YN - 2 {2024 Update အသစ်များ}
36.5K subscribers
1.2K photos
1.2K links
Download Telegram
မရိန်းတပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီးဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမေရိကန်သမ္မတကအက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တိုဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကိုမပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့Air Force One လေယာဉ်ကိုဝင်စီးပြီး စာချုပ်ကိုဖျက်သိမ်းခိုင်းဖို့ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်ကသမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲဖြစ်ပါတယ်..
Lights Out (2024)

Genre - Action

🪴 Movie Link 🪴
➡️ https://t.me/UPDATE24C1/154


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
ဒီတစ်ခေါက်မှာတော့ ရှေ့ရက်ပိုင်းလေးကမှ ထွက်ရှိလာတဲ့ ပေါ့ပေါ့ပါးပါး Action ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အိမ်ခြေရာမဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ဒပ်ဖ်ဖီ ဟာ တစ်နေ့တော့ ဘားတစ်ခုမှာ ရောက်နေရာကနေ ရန်ဖြစ်မိပါတယ်။ ဒါကို မကြာခင်ကမှ ထောင်ကလွတ်လာတဲ့ မက်စ်ဘွန်မာက မြင်ပြီး ဒပ်ဖ်ရဲ့ အရည်အချင်းတွေကို သဘောကျသွားတဲ့နောက်မှာတော့ သူ့ကို ပိုက်ဆံများများရှာနိုင်တဲ့ မြေအောက်သတ်ပွဲတွေမှာ တိုက်ခိုက်ဖို့ ကမ်းလှမ်းပါတော့တယ်။ အဲဒီနောက် သတ်ပွဲတွေမှာ ဝင်ပါမိရာကနေ ဘယ်လိုအရှုပ်အထွေးမှာ ဝင်ပါမိကြမလဲ...
အဲဒီအရှုပ်အထွေးတွေကနေ နှစ်ယောက်သား လွတ်မြောက်အောင် ဘယ်လိုရုန်းထွက်ကြမလဲ ဆိုတာကို ကြည့်ရှုကြရမှာပါ။
Land of Bad (2024)

Action, Thriller

(မင်မင်တို့ YN ချန်နယ်မှဘာသာပြန်တက်ဆက်ပေးတဲ့)

ဒီကားလေးကတော့ စစ်အက်ရှင်ကကြမ်းကြမ်းကို သဘောကျသူများအကြိုက်တွေ့မယ့်ကားလေးပါ။

စီအိုင်အေအေးဂျင့်တစ်ယောက် ပြန်ပေးဆွဲခံရတာကို ကယ်ဆယ်ဖို့ လေတပ်ကအထူးတပ်သားတစ်စုနဲ့အတူ အတွေ့အကြုံနုသေးတဲ့တပ်သားသစ်လေး ကန်နီပါ ပူးတွဲပါ၀င်ခဲ့ပါတယ်။

စိတ်စင်စားစရာ ခပ်ကြမ်းကြမ်းတရစပ်ရိုက်ချက်တွေ ဝေဟင်မြင်ကွင်းတွေ လက်ရုံးချင်းယှဥ်တိုက်ရမယ့်တိုက်ကွက်တွေ ဖောက်ခွဲရေးအထူးပြုလုပ်ချက်တွေအစုံအလင်နဲ့ မရိုးနိုင်အောင်ရှုစားရမယ့် စစ်အက်ရှင်ကားကောင်းလေးပါ

🫰🫰🫰🫰🫰🫰🫰🫰🫰

ကြည့်ရန်Telegram Link
https://t.me/ynmovieorg/14
https://t.me/ynmovieorg/14


Website မှာလဲ တိုက်ရိုက်ကြည့်လိုရပါပီ
https://ynmoviechannel.org/movies/land-of-bad
ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစား
အင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကိုခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင်
သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲမနေနိုင်အောင် မြင်တွေ့ရဦးမှာပါ…။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲကရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ…
Noryang: Deadly Sea (2023)

Genre - Action/ Drama / History

🪴 Movie Link 🪴
➡️ https://t.me/YNMOVIEBOT?start=Z2V0LTE1MzM0ODk4MjQ4MjgwMTU


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ….အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်….ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး…
This Is Me... Now (2024)

