YN-2 {2024 Update အသစ်များ}
41.5K subscribers
1.47K photos
1.48K links
Download Telegram
What We Did on Our Holiday (2014)

Genre -Comedy, Drama

🪴 Movie Link 🪴
➡️ https://t.me/YNMOVIEBOT?start=Z2V0LTE3NDY4MzYyMjEwOTczNjA


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
ဇာတ်လမ်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခါနီး ဖခင်ကြီးဖြစ်သူ ဂေါ်ဒီမက်ကလောက်ရဲ့ဆန္ဒအရ သားငယ်ဖြစ်သူ ဒေါက်မက်ကလောက်နဲ့ ချွေးမဖြစ်သူ အဘီတို့ဟာ ကလေးဘုစုခရုသုံးကောင်ကို လက်ဆွဲပြီး လန်ဒန်ကနေ စကော့တလန်ကို လာတွေ့တဲ့အကြောင်းပါ။ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးအတွက် အစ်ကိုကြီးဖြစ်သူ ဂယ်ဗင်မက်ကလောက်က ခမ်းခမ်းနားနား ပါတီကြီးတစ်ခုကျင်းပပေးဖို့ စီစဥ်ရင်း ညီဖြစ်သူတို့မိသားစုကိုပါ အဖေဖြစ်သူနဲ့ တွေ့ရအောင် စီစဥ်လိုက်တာပါ။ အမှန်တော့ ညီတော်မောင်လင်မယားက ကလေးသုံးယောက်ရပြီးကာမှ ယောကျ်ားဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် လင်မယားနှစ်ယောက် အိမ်ခွဲနေကြရင်း ကွာရှင်းဖို့အထိ အခြေအနေတွေဖြစ်နေကြတာပါ။ ကလေးသုံးယောက်ကလည်း တကယ့်ကိုမိမနိုင်၊ဖမနိုင် မျောက်လောင်းလေးတွေဖြစ်ကြပြီး အမှန်တော့ ဇာတ်လမ်းတစ်ခုလုံးဟာလည်း ကလေးသုံးယောက်မွှေသမျှကို ကျောရိုးတည်ထားတင်ပြထားသလို ဖြစ်နေတာပါ။
ရုပ်သံလှိုင်းတစ်ခုမှာ အရည်အချင်းရှိပြီး အလုပ်ကိုစိတ်အားထက်သန်တဲ့ မေစီကတော့ သူ့ရဲ့ရှိုးအစီအစဉ်အသစ်ကိုရဖို့ အသည်းအသန်ကြိုးစားနေပါတယ်။အဲဒီအချိန်မှာပဲ ဂုဏ်ပြုဖို့အတွက်ပန်းခြင်းလာပို့ပေးတဲ့ Bloom app ကိုတည်ထောင်ထားတဲ့ ဝါရန်တို့လုပ်နေတဲ့ ပန်းပို့ပေးတဲ့စီးပွားရေးကို မေစီတစ်ယောက် သိပ်ကိုစိတ်ဝင်စားသွားပါတယ်။ဒါပေမဲ့ မေစီနောက်ကနေလိုက်စည်းရုံးပေမဲ့ ဝါရန်တစ်ယောက်သဘောမတူတဲ့အခါမှာတော့ မေစီတစ်ယောက် ဝါရန်ကို ဘယ်လိုသဘောတူအောင်သိမ်းသွင်းမှာလဲ သူ့ရဲ့အလုပ်မှာနစ်မြောနေတဲ့ ရည်းစားလေးနဲ့ပဲရေရှည်လက်တွဲသွားမလားဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။
မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။
တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့တာကနေဇာတ်လမ်းစလာပါတော့တယ်...
ဇာတ်လမ်းအကျဉ်း
ကေစီက ဥပဒေကျောင်းတက်နေတဲ့သူဖြစ်ပြီး မောင်တစ်ယောက်ရှိပါတယ်။ မောင်နှမနှစ်ယောက်ရဲ့အမေဆုံးပြီးကတည်းက ခနခန ခိုးမှု၊အလစ်သုတ်မှုတွေနဲ့အဖမ်းခံရပြီး ပျက်စီးနေတဲ့ ကေစီ့ရဲ့မောင်လေးက တနေ့မှာ လူသတ်မှုနဲ့စွပ်စွဲခံခဲ့ရပြီးထောင်ကျခဲ့ပါတယ်။ မောင်ဖြစ်သူကို အမှုကနေကွင်းလုံးကျွတ်လွတ်အောင်ကယ်တင်ဖို့ ကေစီနဲ့ ကေစီ့သူငယ်ချင်းတွေပူးပေါင်းပြီး လူသတ်တရားခံအစစ်ကိုရှာဖွေရမှာပါ..
Skeletons in the Closet (2024)

