YESC Call Center
13.3K subscribers
174 photos
1 link
Download Telegram
😢136👍63❤16😱11🤣9🖕6👏3
မိဘပြည်သူများထံသို့ မေတ္တာရပ်ခံအသိပေးပန်ကြားခြင်း

၁။ ယနေ့ (၃၀.၃.၂၀၂၅) ရက်နေ့၊ (၀၃:၀၃) နာရီ အချိန်ခန့်တွင် အလုံဓာတ်အားပေးစက်(၁)လုံး စတင်ရပ်တန့်သွားပြီး ရန်ကုန်မြို့ရှိ ဓာတ်အားပေးစက်အားလုံး ဆက်လက်ရပ်တန့်ခဲ့ပါသဖြင့် ရန်ကုန်ဓာတ်အားပေးစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွားခဲ့ပါ သည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စက်ရုံအားလုံး ပြန်လည်မောင်းနှင်ချိတ်ဆက်ရန် ‌ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထုတ်လုပ်နိုင်မှုနှင့်သုံးစွဲမှု အချိုးညီစေရေး ထိန်းညှိလျှက် ဓာတ်အားပြန်လည်ဖြန့်ဖြူးလျှက်ရှိပါကြောင်းမိဘ ပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍218😢73❤51🖕40🤬17🤣16👎15⚡4🤮3
👍70🤣33🖕21❤10😁3
👍66🖕24🤣12👌3❤1🗿1
👍42🖕20🤮5❤4👏4😡3🤔2🗿2
🖕32👍23💩8❤5🤮3
👍60❤24🖕9💩7
👍34🖕10❤6😈1
👍40🤣17❤10🖕6😡1
👍21❤8🖕6❤‍🔥3
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

၁။ ယနေ့(၂၃.၅.၂၀၂၅)ရက်နေ့ ၊ (၁၁:၄၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိ သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်မှု (450MW )ခန့် လျှော့နည်းလျက်ရှိပါသည်။
၂။ ထို့အပြင် ယနေ့ (၁၆:၂၂) နာရီအချိန်ခန့်တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ- လှိုင်သာယာ ဓာတ်အားလိုင်းသည် ထန်းတပင်မြို့နယ်၊ တံတားဦး ကျေးရွာအနီး ၊ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ (၂) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်း ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းသို့ ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျလျှက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များတွင်ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေး ပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍65😭21👎2🫡2❤1😢1🙏1
👍39🥴4🖕3😢1👻1
👍44🖕4😢2
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၂၅.၅.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့တို့တွင် အချိန်ပိုင်းယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍74❤11💩4👎2
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်း တည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့်မလွတ်ကင်း သော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် 230kV ဓာတ်အားလိုင်း တည် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV လှော်ကား - ပုလဲ-လှည်းကူး - ရွှေပေါက္ကံဖီဒါအား (၂၇.၅.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီ အချိန်အထိ ဓာတ်အား ပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက္ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ ထောက်ကြန့်မြို့၊ ဖောင်ကြီးမြို့များရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍70❤13🖕2
👍47🖕16❤12👌4🥴3
❤14👍10🖕4