ReviewA1
2.68K subscribers
4 photos
9 links
Download Telegram
V_i-l-l-a_g-e o-f t-h_e D-e_a-d (2-0-2-5)
===============================

IMDb ⭐️ 6.1/10

ကြတ်ရွာ

အသေအပျောက်များစွာရှိတဲ့ ဝီလီရန်တောင်ကို
တက်ခဲ့ကြရင်း ကြုံတွေ့ခဲ့ကြတဲ့ ကံကြမ္မာဆိုးပုံပြင်များကို
ကိုးကားအခြေခံကာ

တောင်တက်ရင်း ကြတ်ရွာနဲ့တိုးကြမယ့် အာယို နီတာ ရာကာနဲ့ ယူနီဆိုတဲ့ တောင်တက်သမား လေးဦးအကြောင်းကို ရိုက်ကူးထားတာပါ

ဘွဲ့ရခါနီးမှာ အပျင်းပြေတောင်တက်ကြဖို့ပြင်ဆင်ကြပြီး
တောင်တက်တဲ့အခါမှ နီတာဆိုတဲ့ ကောင်မလေးရဲ့
နတ်တွေအပေါ် အယုံအကြည်မရှိမှုတွေကနေစ

ထင်မှတ်မထားတဲ့ ကြုံတွေ့လာရမယ့်ကပ်ဆိုးကြီးတွေ

ညဘက်မှ ရှင်သန်လှုပ်ရှားကြတဲ့ ကြတ်ရွာတွေနဲ့

တောင်ကြီးရဲ့နောက်ကွယ်မှာရှိနေတဲ့ ပရလောကသားတွေအကြောင်းကို သည်ထိတ်ရင်ဖိုဖွယ်ရာရိုက်ကူးပုံဖော်ထားတာကြောင့် ကြည့်ရှုခံစားအားပေးလိုက်ကြပါဦးခင်ဗျာ....

Genre ..... Adventure, Horror, Mystery
D_h-u_r-a_n-d_h-ar-: T-h_e R-e-v-e_n-g_e (2-0-2-6)
==========================================

IMDB ⭐️ 8.5/10

"အငြိုးအတေးတွေနဲ့ ပြန်လာတဲ့ ဒဏ်ရာရဖူးတဲ့ ခြင်္သေ့တစ်ကောင်ကို တရားဥပဒေနဲ့ တားဆီးလို့မရနိုင်တော့ဘူး"

Adventure/Spy အမျိုးအစားကိုမှ အကြမ်းပတမ်း Vibe မျိုး ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၆ မှာ ထွက်ရှိထားတဲ့ Dhurandhar 2 ဆိုတဲ့ ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ Bollywood ရဲ့ အလန်းစားမင်းသား Ranveer Singh နဲ့အတူ မင်းသမီးချော Preity Zinta တို့က အဓိက အားပြိုင်ထားကြတာပါ။

အရင် Part 1 တုန်းကတော့ နိုင်ငံတော်အတွက် လျှို့ဝှက်တာဝန်ထမ်းဆောင်ရင်း သစ္စာဖောက်ခံခဲ့ရတဲ့ အေးဂျင့်တစ်ယောက်ရဲ့ နိမ့်ပါးတဲ့ဘဝနဲ့ ရုန်းကန်မှုကို မြင်တွေ့ခဲ့ရတာ မှတ်မိကြဦးမှာပါ။

အခု ဒုတိယပိုင်းမှာတော့ အဲဒီအငြိုးတွေ၊ နာကျင်မှုတွေကို လက်စားချေမှုအဖြစ် ပြောင်းလဲပြီး ဘယ်လိုမျိုး အက်ရှင်အလန်းစားတွေနဲ့ ပြန်လာမလဲဆိုတာကို ရှုစားရမှာပါ။

ဇာတ်လမ်းကတော့ အိန္ဒိယရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလောကထဲက အရှုပ်အထွေးတွေ၊ နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် စွန့်စားခန်းတွေနဲ့အတူ ဇာတ်ရှိန်က အစကနေ အဆုံးထိ တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ "အနီးဆုံးလူရဲ့ဓားက အနက်ဆုံးဖြစ်နေတတ်တယ်" ဆိုတဲ့ လူယုံသတ်တဲ့ Plot Twist လေးတွေလည်း ပါဝင်ဦးမှာဆိုတော့ ဘယ်လိုတွေ ရင်ဖိုရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Runtime နည်းနည်းရှည်တယ် ထင်ရပေမဲ့ ဇာတ်လမ်းတည်ထားပုံနဲ့ Visual Effects တွေက Quality အလွင့်ကြီးမို့ ကြည့်ရတာ လုံးဝတန်စေမှာပါ။ Netflix မှာလည်း 'Raw and Unseen' ဗားရှင်းအနေနဲ့ ထွက်ရှိထားတာမို့ အက်ရှင်ကိုမှ မိုက်မိုက်ကမ်းကမ်း ဒဲ့ဖြုတ်ပြတာမျိုးမှ တဖြုတ်ဖြုတ်ကြွေတဲ့သူတွေအတွက်တော့ Hidden Gem လေးပါပဲ။

သည်းထိတ်ရင်ဖို Spy Thriller ဇာတ်ကားကောင်းတစ်ကားရဲ့ အရသာကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီ Weekend မှာ ဒီဇာတ်ကားလေးဟာ watch list ထဲမဖြစ်မနေပါသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။

Genre ..... Action, Crime, Thriller
1👍1
P_a-n_o-r 2 (2-0-2-6)
=================

IMDB ⭐️ 6.2/10

"အတိတ်ကို မေ့ဖျောက်ထားနိုင်ပေမဲ့... ကိုယ့်ဆီကပါလာတဲ့ ဝဋ်ကြွေးတွေကိုတော့ ရှောင်ပုန်းလို မရနိုင်ဘူးလေ"

ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီး "Panor 2" ကို တင်ဆက်ပေးလိုက်ပါပြီဗျာ။

ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ရှေ့ကားဖြစ်တဲ့ အပိုင်း (၁) တုန်းက ပနော်ဟာ မျက်လုံးသုံးလုံးနတ်ဘုရား (Three-Eyed God) ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီလို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကြီးဟာ အစကနေ ပြန်လည်စတင်ရသလို ဖြစ်သွားပြီး သူမရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ဖျက်ပစ်ခံလိုက်ရပါတယ်။

ဒီတစ်ခါ အပိုင်း (၂) မှာတော့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။

ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။

ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့…

မှတ်ဉာဏ်တွေမရှိတော့တဲ့ ပါနောတစ်ယောက် ဒီလို အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ။ သူ့ရဲ့ ကိုယ်တွင်းက အစစ်အမှန် စွမ်းအားကြီး နိုးထလာတဲ့အခါမှာရော လူတွေကို ဘယ်လို ပြန်လည်တုံပြန်မလဲဆိုတာကတော့…

ထိုင်းအောက်လမ်း ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းစရာ အဖြစ်အပျက်တွေ၊ အစိမ်းသေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ပါနောရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာဖြစ်လို လက်မလွတ်တမ်း ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။

