𝙃𝙚𝙡𝙡𝙤
161 subscribers
1.97K photos
129 videos
14 files
1.13K links
လှပတဲ့ နေ ထွက်ချိန်မြင်ချင်ရင်တော့

လူကြီးမင်းစောစောတော့ ထရမယ်။
Download Telegram
𝙃𝙚𝙡𝙡𝙤
Photo
ကိုယ့်ခြေလှမ်းနဲ့ ကိုယ်လျှောက်ခြင်း

လူငယ်ဘဝဆိုတာ အိပ်မက်တွေ၊ မသေချာမှုတွေနဲ့ လှိုင်းလေထန်တတ်တဲ့ ကာလတစ်ခုပါ။

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အောင်မြင်မှုစံနှုန်းတွေ၊ လူမှုကွန်ရက်ပေါ်က သူတစ်ပါးရဲ့ လှပတဲ့ ဘဝအပိုင်းအစတွေကို ကြည့်ရင်း "ငါကော ဘာတွေဖြစ်နေပြီလဲ" ဆိုပြီး မကြာခဏ အားငယ်စိတ်ပျက်တတ်ကြပါတယ်။

တကယ်တော့ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အချိန်ဇုန် (Time Zone) တွေ ရှိကြပါတယ်။ အသက် ၂၀ ကျော်မှာ အောင်မြင်သူရှိသလို၊ အသက် ၃၀ ကျော်မှ ကိုယ်ဝါသနာပါရာကို ရှာတွေ့ပြီး တောက်ပလာသူတွေလည်း အများကြီးပါ။

သူများပြေးနေလို့ ကိုယ်လိုက်ပြေးစရာ မလိုသလို၊ သူများရပ်နေလို့လည်း ကိုယ်လိုက်ရပ်နေဖို့ မလိုပါဘူး။ အဓိကအချက်က မနေ့ကထက် ဒီနေ့ ကိုယ့်ခြေလှမ်းတစ်လှမ်း ရှေ့ရောက်နေဖို့သာ လိုပါတယ်။

လူငယ်ဘဝမှာ မှားယွင်းမှုဆိုတာ ကျရှုံးခြင်း မဟုတ်ပါဘူး။ မသိသေးတဲ့ လမ်းတစ်ခုကို စမ်းသပ်‌လျှောက်လှမ်းကြည့်လိုက်တဲ့ အတွေ့အကြုံသာ ဖြစ်ပါတယ်။

စိတ်ဓာတ်ကျစရာတွေ၊ လမ်းပျောက်သလို ခံစားရတဲ့ နေ့ရက်တွေ ကြုံလာရတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရမှာက "ဘဝဆိုတာ ပြိုင်ပွဲတစ်ခု မဟုတ်ဘဲ ခရီးစဉ်တစ်ခု ဖြစ်တယ်" ဆိုတာပါပဲ။

ကိုယ့်တန်ဖိုးကို သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းပေါ်မှာ မတည်ဆောက်ပါနဲ့။

မုန်တိုင်းထန်တဲ့နေ့တွေ ရှိသလို သာယာတဲ့ မနက်ခင်းတွေလည်း အနှေးနဲ့အမြန် လာဦးမှာပါ။ ကိုယ့်ရဲ့ ခြေလှမ်းမှန်မှန်နဲ့၊ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ဆက်လျှောက်နေသရွေ့ ဘယ်ခရီးမှ ဝေးတယ်ရယ်လို့မရှိပါဘူး။ ။


ကြိုးစားပါဦးမည်။
-Khun-
#AngĂŠl_AlphĂĄ@mirror148
#Motivation
#AP4U
🥰1
"ချစ်သူနဲ့ ကွေကွင်းရခြင်းသည်
ဒုက္ခလို့ ဆိုကြတယ်...
ဒါပေမဲ့...
ကိုယ့်ချစ်သူကို
ကိုယ်ပြန်မုန်းရတဲ့ ဘဝဟာ
ပိုကြီးသောဒုက္ခပဲ"

