The Voice Of Spring | နွေဦးအသံ |
34.1K subscribers
31.4K photos
1.32K videos
1 file
6.24K links
Investigative, Innovative, Independent Digital Media
Download Telegram
သိန်း(၃၀)ကျပ်ပေး၍ အမှုဖွင့်ခွင့်မပြုဘဲ ဖိအားပေး ကြေအေးခိုင်းခဲ့

ဇူလိုင်(၅)ရက် | နွေဦးအသံ |

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာရှိ ဒုတိယတန်းအရွယ် ကျောင်းသူတစ်ဦးကို အသက် (၅၀) ခန့် အရွယ် ပျူစောထီးက စာသင်ကျောင်းတွင် မုဒိမ်းကျင့်ရန် ကြံစည်မှု တခု ဇွန်(၆)ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နတ်အင်းကျေးရွာသည် ပျုစောထီးများ အားကောင်းသော ကျေးရွာတရွာလည်း ဖြစ်ပြီး မူလတန်းလွန်ကျောင်းအတွင်း၌ ကန့်ဘလူ မြို့ နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများ တပ်စွဲထားကြသည်။

ကာယကံရှင် မိသားစုအား စစ်ကောင်စီ၊ ပျူစောထီးများက တရားစွဲဆိုခွင့်မပြုဘဲ ငွေကျပ် သိန်း ၃၀ နှင့်အတူ ဖိအားပေး၍ ကြေအေး ခိုင်းခဲ့ကြောင်း သိရပါသည်။

©မျိုးဇော်
ဓာတ်ပုံ | အကြမ်းဖက် စစ်ကောင်စီ နှင့် ပျူစောထီး များ
ကိုးကား | ဧရာဝတီ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ခရီးစဉ်အတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မင်းအောင်လှိုင်ကို သတိပေးခဲ့

ဇူလိုင်(၅)ရက် | နွေဦးအသံ |

ဇွန်(၃၀)ရက်မှ ဇူလိုင်(၂)ရက်အတွင်း လာရောက်ခဲ့သည့် ဒုတိယအကြိမ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မူလနေအိမ်မှာပြန်ထားရန်နှင့် သေဒဏ်ချမှတ်ခံထားရသော ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာ‌သော် တို့ကိစ္စကိုပါ ဝဏ္ဍမောင်လွင် နှင့် ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်း သားတွေ ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုစုလွင်တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခွင့်ရဖို့ ကိုလည်း ပရက်ဆော့ခွန်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တွေ့ခွင့်မရခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း တရားရင်ဆိုင်နေရတဲ့အတွက် တွေ့ခွင့်မရခဲ့ဘူးလို့ ဇူလိုင်(၄)ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ပါရှိတာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း က သတိပေးခဲ့တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ဓာတ်ပုံ | အာဆီယံကိုယ်စားလှယ်နှင့် ဝဏ္ဏမောင်လွင်
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံရန်လည်း ဝမ်ယိက ငြင်းဆိုခဲ့

ဇူလိုင်(၅)ရက် ||| နွေဦးအသံ |||

ဇူလိုင်(၄)ရက်တွင် ပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရန် ကြိုးပမ်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တားမြစ်၍ ပယ်ချခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံရန်လည်း ငြင်းဆိုခဲ့ပြီး အာဆီယံဘုံ(၅)ချက်ကို အကောင်အထည်ဖော်ရန် အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စကစတို့ တွေ့ဆုံဆွေးနွေးကြဖို့ ဝဏ္ဏမောင်လွင်အား တိုက်တွန်းခဲ့သည်။

မိန်းခွန်းပြောဆိုရန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို သီးခြားတွေ့ဆုံရန် ကြိုးပမ်းမှု မအောင်မြင်သဖြင့် မင်းအောင်လှိုင်မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြည်နယ်၊ခရိုင်၊မြို့ နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကိုသာ အကြောင်းမဲ့ သွားရောက်၍ တွေ့ဆုံပွဲတခု ပြုလိုက်ရကြောင်း သိရပါသည်။

©နွေသူရ
ဓာတ်ပုံ | မျက်နှာငယ်နှင့်တွေ့ရသည့် ပုသိမ်မြို့ရောက် မင်းအောင်လှိုင် (ညာ)
အကြမ်းဖက်စစ်အုပ်စုက ပြည်သူများကို ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျရောက်အောင် စနစ်တကျ လုပ်ဆောင်လျက်ရှိ

