YN - 2 {2024 Update အသစ်များ}
38.7K subscribers
1.33K photos
1.33K links
Download Telegram
ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ကောင်မလေးက ပြန်ကောင်းဖို့လမ်းစလည်းရတော့ ဆက်ရှင်သန်ဖို့ကြိုးစားတယ်။ ကောင်လေးကလည်း ကောင်မလေးကျောင်းမှာ အလုပ်လုပ်နေတော့  သူတို့ ရေစက်ထပ်ဆုံဖို့ဖြစ်လာတယ်။ ဒီကနေ မတူတဲ့ဘဝနှစ်ခု ရေစက်ဆုံရာက အိပ်မက်တွေသက်သက်ပဲဖြစ်သွားမလား။ တကယ်ဖြစ်လာမလား တခြားအကွေ့အချိုးတွေနဲ့ ဆက်ကြည့်ရမှာပါ။ နောက်ထပ်ကာရိုက်တာ တစ်ယောက်နဲ့အချိတ်အဆက်လုပ်ထားတာလည်း ရှိသေးတာမို့ ဇာတ်လမ်းအစစ်က ကျွန်တော်အကျဉ်းပြောခဲ့သလောက်တော့ ပျင်းဖို့မကောင်းပါဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းက ကမ္ဘာချင်းမတူတဲ့ မျက်မမြင်ကောင်မလေးနဲ့ အအကောင်လေးရဲ့ မဖြစ်နိုင်တဲ့အချစ်တစ်ခုကို ဖြစ်အောင်လုပ်ကြည့်ကြတဲ့အကြောင်းပါပဲ။
ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က “For King&Country”ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ်
သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ်
အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ”ဒေးဗစ်”နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်
Wishes of the Blue Girl (2024)

ဒီဇာတ်လမ်းလေးရဲ့ ဇာတ်အိမ်ကတော့ နည်းနည်းထူးဆန်းတယ်လို့ပြောရမယ် ကောင်မလေးတစ်ယောက်က တစ်ခုခုကိုကြောက်ပြီး အိမ်ထဲမှာပဲပုန်းနေခဲ့တာ သူငယ်ချင်းတွေ အိမ်ကလူတွေကိုလည်း မဆက်သွယ်ခဲ့ဘူး အစကဒီကားကိုtime travelကားလို့ ထင်ခဲ့တာတကယ်ကမဟုတ်ပါဘူးနည်းနည်း Psychoဘက်ရောက်တယ်လို့ပြောရမှာပေါ့ Horroလို့လည်းပြောလို့ရမယ် တစ်စိမ့်စိမ့်ကြည့်ပြီးကျောချမ်းစေမယ့်ကားမျိုးပေါ့ Horror Psychoအမျိုးစားကြိုက်တဲ့လူမျိုးတွေအတွက်ဆို တကယ်သင့်တော်မဲ့ကားမျိုးမလို့ ကြည့်ရှုပေးကြပါဦး...
The Girl Locked Upstairs: The Tanya Kach Story (2024)

Genre - Crime / Drama

🪴 Movie Link 🪴
➡️https://t.me/YN2024MOVIE/110


❗️== Join Now ==❗️
💟YN Main Channel
🟡Eng၊ကိုရီးယား၊ထိုင်းကား
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
1996 ခုနှစ်တုန်းက ပန်ဆယ်ဗေးနီးယားမှာ ကန်ညာ ကတ်ခ်ျ ဆိုတဲ့ ၁၄ နှစ်အရွယ်မိန်းကလေးဟာ ‌ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုပျောက်သွားပြီး ဆယ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာမှ သူ့ကို လုံခြုံရေးအစောင့်ရဲ့ နေအိမ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အဲလစ်ဇဘက် ဟာလည်း ပြန်ပေးဆွဲမှုကနေ လွတ်မြောက်လာသူဖြစ်ပြီး ကန်ညာရဲ့ ဇာတ်လမ်းကို ပြန်မျှဝေပေးဖို့အတွက် ကန်ညာ ဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုကနေ အခု ဒီဇာတ်ကားလေး ရိုက်ဖြစ်သွားကြတာပါ။ဒီဇာတ်ကားကိုကြည့်ရတာ စိတ်ရှုပ်စရာအခြေအနေတွေတော့ ပါနေပါလိမ့်မယ်။ လုံခြုံရေးအစောင့်က ၁၄ နှစ်အရွယ်သမီးလေးကို မြူစွယ်နေတာတွေ အခန်းထဲမှာပိတ်ပြီး အလိုမတူ ဆက်ဆံတဲ့အကြောင်းအရာတွေ ပါနေတဲ့အတွက် စိတ်မသက်မသာတော့ဖြစ်မိမှာပါပဲ။ ကန်ညာတစ်ယောက် ဘယ်လို ဆင်းရဲ ဒုက္ခတွေခံခဲ့ရတယ် ဘယ်လိုလွတ်မြောက်အောင်လုပ်ခဲ့တယ် ဆိုတာတွေကိုတော့ ဒီကားထဲမှာကြည့်ပေးကြပါဦး။
ဒီကားလေးက လူတစ်ယောက် ကအလုပ်လုပ်နေရင်း Frontroomထဲကို ရောက်သွားတဲ့အကြောင်းကိုရိုက်ပြထား တာဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ Frontroomအကြောင်းကိုသေချာ အသေးစိတ်ရှင်းပြထားတဲ့အတွက် ကြောင်း ထူးထူးဆန်းဆန်းသိပ္ပံဘက်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ လက်လွှတ်မခံသင်တဲ့Science Mysteryဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်ဗျာ
ဂျက်စီကာနဲ့ ကားလ်တို့ ဇနီးမောင်နှံမှာ ကောလိပ်တက်တော့မယ့် သမီးတစ်ယောက်ရှိသော်ငြား ဂျက်စီကာက အသက် ၄၀ လည်း ကျော်လာပြီးဖြစ်ကာ ကလေးနောက်တစ်ယောက်ထပ်လိုချင်တဲ့အတွက် ဂက်ဘီလို့ ခေါ်တဲ့ ၈ နှစ်သမီးအရွယ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပါတော့တယ်။ဂက်ဘီက အိမ်ကိုစရောက်လာစဉ်ကတော့ ကောင်းမိကောင်းလျက်နဲ့ တဖြေးဖြေး ဗီဇကပေါ်လာပြီး တစ်အိမ်လုံးကို ပြဿနာရှာတော့တာပါပဲ။ ဂျက်စီကာအနေနဲ့ သူမအပေါ် သံသယရှိပေမယ့် ကားလ်က သူမပြောသမျှကို မယုံကြည်ပါဘူး။ လူမှုဆက်ဆံရေးဘဝတွေမှာပါ မိတ်ပျက်လောက်တဲ့အထိ ပြဿနာရှာလာတဲ့ ကလေးကို သူတို့မိသားစု ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Forwarded from YN { Main Movie Channel } (Dr Yoe)
အနိူင်ငွေတိုင်းအတွက် စိတ်ချရပြီး တစ်ချက်ကောင်းရင် တစ်သက်လုံးအတွက် အိတ်ဖောင်းစေမယ့် jdbYG