Genre ..... Horror, Thriller
မုလန် မီးတောက်သွေးကြွေး (၂၀၂၆) VC-1886

နှစ်ပေါင်းများစွာစစ်မြေပြင်မှာ ရန်သူတွေကိုချေမှုန်းအောင်နိုင်ခဲ့ပြီး မိမိက မိန်းကလေးတစ်ယောက်မှန်း အရှင်မင်းကြီးရဲ့ နားဝကိုရောက်သွားပြီးနောက်မှာ မုလန်ဟာ မိမိရဲ့မိသားစုကိုအဖော်ပြုဖို့ရန် အိမ်ကိုပြန်လာခဲ့ပါတယ်။
ဒါပေမဲ့သူ့ကိုကြိုဆိုနေခဲ့တာက နွေးထွေးတဲ့အိမ်တစ်လုံးမဟုတ်ဘဲ သွေးအလိမ်းလိမ်းကပ်ပြီးပျက်စီးနေတဲ့အိမ်ဟောင်းတစ်လုံးဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့မုလန်ဟာ မိဘနှစ်ပါးကိုဂူသွင်းမြှုပ်နှံပြီး ပျောက်ဆုံးနေတဲ့မောင်ဖြစ်သူကိုရှာဖွေရန်စပြီးစုံစမ်းပါတော့တယ်။
” မကောင်းမှုဟူသည် မျက်ကွယ်ရိုးထုံးစံမရှိ” ဆိုတဲ့အတိုင်း မိမိမောင်လေးကို ရှာဖွေရင်းတရားမဝင်ငွေတုထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့အခါ…

ယင်းလုပ်ငန်းရဲ့နောက်ကွယ်က လက်မဲကြီးကသူထင်နေသလိုမရိုးရှင်းနေဘဲ ရှုပ်‌ထွေးတဲ့ပြစ်မှုပေါင်းများစွာကို သူခြေရာခံလို့ရခဲ့ပြီးနောက်မှာတော့…

ရုံးတော်အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြားထဲ မိသားစုပြိုကွဲသွားအောင်လုပ်ခဲ့တဲ့တရားခံကို ရှာ‌တွေ့ပြီးမှာ မိသားစုသွေးကြွေးနဲ့ ပြည်သူတွေငြိမ်းချမ်းသာယာရေးအတွက်သူဘယ်လိုမျိုး စွမ်းစွမ်းတမံဆောင်ရွက်လေမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
​ကျေးဇူးရှင်ရှာပုံတော် ခရီးစဉ် (၂၀၂၆) VC-1901

ဘဝဆိုတာကအခိုက်အတန့်တိုင်းကို ဖြတ်သန်းသွားရတဲ့ ခရီးတခုဆိုပါတော့။
ပန်းတိုင်ကပုံသေကားကျရှိတယ်ထင်ရပေမဲ့ တကယ်တော့ကျွန်တော်တို့လက်ထဲမှာမရှိပါဘူး။
ဖြတ်သန်းရတဲ့ခရီးလမ်းကိုပဲ ကျွန်တော်တို့တွေပိုင်ဆိုင်ကြရတာမျိုး။
လမ်းတလျှောက်မှာနားခိုစရာတွေ၊ အကွေ့အကောက်တွေအများကြီးပါ။
နားခိုရာတိုင်းက အကွေ့တခုဆီကိုဦးတည်လို့၊ အကွေ့တိုင်းမှာကလည်း သင်ခန်းစာတွေပေးခဲ့တာပဲလေ။

မျက်ရည်တွေကနေ အပြုံးတပွင့်ဖြစ်စေခဲ့တဲ့သံယောဇဉ်တွေ၊ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်စေရဲတဲ့သံယောဇဉ်တွေရယ်နဲ့ပေါ့။
ဒီခရီးလမ်းမှာပဲအဲဒါမျိုးလူတွေ အများကြီးနဲ့ဆုံတွေ့ရတတ်တယ်။
သူတို့နဲ့ဆုံရတဲ့အချိန်မှာကိုယ်ဘယ်လိုလူလဲဆိုတာကိုသိလာရတယ်။
လူတိုင်းကိုကိုယ့်အပိုင်လို့သတ်မှတ်တဲ့အတ္တကစွန့်လွှတ်မှုထက်တောင်ပိုကြီးမြတ်သေးသတဲ့။
အဲဒီအတ္တအဲဒီတကိုယ်ကောင်းဆန်မှုကို လက်ခံတတ်အောင်သင်ပေးတဲ့ခရီးလမ်းကစစ်မှန်တဲ့ခရီးလမ်းပါပဲ။

ဒါကတော့ဆီသာရဲ့ခရီးလမ်းပေါ့။
တနည်းပြောရရင်မရခင်ဖျာလိုလိပ်ထိပ်ပေါ်တင်၊ ရပြီးဖျာလိုနင်းချေတတ်တဲ့ ယောကျ်ားတွေလို့တွေးတတ်ပြီး ယောကျ်ားတွေကိုအထင်မကြီးတဲ့ဆီသာနဲ့ မဖြုတ်စတမ်းတွဲထားမဲ့ လက်တစုံသာရှိရင်အရာရာဖြတ်ကျော်နိုင်ပြီဆိုတဲ့ အာဘီတို့ရဲ့ခရီးလမ်း။
သူတို့ခရီးလမ်းက ဘယ်ပန်းတိုင်မှာ ဆုံးမလဲဆိုတာကတော့…။
ဘဝကစားပွဲ (၂၀၂၄) VC-1918

ဆစ်ဒဟာ့သ်လို့ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီးဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။
သူ့ဘဝမှာလည်းအဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာ ဟူးလ်နဲ့အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲရှိပါတယ်။

သူငယ်ချင်းကိုလည်းမရှိမဖြစ်အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင်အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့သူငယ်ချင်းကပေါင်းပြီးတော့ သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ် ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင် နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆို ပြီးပြောတဲ့ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။

ဒီလိုနဲ့ဘဝမှာအလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီးကိုယ့်ကိုယ်ကိုယ်သတ်သေမယ်လုပ်ဖို့ထွက်လာတဲ့လမ်းမှာတောင် ဓားပြကတိုက်ခံရသေးတယ်။
သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကိုထိုင်တွေးနေရင်း ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်...
အဲဒီဖုန်းကောလ်ကတော့ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုးမစ်ရှင်တွေ လုပ်ပြီးအောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။

အစပိုင်းမှာယင်ကောင်သတ်တာမျိုး ကလေးကိုငို အောင်လုပ်ရတာမျိုးလိုမစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲဆိုတာကိုဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
T_h-e M-a_g-i_c F-ar_aw-ay T-r-e_e (2-0-2-6)
====================================

IMDB ⭐️ 6.6/10

ပျော်ပျော်ရွှင်ရွှင် မှော်တောအုပ်ထဲတွင်

Spider-Man မင်းသား Andrew Garfield ကို ဖခင်တစ်ယောက်အဖြစ် မြင်တွေ့ရမဲ့ မိသားစု မှော်ဇာတ်ကားလေး

ဇာတ်လမ်းအကျဉ်း
လူကြီးဖြစ်လာရတဲ့ ဘဝမှာ ရင်ဘတ်ထဲက အိပ်မက်တွေကို ချောင်ထိုးထားရင်း ပုခုံးပေါ်က တာဝန်တွေကိုပဲ မမောနိုင်မပန်းနိုင် ထမ်းပိုးထားရတာ သဘာဝပါ။
ဒါပေမဲ့... ဘဝကို အသစ်ကပြန်စဖို့ အခွင့်အရေးတစ်ခု ရလာခဲ့ရင် သင် အိပ်မက်တွေကို ပြန်လည်အသက်သွင်းချင်မလား?