ဇူလိုင်(၅)ရက် | နွေဦးအသံ |

တော်လှန်ရေးအောင်မြင်ဖို့ အချိန်က တန်ဖိုးကြီးတဲ့အတွက် အချိန်ကို တန်ဖိုးထားပြီး နည်းဗျူဟာကျကျ ချိတ်ဆက်ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ကြိုးစားကြရန် ဇူလိုင်(၅)ရက်၊ မနက်(၁၀)နာရီမှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရရဲ့ အကြိမ် ၆၀ မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု အနေနဲ့ အချိန်ကို နှောင့်နှေးအောင် လုပ်ဆောင်ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျရောက်အောင် စနစ်တကျ ဆောင်ရွက်နေပြီး တော်လှန်ရေး အင်အားစု တွေကိုလည်း မညီမညွတ်ဖြစ်အောင် လုပ်ဆောင်နေကြောင်းကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို မပါဝင်ဘဲ လူထုဆန္ဒအတိုင်း ရပ်တည်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် စစ်ဘေးသင့်၊ စစ်ဘေးရှောင် နေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

©ကျော်ဇေယျ
ဓာတ်ပုံ | အကြိမ်(၆၀)မြောက် NUG အစိုးရအဖွဲ့အစည်းအဝေး
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
အကြမ်းဖက်စကစ က ဂန်ဂေါမြို့နယ် နှမ်းခါးရွာ ရှိ ဒေသခံပြည်သူများ၏ အသုံးဆောင်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များကို မီးရှို့ဖျက်ဆီး

ဇူလိုင်(၅)ရက် | နွေဦးအသံ |

ဒေသခံ ပြည်သူ (၂၀) ဦးခန့် ဖမ်းဆီး ချုပ်နှောင်ခံရ

ဇူလိုင်(၄) ရက်၊ နံနက် ၇ နာရီခန့်က မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ရှိ ဒေသခံ ပြည်သူများ၏ ဆိုင်ကယ်များကို အကြမ်းဖက် စကစက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နှမ်းခါးလူငယ်အဖွဲ့ ၏ထုတ်ပြန်ချက်အရ သိရပါသည်။

ရေရှင်ရွာဘက်သို့ စစ်ကြောင်းထိုးရန် တက်သွားသည့် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၂၀ ခန့်သည် ရွာတွင် စခန်းချပြီး ပြည်သူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးကာ ဒေသခံများ မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန် ကြက် ၊ ဝက် များကို ဖမ်းဆီး သတ်ဖြတ် စားသောက်ခဲ့ကြကြောင်း ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အပြစ်မဲ့ ဒေသခံ ပြည်သူ (၂၀) ဦးခန့်ကိုလည်း ဖမ်းဆီးကာ စာသင်ကျောင်းထဲတွင် ချုပ်နှောင်ထားကြောင်းသိရသည်။

အကြမ်းဖက် စစ်ကေင်စီသည် ဒေသခံ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် နှိပ်စက်နေသဖြင့် မည်သို့ မည်ပုံ အကြမ်းဖက် လုပ်ဆောင်လာမည်ကို ကြိုတင် မသိရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိထား၍ ဘေးလွတ်ကင်းသော နေရာများတွင် ရှောင်တိမ်းနေထိုင်ကြပါရန် နှမ်းခါးလူငယ်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

©မျိုးဇော်

ဓာတ်ပုံ | နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများ၏ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခံထားရသည့် မြင်ကွင်းများ။

https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
မြို့ပြစစ်ဆင်ရေးတွေ မရပ်တန့်အောင် ကျားကန်ဖို့
ခက်ခဲလာတဲ့ မြို့ပြမြေအောက်တော်လှန်လူငယ်များ

ဘယ်သူ့ဆီမှာမှ အပိုမပါတဲ့ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရတဲ့ မြို့ပြမြေအောက်တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ လူငယ်တွေက မိဘပြည်သူများကို ဘာတွေများ ပြောချင်နေကြပါသလဲ။

The Voice Of Spring နွေဦးအသံကနေ အထူးရုပ်သံဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါတယ်။

https://youtu.be/_zj7J54FxCc
Media is too big
VIEW IN TELEGRAM
မြို့ပြစစ်ဆင်ရေးတွေ မရပ်တန့်အောင် ကျားကန်ဖို့
ခက်ခဲလာတဲ့ မြို့ပြမြေအောက်တော်လှန်လူငယ်များ

