◼အကြမ်းဖက် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရ ၊ စစ်အုပ်စု ဘက်မှဒုဗိုလ်မှူးကြီး အပါဝင်(၉) ယောက်သေဆုံး
ဇူလိုင်(၄)ရက်| နွေဦးအသံ |
အကြမ်းဖက် စစ်ကောင်စီ ၏ ယာဉ် (၁၀) စီးပါ ယာဉ်တန်း ကို KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတာ်(PDF) အပါအဝင် ပူးပေါင်းတပ်များက ဇူလိုင် လ (၃) ရက်နေ့က ဘီးလင်းမြို့နယ် အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် တပ်သား (၉) သေဆုံးခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်ကောင်စီ ၏ ကား တစ်စီးမှာ မိုင်းတိုက်ရိုက်ထိမှန်သဖြင့် လုံး၀ပျက်စီးသွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းသည် မိုင်းဆွဲခံရမှုကြောင့် စစ်ကြောင်း ရှေ့ဆက်မသွားတော့ဘဲ အစီအစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။
ပြည်သူ့အာဏာကို မတရားသိမ်းပိုက် လုယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ နှင့် ၎င်းတို့ ၏ နောက်မြှီးဆွဲ များကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အနေဖြင့် သက်ဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲပြီးရင်ဆိုင်တိုက်ခိုက် ခြေမှုန်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
©အောင်နွေထက်
ဓာတ်ပုံ | ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ လာရောက် စစ်ဆေးနေစဉ်။
ကိုးကား | NUG ကာကွယ်ရေးဝန်ကြီးဌာန
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၄)ရက်

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼ဒီပဲယင်းမြို့နယ်မှာ ဒေသခံ PDF နှင့် စကစတို့ တိုက်ပွဲများ ပြင်းထန်လာနိုင်
ဇူလိုင်(၅)ရက်| နွေဦးအသံ |
အကြမ်းဖက် စစ်အုပ်စုက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သိမ္ဘာရွာမှာ ဇူလိုင် ၄ ရက် ညနေ ၄ နာရီခွဲလောက်က ရဟတ်ယာဉ် ၃ စီးနဲ့ တပ်သား တွေလာချသွားတယ်လို့ ဒီပဲယင်း PDF အဖွဲ့ ထံက သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုက သိမ္ဘာရွာမှာ ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းသွားတဲ့အတွက် ဇူလိုင် ၅ ရက်ကနေ နောက်ရက်တွေအတွင်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒီပဲယင်း PDF အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက် စစ်အုပ်စုက ကျွန်းတောကြီးနဲ့ ကျွန်းတောလေးရွာတွေမှာ တပ်စွဲ ထားလို့ လေးရွာ၊ ကျွန်းတောကြီးရွာ၊ ခြုံရွာ၊ ဘုတ်ထမ်းရွာ၊ အိုးထိိန်းကွင်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ အိုးတင်ရွာ၊ ကြည်ရွာစတဲ့ရွာပေါင်း ကိုးရွာခန့်က ထောင်နဲ့ချီတဲ့ပြည်သူတွေ နေ့ရောညပါ ထွက်ပြေးတိမ်း ရှောင်နေရတာပါ။
လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လုံခြုံရေးယူပေးထားတယ်လို့သိရပါတယ်။
©ကျော်ဇေယျ
ဓာတ်ပုံ | Google စကစရဟတ်ယာဉ်
ကိုးကား | RFA
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၅)ရက်

