YESC Call Center
13.3K subscribers
175 photos
1 link
Download Telegram
👍8🤮6😢1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းသစ်အား ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများ ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ - ကျိုက္ကဆံ ၊ 66kV သာကေတ - ပုသိမ်ညွန့်၊ 66kV သာကေတ - တာမွေဈေး၊ 66kV သာကေတ - ဒဂုံအရှေ့(၂) ဖီဒါများအား (၈.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဉက္ကလာပ မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက် နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍25❤16💩13🤮1👌1🖕1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်နှင့်ကွပ်ကဲရေးဉီးစီးဌာန၊ 230 kV သန်လျင်ပင်မဓာတ်အားခွဲရုံရှိ 33kV သန်လျင် - သုံးခွဖီဒါ၏ GCB, CT, DS, LA တပ်ဆင်ခြင်းလုပ်ငန်းနှင့် 33kV Great Hero ဖီဒါ၏ Bus Connection ကူးခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် 230/33/11 kV , 100 MVA Transformer Bank(1) ၏ 33kV Main(1) နှင့် 230/33/11 kV , 100 MVA Transformer Bank(2)၏ 33kV Main( 2) အား (၈.၂.၂၀၂၅) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက် မည်ဖြစ်ပါသည်။
၂။ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များ၏ ရပ်ကွက်နေရာအချို့နှင့် စက်မှုဇုန်အချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍44💩12❤2😁1
👍22💩4😡4
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်မှ ဓာတ်အား လိုင်းများကြံ့ခိုင်ရေးနှင့် လိုင်းအပြစ်မဖြစ်ပေါ်စေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် 66kV ဘုရင့်နောင်-စိန်ပန်းမြိုင် ဖီဒါအား (၁၈.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍44❤4💩2🖕2👎1
👍19💩3
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
230kV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော 66kV ဧရာဝဏ်ဖီဒါ(၂) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို (၂၃.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၄:၀၀) နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
❤17👍15💩7
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါ၏ သက်တမ်းကြာဟောင်းနွမ်းလျှက်ရှိသော Polymer Insulator များအား အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ-ကျိုက္ကဆံဖီဒါနှင့် 66kV သာကေတ- ကျိုက္ကဆံ(၂) ဖီဒါတို့အား (၂၅.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍50💩5
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါ၏ သက်တမ်းကြာဟောင်းနွမ်းလျှက်ရှိသော Polymer Insulator များအား အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ-ကျိုက္ကဆံဖီဒါနှင့် 66kV သာကေတ- ကျိုက္ကဆံ(၂) ဖီဒါတို့အား (၂၇.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍35💩15🖕5❤1🥰1😁1
👍23🤮6💩3❤1👎1
👍23💩12
👍28💩14🖕5👎1
🖕28👍24❤2😁2
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++++
ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂:၅၀) နာရီ အချိန်ခန့်တွင် မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာယီဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍66❤51😢26🤣26👎11🖕11😁4💩4😭4
💩29🖕25👍16🤬5❤3
မိဘပြည်သူများထံသို့ မေတ္တာရပ်ခံအသိပေးပန်ကြားခြင်း

၁။ ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂:၅၅) နာရီ အချိန်ခန့်တွင် ဖြစ်ပွါးခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ (၂၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် (၄)နာရီနှုန်းခန့်သာ ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက် ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍181❤43😢30😡16👏8🤷‍♀2💩1
😢136👍63❤16😱11🤣9🖕6👏3