Yangon 4 Brothers - ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့
260 subscribers
653 photos
77 videos
35 links
ရန်ကုန်တော်လှန်ညီ‌နောင်လေးဖွဲ့
Download Telegram
"The Duty Never Chosen"


Coming soon 18.July

SCRIPT & STORY
YANGON 4 BROTHERS

The Duty Never Chosen

CAST
ဂန္ဓမာ (Yangon 4 Brothers)
လင်းထက်(Yangon 4 Brothers)
Gyace (Yangon 4 Brothers)
အိမြတ်(Yangon 4 Brothers)

Special Thanks
Ko Ba Si
မမကြီး(ဆုံမှတ်)
Doe Zet
Andrew

DIRECTED BY
ALIEN REFRAME

PRODUCED BY
YANGON 4 BROTHERS

DIRECTOR OF PHOTOGRAPHY
FLAME

CAMERA OPERATORS
KO THET
OZONE
PHYO LAY

EDITED BY
ALIEN REFRAME

ASSISTANT CAMERA
BC

PHOTOGRAPHY
REVOGRAPHY TEAM

© 2026 YANGON 4 BROTHERS

Photo by
Revography Team
Alien Reframe

#yangon4brothers
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#MayangoneDemocraticFront_MDF
“အာဇာနည်တိုင်း သမိုင်းမသေ”


အာဇာနည်အထိမ်းအမှတ် ရုပ်ထုတွေကို ဖြိုချလို့ရနိုင်ပေမယ့်
အာဇာနည်စိတ်ဓါတ်ကို ဘယ်သောအခါမှ ဖျက်စီးလို့မရနိုင်။


Photo crd to original creator

#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉ #FreedomSpirit #SpringRevolution#အာဇာနည်တိုင်းသမိုင်းမသေ #July19Movement #MartyrsDayMyanmar
#yangon4brothers
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#MayangoneDemocraticFront_MDF
3👍1
Media is too big
VIEW IN TELEGRAM
"The Duty Never Chosen"



SCRIPT & STORY
YANGON 4 BROTHERS

The Duty Never Chosen

CAST
ဂန္ဓမာ (Yangon 4 Brothers)
လင်းထက်(Yangon 4 Brothers)
Gyace (Yangon 4 Brothers)
အိမြတ်(Yangon 4 Brothers)

Special Thanks
Ko Ba Si
မမကြီး(ဆုံမှတ်)
Doe Zet
Andrew

DIRECTED BY
ALIEN REFRAME

PRODUCED BY
YANGON 4 BROTHERS

DIRECTOR OF PHOTOGRAPHY
FLAME

CAMERA OPERATORS
KO THET
OZONE
PHYO LAY

EDITED BY
ALIEN REFRAME

ASSISTANT CAMERA
BC

PHOTOGRAPHY
REVOGRAPHY TEAM

© 2026 YANGON 4 BROTHERS

Photo by
Revography Team 
Alien Reframe

#yangon4brothers
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#MayangoneDemocraticFront_MDF
4👍1🥰1
... တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကူးတို့နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့
သြော် တောင်နန်း မြောက်နန်း
အဆောင်ဆောင် ကြငှန်းတွေနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။
(အဖိုး ကဝိ သခင်ကိုယ်တော်မှိုင်း - အာဇာနည်ဗိမာန် လေးချိုးကြီးမှ)

Crd to Ko Tayzar San

#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉ #FreedomSpirit #SpringRevolution#အာဇာနည်တိုင်းသမိုင်းမသေ #July19Movement #MartyrsDayMyanmar
#yangon4brothers
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#MayangoneDemocraticFront_MDF
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနဲ့
တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားကြသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါတယ် 🫡🫡🫡


Crd to KST Studio

#အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉ #FreedomSpirit #SpringRevolution#အာဇာနည်တိုင်းသမိုင်းမသေ #July19Movement #MartyrsDayMyanmar
#yangon4brothers
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#MayangoneDemocraticFront_MDF
👍3
Media is too big
VIEW IN TELEGRAM
ဒီနေ့ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ (၄) နှစ်ပြည့်နေ့


video Crd

#ကိုဂျင်မီ
#ကိုဖြိုးဇေယျာသော်
#ကိုလှမျိုးအောင်
#ကိုအောင်သူရဇော်
#yangon4brothers
#KyimyindaingNetworks
#LinnYaungNiYouthOrganization_LYNYO
#owlcommunity
#MayangoneDemocraticFront_MDF
😢2
ဂျင်မီ (သို့မဟုတ်) လရောင်


သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။
သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။

မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။
တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။
သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။
ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။

လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။
သူ နိုင်သလောက် ကူတယ်၊
ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။
အဲ့ဒါ သူ့ဗီဇ။