တင်မ်ဟာ အိမ်ရှင်ထီးတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ သူ့ဇနီးဖြစ်သူ အလုပ်ကထွက်လိုက်ရတာကြောင့် သူတို့မိသားစုလေး အိမ်ခြေရာမဲ့ဖြစ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလိုအကျပ်အတည်းထဲမှာပဲ တင်မ်တစ်ယောက် ဟိုးအရင်က ဇနီးမောင်နှံနှစ်ဦး အတူမက်ခဲ့ဖူးတဲ့ "ကျေးလက်တောရွာလေးမှာ အခြေချမဲ့ အိပ်မက်" ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒါပေမဲ့ ပြဿနာက မိဘနှစ်ပါးက အိပ်မက်နောက် လိုက်ချင်ပေမဲ့ မြို့ပြရဲ့ သက်သောင့်သက်သာဘဝနဲ့ အသားကျနေတဲ့ Gen Z သားသမီး ၃ ယောက်ကတော့ အဆင်မပြေပါဘူး။
ဇွတ်တရွတ်နိုင်လှတဲ့ မိဘတွေကြောင့် မီးလည်းမရှိ၊ ဝိုင်ဖိုင်လည်းမရတဲ့ တောရွာလေးကို ရောက်သွားတဲ့အခါ ကလေး ၃ ယောက်မှာ အကြီးအကျယ် တိုင်ပတ်ပါတော့တယ်။

ဒါပေမဲ့ ထင်မှတ်မထားဘဲ သမီးငယ်လေးက မတော်တဆ မှော်တောအုပ်ထဲက ထူးဆန်းတဲ့ အရာတစ်ခုနဲ့ ဆုံတွေ့မိသွားရာကနေ...
ဖခင်ဖြစ်သူ အမြဲတမ်း ပြောပြလေ့ရှိတဲ့ မှော်ဆန်တဲ့ စွန့်စားခန်းကြီး စတင်ပါတော့တယ်။

မှော်တောအုပ်ထဲက စွန့်စားခန်းက သူတို့မိသားစုလေးကို ဘယ်လိုပြောင်းလဲပစ်မလဲ?
မိဘတွေ မျှော်လင့်နေတဲ့ ဖုန်းကိုယ်စီမပွတ်ဘဲ မျက်နှာချင်းဆိုင် စကားပြောကြမဲ့ မိသားစုထမင်းဝိုင်းလေးရော အဆင်ပြေပြေ ဖြစ်လာပါ့မလား?

ခေတ်သစ်မြို့ပြဘဝထဲမှာ ပျောက်ဆုံးနေတဲ့ မိသားစုနွေးထွေးမှုတွေကို မှော်အတတ်တွေနဲ့အတူ ပြန်လည်ရှာဖွေမဲ့ ဇာတ်ကားကောင်းလေးမို့ အားလုံးကို မှော်တောအုပ်ထဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Genre ..... Adventure, Family, Fantasy
D_h-u_r-a_n-d_h-ar-: T-h_e R-e-v-e_n-g_e (2-0-2-6)
==========================================

IMDB ⭐️ 8.5/10

"အငြိုးအတေးတွေနဲ့ ပြန်လာတဲ့ ဒဏ်ရာရဖူးတဲ့ ခြင်္သေ့တစ်ကောင်ကို တရားဥပဒေနဲ့ တားဆီးလို့မရနိုင်တော့ဘူး"

Adventure/Spy အမျိုးအစားကိုမှ အကြမ်းပတမ်း Vibe မျိုး ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၆ မှာ ထွက်ရှိထားတဲ့ Dhurandhar 2 ဆိုတဲ့ ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ Bollywood ရဲ့ အလန်းစားမင်းသား Ranveer Singh နဲ့အတူ မင်းသမီးချော Preity Zinta တို့က အဓိက အားပြိုင်ထားကြတာပါ။

အရင် Part 1 တုန်းကတော့ နိုင်ငံတော်အတွက် လျှို့ဝှက်တာဝန်ထမ်းဆောင်ရင်း သစ္စာဖောက်ခံခဲ့ရတဲ့ အေးဂျင့်တစ်ယောက်ရဲ့ နိမ့်ပါးတဲ့ဘဝနဲ့ ရုန်းကန်မှုကို မြင်တွေ့ခဲ့ရတာ မှတ်မိကြဦးမှာပါ။

အခု ဒုတိယပိုင်းမှာတော့ အဲဒီအငြိုးတွေ၊ နာကျင်မှုတွေကို လက်စားချေမှုအဖြစ် ပြောင်းလဲပြီး ဘယ်လိုမျိုး အက်ရှင်အလန်းစားတွေနဲ့ ပြန်လာမလဲဆိုတာကို ရှုစားရမှာပါ။

ဇာတ်လမ်းကတော့ အိန္ဒိယရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလောကထဲက အရှုပ်အထွေးတွေ၊ နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် စွန့်စားခန်းတွေနဲ့အတူ ဇာတ်ရှိန်က အစကနေ အဆုံးထိ တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ "အနီးဆုံးလူရဲ့ဓားက အနက်ဆုံးဖြစ်နေတတ်တယ်" ဆိုတဲ့ လူယုံသတ်တဲ့ Plot Twist လေးတွေလည်း ပါဝင်ဦးမှာဆိုတော့ ဘယ်လိုတွေ ရင်ဖိုရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Runtime နည်းနည်းရှည်တယ် ထင်ရပေမဲ့ ဇာတ်လမ်းတည်ထားပုံနဲ့ Visual Effects တွေက Quality အလွင့်ကြီးမို့ ကြည့်ရတာ လုံးဝတန်စေမှာပါ။ Netflix မှာလည်း 'Raw and Unseen' ဗားရှင်းအနေနဲ့ ထွက်ရှိထားတာမို့ အက်ရှင်ကိုမှ မိုက်မိုက်ကမ်းကမ်း ဒဲ့ဖြုတ်ပြတာမျိုးမှ တဖြုတ်ဖြုတ်ကြွေတဲ့သူတွေအတွက်တော့ Hidden Gem လေးပါပဲ။

သည်းထိတ်ရင်ဖို Spy Thriller ဇာတ်ကားကောင်းတစ်ကားရဲ့ အရသာကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီ Weekend မှာ ဒီဇာတ်ကားလေးဟာ watch list ထဲမဖြစ်မနေပါသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။

Genre ..... Action, Crime, Thriller
N_o_r_m_a_l (2-0-2-6)
==================

IMDB ⭐️ 6.7/10

မြို့နာမည်က နော်မယ်ဆိုပေမဲ့ အခြေအနေတွေကတော့ သာမန်ဖြစ်မနေဘူး

Better Call Saul ထဲက ရှေ့နေကြီး၊ Nobody ထဲက အငြိမ်းစားလူကြမ်းကြီးအဖြစ်နဲ့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာတဲ့ မင်းသားကြီး Bob Odenkirk ရဲ့ Action, Dark Comedy, Heist ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။