Genre -Horror/Thriller

🪴 Movie Link 🪴
➡️ https://t.me/YNMOVIEBOT?start=Z2V0LTE3NDg4Mzk0NzM2NDQ0OTA


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
Skeletons in the Closet (2024)
ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်
~ ဇာတ်လမ်းအညွှန်း ~
သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ
12.12: The Day(2023)

Drama, History, War, Thriller, Crime

(မင်မင်တို့ YN ချန်နယ်မှဘာသာပြန်တင်ဆက်ပေးထားပါတယ်)

ဒါလေးကတော့ ဖြစ်ရပ်မှန်အခြေပြု Action / Darma ကားလေးပါ။ ၁၉၇၀ ပြည့်နှစ်ကာက တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတကြီးလုပ်ကြံခံရချိန်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ်ရဲ့ ၀င်ငွေအကောင်းဆုံး ကားတစ်ကားဖြစ်ခဲ့ပါတယ်။

သမ္မတလုပ်ကြံခံရပြီး မာရှယ်လောထုတ်ပြန်ထားတဲ့ တောင်ကိုရီးယားနိုင်ငံအတွင်းက စစ်ဘက်အရာရှိတွေကြားက ပဋိပက္ခတွေ​နဲ့အတူ ဖြစ်လာတဲ့အပြောင်းအလဲတွေကို သမိုင်းအခြေပြုရိုက်ကူးထားပါတယ်။