ကျွန်တော်အရမ်းကြိုက်ပြီး ခုထိ ကိုယ်တိုင်ကျင့်သုံးနေတဲ့ အချက်က စည်းကမ်းနဲ့ စနစ်တကျ နေထိုင်မှုပဲ။
သူ ထောင်ထဲ နှစ်ရှည် နေခဲ့ရတုန်းက သူ့မှာ စိတ်ဓာတ်ကျစရာ အချိန်ကို မရှိဘူး။
မနက်ဆိုရင် ဘုရားရှိခိုး တရားမှတ်မယ်၊
စားဖို့သောက်ဖို့ စီစဉ်မယ်၊ပြီးရင် လေ့လာရေးတွေ ဆက်တိုက် လုပ်တော့တာပဲ။စာဖတ်မယ်၊အဂ်လိပ်စာ လေ့လာတယ်၊Dictionary ထဲက Meaning တွေက်ုတောင် အလွတ်ကျက်တဲ့သူ။ ညနေဆိုရင် အားကစားလုပ်မယ်၊ ကဗျာစပ်တယ်၊ သီချင်းဆိုမယ်၊ လက်လုပ်ဂီတာနဲ့ ခံစားချက်တွေ ဖွင့်ထုတ်မယ်။

ထောင်ထဲမှာတောင် အဲ့ဒီလို စည်းနဲ့ကမ်းနဲ့ စနစ်တကျ နေထိုင်ကျင့်ကြံခဲ့တဲ့သူ။
ထောင်အပြင်ရောက်တော့လည်း ကျွန်တော်လုပ်ပေးနေတဲ့ လူငယ်တွေအတွက် ပညာရေးမှာလည်း သူက အပြည့်အဝ ကျွန်တော်နဲ့ထပ်တူ။

၂၀၂၁ အာဏာသိမ်းတဲ့မနက် ၃ နာရီလောက်မှာ သူ ကျွန်တော့်ကို ဖုန်းခေါ်လာတယ်။ “ ယောက်ဖရေ အိမ်ကထွက်တော့။ငါတို့ ထောင်ထပ်ကျလို့ မဖြစ်ဘူးကွ။ရတဲ့နည်းနဲ့ ပြန်တွန်းလှန်ရမယ်”တဲ့။

နောက်ရက်တွေမှာ သူနဲ့ ကျွန်တော် အတူ ပုန်းရှောင်နေရင်း တအိမ်ထဲ အတူနေတယ်၊အလုပ်တွေ အတူ လုပ်ကြတယ်။ ရန်ကုန်ထဲမှာပဲ ခြောက်လလောက် အတူနေရင်း တစ်မနက်ခင်းလေးမှာ မနက်စာ အတူစားနေရင်း သူ့ကို ကျွန်တော်က မင်း နိုင်ငံခြား ထွက်ဖို့လိုရင် ထွက်ပါလို့ ပြောတော့ သူ တစ်ချက် ငြိမ်သွားတယ်။

ပြီးတော့ ကျွန်တော့်မျက်လုံးကို သေချာစိုက်ကြည့်ပြီး “ ငါ့အနေနဲ့ ဘဝမှာ အဆိုးဆုံးတွေရော အကောင်းဆုံးတွေရော ကြုံခဲ့ရပြီးပြီ။ အများအတွက်လည်း အကောင်းဖြစ်မယ့် အရာတွေ ငါ လုပ်ခဲ့ပြီးပြီ။ သေမယ်ဆိုရင် သေပျော်ပါပြီ။

အခုလို မတရားမှုကို တွန်းလှန်ရင်း သေရမယ်ဆိုရင်တောင် ငါ ရဲရဲကြီး သေပျော်ပါတယ်ကွာ”တဲ့။ အဲ့ဒီ နှစ်ထောင့်နှစ်ဆယ့်တစ် စက်တင်ဘာ မနက်ခင်းလေးမှာ သူ ပြောခဲ့တဲ့စကား။ အခုထိ အသံရော သူ့မျက်ဝန်းရော ကြားရမြင်နေရပါသေးတယ်။ သူ ပြောတဲ့အချိန်မှာ ကျွန်တော်နဲ့ သူနဲ့အတူ လူနှစ်ယောက် ဘေးမှာထိုင်နေကြတယ်။ သူတို့နှစ်ယောက်လည်းပဲ သက်ရှိထင်ရှား ရှိနေစဉ်မို့ ကိုဂျင်မီရဲ့စကား အသံနဲ့ သူ့မျက်ဝန်းကို ကျွန်တော့်လိုပဲ မြင်ယောင်ကြားယောင်နေပါဦးမယ်။ လွမ်းထိုက်လွန်းတဲ့သူ၊ တန်ဖိုးကြီးလွန်းတဲ့သူ၊ သူ့ကို ကျွန်တော်က ဂျင်မီ (သို့မဟုတ်) လရောင်လို့ တင်စားမိတယ်။ ဂျင်မီဆိုတာ အမှောင်ထုကို ထွင်းဖောက်နေတဲ့ လရောင်။ တစ်သက်လုံး ထွန်းလင်းတောက်ပနေမယ့်သူ။

နေခြူး

မည်သည့်မီဒီယာမဆို ယူငင်သုံးစွဲပါ။
မည်သူမဆို လွတ်လပ်စွာ မျှဝေပါ။
ကမ္ဘာကို သတင်းစကား ဆက်လက်ဖြန့်ဝေပေးပါ။
👍3