Nobody မှာလိုမျိုး ရိုးရိုးကြီးနဲ့ ခပ်ကြမ်းကြမ်းစတိုင်ကို သဘောကျတဲ့ ဘော်ဒါတွေအတွက်တော့ အပြတ်ကြမ်းပြမဲ့ ဇာတ်ကားမျိုးပါပဲ။

ဇာတ်လမ်းကတော့ အေးချမ်းလှပါတယ်ဆိုတဲ့ နော်မယ်ဆိုတဲ့မြို့ငယ်လေးတစ်မြို့မှာ ယာယီရဲမှူးအဖြစ် တာဝန်ယူထားတဲ့ ဇာတ်လိုက်ကြီးရဲ့ အကြောင်းကို ဗဟိုပြုထားပါတယ်။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ဒီမြို့လေးရဲ့ ဘဏ်တစ်ခု ဓားပြတိုက်ခံရပါတော့တယ်။

ရိုးရှင်းတဲ့ ဘဏ်ဓားပြတိုက်မှုတစ်ခုလို့ ထင်ရပေမဲ့... စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်းနဲ့ ယာယီရဲမှူးကြီးတစ်ယောက် ဘဏ်ဓားပြမှုနောက်ကွယ်က မှောင်မိုက်တဲ့ လျှို့ဝှက်ချက်ကြီးတွေနဲ့ ပဟေဠိတွေကို တစ်စတစ်စ ဖော်ထုတ်မိသွားတဲ့အခါ…

မြို့လေးက သေးပေမဲ့ လူတွေက ရိုးရှင်းမနေတဲ့အခါ... ရဲမှူးကြီးတစ်ယောက် ဒီပွဲကို ဘယ်လို အကြမ်းပတမ်း ကိုင်တွယ်ရှင်းလင်းမလဲဆိုတာကိုတော့…

Action, Crime နဲ့ Thriller အရသာတွေကို Dark Comedy လေးနဲ့ ရောမွှေထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ခပ်ကြမ်းကြမ်း ကြည့်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Genre ..... Action, Crime, Thriller
အမှောင်မိစ္ဆာရဲ့ကျိန်စာ (၂၀၂၆) VC-1926

အိန္ဒိယကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်အချိန်တုန်းကအက်စ်တီနာပူရမ်ဆိုတဲ့ ရွာလေးမှာ မှော်ပညာအောက်လမ်းနည်းတွေနဲ့ပြုလုပ်ခဲ့တဲ့ စုန်းကဝေထုံးတမ်းစဉ်လာပွဲတစ်ခုဟာကွဲလွဲပျက်စီးသွားခဲ့ရာကနေ ကြောက်မက်ဖွယ်ရာမှောင်မိုက်တဲ့မိစ္ဆာကျိန်စာတစ်ခုစတင်ခဲ့ပါတယ်။
အဲဒီကျိန်စာကြောင့်ပဲရွာလေးဟာ တခြားရွာတွေရဲ့ဖယ်ကျဉ်ခြင်းကိုခံခဲ့ရတာလည်းအခုအချိန်ထိပဲဖြစ်ပါတယ်။

မာစလင်းဆိုတဲ့အမျိုးသမီးတစ်ယောက်မှာ အလီရှာနဲ့အိုင်းရင်းလို့ခေါ်တဲ့သမီးနှစ်ယောက်ရှိပါတယ်။
တစ်နေ့မှာတော့မာစလင်းဟာ သူ့စိတ်ထဲမှာအသံတစ်သံကိုကြားနေရာက အဲဒီအသံရဲ့ ခိုင်းစေမှုတွေကိုလိုက်လုပ်လို့နေမိနေပါတော့တယ်။
ဒါကိုမာစလင်းဟာရူးနေတယ်ဆိုပြီးတော့ လူတွေကပြောဆိုခဲ့ကြပါတယ်။
မာစလင်းရဲ့ခေါင်းထဲမှာရှိတဲ့အသံဟာလည်း မာစလင်းကိုမကောင်းတာတွေပဲ ဆက်တိုက်လုပ်ခိုင်းနေပြီးမာစလင်းဟာလည်း ဒီအသံကိုမလွန်ဆန်နိုင်ဖြစ်နေရပါတယ်။

အလီရှာကိုမှတိတ်တခိုးချစ်မိနေတဲ့ ဆာဂါဆိုတဲ့ကောင်လေးကရော မလီရှာတို့ မိသားစုအရှုပ်တော်ပုံထဲမှာ ဘယ်လိုပါဝင်သွားမလဲ...
မာစလင်းတို့မိသားစုရဲ့အမှောင်ထုစွမ်းအင်တွေနဲ့ ခြောက်လှန့်လာတဲ့အချိန်မှာတော့ဆာဂါတစ်ယောက် သူချစ်တဲ့မိန်းကလေးရဲ့မိသားစုကို ဘယ်လိုကာကွယ်ပြီးရင်ဆိုင်ဖြေရှင်းပေးသွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။
ကြောက်မက်ဖွယ် ပန်းချီကား (၂၀၂၂) VC-1928

ရူဂျာဆိုတဲ့အမျိုးသမီးလေးဟာ နယူးယောက်မှာ သမီးလေးရေချယ်နဲ့အတူနေထိုင်နေ ရင်းကနေစတင်ထားပါတယ်။
ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် သမီးလေးရဲ့မျက်စိခွဲစိတ်ကုသစရိတ် အတွက် အခက်တွေ့နေချိန်မှာပဲ ကံကောင်းချင်တော့ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ဖခင်ပန်းချီဆရာကြီးကွယ်လွန် သွားတဲ့အခါ ရူဂျာ့ဆီကိုအမွေအနေနဲ့ တန်ဖိုးကြီးရှေးဟောင်းပန်းချီကားနှစ်ချပ်ရောက်လာခဲ့ပါတယ်။

ရူဂျာတစ်ယောက်သမီးလေးရဲ့မျက်စိကုသစရိတ်အတွက် ဒီပန်းချီကားတွေကို မြန်မြန်ပြင်ဆင်ပြီးရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ပန်းချီကားပေါ်က အက်ကွဲကြောင်းတွေကိုပြုပြင်ဖို့အတွက် လူငယ်ပန်းချီပြုပြင်ထိန်းသိမ်းရေးပညာရှင်တင်မ်ကိုငှားရမ်းလိုက်ပါတော့တယ်။