◼ အဝေးထိန်း မိုင်း ဖြင့်ဖောက်ခွဲ ခံရ သဖြင့် အကြမ်းဖက် စစ်ကောင်စီ ဗိုလ်ကြီးအဆင့် (၁) ဦး ပြင်းထန်ဒဏ်ရာ ရရှိ
ဇူလိုင်(၄)ရက်| နွေဦးအသံ |
◼အကြမ်းဖက် စစ်ကောင်စီ တပ်သား (၂) ဦးသေဆုံး ကာ
အများအပြားဒဏ်ရာရ
ယနေ့ဇူလိုင်လ(၄)ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်ဆွဲထားသော ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်းသို့ အဆင့်မြင့် အဝေးထိန်း ဖောက်ခွဲရေး မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း SNAKE EYES LPDF က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ဗိုလ်ကြီးအဆင့် (၁) ဦး အပါဝင် (၁၀)ဦးခန့်ဒဏ်ရာရရှိ ပြီး (၂) ဦးသေဆုံးကြောင်း သိရသည်။ အပြင်း အထန် ဒဏ်ရာရရှိသော ဗိုလ်ကြီးအဆင့်တစ်ဦးနှင့် အလောင်းနှစ်လောင်းကို နေ့လည်(၃)နာရီခွဲဝန်းကျင်တွင် ရဟတ်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားကြကြောင်း သိရသည်။
အဆိုပါ မြိုပြစစ်ဆင်ရေးကို SNAKE EYES LPDF၊ Non Profit Soldiers Ye.U နှင့် City Hunter (ပ.က.ဖ ရေဦး)တိုမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း SNAKE EYES LPDF က ထုတ်ပြန်ထားသည်။
©မျိုးဇော်
ဓာတ်ပုံ | SNAKE EYES LPDF
ကိုးကား | SNAKE EYES LPDF
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၄)ရက်
◼အကြမ်းဖက် စစ်ကောင်စီ တပ်သား (၂) ဦးသေဆုံး ကာ
အများအပြားဒဏ်ရာရ
ယနေ့ဇူလိုင်လ(၄)ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်ဆွဲထားသော ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်းသို့ အဆင့်မြင့် အဝေးထိန်း ဖောက်ခွဲရေး မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း SNAKE EYES LPDF က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ဗိုလ်ကြီးအဆင့် (၁) ဦး အပါဝင် (၁၀)ဦးခန့်ဒဏ်ရာရရှိ ပြီး (၂) ဦးသေဆုံးကြောင်း သိရသည်။ အပြင်း အထန် ဒဏ်ရာရရှိသော ဗိုလ်ကြီးအဆင့်တစ်ဦးနှင့် အလောင်းနှစ်လောင်းကို နေ့လည်(၃)နာရီခွဲဝန်းကျင်တွင် ရဟတ်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားကြကြောင်း သိရသည်။
အဆိုပါ မြိုပြစစ်ဆင်ရေးကို SNAKE EYES LPDF၊ Non Profit Soldiers Ye.U နှင့် City Hunter (ပ.က.ဖ ရေဦး)တိုမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း SNAKE EYES LPDF က ထုတ်ပြန်ထားသည်။
©မျိုးဇော်
ဓာတ်ပုံ | SNAKE EYES LPDF
ကိုးကား | SNAKE EYES LPDF
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼လက်နက်ခဲယမ်းများ သိမ်းဆည်း၍ ကားကို မီးရှို့ဖျက်ဆီးခဲ့
ဇူလိုင်(၅)ရက်| နွေဦးအသံ |
BGF ကားတစီးကို KNLA က ဇူလိုင်(၁)ရက်တွင် ကြားဖြတ်တိုက်ခိုက်ရာ ကားပေါ်ပါလာသော BGF တပ်ဖွဲ့ဝင်(၇)ဦးစလုံး သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ ကားသည် KNU တပ်မဟာ ၅ နယ်မြေ ဖြစ်သော ကမာမို(ကမမောင်း)မှ- ကတဲတိ(ကတိုင်တိ)ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး တပ်အင်အားဖြည့်တင်းရန် လက်နက်ခဲယမ်းအပြည့်တင်ဆောင်လာသော ကားဖြစ်သည်။
KNLA တပ်ဖွဲ့ဝင်များက ကားပေါ်ရှိ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။
©လင်းယုန်နွေ
ကိုးကား | KNLA

◼စခန်းအနီး တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ အကြမ်းဖက်စကစမှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်
ဇူလိုင်(၅)ရက်| နွေဦးအသံ |
မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA) ၏ တပ်စခန်းတခုကို ဇူလိုင် ၄ ရက် နေ့လယ်တွင် အကြမ်းဖက် စကစတပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
ကျဆုံးခဲ့ရသော တပ်ဖွဲ့ဝင်များမှာ အသက်(၃၁)နှစ်အရွယ် တပ်သားကျော်ဦးလှိုင်၊ အသက်(၂၆)နှစ်အရွယ်တပ်သားကျော်ဆန်းဌေး၊ အသက်(၂၄)နှစ်အရွယ် တပ်သားထွန်းထွန်းလင်း၊ အသက်(၂၀)အရွယ် တပ်သား ဘိုသန်းကျော် နှင့် အသက်(၂၀)အရွယ် တပ်သား ဇာနည်ဝင်းတို့ ဖြစ်ကြသည်။
စခန်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ အကြမ်းဖက်စကစမှရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဟု ပြောဆိုခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုအပေါ် လိုအပ်သလို တုန့်ပြန်သွားမည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
စကစ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
စကစဂျက်တိုက်လေယာဉ် (၂) စီးသည် ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
©အောင်နွေထက်
ဓာတ်ပုံ | Western News-WN
ကိုးကား | Western News-WN

