YESC Call Center
12.9K subscribers
145 photos
1 link
Download Telegram
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++++

ယနေ့ (၁၀.၃.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၃:၅၅) နာရီအချိန်ခန့်တွင် ဓာတ်အားစနစ် (တောင်ပိုင်း)အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေးအချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
65👍46🤬9😁3🤣2🍌1🗿1
20👍17
👍275🖕1
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++

ယနေ့ (၁၆.၃.၂၀၂၆) ရက်နေ့၊ (၁၆:၄၅) နာရီအချိန်ခန့်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော ကုက္ကိုင်းဓာတ်အားခွဲရုံ၏ 66/11-6.6kV , (30)MVA ထရန်စဖော်မာ နှင့် 33/11-6.6kV , (20)MVA ထရန်စဖော်မာ တို့၏ Cable မှ အသံမြည်ပြီး အပြစ်ဖြစ်သွားပါသဖြင့် ဓာတ်အားပြတ်တောက်ခဲ့ပါသည်။
၎င်း Cable အပြစ်ကြောင့် ရန်ကင်းမြို့နယ်၏ (၅၊၆၊၇၊၈၊၉၊၁၁၊၁၂) ရပ်ကွက်တစ်ခြမ်းနှင့် ဗဟန်းမြို့နယ်အတွင်းရှိ ပြည်ထဲရေးရုံး၊ ဆရာစံရပ်ကွက်၊ ဆရာစံမြောက်၊ အနောက်ရပ်ကွက်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်မွန်ကွန်ဒို၊ စက်မှုဝန်ထမ်းအိမ်ရာများ ယာယီဓာတ်အားပြတ်တောက်နေပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေးအချိန်နှင့် တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍658👎1
လျှပ်စစ်ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားချက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် (၄,၆၆၄) မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ (၅၀၀) မဂ္ဂါဝပ် ထပ်မံ ဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ (၇၇) ရာခိုင်နှုန်းဖြစ်သော (၃,၆၀၀) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင်စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန် အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလဖြစ်သော်လည်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန် အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရပါ သည်။
၃။ သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲပြီးစီးသွားသည့်ရက်များမှ စတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတု ပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ/ အချိန်များတွင် ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ်များကို (၁၈-၃-၂၀၂၆)ရက်မှ စတင်ပြုလုပ်ရမည်ဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အား လိုင်းများအား ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားပါမည်။ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲ ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
👍7925🖕8😁3🤮3👎2🥰2🤡1
🤣38👍2611🖕9🤡1
15👍12🖕3🙊1
17🖕10👍5🤗2
🖕86👍4
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++

၁။ (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြို့နယ်အနီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၂) တိုင် ပြိုလဲခဲ့ပြီး တာဝါတိုင် (၂) တိုင်မှာ တိမ်းစောင်းသွားခဲ့ရာ ၎င်းဓာတ်အားလိုင်း မှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၄၀၀) မဂ္ဂါဝပ် ခန့်မှာ ထုတ်လုပ်နိုင်မှု လျော့နည်းလျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု လျော့နည်းလျက်ရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍50😢25🤣95🤡2🖕1
မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
+++++++++++++++++++++++++++++
(၂၇.၃.၂၀၂၆) ရက်နေ့၊ (၁၁:၄၁) နာရီအချိန်တွင် (၂၃၀ )ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ ဓာတ်အားလိုင်းသည် မင်းလှမြို့အနီး၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၂) တိုင်ပြိုလဲခဲ့ပြီး တာဝါတိုင် (၂) တိုင်မှာ တိမ်းစောင်းသွားခဲ့ခြင်းကြောင့် ၎င်းဓာတ်အားလိုင်းမှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ခန့်မှာ ထုတ်လုပ်နိုင်မှုလျော့နည်းလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် တာဝါတိုင်များအား ပြန်လည် ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍6123🤣13😢8🤡3🤬1🖕1
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀)+(၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင်ရေးအဖွဲ့များမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့ (၃၁-၃-၂၀၂၆) ရက်နေ့တွင် တာဝါတိုင်အမှတ်(၃၀၉)တိုင်ယိုင်/စောင်းနေမှုအားပြုပြင်ခြင်းလုပ်ငန်း (၇၀%) အားလည်းကောင်း၊ တာဝါတိုင်အမှတ် (၃၁၀) တိုင်ဆင်ခြင်းလုပ်ငန်း (၉၀%)အားလည်းကောင်း ၊ တာဝါ တိုင်အမှတ် (၃၁၁)၏ ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် Stub Setting လုပ်ငန်းများ ဆောင်ရွက်ခြင်း (၉၀%) အားလည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း စုစုပေါင်းပြီးစီးမှု (၆၅%) ဖြစ်ပါကြောင်း နှင့် လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
118👍81🖕7🗿7🫡4👏2
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++