ဒါပေမဲ့ "အလကားရတဲ့ အရာဆိုတာ လောကမှာ မရှိဘူး" ဆိုတဲ့အတိုင်းပါပဲ။
တင်မ်တစ်ယောက်ပန်းချီကားရဲ့ အက်ကွဲကြောင်းတွေကိုပြုပြင်ဖို ကြိုးစားလေလေ၊ ဒီပန်းချီကားနောက်ကွယ်မှာပုန်းကွယ်နေတဲ့ မကောင်းဆိုးဝါး လျှို့ဝှက်ချက်တွေ၊ သွေးပျက်စရာခြောက်လှန့်မှုတွေက ရူဂျာတို့သားအမိကိုပိုပြီးဒုက္ခပေးလာလေလေဖြစ်လာပြီး ပန်းချီကားထဲက အမျိုးသမီးရဲ့အကြည့်တွေက အသက်ဝင်လာတဲ့အခါ...
သူတိုမိသားစုရဲ့အတိတ်က အမှားတွေနဲ့ ဒီကျိန်စာသင့်ပန်းချီကားက ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာကတော့…
Star Trek Into Darkness (2013
)
​နာမည်ကြီး Star Trek ဇာတ်ကားတွဲတွေထဲကမှ မင်းသား Chris Pine နဲ့ Benedict Cumberbatch တို့ အားပြိုင်ထားတဲ့ အမိုက်စား Sci-Fi အက်ရှင် ကားကြီးပါ။

​ဇာတ်လမ်းအကျဉ်း

​ဇာတ်လမ်းက ကပ္ပတိန် 'ကာ့ခ်' ဦးဆောင်တဲ့ USS Enterprise အာကာသယာဉ် အဖွဲ့သားတွေ ကမ္ဘာမြေကို ပြန်ရောက်လာချိန်ကနေ စပါတယ်။ သူတို့ ပြန်ရောက်ရောက်ချင်းမှာပဲ အဖွဲ့အစည်းတွင်းက သစ္စာဖောက်တစ်ယောက်ဖြစ်တဲ့ 'ဂျွန်ဟယ်ရစ်ဆင်' (ခေါ်) 'ခန်း' က ကြီးမားတဲ့ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုကြီးကို လုပ်ဆောင်သွားပါတယ်။

​ဒီတိုက်ခိုက်မှုကြောင့် ကိုယ့်လူတွေ သေဆုံးသွားရတဲ့အတွက် ကပ္ပတိန် ကာ့ခ် ဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီး လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ယောက်တည်းနဲ့ အင်အားအကြီးဆုံး လက်နက်ကြီးလို ဖြစ်နေတဲ့ ဗီလိန် 'ခန်း' ကို ဖမ်းဆီးဖို့ အန္တရာယ်များတဲ့ ရန်သူ့နယ်မြေထဲအထိ အသက်စွန့်ပြီး သွားရောက်ကြတဲ့ စွန့်စားခန်းကို ရိုက်ကူးထားတာပါ။

​အာကာသထဲက အမိုက်စား တိုက်ပွဲတွေ၊ မျက်စိပသာဒဖြစ်စရာ ရုပ်ထွက် (CG) တွေနဲ့အတူ Benedict Cumberbatch ရဲ့ အေးစက်စက်နဲ့ ကြောက်စရာကောင်းတဲ့ ဗီလိန် သရုပ်ဆောင်မှုတွေကို ရင်ခုန်စရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။

​Genre ..... Action, Adventure, Sci-Fi
S_y-s_t-e-m (2-0-2-6)
==================

"ဥပဒေဆိုတာ အမှန်တရားအတွက်လား... ဒါမှမဟုတ် အာဏာရှိသူတွေကစားတဲ့ ကစားကွင်းတစ်ခုလား..."

ကဲ... Legal Drama နဲ့ Thriller ဇာတ်ကားကောင်းကောင်း ရှာနေတဲ့ ဘော်ဒါတွေအတွက် အသစ်စက်စက် ထွက်ရှိလာတဲ့ "System" ဆိုတဲ့ ဟင်ဒီဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာဆိုရင် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီးချော Sonakshi Sinha နဲ့ တောင်ပိုင်းမင်းသမီးကြီး Jyotika တို့ အဓိက အားပြိုင်ထားတဲ့အပြင် ဝါရင့်မင်းသားကြီး Ashutosh Gowariker ကလည်း ပါဝင်အားဖြည့်ပေးထားတာပါ။ အချောအလှတွေချည်းပဲမို့ မျက်စိပသာဒဖြစ်စေမယ့်အပြင် Acting ပိုင်းကတော့ ထူးထွေပြောစရာမလိုပါဘူး။

ဇာတ်လမ်းအကျဉ်းလေးကတော့ နီဟာဟာ နာမည်ကြီးရှေ့နေကြီး ရာဗီရဲ့သမီးဖြစ်ပြီး အခွင့်ထူးခံ အစိုးရရှေ့နေမလေးတစ်ယောက်ပေါ့။ သူ့အဖေရဲ့ ဥပဒေကုမ္ပဏီမှာ Partner နေရာရဖို့အတွက် အမှု ၁၀ မှု ဆက်တိုက်နိုင်ဖို့ ကြိုးစားနေသူပါ။

တစ်နေ့မှာတော့ သူ့ဘဝထဲကို ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်ကနေ လာတဲ့ တရားခွင် စာရေးမလေးဆာရီကာ ရောက်လာတဲ့အခါ... သူတို့နှစ်ယောက်ရဲ့ဘဝတွေ မထင်မှတ်ဘဲ ဆုံမှတ်တစ်ခုမှာ ပက်ပင်းတိုးပါတော့တယ်။

ကွာခြားလွန်းတဲ့ နောက်ခံဘဝတွေရှိတဲ့ မိန်းမနှစ်ယောက်ကြားက ထိတွေ့မှုတွေကနေတစ်ဆင့် အမှန်တရားနဲ့ တရားမျှတမှုဆိုတာ ငွေကြေးနဲ့ အာဏာရှိသူတွေရဲ့ လက်ထဲမှာ ဘယ်လိုပုံဖျက်ခံနေရလဲဆိုတာကို တွေ့လာရတော့တာပေါ့။

အထူးသဖြင့် နီဟာတစ်ယောက် သူ့ရဲ့ အရေးအကြီးဆုံး ၁၀ ခုမြောက် အမှုကို ရင်ဆိုင်ရတဲ့အခါ... ကိုယ့်အဖေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဆာရီကာနဲ့အတူ အမှန်တရားအတွက် ရပ်တည်မလား၊ ဒါမှမဟုတ် အာဏာနဲ့ မိသားစုအမွေအနှစ်ကိုပဲ ရွေးချယ်မလား ဖြစ်လာတဲ့အခါမှာတော့…

Courtroom Drama တွေ၊ Mystery Thriller အငွေ့အသက်လေးတွေပါတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ "Pink" တို့ "Section 375" တို့လို ကားမျိုးတွေ ကြိုက်တတ်တဲ့သူဆိုရင် ဒီ ၂၀၂၆ ထွက် ပူပူနွေးနွေး "System" ကိုလည်း လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။

Genre ..... Thriller
M_o-r_t-a_l K-o_m-b_a-t 2 ( 2-0-2-6 )
==============================

IMDB ⭐️ 6.9/10

RT 🍅 6.4/10

မော်တယ်ကွန်ဘတ်

ကဲ ကဲ အားလုံးစောင့်စားနေတဲ့ MK 2 ဟာ ထင်ထားတာထက်စောပြီး တော်တော်လေးကြည်တဲ့ အကြည်ကားလေးထွက်ထားပါတယ်