👍1
◼ဖလမ်းမြို့နယ်ရှိ ရွာ(၄)ရွာမှ နေအိမ်(၃၈)လုံးခန့်ကို အကြမ်းဖက်စကစမှ မီးရှို့ဖျက်ဆီးခဲ့
ဇူလိုင်(၅)ရက်| နွေဦးအသံ |
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ မေလနှင့် ဇွန်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် (၆၆)ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ဇူလိုင်(၄)ရက် ထုတ်ပြန်ချက်အရ သိရပါသည်။
အကြမ်းဖက်စကစတပ်မှ မေလအတွင်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ်(၁၀)လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ်(၁၇)လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ်(၆)လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ်(၅)လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြ သည်။
(၂)လတာ တိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးခန့် သူရဲကောင်းပီသစွာ ကျဆုံးခဲ့ကြောင်း သိရပါသည်။
©နွေသူရ
ဓာတ်ပုံ | CNDF

◼သိန်း(၃၀)ကျပ်ပေး၍ အမှုဖွင့်ခွင့်မပြုဘဲ ဖိအားပေး ကြေအေးခိုင်းခဲ့
ဇူလိုင်(၅)ရက်| နွေဦးအသံ |
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာရှိ ဒုတိယတန်းအရွယ် ကျောင်းသူတစ်ဦးကို အသက် (၅၀) ခန့် အရွယ် ပျူစောထီးက စာသင်ကျောင်းတွင် မုဒိမ်းကျင့်ရန် ကြံစည်မှု တခု ဇွန်(၆)ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နတ်အင်းကျေးရွာသည် ပျုစောထီးများ အားကောင်းသော ကျေးရွာတရွာလည်း ဖြစ်ပြီး မူလတန်းလွန်ကျောင်းအတွင်း၌ ကန့်ဘလူ မြို့ နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများ တပ်စွဲထားကြသည်။
ကာယကံရှင် မိသားစုအား စစ်ကောင်စီ၊ ပျူစောထီးများက တရားစွဲဆိုခွင့်မပြုဘဲ ငွေကျပ် သိန်း ၃၀ နှင့်အတူ ဖိအားပေး၍ ကြေအေး ခိုင်းခဲ့ကြောင်း သိရပါသည်။
©မျိုးဇော်
ဓာတ်ပုံ | အကြမ်းဖက် စစ်ကောင်စီ နှင့် ပျူစောထီး များ
ကိုးကား | ဧရာဝတီ

◼ခရီးစဉ်အတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မင်းအောင်လှိုင်ကို သတိပေးခဲ့
ဇူလိုင်(၅)ရက်| နွေဦးအသံ |
ဇွန်(၃၀)ရက်မှ ဇူလိုင်(၂)ရက်အတွင်း လာရောက်ခဲ့သည့် ဒုတိယအကြိမ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မူလနေအိမ်မှာပြန်ထားရန်နှင့် သေဒဏ်ချမှတ်ခံထားရသော ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့ကိစ္စကိုပါ ဝဏ္ဍမောင်လွင် နှင့် ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်း သားတွေ ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်စုစုလွင်တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခွင့်ရဖို့ ကိုလည်း ပရက်ဆော့ခွန်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တွေ့ခွင့်မရခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း တရားရင်ဆိုင်နေရတဲ့အတွက် တွေ့ခွင့်မရခဲ့ဘူးလို့ ဇူလိုင်(၄)ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ပါရှိတာပါ။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း က သတိပေးခဲ့တယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓာတ်ပုံ | အာဆီယံကိုယ်စားလှယ်နှင့် ဝဏ္ဏမောင်လွင်