-တက္ကသိုလ်ဘုန်းနိုင်
ရှေးရိုးစွဲနှင့် ခေတ်ရေစီးကြောင်း

     လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် “ရှေးရိုးစွဲအစဉ်အလာ” နှင့် “ခေတ်ရေစီးကြောင်း” ဟူသော အင်အားစုနှစ်ရပ်သည် အမြဲတစေ ဒွန်တွဲလှုပ်ရှားလျက် ရှိသည်ကို တွေ့ရမည် ဖြစ်သည်။

==============
👉 Read More 👈
==============

#AngĂŠl_AlphĂĄ@mirror148
#Knowledge
#AP4U
#Khun
❤1
ည

ညချမ်းချိန်ခါ
ရွှေလသာ
ကြယ်ဝါစုံမှာ အလင်းဖြာ။

လေပြည်ဆော်သွေး
တိုက်ခတ်သေး
နွေးထွေးမှုဟာ လစ်‌ဟင်းကာ။

လူသားအများ
အိပ်မက်ကြား
ဆီးတားရှိလာ ကင်းဝေးရာ။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-‌သံပေါက်
Media is too big
VIEW IN TELEGRAM
ဪ... မာန... မာန...🥀

ဘာမဟုတ်တဲ့ ပြဿနာလေးကို မာနစေရာ ဆုံးဖြတ်မိကြတော့....🥀
ရင်နှလုံးအစုံ အစိတ်စိတ်အမွှာမွှာ ကွဲကြေကြရုံပေါ့...🥀

Khun
#AngĂŠl_AlphĂĄ@mirror148
#broken_Heart
#AP4U_System
❤1
လူငယ်တစ်ယောက်ရဲ့ညမှာ
အိပ်မက်တွေက မျက်ရည်နဲ့ရော၊
မနက်ဖြန်ဆိုတဲ့စကားက
ဝေးလွန်းတဲ့ကြယ်တစ်လုံးလို ဖြစ်နေတယ်။


မမငြိမ်း
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်

မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။

-လှသန်း
"2 Minutes Rule"


     ကျွန်တော်တို့ နေ့စဉ်ဘဝမှာ "နောက်မှ လုပ်လိုက်မယ်" ဆိုတဲ့ စကားကို တစ်နေ့ ဘယ်နှစ်ခေါက်လောက် ပြောမိလဲ။

     ဖုန်းထဲက မက်ဆေ့ခ်ျတွေ စာပြန်ပို့ဖို့၊ အဝတ်အစားတွေ ခေါက်ဖို့၊ စာအုပ်တစ်အုပ် ဖတ်ဖို့ကနေ အလုပ်တစ်ခု စတင်ဖို့အထိ "ခဏနေမှ..." ဆိုပြီး ရွှေ့ဆိုင်းရင်း တစ်နေကုန် ဘာမှ မပြီးပြတ်လိုက်တဲ့ နေ့တွေ ရှိကြလား???

     အချိန်ဆွဲတယ်ဆိုတာ အပျင်းထူတာ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းနီးပါး ရှောင်လွဲလို့မရ‌တဲ့ ပြဿနာတစ်ခုပါ။

     ဒါပေမဲ့ ဒါကို အလွယ်တကူ ကျော်လွှားနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ ဆိုတော့ အဲဒါက ဘာများလဲ????

==============
👉 Read More 👈
==============

#AngĂŠl_AlphĂĄ@mirror148
#Knowledge
#AP4U
#Khun
🥰1
ဆယ်ခါပြန်ချစ်လို့မှ
တစ်ခါပြန်မတောက်သော မီးခြစ်လေး
လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။

-ကြည်ဇော်အေး
စိတ္တဇနေ့ရက်များ

    
     မနက်ခင်းတိုင်းဟာ မနက်ခင်းလို ဖြစ်မနေတော့တာ ကြာပြီ။

     နေကတော့ အရှေ့ဘက်ကနေ ပုံမှန်ထွက်လာတယ်။ ငှက်တွေကလည်း သူတို့ရဲ့သီချင်းကို သူတို့ဆိုကြတယ်။ လမ်းဘေးက သစ်ပင်ဟောင်းကြီး‌တွေကလည်း လေတိုက်တိုင်း အရွက်တွေကို တဖြည်းဖြည်းလှုပ်ခတ်နေတုန်းပဲ။