ဒီဇာတ်ကားမှာတော့ ကောင်လေးအဖွဲ့ထဲက ဘီလီဘွတ်ချာကြီးက ဂျွန်နီကေ့ချ်အဖြစ် ပါဝင်ထားပြီး ကစ်တာနာ Cast ကလည်း တော်တော်လေး
game accurate ဖြစ်တာမလို့ အားလုံးကျေနပ်နေကြမယ် ထင်ပါတယ်

MK ဟာ ဂိမ်းအနေနဲ့လည်း တော်တော်ကြီးအောင်မြင်မှုရရှိထားပြီး fan အရမ်းတောင့်တင်းတဲ့ဂိမ်းဖြစ်တာမလို့ ရုပ်ရှင်ထွက်လာတဲ့အခါမှာလည်း
တော်တော်လေး အားပေးကြမ်းနေကြပါတယ်

ပိုကောင်းတာတစ်ခုကတော့ ပထမကားမှာ တိုင်ပတ်သွားသမျှ ဒီကားနဲ့ပြန်အဖတ်ဆယ်ထားပြီး ရုံတင်ပိုင်းမှာရော rating အရပါ တော်တော်လေးအခြေအနေကောင်းနေတာပါ

မော်တယ်ကွန်ဘတ်ဆိုတာကတော့ အထက်နတ်ဘုရားတွေက ချမှတ်ပေးထားတဲ့ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်ခုက နောက်တစ်ခုကိုသိမ်းချင်တဲ့အခါ ဗမာလိုကြီးတက်သိမ်းလို့မရဘဲ ကမ္ဘာတွေကရွေးထားတဲ့ချန်ပီယံတွေဟာ သူတို့ကမ္ဘာအတွက် တိုက်ပွဲဝင်ရပါတယ်

ကမ္ဘာတစ်ခုဟာ မော်တယ်ကွန်ဘတ်ပြိုင်ပွဲကို ဆယ်ပွဲဆက်တိုက်နိုင်တဲ့အခါ သိမ်းပိုက်ခွင့်ရှိပါတယ်

ခုချိန်မှာတော့ Outer World ဆိုတဲ့ရှောင်ခန်ဦးစီးတဲ့ကမ္ဘာဟာ ကမ္ဘာမြေကို ကိုးပွဲနိုင်ထားတာဖြစ်ပြီး နောက်ထပ်တစ်ပွဲနိင်ရင် သိမ်းခွင့်ရတော့မှာပါ

မိုးကြိုးနတ်ဘုရားရေဒန်ဟာ ကမ္ဘာရဲ့ချန်ပီယံအတွက် တစ်ယောက်လိုနေတာကြောင့် ဂျွန်နီကေ့ချ်ဆိုတဲ့ မင်းသားသရုပ်ဆောင်ကို အထက်နတ်ဘုရားတွေက ရွေးချယ်လိုက်ပါတော့တယ်

ဂျက်စ် ဆွန်ညာ လျူခန်း ကိုးလ်ရောင်း ဂျွန်နီတို့ဟာ ကမ္ဘာမြေအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာက ဒီလူတွေအပေါ် မူတည်နေတဲ့အခါမှာတော့....

ကမ္ဘာကိုကယ်တင်ဖို့ သူတို့တွေဟာ သေမျိုးတိုက်ပွဲတဖြစ်လည်း မော်တယ်ကွန်ဘတ်မှာ အသက်လုပြီး ယှဉ်ပြိုင်ကြပါတော့တယ်

Genre ..... Action, Adventure, Fantasy
2
S_c-a-r_e O-u_t (2026)
===================

IMDB ⭐️ 5.4/10

"အနီးဆုံးရန်သူက အနက်ဆုံးဓားချက်ကို ထိုးနိုင်တာတဲ့"

Action Thriller နဲ့ Spy ကား အကြမ်းစားတွေ မျှော်နေတဲ့ ဘော်ဒါတို့အတွက် အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး "Scare Out"ကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားကတော့ တခြားသူမဟုတ်ဘူး၊ Hero တို့၊ The Great Wall တို့ကို ရိုက်ခဲ့တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး Zhang Yimou ရဲ့ လက်ရာအသစ်စက်စက်ပါ။ မင်းသားတွေကလည်း ပရိသတ်အချစ်တော် Jackson Yee နဲ့ Zhu Yilong တို့ အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးတွေကလည်း Song Jia , Yang Mi နဲ့ Liu Shi Shi ဆိုတော့ cast နဲ့တင် တော်တော်တန်နေပါပြီ

ဇာတ်လမ်းက ဘယ်ကစလဲဆိုတော့... တရုတ်နိုင်ငံရဲ့ လျှို့ဝှက်အဆင့်ရှိတဲ့ ဆဌမမျိုးဆက် တိုက်လေယာဉ် နည်းပညာတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေ နိုင်ငံပြင်ပကို ပေါက်ကြားသွားရာကနေ စပါတယ်။

ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ အမျိုးသားလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက တရားခံကို ဖမ်းဖို့ စစ်ဆင်ရေးလုပ်တိုင်း တစ်ဖက်က ကြိုသိနေပြီး အဖမ်းအဆီးတွေ ဆက်တိုက် ကျရှုံးနေတာပါပဲ။

ဒီလိုနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျောက်ဟုန် တစ်ယောက် အမှန်တရားတစ်ခုကို ရိပ်မိသွားပါတယ်။ အဲဒါကတော့ သူတို့အဖွဲ့ထဲမှာတင် သတင်းတွေ ခိုးပေးနေတဲ့ "သစ္စာဖောက်" တစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။

သံသယ အဝင်ခံရဆုံးကတော့ အဖွဲ့ရဲ့ အတော်ဆုံး အေးဂျင့်တွေဖြစ်တဲ့ ရန်တိနဲ့ ဟွမ်ခိုင်တို့ နှစ်ယောက်ပါ။

ဒါကိုစုံစမ်းဖို့ ကျောက်ဟုန်ကိုပဲ တာဝန်ပေးလာတဲ့အပြင် ရန်တိနဲ့ဟွမ်ခိုင်ဆိုတာ သူ့အတွက် မောင်တွေလို လုပ်ဖော်ကိုင်ဖက်လို ရင်းနှီးခဲ့သူတွေ ဖြစ်နေတဲ့အခါ…

High-tech နည်းပညာတွေ၊ Drone တွေ၊ CCTV တွေနဲ့ အမဲလိုက်သလို လိုက်ရှာကြမယ့်အပြင်၊ သေနတ်နဲ့ ဘတစ်ပြန်ကျားတစ်ပြန် ချတာထက် ဉာဏ်စမ်းပြီး အကွက်ချ ချကြတဲ့ Psychological War မျိုး သွားထားတာပါ။

"Infernal Affairs" လိုမျိုး သူလျှိုကားတွေ ကြိုက်တဲ့သူတွေ၊ Cat-and-Mouse လိုက်တမ်းပြေးတမ်း Thriller Vibe မျိုးကို ခိုက်တဲ့သူတွေဆိုရင် သဘောကျမယ့် ကားလေးပါပဲ။

ယုံကြည်မှုတွေ၊ သံယောဇဉ်တွေနဲ့ သစ္စာဖောက်မှုတွေကြားထဲက အသံတိတ်တိုက်ပွဲကြီးမှာ ဘယ်သူက တကယ့် "သစ္စာဖောက်" လဲဆိုတာကတော့...