◼မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံရန်လည်း ဝမ်ယိက ငြင်းဆိုခဲ့
ဇူလိုင်(၅)ရက်||| နွေဦးအသ ံ |||
ဇူလိုင်(၄)ရက်တွင် ပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရန် ကြိုးပမ်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တားမြစ်၍ ပယ်ချခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံရန်လည်း ငြင်းဆိုခဲ့ပြီး အာဆီယံဘုံ(၅)ချက်ကို အကောင်အထည်ဖော်ရန် အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စကစတို့ တွေ့ဆုံဆွေးနွေးကြဖို့ ဝဏ္ဏမောင်လွင်အား တိုက်တွန်းခဲ့သည်။
မိန်းခွန်းပြောဆိုရန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို သီးခြားတွေ့ဆုံရန် ကြိုးပမ်းမှု မအောင်မြင်သဖြင့် မင်းအောင်လှိုင်မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြည်နယ်၊ခရိုင်၊မြို့ နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကိုသာ အကြောင်းမဲ့ သွားရောက်၍ တွေ့ဆုံပွဲတခု ပြုလိုက်ရကြောင်း သိရပါသည်။
©နွေသူရ
ဓာတ်ပုံ | မျက်နှာငယ်နှင့်တွေ့ရသည့် ပုသိမ်မြို့ရောက် မင်းအောင်လှိုင် (ညာ)