ယနေ့ (၁.၄.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၄:၄၅) နာရီအချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍7822🤣17😁4🌚4🤡3🖕2🗿2😡1
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ ဓာတ်အားစနစ်မှရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကဓာတ်အားပေးနေသော ဓာတ်အားလိုင်းကြီး (၄) လိုင်းရှိရာ ၎င်းလိုင်းကြီး (၄)လိုင်းအနက် အလယ်ရိုးမ အနောက်ဘက်ရှိ ရွှေတောင်မှမြောင်းတကာ(ရန်ကုန်)သို့ သွယ်တန်းထားသည့် ၂၃၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း သည်(၂၇.၃.၂၀၂၆) ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းခွဲဖျက်စီးခံခဲ့ရပါသည်။
၂။ ၎င်းအခြေအနေတွင် ကျန်ရှိနေသော ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းတစ်လိုင်းသည် လိုင်းအပြစ်ဖြစ်ပေါ်ခဲ့ပါသဖြင့် အခြားဓာတ်အားလိုင်း(၂)လိုင်း၌ဝန်အား ပိုမိုစီးဆင်းခြင်းကြောင့် ယနေ့ (၁.၄.၂၀၂၆) ရက်နေ့၊ (၁၄:၄၅) နာရီအချိန်ခန့်တွင် System Breakdown ဖြစ်ပေါ်ခဲ့ရပါသည်။
၃။ သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်စီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာနှစ်ထပ်ဓာတ်အားလိုင်းအားလျှပ်စစ်ဝန်ထမ်း (၁၃၅)ဦးဖြင့် အမြန်ပြုပြင်လျှက်ရှိပြီး လက်ရှိတွင်(၇၅)% ခန့်ပြီးစီးနေပြီဖြစ်ပါကြောင်းနှင့် ဓာတ်အားအမြန်ပြန်လည်ရရှိရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
93👍51🤮15🤣15🖕9😭4🗿3
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
++

ယနေ့ (၂.၄.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၂:၄၈) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍8151🖕30🤣22🤬10🥴7👎3🤡3🔥2🗿2😐1
🖕27👍23👎41🥴1🤣1
မိဘပြည်သူများထံသို့ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပြီးစီးမှု အသိပေးပန်ကြားခြင်း

၁။ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀ + ၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင် ရေးအဖွဲ့များသည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် (၂၈-၃-၂၀၂၆) ရက်မှ (၃-၄-၂၀၂၆) ရက်အတွင်း တိုင်အမှတ် (၃၁၀နှင့်၃၁၁) တာဝါ(၂)တိုင် ပြိုလဲပျက်စီးမှုများအား ပြန်လည် ပြုပြင်နိုင်ရေး ပျက်စီးတာဝါတိုင်များအားဖြုတ်သိမ်းခြင်းနှင့် တာဝါတိုင်အသစ်(၂)တိုင် ပြန်လည်တည် ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ် (၃၀၉ နှင့် ၃၁၂) တာဝါ(၂)တိုင် ယိုင်/ စောင်းမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ်(၃၀၉ မှ ၃၁၂) အကြား ဓာတ်အားလိုင်းကြိုးပျက်စီးမှုနေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းကြိုး၊ Earth Wire၊ OPGW ကြိုးများ ပြန်လည်ချိတ်ဆွဲတပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၂။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် (၂-၄-၂၀၂၆) ရက်၊ (၂၁:၁၅) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁) ဓာတ်အားလိုင်းအားလည်းကောင်း၊ (၃-၄-၂၀၂၆) ရက်၊ (၁၇:၂၀) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၂) ဓာတ်အားလိုင်းအား လည်းကောင်း ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါ အမှတ်(၁+၂) ဓာတ်အားလိုင်းဖြင့် အထက်မြန်မာပြည်မှ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၃၀၀)မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဓာတ်အားပို့လွှတ်ထားရှိပါကြောင်းနှင့် ယခုလက်ရှိအခြေအနေတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ချွေတာသုံးစွဲခြင်းပြုလုပ်ပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
141👍63🖕9😍5🥰2👏2
👍3716🖕10💩3🤣3
👍20🤣2012🖕3😐2
👍199🖕4😁1