     ပြောင်းလဲသွားတာကတော့ လောကကိုကြည့်တဲ့ လူတွေရဲ့မျက်လုံးတွေ ဖြစ်နိုင်တယ်။

     တစ်ခါတလေ မျက်လုံးတစ်စုံဟာ ပြတင်းပေါက်တစ်ချပ်လိုပဲ။ အပြင်ကကြည့်ရင် ဘာမှမဖြစ်သလိုနဲ့။ အထဲကိုဝင်ကြည့်မိရင်တော့ မီးမရှိတဲ့အခန်းတစ်ခန်းလိုမျိုး မှောင်ပိန်းနေတတ်တယ်။

     အဲဒီလိုနေ့တွေမှာ နာရီလက်တံတွေဟာ လမ်းလျှောက်နေကြပေမယ့် ကိုယ်ကတော့ တစ်နေရာတည်းမှာ ရပ်နေသလို ခံစားရတယ်။

     မနေ့ကအကြောင်းတွေကို မေ့ဖို့ကြိုးစားရင်း မနေ့ကအကြောင်းတွေနဲ့ပဲ နေ့တစ်နေ့ကုန်သွားတယ်။

     မနက်စာစားပြီးပြီလားလို့ တစ်ယောက်ယောက်က မေးတဲ့အခါ...

“စားပြီးပါပြီ” လို့ ဖြေလိုက်တယ်။

     တကယ်တော့ စားပြီးတာက မနက်စာလား၊ ဒါမှမဟုတ် မနေ့ကကျန်ခဲ့တဲ့ အတွေးတွေလားဆိုတာ မသိတော့ဘူး။

==============
👉 Read More 👈
==============

#AngĂŠl_AlphĂĄ@mirror148
#???
#AP4U
#Alex
🥰1
မင်းက ထွက်သွားတာပါ၊
ငါကတော့ မထွက်သွားနိုင်သေးဘူး။

တံခါးပိတ်သွားတာက မင်းအတွက်
အချစ်ဆုံးရှုံးသွားတာက ငါ့အတွက်။

မမငြိမ်း
မပြောဖြစ်တဲ့ နာကျင်မှု

ဘဝဆိုတာ
တစ်ခါတလေ
ပြုံးပြဖို့အတွက်
မျက်ရည်တွေကို ဖုံးကွယ်ထားရတဲ့
ညတစ်ညလိုပဲ…

လူတိုင်းက
“အဆင်ပြေလား” လို့ မေးကြတယ်၊
ငါကလည်း
“အဆင်ပြေပါတယ်” လို့ ပြန်ဖြေတယ်။
ဒါပေမယ့်
ဘယ်သူမှ မမြင်ကြဘူး—
အဲ့ဒီ “အဆင်ပြေပါတယ်” ဆိုတဲ့စကားနောက်မှာ
ဘယ်လောက်ထိ ကြေကွဲနေခဲ့လဲဆိုတာ။

တချို့အိပ်မက်တွေက
မက်ခွင့်ရုံနဲ့ပဲ ပြီးသွားတယ်၊
တချို့လူတွေကလည်း
ချစ်ခွင့်ရုံနဲ့ပဲ
ဘဝထဲကနေ ထွက်ခွာသွားကြတယ်။

နောက်ဆုံးတော့
ငါသိလာတယ်—
ဘဝမှာ အနာကျင်ဆုံးအရာက
ဆုံးရှုံးခြင်းမဟုတ်ဘူး၊
ဆုံးရှုံးပြီးနောက်မှာတောင်
ဘာမှမဖြစ်သလို
ဆက်လျှောက်နေရခြင်းပဲ…။