ဘယ်သူ့ဆီမှာမှ အပိုမပါတဲ့ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရတဲ့ မြို့ပြမြေအောက်တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ လူငယ်တွေက မိဘပြည်သူများကို ဘာတွေများ ပြောချင်နေကြပါသလဲ။

The Voice Of Spring နွေဦးအသံကနေ အထူးရုပ်သံဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါတယ်။

အင်တာဗျူး/တည်းဖြတ်©ကျော်ဇေယျ
#thevoiceofspring #feature

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။

https://youtube.com/c/TheVoiceOfSpringTV
အကြမ်းဖက် စစ်ကောင်စီက ဒေသခံကရင်အရပ်ဖက်လူမှုရေးရာ အဖွဲ့ဝင် တဦးကိုလူမဆန်စွာ ရိုက်နှက် သတ်ဖြတ် ၊ ငွေသိန်း (၅၀) ကိုပါလုယူ

ဇူလိုင်(၅)ရက် | နွေဦးအသံ |

စစ်ဘေးရှောင် ဒေသခံများ အရေးပေါ်အကူညီ များလိုအပ်လျက်ရှိ

KNU - မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အတွင်းရှိ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့ဝင်တဉီးကို အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ငွေကျပ် သိန်း(၅၀)ကို ပါ လုယူခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရသိရသည်။

ဒေသခံအရပ်ဖက်လူမှုအဖွဲ့ဝင်တဉီး ကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ဆေးမေးမြန်းစဉ် ပြင်းထန်စွာ ရိုက်နှက်ခဲ့သောကြောင့် သေဆုံးခဲ့သည်။

သေဆုံးသူ နှင့် အတူ ငွေကျပ် သိန်း(၅၀) လည်း ပါဝင်သွားပြီး အဆိုပါ ငွေကို အကြမ်းဖက် စစ်ကောင်စီက လုယူခဲ့သည်။

၎င်း ငွေသည် မုန်းမြို့နယ် အတွင်း တိမ်းရှောင်နေသည့် ဒေသခံပြည်သူများအတွက် အဓိကလိုအပ်လျက်ရှိသည့် ဆန် နှင့် မိုးကာ များကိုဝယ်ယူ ရာတွင် အသုံးပြုမည့် ငွေဖြစ်သည်။

အကြမ်းဖက် စစ်တပ်သည် တိုင်းရင်းသားဒေသခံ ကျေးရွာ များအတွင်းဝင်ရောက် ရမ်းကားခြင်း ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းများ ဖြင့် ကျေးရွာများသို့ လိုက်လံထောက်လှမ်းခြင်း၊ ပြည်သူများမွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များ ကို ဖမ်းယူစားသောက်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏ကျေးရွာ သို့ မပြန်ရဲဘဲ ဖြစ်နေကြသည်။

လက်ရှိချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးပြဿနာ၊ ကျန်းမာရေးပြဿနာ စသည့် အခက်အခဲ ဒုက္ခပေါင်းစုံ နှင့် ကြုံတွေ့လျက် ရှိပြီး အရေးပေါ်အကူညီ များလိုအပ်လျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။

©မျိုးဇော်
ဓာတ်ပုံ |RFA - မုန်တိုင်ပင် ရွာတွင် ဒေသခံများကို အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်ဖမ်းဆီးထားသည့်မြင်ကွင်း။
ကိုးကား | 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
စစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ဇူလိုင်(၆)ရက် | နွေဦးအသံ |

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် (၆၀၀၀) ဝန်းကျင်အထိ တိုးလာတယ်လို့ တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုက ဇူလိုင်(၃)ရက်မှာ တောင်ပျောက်တိုက်နယ်ထဲ ဝင်ရောက်လာပြီး ရွာတွေထဲကို လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။

အကြမ်းဖက် စစ်အုပ်စုဘက်က လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်ထားလို့ စစ်ဘေးရှောင် ပြည်သူ (၆၀၀၀)ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ တပတ်စာသာ ရှိတော့တဲ့အပြင် ဆန်နဲ့ အခြားစားသောက်ကုန်တွေ အဓိက လိုအပ်နေတာဖြစ်တယ်လို့ တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မိုးကာ၊ ပါဝါဘန့်၊ ဘက်ထရီအားသွင်းဖို့အတွက် ဆိုလာ/ဘက်ထရီအိုး တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