Genre - Drama / Music

🪴 Movie Link 🪴
➡️ https://t.me/UPDATE24C1/158


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
ရှားရှားပါပဲ။ငယ်ငယ်လေးကတည်းကအရမ်းတွေသဘောကျခဲ့ရတဲ့အဖက်ဖက်ကပြည့်စုံနေတဲ့မမတစ်ယောက်ဆိုလဲမမှားပါဘူး။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ဂျနီဖာလိုးပက်ဇ်ကိုယ်တိုင်မင်းသမီးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး တစ်ကားလုံးမှာလဲသူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Album ထဲကသီချင်းတွေကိုထည့်သွင်းထားပါတယ်ဒီဇာတ်ကားလေးမှာအဓိကအနေနဲ့အချစ်ရဲ့အနက်အဓိပ္ပာယ်ကိုအချစ်မရှိရင်မနေနိုင်တဲ့ကောင်မလေးတစ်ယောက်ရဲ့ဘ၀နဲ့နှိုင်းယှဉ်ပြသထားပါတယ်။အဲ့ဒီကောင်မလေးကငယ်ငယ်လေးကတည်းကသူကြားခဲ့ဖူးတဲ့နှင်းဆီပန်းလေးနဲ့ပျားပိတုန်းနတ်သမီးပုံပြင်ကိုစွဲလမ်းနေပြီးတစ်ချိန်ချိန်မှာသူ့အတွက်အချစ်စစ်နဲ့ကြုံတွေ့ရမယ်လို့ယုံကြည်ထားပါတယ်။ဒါပေမယ့်သူကအချစ်မရှိရင်မနေနိုင်သလို သူရရှိခဲ့တဲ့အချစ်တွေနဲ့လဲရေရှည်မတည်မြဲခဲ့ပါဘူး။အမြဲတမ်းအချစ်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေရပြီးအိမ်ထောင်လေးခေါက်ကျပြီးတဲ့အထိအချစ်ကံခေနေတဲ့သူမ အချစ်ရဲ့အဓိပ္ပာယ်အစစ်အမှန်ကိုသိလာရတဲ့အချိန်မှာတော့သူ့ဘ၀ကဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ
တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်…
ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး
အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး
အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာ
အတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့
လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့
Hunt The Wicked 2024

Genre - Action/ Crime/ Drama

🪴 Movie Link 🪴
➡️ https://t.me/UPDATE24C1/160


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့
ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့
မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့်
အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေ
ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။
ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှ
ဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့…
DogMan (2023)

Genre - Western/ Action / Drama / Crime

🪴 Movie Link 🪴
➡️ https://t.me/YNMOVIEBOT?start=Z2V0LTE1MzU0OTMwNzczNzUxNDU


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။
Broken Mission 2024

Genre - Action / Crime

🪴 Movie Link 🪴
➡️ https://t.me/UPDATE24C1/162


❗️== Join Now ==❗️
💟YN Main Channel

🟡2024 အသစ်သီးသန့်
🟢
Bollywood သီးသန့်
🔴
သရဲကားသီးသန့်
တရားဥပဒေဆိုတာ ပြည်သူတွေကိုအကျိုးပြုဖို့အတွက်ဆိုပေမယ့်
ကိုယ်ကျိုးအတွက်အာဏာပါဝါကိုအသုံးချပြီးတော့
တရားဥပဒေအပြင်ဘက်မှာနေနေတဲ့လူတွေဟာရှိနေတတ်စမြဲပါပဲ။တရားဥပဒေကိုအားကိုးလို့မရတော့
ကိုယ်တိုင်တရားစီရင်ဖို့လုပ်လာတဲ့ Batman လိုလူမျိုးပေါ်လာပါတယ်။
ကိုယ့်ကိုယ်ကိုတရားသောဘက်ကနေပြီး အလုပ်လုပ်နေတယ်လို့ထင်ပေမယ့်
တကယ်တော့ သူကလက်စားချေဖို့အတွက် ပြစ်မှုတွေဆက်တိုက်ကျူးလွန်နေတာပါ။
ဒီလျို့ဝှက်ပြီး အင်အားတောင့်တဲ့တရားခံကို ဟောင်ကောင်ရဲတွေက
ဘယ်လိုကြိုးစားပြီးဖော်မလဲဆိုတာကို ရိုက်ထားတာပဲဖြစ်ပါတယ်။
ဒီအမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနဲ့ပတ်သက်နေမလဲ …..
ပိပိရိရိအကွက်ချပြီး ကျူးလွန်နေတဲ့ တရားခံကိုဘယ်လိုဖမ်းကြမလဲ……
ဝါရင့်သရုပ်ဆောင်တွေချည်းပဲမလို့ အားလုံးရဲ့သရုပ်ဆောင်ချက်တွေက
အပိုအလိုမရှိ ကွက်တိကျပြီး ကြည့်ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက်
တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။
ကမ္ဘာကြီးဟာလဲ စစ်တိုက်နေရတာနဲ့အချိန်တွေကုန်နေပြီး သဘာဝပတ်ဝန်းကျင်ကို လျစ်လျှုရှုထားကြပါတယ်။
ဒါပေမဲ့ ခုလိုအက်စစ်ပမာဏတွေများလာတဲ့ မိုးရေတွေဟာ အက်စစ်မိုးများအဖြစ်နဲ့ ကမ္ဘာပေါ်ကိုပြန်လည်ရွာချလာပါတယ်။
အရင်ကအက်စစ်မိုးတွေဟာ အပင်တွေကို ပျက်စီးစေတာလောက်ပဲ အန္တရာယ်ရှိပေမဲ့
ခုမှာတော့ သက်ရှိတွေကိုပါ သေစေနိုင်လောက်တဲ့အထိ အက်စစ်ပမာဏများပြားလာပါတယ်။
ဒီလိုသဘာဝဘေးအန္တရာယ်တွေကြားမှာ မိသားစုတစ်စု အက်စစ်မိုးတွေကြား
ဘယ်လို လွှတ်မြောက်အောင် အသက်လုပြီး ကြံဆပြီး ဘေးကင်းရာဒုက္ခသည်စခန်းကို သွားမလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။