🫰🫰🫰🫰🫰🫰🫰🫰🫰

🚨Telegram Link
https://t.me/YNMOVIEBOT?start=Z2V0LTE1MjM0NzM1NjIwOTIzNjU


Website မှာလဲ တိုက်ရိုက်ကြည့်လို့ရပါပီ
https://ynmoviechannel.org/movies/12-12-the-day
ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး…ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်…လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ…ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်…အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့  The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ…ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း  အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့…ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…ကြည့်သင့်တဲ့ကားပါ…တန်ပါတယ်…
ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဘာရွန်ဟာ လည်လည်
ဝယ်ဝယ်မရှိတဲ့လူရိုးလေးဖြစ်ပြီး ရောဂါသည်အမေကြီးကိုပြုစုနေရသူပါ..။ငွေရေးကြေးရေးက သိပ်မပြေလည်လို့ မိခင်ကြီးရဲ့ဆေးဖိုးအတွက် ရုန်းရင်းကန်ရင်း တစ်နေ့မှာအလုပ်ဖြုတ်ခံလိုက်ရပါတယ်…။အဲ့ဒီနေ့မှာပဲ မာမလိတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံပြီးအချစ်ရဲ့ ကြိုးဆွဲရာကတဲ့ရုပ်သေးဖြစ်ခဲ့ရပါတော့တယ်…။ဒီကောင်မလေးရဲ့ စေခိုင်းမှုကြောင့် နုံအအနဲ့ ချစ်မျက်ကန်းတစ်ယောက်ဖြစ်တဲ့ ဘာရွန်တစ်‌ယောက် ဘဏ်ဓားပြဘယ်လိုတိုက်မလဲထောင်ဘယ်လိုဖောက်မလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာမြင်တွေ့ရမှာပါ….။
ပစ်ခ်မန်းကော်ပိုရှင်းက ပင်လယ်ရေအောက်မှာအဝေးထိန်းယာဉ်တွေနဲ့ စူးစမ်းရှာဖွေနေရင်းနဲ့အနက်ဆုံးတစ်နေရာမှာ ထူးဆန်းတဲ့ဂိတ်တံခါးဝကိုတွေ့သွားပါတယ်။
အဲ့ဂိတ်တံခါးထဲကိုရှာဖွေဖို့အတွက် ပစ်မန်းကော်ပိုရေးရှင်းမှာအလုပ်လုပ်နေတဲ့ ဒေါက်တာ ဂိုးစတိန်းစ်ဟာ ပညာရှင်တစ်ချို့လိုက်လံစုဆောင်းပါတယ်၊ ဇီဝဗေဒပညာရှင် ခရစ်စတင်း ၊ကော်ပိုရေးရှင်းမှာအလုပ်လုပ်ခဲ့တဲ့ဝေါ့တ် ရဲ့သားဖြစ်သူဂျိန်းစ်ပီတာစ် အပါအဝင်အခြားသောပညာရှင်တွေခေါ်ယူခဲ့ပါတယ်။နှစ်လတာလေ့ကျင့်ရေးဆင်းပြီးနောက်မှာတော့ကပ္ပတိန်အက်ကင်းစ်ဦးဆောင်တဲ့စူးစမ်းရှာဖွေရေးအဖွဲ့ဟာအနက်ဆုံးပင်လယ်အောက်ခြေမှာရှိတဲ့ဂိတ်တံခါးဆီကိုသွားပါတော့တယ် အောက်ခြေရောက်လေမှောင်မဲလေဖြစ်တာကြောင့် ယာဉ်တပ်ဆင်ထားတဲ့မီးတွေကို အားကိုးပြီးတော့တံခါးပေါက်ထဲကိုဝင်သွားတဲ့အခါမှာတော့ ထူးဆန်းမှုတွေစတင်ဖြစ်လာပါတော့တယ်….
ဇာတ်လမ်းအကျဉ်းလေးကတော့ လေလံအိမ်​ေတွေမှာပ်လုပ်ရတဲ့ ANAတစ်ယောက် လေလံပွဲတစ်ခုမှာ အမှားလေးတစ်ခုကို အချိန်မှီပြင်ပေးလိုက်ရာကနေ သူ့သူဌေးစီက သတိထားမှုကိုခံလိုက်ရပြီး လန်ဒန်ခရီးစဉ်ကို ပါသွားပါတော့တယ်။သူဌေးရဲ့လက်ထောက်တွေက အကျင့်ရုပ်ပြီး လေယာဉ်ရဲ့ အိမ်သာနားကခုံမှာလတ်မှတ်ဝယ်ပေးထားလိုက်ပေမယ့် လတ်မှတ်ဖြတ်တဲ့လူက သူ့ကိုသနားပြီး အဆင့်မြှင့်ပေးလိုက်ရာကနေ အထူးတန်းကိုရောက်သွားပါတော့တယ်။ အဲ့လိုနဲ့ပဲ သူ့ဘေးခုံမှာလာထိုင်တဲ့ ကောင်လေးတစ်ယောက်နဲ့ အဆင်ပြေသွားပြီး သူ့ကိုယ်သူ နယူးယောက်ကဒါရိုက်တာလို့ လိမ့်ပြောမိခဲ့ရာမှ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ သူ့အလုပ်မှာရော ဘယ်လိုအခက်အခဲတွေရှိမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ရှုခံစားလိုက်ကြပါအုံး....
တစ်ကားလုံးဟိုလျှောက်သွားဒီလျှောက်သွား ဟိုလူနဲ့စကားပြောဒီလူနဲ့စကားပြောနဲ့ မျက်စိနောက်နေတာတွေမကြိုက်ရင်တော့ဒီကားကြည့်ဖို့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဇာတ်ကားနာမည်က Trunk Locked In ဆိုတဲ့အတိုင်းပဲ တစ်ကားလုံးနီးပါးကားနောက်ဖုံးထဲမှာပဲအဖမ်းခံထားရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားလို့ပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာပဲနောက်ဖုံးထဲမှာအဖမ်းခံထားရပြီး ဘာမှလဲမမြင်ရမကြားရ သူနဲ့သူ့ဖုန်းတစ်လုံးပဲရှိပါတယ်။ဖုန်းတောင်မှသူ့ကိုပြန်ပေးဆွဲလာတဲ့လူကသတိမထားမိပဲ ကံကောင်းလို့ကျန်နေခဲ့တာပါ။အဲ့ဒါနဲ့အဲ့ဒီဖုန်းတစ်လုံးကိုသုံးပြီးလွတ်မြောက်ဖို့အတွက်ကြိုးစားပုံတွေကိုနောက်ခန်းထဲမှာပဲရိုက်ကူးထားတာဆိုပေမဲ့ ကြည့်ရတာစိတ်ဝင်စားစရာကောင်းစေမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။