◼အကြမ်းဖက်စစ်အုပ်စုက ပြည်သူများကို ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျရောက်အောင် စနစ်တကျ လုပ်ဆောင်လျက်ရှိ
ဇူလိုင်(၅)ရက်| နွေဦးအသံ |
တော်လှန်ရေးအောင်မြင်ဖို့ အချိန်က တန်ဖိုးကြီးတဲ့အတွက် အချိန်ကို တန်ဖိုးထားပြီး နည်းဗျူဟာကျကျ ချိတ်ဆက်ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ကြိုးစားကြရန် ဇူလိုင်(၅)ရက်၊ မနက်(၁၀)နာရီမှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရရဲ့ အကြိမ် ၆၀ မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု အနေနဲ့ အချိန်ကို နှောင့်နှေးအောင် လုပ်ဆောင်ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျရောက်အောင် စနစ်တကျ ဆောင်ရွက်နေပြီး တော်လှန်ရေး အင်အားစု တွေကိုလည်း မညီမညွတ်ဖြစ်အောင် လုပ်ဆောင်နေကြောင်းကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို မပါဝင်ဘဲ လူထုဆန္ဒအတိုင်း ရပ်တည်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် စစ်ဘေးသင့်၊ စစ်ဘေးရှောင် နေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓာတ်ပုံ | အကြိမ်(၆၀)မြောက် NUG အစိုးရအဖွဲ့အစည်းအဝေး
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၅)ရက်
တော်လှန်ရေးအောင်မြင်ဖို့ အချိန်က တန်ဖိုးကြီးတဲ့အတွက် အချိန်ကို တန်ဖိုးထားပြီး နည်းဗျူဟာကျကျ ချိတ်ဆက်ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ကြိုးစားကြရန် ဇူလိုင်(၅)ရက်၊ မနက်(၁၀)နာရီမှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရရဲ့ အကြိမ် ၆၀ မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု အနေနဲ့ အချိန်ကို နှောင့်နှေးအောင် လုပ်ဆောင်ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျရောက်အောင် စနစ်တကျ ဆောင်ရွက်နေပြီး တော်လှန်ရေး အင်အားစု တွေကိုလည်း မညီမညွတ်ဖြစ်အောင် လုပ်ဆောင်နေကြောင်းကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို မပါဝင်ဘဲ လူထုဆန္ဒအတိုင်း ရပ်တည်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် စစ်ဘေးသင့်၊ စစ်ဘေးရှောင် နေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓာတ်ပုံ | အကြိမ်(၆၀)မြောက် NUG အစိုးရအဖွဲ့အစည်းအဝေး
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼အကြမ်းဖက်စကစ က ဂန်ဂေါမြို့နယ် နှမ်းခါးရွာ ရှိ ဒေသခံပြည်သူများ၏ အသုံးဆောင်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များကို မီးရှို့ဖျက်ဆီး
ဇူလိုင်(၅)ရက်| နွေဦးအသံ |
◼ ဒေသခံ ပြည်သူ (၂၀) ဦးခန့် ဖမ်းဆီး ချုပ်နှောင်ခံရ
ဇူလိုင်(၄) ရက်၊ နံနက် ၇ နာရီခန့်က မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ရှိ ဒေသခံ ပြည်သူများ၏ ဆိုင်ကယ်များကို အကြမ်းဖက် စကစက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နှမ်းခါးလူငယ်အဖွဲ့ ၏ထုတ်ပြန်ချက်အရ သိရပါသည်။
ရေရှင်ရွာဘက်သို့ စစ်ကြောင်းထိုးရန် တက်သွားသည့် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၂၀ ခန့်သည် ရွာတွင် စခန်းချပြီး ပြည်သူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးကာ ဒေသခံများ မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန် ကြက် ၊ ဝက် များကို ဖမ်းဆီး သတ်ဖြတ် စားသောက်ခဲ့ကြကြောင်း ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အပြစ်မဲ့ ဒေသခံ ပြည်သူ (၂၀) ဦးခန့်ကိုလည်း ဖမ်းဆီးကာ စာသင်ကျောင်းထဲတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
အကြမ်းဖက် စစ်ကေင်စီသည် ဒေသခံ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် နှိပ်စက်နေသဖြင့် မည်သို့ မည်ပုံ အကြမ်းဖက် လုပ်ဆောင်လာမည်ကို ကြိုတင် မသိရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိထား၍ ဘေးလွတ်ကင်းသော နေရာများတွင် ရှောင်တိမ်းနေထိုင်ကြပါရန် နှမ်းခါးလူငယ်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။
©မျိုးဇော်
ဓာတ်ပုံ | နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများ၏ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခံထားရသည့် မြင်ကွင်းများ။
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
ဇူလိုင်(၅)ရက်
◼ ဒေသခံ ပြည်သူ (၂၀) ဦးခန့် ဖမ်းဆီး ချုပ်နှောင်ခံရ
ဇူလိုင်(၄) ရက်၊ နံနက် ၇ နာရီခန့်က မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ရှိ ဒေသခံ ပြည်သူများ၏ ဆိုင်ကယ်များကို အကြမ်းဖက် စကစက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နှမ်းခါးလူငယ်အဖွဲ့ ၏ထုတ်ပြန်ချက်အရ သိရပါသည်။
ရေရှင်ရွာဘက်သို့ စစ်ကြောင်းထိုးရန် တက်သွားသည့် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၂၀ ခန့်သည် ရွာတွင် စခန်းချပြီး ပြည်သူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးကာ ဒေသခံများ မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန် ကြက် ၊ ဝက် များကို ဖမ်းဆီး သတ်ဖြတ် စားသောက်ခဲ့ကြကြောင်း ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အပြစ်မဲ့ ဒေသခံ ပြည်သူ (၂၀) ဦးခန့်ကိုလည်း ဖမ်းဆီးကာ စာသင်ကျောင်းထဲတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
အကြမ်းဖက် စစ်ကေင်စီသည် ဒေသခံ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် နှိပ်စက်နေသဖြင့် မည်သို့ မည်ပုံ အကြမ်းဖက် လုပ်ဆောင်လာမည်ကို ကြိုတင် မသိရှိနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိထား၍ ဘေးလွတ်ကင်းသော နေရာများတွင် ရှောင်တိမ်းနေထိုင်ကြပါရန် နှမ်းခါးလူငယ်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။
©မျိုးဇော်
ဓာတ်ပုံ | နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများ၏ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခံထားရသည့် မြင်ကွင်းများ။
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼မြို့ပြစစ်ဆင်ရေးတွေ မရပ်တန့်အောင် ကျားကန်ဖို့
ခက်ခဲလာတဲ့ မြို့ပြမြေအောက်တော်လှန်လူငယ်များ
ဘယ်သူ့ဆီမှာမှ အပိုမပါတဲ့ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရတဲ့ မြို့ပြမြေအောက်တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ လူငယ်တွေက မိဘပြည်သူများကို ဘာတွေများ ပြောချင်နေကြပါသလဲ။
The Voice Of Spring နွေဦးအသံကနေ အထူးရုပ်သံဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါတယ်။
https://youtu.be/_zj7J54FxCc

YouTube
မြို့ပြစစ်ဆင်ရေးတွေ မရပ်တန့်အောင် ကျားကန်ဖို့ ခက်ခဲလာတဲ့ မြို့ပြမြေအောက်တော်လှန်လူငယ်များ
◼ဘယ်သူ့ဆီမှာမှ အပိုမပါတဲ့ အသက်နဲ့ ရင်းပြီး လှုပ်ရှားနေရတဲ့ မြို့ပြမြေအောက်တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ လူငယ်တွေက မိဘပြည်သူများကို ဘာတွေများ ပြောချင်နေကြပါသလဲ။
The Voice Of Spring နွေဦးအသံကနေ အထူးရုပ်သံဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါတယ်။
◼အင်တာဗျူး/တည်းဖြတ်©ကျော်ဇေယျ…