်လည်ကူးယူဖေါ်ပြခြင်းသာ )


.
Forwarded from Michael Saw (M S)