The Voice Of Spring | နွေဦးအသံ |
41.9K subscribers
27.6K photos
973 videos
1 file
6.23K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မင်းတပ်မြို့သိမ်းတိုက်ပွဲမှ စကစတွေထွက်ပြေးစဉ် ဝှက်ထားခဲ့တဲ့ RPG နဲ့ စက်လတ်အပါ လက်နက်တွေကို ပြည်သူတွေက CDF- Mindat ထံအပ်နှံ

၂၂ ဩဂုတ် | နွေဦးအသံ |

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မြေဖို့ဝှက်ထားခဲ့တဲ့ RPG နဲ့ စက်လတ် အပါအဝင် လက်နက်ခဲယမ်းတွေကို တာဝန်သိပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ CDF- Mindat က ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ မြေဖို့ပြီးဝှက်ထားခဲ့တဲ့ MA 15(စက်လတ်) ၁ လက်၊ RPG 7 ၁ လက်၊ MA4 ၁ လက် ၊ MA3 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တာ၀န်သိပြည်သူတွေက စစ်ဦးစီးချုပ်ရုံးမှာ လာရောက်အပ်နှံခဲ့တာကြောင့် ဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍448👏6
◼️ရေနံချောင်းမှာ ကျေးရွာဆေးခန်းနဲ့ မူကြိုကျောင်းတွေကို လေတပ်ဗုံးကြဲ၊ သက်ကြီးရွယ်အို အမျိုးသား တဦးသေဆုံးပြီး ကလေး ၂ ဦးအပါ ပြည်သူ ၄ ဦးပြင်းထန်ဒဏ်ရာရ

၂၂ ဩဂုတ် ||| နွေဦးအသံ |||

မကွေးဒေသ၊ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာ ဆေးခန်းနဲ့ မူကြိုကျောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသား တဦးသေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လေးတိုင်စဉ်အုပ်စု၊ လေးတိုင်စဉ်ကျေးရွာ ဆေးခန်းနဲ့ မူကြိုကျောင်းတို့ကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ကောင်စီက ဩဂုတ် ၂၁ ရက်၊ ည ၁၁ နာရီခန့်မှာ MIG-29 ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မကျည်းကန်အုပ်စု၊ စမ်းကန်ကြီးကျေးရွာ အတွင်းကိုလည်း စစ်ကောင်စီက ဩဂုတ် ၂၂ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးထပ်မံကြဲချခဲ့တာကြောင့် သက်ကြီးရွယ်အိုအမျိုးသား တဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပြင်းအထန်ဒဏ်ရာရတဲ့အပြင် လူနေအိမ်တွေနဲ့ စေတီပုထိုးတွေ ပျက်စီးခဲ့တယ်လို့ ရေနံချောင်း PDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬412🔥2
◼️နေပြည်တော် PDF တပ်ရင်း ၈၀၅ မှ ရဲဘော် ၂ ဦး စစ်ဆင်ရေးအတွင်းရခဲ့တဲ့ဒဏ်ရာများနဲ့ မြင့်မြတ်စွာကျဆုံး

၂၂ ဩဂုတ် ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်စစ်တိုင်း၊ အမှတ် ၈၀၅ တပ်ရင်းမှ ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သန့်ဇင်တို့ဟာ စစ်ဆင်ရေးတခုမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ရရှိတဲ့ဒဏ်ရာတွေနဲ့ မြင့်မြတ်စွာကျဆုံးခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းက ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ထနောင်းစစ်ကြောင်း တပ်ခွဲ ၂ မှ ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သန့်ဇင်တို့ဟာ စစ်ဆင်ရေးတခုမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ရဲဘော် ဟိန်းထက်ဟာ ဩဂုတ် ၁၉ ရက်မှာ မြင့်မြတ်စွာကျဆုံးခဲ့ပြီး ရဲဘော် သန့်ဇင် ဟာလည်း ဩဂုတ် ၂၁ ရက်မှာ မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် ဟိန်းထက်ရဲ့ စျာပနအခမ်းအနားကို ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်ခဲ့ပြီး ရဲဘော် သန့်ဇင်ရဲ့ စျာပနအခမ်းအနားကို ဩဂုတ် ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သန့်ဇင်တို့ ကျဆုံးခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်း ဦးညွှတ်ဂုဏ်ယူကြောင်းနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကိုယ်စား စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အားသွန်ခွန်စိုက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၅ က အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
😢532👍1