Genre ..... Action, Crime, Thriller
2
တော်ဝင်နန်းတွင်းမှ ဆေးပညာရှင် ၂ (၂၀၂၅) VC-1954

ပါရှန်းပြည်က အစ္စဖာဟန်မြို့တော် ပျက်စီးသွားပြီးနောက်ပိုင်း ပညာအစုံနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဆရာဝန် Rob Cole အကြောင်းပါ။
သူဟာအရှေ့တိုင်းမှာသင်ယူခဲ့ရတဲ့ အဖိုးတန်ဆေးပညာဗဟုသုတတွေကို ပြန့်ပွားစေဖို့နဲ့ လူသားတွေကို ကယ်တင်ဖို့အတွက် သူ့ရဲ့ဇာတိမြေဖြစ်တဲ့အင်္ဂလန်နိုင်ငံလန်ဒန်မြို့တော်ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ထိုခေတ်က လန်ဒန်မြို့ဟာ ဆေးပညာထက်ဘာသာရေးအယူသီးမှုတွေ၊ စိတ်ကျမ်းမာရေးချို့တဲ့နေတဲ့လူတွေကို ကားစင်တင်ပြီးမီးရှို့တာတွေနဲ့ လွှမ်းမိုးနေဆဲပါ။

အင်္ဂလန်ဘုရင်ကလည်း နေရောင်နဲ့ထိတွေ့လို့မရတဲ့ရောဂါတစ်မျိုးဖြစ်နေပြီး မိဘုရားဖြစ်သူက ယာယီအုပ်ချုပ်နေတဲ့အချိန်ပေါ့။
မိဘုရားဘေးကလူယုံနန်းတွင်းဆေးဆရာတွေနဲ့ ရော်ဘတ်ကြားမှာ ဆေးပညာအားပြိုင်ဆိုင်မှုတွေဖြစ်လာပြီး အင်္ဂလန်ဘုရင်ကြီးကိုရောဘတ်ဟာကုသခွင့်ရသွားပြီး နန်းတွင်းအရှုပ်တော်ပုံတွေကြားထဲကိုပါမထင်မှတ်ဘဲ ပါဝင်ပတ်သက်မိသွားပါတယ်။

သူဟာလူနာတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့နဲ့ အရှေ့တိုင်းဆေးပညာကိုအသိအမှတ်ပြုလာစေဖို့ အတွက် ဘုရင့်နန်းတော်က အယူသီးမှုတွေနဲ့ ရင်ဆိုင်ရုံတင်မကဘဲ လူတွေရဲ့ နာကျင်ခံစားရမှုတွေကိုလျှော့ချပေးနိုင်ဖို့အတွက်လူတွေကိုကယ်တင်ရင်းနံနိုင်ငံကိုပါကယ်တင်ရမယ့် အခြေအနေကိုရောက်လာပါတော့တယ်။
J_e-t_l-e-e (2-0-2-6) Telugu
======================

IMDB ⭐️ 7.6/10

"လေယာဉ်ပေါ်မှာ အကြမ်းပတမ်းတွေချမှာလား... အူတက်အောင်ပဲ ရယ်ရမှာလား"

Action Comedy ကားကောင်းကောင်း မျှော်နေတဲ့ တောင်ပိုင်းကားချစ်သူ ဘော်ဒါတွေအတွက် ဒါရိုက်တာ Ritesh Rana ရိုက်ကူးထားတဲ့ "Jetlee" ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားက ရိုးရိုး Action ကားမဟုတ်ဘဲ ဟာသဖောက်ထားတဲ့ Telugu ကားမိုလို အီမနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ခွီလည်းခွီ ကြုံးလည်းကြုံးတဲ့ ဇာတ်ကားမျိုးပါ။

ဇာတ်လမ်းကတော့ ဒူဘိုင်းကနေ ကိုချီကို ပျံသန်းတဲ့ လေယာဉ်တစ်စင်းပေါ်မှာ အခြေတည်ထားပါတယ်။ လေယာဉ်ဝန်ထမ်းတွေရဲ့ ဘဝက အေးအေးဆေးဆေး ခရီးသည်တွေကို ဝန်ဆောင်မှုပေးရုံပဲလို ထင်ထားရင်တော့ မှားသွားပါလိမ့်မယ်။

တစ်နေ့မှာတော့ ပုံမှန်ခရီးစဉ်တစ်ခုမှာ ဂွတီးဂွတ ခရီးသည်တစ်သိုက် ပါလာပြီး သူတို့ကို အရင်းတည်လို့ မထင်မှတ်ထားတဲ့ အန္တရာယ်ကြီးတစ်ခုနဲ့ ကြုံလာရတဲ့အခါ...

လေယာဉ်ပေါ်က ဝန်ထမ်းတစ်ယောက်အနေနဲ့ ခရီးသည်တွေကို ကယ်တင်မလား၊ ကိုယ့်အသက်ကိုပဲ လုရမလားဆိုတဲ့ အကျပ်အတည်းကြားထဲ ရောက်သွားပါတော့တယ်။ ပြဿနာက ရိုးရိုးတန်းတန်းမဟုတ်ဘဲ လေယာဉ်ပေါ်မှာ သေရေးရှင်ရေး ကိစ္စကြီးတစ်ခုနဲ့ ထိပ်တိုက်တိုးတဲ့အခါမှာတော့...

သာမန် လေယာဉ်ဝန်ထမ်းလေးကနေ အက်ရှင်ဟီးရိုး "ဂျက်လီ" လိုပဲ လက်သီးစွမ်းပြပြီး လူဆိုးတွေကို ဖြိုခွင်းမလား။ အသက်လုနေရတဲ့ ကြားထဲကနေ လေယာဉ်ပေါ်က အလွဲလွဲအချော်ချော် ဟာသတွေနဲ့ ဘယ်လို ဗရုတ်သုတ်ခတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

Action အခန်းတွေကလည်း တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စား BGM တွေနဲ့ ရှယ်ဖြုတ်ထားသလို၊ Comedy ပိုင်းကလည်း ရယ်ရလွန်းလို အူတက်သွားစေမှာ အသေအချာပါပဲ။


အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ဟာသအလွဲတွေကြားမှာ အဆုံးသတ် ဘယ်လိုတွေ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းမလဲဆိုတာ သိချင်ရင်တော့ ဒီ Jetlee ကို အမြန်ဆုံးသာ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ..... Action, Comedy, Thriller
1
F_-uz_e ( 2-0-2-6 )
================

IMDB ⭐️ 6.2/10

RT 🍅 72%

စနက်

Fuze ဆိုတဲ့ ရုံတင်ကားလေးကတော့ Digital ထွက်ရှိလာပါပြီ Crime Thriller အမျိုးအစားဖြစ်ပြီး အက်ရှင်ထက် ရင်တထိတ်ထိတ်နဲ့ ဇာတ်စလယ်ဆုံး ရင်ခုန်ချင်တာဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲ

စစလာချင်း ပက်ဒင်တန်ဘက်က ဆောက်လုပ်ရေးဆိုက်မှာ မြေတူးနေကြတုန်း ရုတ်တရက် မြေကြီးအောက်ကနေ ဒုတိယကမ္ဘာစစ်က လက်ကျန်ဗုံးထွက်လာပါတော့တယ်

ပြင်းအားများတဲ့ဗုံးဖြစ်တာကြောင့် ဗုံးနားကတစ်ဝိုက် နေထိုင်သူတွေကို ကယ်ထုတ်ပြီး ဗုံးဖြုတ်တဲ့အဖွဲ့တွေ ရောက်လာပါတော့တယ်

ပြင်းအားများတဲ့အပြင် သေချာစနစ်တကျလုပ်ထားတဲ့ဗုံးဖြစ်နေပြီး ဘယ်အချိန်ပေါက်မလဲဆိုတာပါ မသိရအောင် လုပ်ထားတဲ့ဗုံးအမျိုးစား ဖြစ်နေတာကြောင့်အချိန်မရွေးထပေါက်နိုင်တာပါ

ဒီလိုဘယ်ချိန်ထပေါက်မယ်မှန်း မသိတဲ့ဗုံးကို ဗုံးဖြုတ်တဲ့အဖွဲ့တွေနဲ့ ရဲတွေဘက်က လူကြီးတွေနဲ့ နှစ်ဖွဲ့ဘယ်လိုစည်းဝါးကိုက်ကိုက် အလုပ်တွဲလုပ်ပြီး ဗုံးမပေါက်အောင် ဘယ်လိုထိန်းသိမ်းသွားမလဲ

အချိန်မီတားနိုင်ပါ့မလား ဒါမှမဟုတ် ဒီကိစ္စရဲ့နောက်ကွယ်မှာ နောက်ထပ်အကြောင်းရာတွေ ရှိနေဦးမလားဆိုတာကတော့....

Genre ..... Action, Crime, Drama, Thriller
Desert Warrior (2026)

​ဆော်ဒီအာရေဗျ သမိုင်းတစ်လျှောက် ဘတ်ဂျက်အများဆုံး (ဒေါ်လာ သန်း ၁၅၀) အသုံးပြု ရိုက်ကူးထားတဲ့ သမိုင်းဝင် အက်ရှင်ကားကြီး ဖြစ်ပါတယ်။

မင်းသား Anthony Mackie၊ မင်းသမီး Aiysha Hart နဲ့ ဝါရင့်မင်းသားကြီး Ben Kingsley တို့ အဓိက ပါဝင်ထားပါတယ်။

​ဇာတ်လမ်းအကျဉ်း

​၇ ရာစု အာရေဗျကျွန်းဆွယ်ကို နောက်ခံထားပါတယ်။ ပါရှားဧကရာဇ် 'ကစ်စရာ' က မင်းသမီးလေး 'ဟင်ဒ်' ကို မယားငယ်အဖြစ် သိမ်းပိုက်ဖို့ ကြိုးစားရာကနေ မင်းသမီးတို့သားအဖ ကန္တာရထဲကို ထွက်ပြေးရပါတော့တယ်။

​ဧကရာဇ်ရဲ့ တပ်တွေ လိုက်လံဖမ်းဆီးတဲ့အခါ ကန္တာရထဲမှာ နာမည်ကြီး ဓားပြ 'ဟန်ဇာလာ' နဲ့ ဆုံတွေ့ပြီး ပူးပေါင်းခဲ့ကြပါတယ်။ ထွက်ပြေးပုန်းရှောင်ရတဲ့ ဘဝကနေ ရဲရင့်တဲ့ စစ်သည်တော်ဖြစ်လာတဲ့ မင်းသမီးလေးဟာ အချင်းချင်း ကွဲလွဲနေတဲ့ အာရပ်မျိုးနွယ်စုတွေကို ပထမဆုံးအကြိမ် စည်းလုံးစေပြီး ပါရှားစစ်တပ်ကြီးကို အံ့ဩဖွယ် အနိုင်ယူခဲ့တဲ့ သမိုင်းဝင် "ဇီကာ တိုက်ပွဲ (Battle of Dhi Qar)" ကြီးအကြောင်းကို အက်ရှင်အမိုက်စားတွေနဲ့ ရိုက်ကူးထားတာပါ။
1
S_p-i_d-e_r N-o_i-r (2-0-2-6)
=======================

IMDB ⭐️ 8.9/10

RT 🍅 90 %

ကဲ ကဲ အားလုံးစောင့်မျှော်နေတဲ့ spider noirကတော့ ဒီနေ့မှာပဲ ၈ပိုင်းအပြီးထွက်လာပြီဖြစ်လို့ တင်ဆက်ပေးထားပါတယ်

ကျွန်တော်တို့အနေနဲ့ spider noir ကို spiderverse animation မှာ စတင်သိခဲ့ရပြီး နီကိုလက်ကေ့ချ်က အသံသရုပ်ဆောင်ခဲ့ပါတယ်

ခုlive action မှာလည်း နီကိုလက်ကေ့ချ်ကပဲ ပြန်လည်ပါဝင်ထားတာမလို့ ထွေထူးပြောနေစရာ မလိုတော့ပါဘူး

Rating တွေကလည်း ရှယ်တွေနဲ့ တော်တော်လေးအခြေနေကောင်းနေတာမလို့ Spider Noir အကြောင်း ပိုသိချင်ရင်တော့ ဒီစီးရီးက တကယ်ကိုကြည့်သင့်တဲ့ စီးရီးပါပဲ

ဇာတ်လမ်းကတော့ နယူးရော့ခ်မြို့က အလွတ်တန်းစုံထောက်တစ်ဖြစ်လည်း ဘန်ဟာ အမှု​လည်းလိုက်ရင်း စပိုက်ဒါလည်းလုပ်ရင်း မြို့ကိုကာကွယ်နေခဲ့ပါတယ်

ဒါပေမဲ့ သူလက်ထပ်မဲ့ ရူဘီဆိုတဲ့ မိန်းကလေးသေဆုံးသွားချိန်မှာတော့ ဘန်ဟာစိတ်ဓာတ်ကျပြီး စပိုက်ဒါဘဝကို စွန့်လွှတ်ကာ သာမန်စုံထောက်အဖြစ်သာ နေထိုင်ပါတော့တယ်

ဒါပေမဲ့ စပိုက်ဒါမရှိတဲ့နောက်ပိုင်း နယူးရော့ခ်မြို့တွင်း ရာဇဝတ်မှုတွေ မတရားထကြွလာပြီး မလုံခြုံတဲ့ မြို့တစ်ခုဖြစ်လာနေပါပြီ

Silvermane ဆိုတဲ့လူဆိုးဟာလည်း နယူးရော့ခ်ကို ကြီးစိုးနေတာကြောင့် ပြည်သူတွေအနေနဲ့ မားမားမတ်မတ် ရပ်တည်ပေးမဲ့ သူရဲကောင်းတစ်ယောက်ကို လိုလာတဲ့အခါ...

ဒါဟာဘန်တစ်ယောက် စပိုက်ဒါဘဝကို ပြန်လာဖို့ လမ်းစတစ်ခု အစပြုလာတာလား ဆိုတာကတော့....

Genre ..... Crime, Drama, Mystery