YESC Call Center
13.3K subscribers
175 photos
1 link
Download Telegram
👍58🖕22🤣16💩11😁3🤬1
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း -------————----------------------------
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဓာတ်အားခွဲရုံကြီးများတည်ဆောက်ရေးဌာနစိတ်၏ မရမ်းကုန်းမြို့နယ်၊ 66kV တောင်ကမ္ဘာအေးဓာတ်အားခွဲရုံရှိ AIS Switch Bay (၃)စုံအား ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မလွတ်ကင်းသည့် 66kV စိန်ပန်းမြိုင်-တောင်ကမ္ဘာအေး ဓာတ်အားလိုင်းအား (၂၆.၁၀.၂၀၂၄)ရက်နေ့(၁၁:၀၀)နာရီမှ (၁၃:၀၀)နာရီအထိ အချိန်ပိုင်းယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင် ရွက်မည်ဖြစ် ပါသည်။
၂။ သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း မရမ်းကုန်းမြို့နယ် နှင့် ရန်ကင်းမြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ် တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍55😁3👎1
👍29😁41
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
230kV ရွာမဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၂၇.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍57👏107🤣4👎1😁1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ 66/11kV,10MVAရွှေထူးခွဲရုံ၏ 66kV D/S အထွက်တွင် ထိန်း/ပြင်လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် 66kV GIS ဖီဒါ(၅)၊ ဓာတ်အားလိုင်းအား (၃၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက် သွား မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်များရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည် ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေး အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေး ပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍37🖕27🤣93👎1
👍35💩12👎7🖕5🔥2😡2
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
230kV ဒဂုံအရှေ့ - လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်း သော 66kV လှော်ကား - လှည်းကူး - ရွှေပေါက္ကံဖီဒါ နှင့် 33kV ပုလဲ- မဉ္ဇူရီဖီဒါတို့အား ပြောင်းရွှေ့ တည်ဆောက်ခြင်းလုပ်ငန်းကို ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲမှ (၇.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ မှ (၁၅:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက် သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့နှင့် ရွှေပေါက္ကံမြို့နယ်များရှိ ရပ်ကွက်နေရာအချို့ တို့တွင် ယာယီဓာတ်အား ပြတ်တောက် မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍5213🖕8👎2😨1
👍255🥴3👎2😁1
👍51👎3🤣3
👍38🔥3👎21😁1
👍36😁2
👍189👎4
👍20👎2
👍8💩7🖕7😁5🤣1
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(တောင်ပိုင်း)၏ 230kV အရှေ့ဒဂုံ-လှော်ကားဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက္ကံဓာတ်အားလိုင်းအား (၇.၁၂.၂၀၂၄) ရက်နေ့နှင့် (၈.၁၂.၂၀၂၄) ရက်နေ့တို့တွင် (၁၀:၀၀) နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့နယ်၊ ရွှေပေါက္ကံမြို့နယ်များ၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍59🖕20👎155
🖕2019👍8🤮6😁5🤣3
🖕18👍11
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်း တည်ဆောက်ရေးဌာနခွဲ၏ 66kV သာကေတ - ကျိုက္ကဆံ(၂) ဓာတ်အားလိုင်းအား ဓာတ်အားလွှတ်ရန်နှင့် 66kV သာကေတ - ပုသိမ်ညွန့်ဖီဒါမှ 66kV သာကေတ - တာမွေဖီဒါ ခွဲထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင် ရွက်နိုင်ရန်အတွက် 66kV သာကေတ - ပုသိမ်ညွန့်ဓာတ်အားလိုင်းအား (၂၁.၁၂.၂၀၂၄) ရက်နေ့၊ (၁၀:၀၀) နာရီ မှ (၁၄:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်နှင့် တာမွေမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့ တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိ စေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍4710🤣10🖕7👎3💔3😁2🙏1
နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများအား
သတင်းထုတ်ပြန်ခြင်း
***************
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉%) ခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ်ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း များ ဖျက်ဆီးမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ ခွဲတမ်းလျော့နည်းရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်ရလျက်ရှိပြီး ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၄၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် နိုင်သဖြင့် လိုအပ်ချက်၏ (၅၅%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
၃။ ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီး ခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရေရှည် တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
👍83😁2211👎6🥱1🖕1

👍50🖕16😁9💩63👎2
👍22😁41