ဂိမ်းအကောင့်ဖွင့်ရန်

➡️
https://bit.ly/3W3zpE3

နေ့စဉ်ဘောလုံးပွဲခန့်မှန်းပြီး Free 5,000 ကျပ်အကန့်အသတ်မရှိရယူရန်👇👇

➡️
https://t.me/jdbygofficial

တိုက်ရိုက်ဆက်သွယ်ရန်
☎️Phone - 09777999894 / 09899988776
Viber Link -
http://ygjdb.net/YGg197
Telegram - 
t.me/jdbygbot
Facebook Page -
https://www.facebook.com/jdbyg.main
ဂျန်ဆိုတဲ့ သူနာပြုအမျိုးသားတစ်ယောက် ဆယ်ကျော်သက်ဘ၀မှာ အဖေဖြစ်သူရဲ့အဓမ္မကျင့်ခံခဲ့ရတဲ့
စိတ်ဝေဒနာကြောင့် မိသားလေးတစ်ခုပိုင်ဆိုင်ထားပေမဲ့ ပုံမှန်ဘ၀နဲ့ရှင်သန်နိုင်ခြင်းမရှိခဲ့။အဖေဖြစ်သူဆီက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ခံစားခဲ့ရတဲ့စိတ်ဝေဒနာကြောင့်
ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့နေရာမှာလည်း အဆင်ချောမနေခဲ့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာ အဖေဖြစ်သူကင်ဆာနဲ့ဆုံးခါနီး မဖြစ်မနေသွားတွေ့ဖို့ကြုံလာရတဲ့အခါ။
လောကဓံရဲ့ အရိုက်အနှက်ကိုလည်း နာကြင်စွာခံစားနေရတဲ့အချိန်ဖြစ်နေလေတော့။
ဒီဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်မှာ ဂျာမနီနဲ့အမေရိကန်တွေဖြစ်ခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့စွန့်စားခန်းတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဂျင်မ်ဆိုတဲ့ကောင်လေးက သူ့အဖေပိုင်တဲ့မွေးမြူရေးခြံကြီးထဲမှာငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာခဲ့တဲ့ဒွန်နဲ့လက်စ်တို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့တစ်နေ့ဒီမွေးမြူရေးခြံကြီးထဲမှာပဲနေရတဲ့ဘ၀ကြီးက သူများတွေအတွက်တော့ အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့သူ့အတွက်တော့ ငြီးငွေ့စရာဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပထမကမ္ဘာစစ်ကြီးကလည်း ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်စစ်ဝင်တိုက်ပေးစရာမလိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ခေါ်တာကတစ်ကြောင်းသူကိုယ်တိုင်ကလည်း ဒီဘ၀ကြီးကနေ ရုန်းထွက်ချင်တာကတစ်ကြောင်းကြောင့် တပ်ထဲဝင်ပြီးစစ်တိုက်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ဂျာမန်တွေကို တိုက်ထုတ်ရင်း သူကြုံတွေ့ရမဲ့စွန့်စားခန်းတွေ သူ့ရဲ့ကူညီချင်စိတ်ပြင်းပြမှုကြောင့် စစ်သားတွေကိုကယ်တင်ခဲ့တာတွေပစ်မလွဲဆိုတဲ့နာမည်ပြောင်ဘယ်လိုရလာတယ်ဆိုတာတွေနဲ့ တခြားသောစစ်မြေပြင်ပေါ်မှာ ရသပေါင်းမျိုးစုံကို တွေ့ရမဲ့စစ်ကားတစ်ကားပဲဖြစ်ပါတယ်။