မမငြိမ်း
အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို
မင်း ရယ်မယ်။

အလကားနေ
ဘယ်သူမှ အဝေးကို
ငေးနေမှာ မဟုတ်ဘူး။

-ခင်ဇော်မြင့်
မနက်ခင်းတစ်စ

အားလုံးကို ငါ "မ" ကြည့်ပြီးပြီ
မျက်ရည်ဟာအလေးလံဆုံးပဲ ။

မိုးရေထဲ
တဖြည်းဖြည်းပျောက်ဆုံး
ကိုယ့်ကိုယ်ကိုယ်
လုံးလုံးရှာမတွေ့တော့ ။

-သားဦး
ရိုးသားခြင်းဟာ
ဘဝမှာအရတော့နည်းတယ်
ရေရှည်ခံတယ်
တသက်လုံးလိပ်ပြာလုံတယ်။

-မောင်သာချို
🍚 ထမင်းဆိုင်လေး ဖွင့်မလို့ပါ

ဆိုင်နာမည်က —
「အချစ်ဟာ ငါတို့နဲ့မသက်ဆိုင်」

လမ်းက —
「မဆုံသောလမ်း」

နေရာက —
「အတူရှိခဲ့တဲ့နေရာ」

ဆန်က —
「သူစိမ်းဆန်」

ဟင်းက —
「Can I be him (ဟင်း)」

အသားက —
「ရှုံးပြီးသား」

ထိုင်ရမယ့်ဝိုင်းက —
「မောင့်မျက်ရည်ဝိုင်း」

ဘာတွေထပ်ရသေးလဲဆိုတော့ —
「နောင်တ」

လာစားလို့ရမယ့်လူတွေက —
အရံလူတို့၊ ဒုတိယလူတို့၊ အစားထိုးလူတို့။

ဖွင့်ပေးမယ့်သီချင်းက —
「ဤသို့ပြုရနဲ့ မုန်း」

လိုက်ပွဲက —
「မင်းမချစ်တဲ့လူ」

ဆိုင်ကဝန်ထမ်းတွေက ဘာလုပ်တတ်လဲဆိုရင် —
ထားမသွားအောင် တောင်းပန်တတ်ပါတယ်၊
ချန်ခဲ့ရင် နေခဲ့တတ်ပါတယ်။

မီနူးစာအုပ်ထဲမှာလည်း —
「အမှတ်တရတွေများစွာရှိပါတယ်」

ထမင်းဖိုးကို ဘာငွေကြေးနဲ့ ပေးချေရမလဲဆိုရင် —
「မငိုကြေး」နဲ့ ပေးဆောင်ရမှာပါ။「မလှည့်စားကြေး」နဲ့ ပေးချေခြင်း လက်မခံပါ။

ဖျော်ရည်တွေကတော့ —
「မျက်ရည်」နဲ့ 「သံယောဇဉ်ကော်ဖီ」

Special Menu က
「အရမ်းချစ်တယ်၊ ထားမသွားဘူး」

ကံစမ်းမဲ ပရိုမိုးရှင်းဖောက်ပေးမှာက —
「လေထဲက အိမ်လေး」

📋 လတ်တလောမှာလို့မရသေးသော Menu များ

「အဆင်ပြေအောင်နေနော်」
「ကျန်းမာရေးလည်း ဂရုစိုက်」
「နောက်လူအပေါ်မှာလည်း သိပ်ပြီး မဆိုးနဲ့ဦး」

Mistake (Khun)
#broken_heart
#AngĂŠl_AlphĂĄ@mirror148
#AP4U
❤4
ချစ်ခဲ့တာက မမှားဘူး၊
မှားခဲ့တာက
မင်းလည်း ငါ့လိုပဲ
တစ်သက်လုံးချစ်မယ်လို့ ထင်ခဲ့မိတာ။


မမငြိမ်း
ညဟာ တိတ်ဆိတ်နေတယ်၊
လမင်းကတော့ မင်းအကြောင်းပြောနေတယ်။
မတွေ့ရတဲ့အကွာအဝေးကြားမှာ
လွမ်းခြင်းတစ်ခုက
နှလုံးသားထဲ စူးဝင်နေတယ်

မမငြိမ်း
ပန်းမပွင့်တဲ့ ကမ္ဘာမှာ
ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ
သန်မာတယ်ဆိုတာလဲ
မင်းရှိမှ...။

-အောင်ချိမ့်