©အောင်နွေထက်
ဓာတ်ပုံ | သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
(၄)ရက်အတွင်း စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုပေါင်း (၉၄)ကြိမ်ပြုလုပ်ခဲ့

ဇူလိုင်(၆)ရက် | နွေဦးအသံ |

ကရင်အမျိုးသား အစည်းအရုံး KNUထိန်းချုပ်နယ်မြေတွေထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်းတပ်တွေအကြား ဇွန်လအတွင်း တိုက်ပွဲပေါင်း(၃၆၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တွေဘက်က (၄၁၀) ဦး သေဆုံးပြီး (၃၃၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး KNLA၊KNDO ပူးပေါင်းတပ်တွေဘက်က (၁၇) ဦးကျဆုံးခဲ့ပြီး (၂၈) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။

KNU တပ်မဟာ (၆)၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက ဥကရစ်ထတိုက်ပွဲမှာအကြမ်းဖက်စစ်အုပ်စုဘက်က အထိနာခဲ့လို့ လေကြောင်းပစ်ကူတွေကို အလွန်အကျွံ အသုံးပြုခဲ့တာပါ။

ဇွန် (၂၇)ရက်ကနေ(၃၀)ရက်အထိ( ၄)ရက်တာ ကာလအတွင်း စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုပေါင်း(၉၄)ကြိမ်ပြုလုပ်ခဲ့တယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

©ကျော်ဇေယျ
ဓာတ်ပုံ | KNU
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
G20 အစည်းအဝေးနှင့်အတူ ထိုင်း နှင့် အင်ဒိုနီးရှားသို့ သွားရောက်၍ သီခြားတွေ့ဆုံဆွေးနွေးမှာဖြစ်

ဇူလိုင် (၆)ရက် | နွေဦးအသံ |

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinkenက ဇူလိုင်( ၆ )ရက်ကနေ (၁၁) ရက်အထိ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Antony J. Blinkenက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့နဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ Antony J. Blinkenက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ကို ပထမဆုံးသွားရောက်မှာ ဖြစ်ပါတယ်။

G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း Antony J. Blinkenက သီးခြား တွေ့ဆုံသွားမယ့်အပြင် မြန်မာ့နိုင်ငံရေးအကြပ်အတည်းကိုလည်း ဆွေးနွေးသွားမယ့်အကြောင်း သိရပါတယ်။

©ကျော်ဇေယျ
ဓါတ်ပုံ | အမေရိကန်နိုင်ငံခြားဝန်ကြီးနှင့် ဝမ်ယိ
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ကရင်နီက ဒုတိယဗိုလ်မှူးကြီး BUDDY

ဓာတ်ပုံ©ဆေးတက္ကသိုလ် ၂ ၊ ရန်ကုန်၊ ကျောင်းသားများကော်မတီ #thevoiceofspring



“လက်နက်ကြီး ကျခါနီးဆို အကုန်ပတ်ဟောင်ပြီးနှိုးပေး၊ ဆရာဝန်တွေ မအိပ်ရင် သူမအိပ် တဲ့ရဲဘော်တစ်ဦးပါ”

လက်တစ်ဝါးစာအရွယ်ကတည်းက ဆရာဝန်တွေ လူနာကြည့်လည်း သူက လိုက်ပါတယ်။

စစ်ရှောင်သွားလည်း လိုက်တာပါပဲ။

ရဲဘော် Buddy ရဲ့လည်ပတ်က ကရင်နီဒေသ နန်းဖဲ-ထားလဲ ထောက်ပို့ယာဉ်တန်းမှာ သေဆုံးခဲ့တဲ့ အကြမ်းဖက်စကစ ဒုတိယဗိုလ်မှုးကြီးရဲ့ အပွင့်အခက်တွေပါ။

ရဲဘော် Buddy ရဲ့ အဲဒီလည်ပတ်ကို ရန်ပုံငွေရှာဖွေပေးကြနိုင်ဖို့ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ကျောင်းသားများကော်မတီကိုဆက်သွယ်ကူညီနိုင်တယ်လို့ သိရပါတယ်။

©လင်းယုန်နွေ
#thevoiceofspring