YESC Call Center
13.3K subscribers
175 photos
1 link
Download Telegram
👍24🤬14🖕11👎10😁1
နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပိုလွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပိုလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများအား
သတင်းထုတ်ပြန်ခြင်း
***************
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉%) ခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ်ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း များ ဖျက်ဆီးမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့် ဓာတ်အားပိုလွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ ခွဲတမ်းလျော့နည်းရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တိုကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်ရလျက်ရှိပြီး ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် နိုင်သဖြင့် လိုအပ်ချက်၏ (၅၅%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
၃။ ထိုသို ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီး ခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည် တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေ တိုမှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
🤣49👍33🖕24❤22👎6😱4😁2⚡1😢1🍌1🤨1
နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကိုပို့လွှတ်ဖြန့်ဖြူးလျှက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံး ဓာတ်အားပြန်လည် ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှု အခြေအနေများအား ရန်ကုန်လျှပ်စစ်​​ဓါတ်အား​ပေး​ရေးကော်ပို​ရေးရှင်းမှ မိဘပြည်သူများထံသို့ထပ်ဆင့်အသိပေးတင်ပြအပ်ပါသည်။
👍25🤮9💩9❤2👎1
👍38💩27🖕24😁17🤣17🤬9❤5👎4🍌4😭2👌1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV သာကေတ - ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းအား ဓာတ်အားလွှတ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် 66kV သာကေတ - ကျိုက္ကဆံ ဓာတ်အားလိုင်းအား (၉.၁.၂၀၂၅) ရက်နေ့၊ (၁၁:၀၀) နာရီ မှ (၁၃:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်း နှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြား အပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
😁28👍23💩18🖕6❤4👎4🤮4🤡3😭2🥴1
👍17😁17💩8🤮6🤬5🤣5🖕4😭3
👍26🖕8👎7😁6😭5🤬2💩1
👍16💩8🖕7❤4
👍16💩4👎1
👍8🤮6😢1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းသစ်အား ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများ ဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ - ကျိုက္ကဆံ ၊ 66kV သာကေတ - ပုသိမ်ညွန့်၊ 66kV သာကေတ - တာမွေဈေး၊ 66kV သာကေတ - ဒဂုံအရှေ့(၂) ဖီဒါများအား (၈.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဉက္ကလာပ မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက် နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍25❤16💩13🤮1👌1🖕1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်နှင့်ကွပ်ကဲရေးဉီးစီးဌာန၊ 230 kV သန်လျင်ပင်မဓာတ်အားခွဲရုံရှိ 33kV သန်လျင် - သုံးခွဖီဒါ၏ GCB, CT, DS, LA တပ်ဆင်ခြင်းလုပ်ငန်းနှင့် 33kV Great Hero ဖီဒါ၏ Bus Connection ကူးခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် 230/33/11 kV , 100 MVA Transformer Bank(1) ၏ 33kV Main(1) နှင့် 230/33/11 kV , 100 MVA Transformer Bank(2)၏ 33kV Main( 2) အား (၈.၂.၂၀၂၅) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက် မည်ဖြစ်ပါသည်။
၂။ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များ၏ ရပ်ကွက်နေရာအချို့နှင့် စက်မှုဇုန်အချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍44💩12❤2😁1
👍22💩4😡4
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်မှ ဓာတ်အား လိုင်းများကြံ့ခိုင်ရေးနှင့် လိုင်းအပြစ်မဖြစ်ပေါ်စေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် 66kV ဘုရင့်နောင်-စိန်ပန်းမြိုင် ဖီဒါအား (၁၈.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍44❤4💩2🖕2👎1
👍19💩3
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
230kV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော 66kV ဧရာဝဏ်ဖီဒါ(၂) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို (၂၃.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၄:၀၀) နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
❤17👍15💩7
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါ၏ သက်တမ်းကြာဟောင်းနွမ်းလျှက်ရှိသော Polymer Insulator များအား အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ-ကျိုက္ကဆံဖီဒါနှင့် 66kV သာကေတ- ကျိုက္ကဆံ(၂) ဖီဒါတို့အား (၂၅.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍50💩5
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲမှ 66kV သာကေတ-ကျိုက္ကဆံ(၂)ဖီဒါ၏ သက်တမ်းကြာဟောင်းနွမ်းလျှက်ရှိသော Polymer Insulator များအား အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV သာကေတ-ကျိုက္ကဆံဖီဒါနှင့် 66kV သာကေတ- ကျိုက္ကဆံ(၂) ဖီဒါတို့အား (၂၇.၂.၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍35💩15🖕5❤1🥰1😁1
👍23🤮6💩3❤1👎1