◼ဇွန်လအတွင်း KNU တပ်မဟာ(၅) နယ်မြေ၌ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာ
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေထဲမှာ ဇွန်လအတွင်း ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်အုပ်စု၊ နယ်ခြားစောင့်တပ်(BGF) တို့ အကြားတိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၅)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လအတွင်း KNU၊ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲ တိုက်ပွဲပေါင်း ၂၂၃ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကအရာရှိတဦး အပါအဝင် ၉၄ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိကာ KNLAဘက်က ရဲဘော် ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့မြင်းလား ၁၃ ကောင်ကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပြီး ထောက်ပို့ ယာဉ်တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNUရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အထိနာခဲ့လို့ အပြစ်မဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
©အောင်နွေထက်
ဓာတ်ပုံ| စခန်းသိမ်းတိုက်ပွဲတခု၌ KNU စစ်သားများအောင်ပွဲခံနေစဉ်
#thevoiceofspring
ဇူလိုင်(၃)ရက်

❤1
◼အပြစ်မဲ့ရွာသားတဦးကို အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်၍ မြေမြှုပ်ပြီးနောက်အလောင်းအောက်၌ ဗုံးထောင်ပြီးထားခဲ့
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ကရင်အမျိုးသားအစည်းအရုံးKNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက လော်မူပယ်ကျေးရွာကို အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခလရ-၆၀ ပူးပေါင်းတပ်တွေက ဇူလိုင်(၂)ရက် ညနေ(၄)နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူတဦးကို ပစ်သတ်ခဲ့တယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လော်မူပယ်ကျေးရွာမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ အသက်(၂၅)နှစ်အရွယ် စောမာနေထူးကို အကြမ်းဖက် စစ်အုပ်စုက သူရဲ့ ဆိုင်ထဲမှာပဲ ပစ်သတ်ခဲ့တာပါ။
ဒါ့အပြင် ဇူလိုင်(၁)ရက်နေ့ ကလည်း လိန်ပင်ဝဲ ကျေးရွာ သား တီးတောနဲ နဲ့အဖော်တဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆိုင်ကယ် ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇွန်(၂၇)ရက် ကလည်း နရွဲပင်ကျေးရွာသား စောမူးသာ ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ပြီး အလောင်းကို မြှုပ်ထားတဲ့ အောက်မှာ မိုင်းသုံးလုံး ထောင်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်လေးပင် ခရိုင်ထဲမှာ ဇွန် ၃၀ရက်က စစ်အုပ်စုနဲ့ KNLA တပ်ရင်း(၉)တို့ မိနစ်၂၀ ဝန်းကျင်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
©နွေသူရ
https://t.me/VOStelegram

◼ P•D•F တို့ရဲ့ အဓိဌာန်
ဘာကိုမှုရမလဲ
ငါတို့ P•D•F ထဲမှာ - - -
ဒေဿနာ အမှန်ဓမ္မတရားနဲ့
အသေသာ ခံချသွားမယ့် လူတွေ ရှိတယ်
သစ္စာ စံတရားနဲ့ အတူ
အနစ်နာ ခံသွားမယ့် လူတွေ ရှိတယ်
မိစ္ဆာအဓိပတိ ကမ္ဘာရန်ကို
သိက္ခာရှိရှိနဲ့ အာခံနေတဲ့ လူတွေ ရှိတယ်
အမျိုးဘာသာ တံဆိပ်ခတ်ထားတဲ့
သူခိုးသာသာ စိတ်ဓါတ်များနဲ့
အညှိုးအာဃာတ အဆိပ်ခတ်ထားတဲ့
မူမမှန် ညစ်ပါတ်တဲ့
လူမဆန်တဲ့ စစ်တပ်
ဒီတိုင်းပြည်မှာ အမြစ် မပြတ်သ၍
ငါတို့ တော်လှန်ရေး မရပ်
ငါတို့ သေနတ်တွေ မနား
P•D•F စစ်သားကွ
ခွေးမသားတွေကို မောင်းထုတ်ပြီးမှ အိမ်ပြန်မယ်။
©ကိုယ်တော်နှိုင်း
နွေဦးအသံ ||| ကဗျာကဏ္ဍ
#thevoiceofspring #poem

💯1
◼(၄၈)နာရီအတွင်း ကျပ်ငွေ (၄၆)သိန်းကျော် ရရှိ
ဇူလိုင်(၃)ရက်||| နွေဦးအသ ံ |||
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဆင်နွဲနေသည့် တော်လှန်ရေးရဲဘော်များကို ထောက်ပံ့ရန် NUG Pay အသုံးပြု၍ စမ်းသပ်ငွေလွှဲမှု အစီအစဉ်ပြုလုပ်ခဲ့ရာ (၄၈)နာရီအတွင်း ကျပ်ငွေ (၄၆)သိန်းကျော် ရရှိကြောင်း သိရသည်။
PDF ရဲဘော်များထံ ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး NUG Pay မိသားစု၏ စုပေါင်း ထောက်ပို့ မှတ်တမ်း ဂုဏ်ပြုလွှာကိုလည်း ဖော်ပြပေးသွားမည့်အကြောင်း သိရပါသည်။
©လင်းယုန်နွေ

👍2
◼မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းသို့ အထိနာသည့် စစ်အုပ်စုက ဝင်ရောက်ပစ်ခတ်
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာနဲ့ ကျွန်းတောကျေးရွာ ကြားမှာ ဇွန် ၃ ရက် နေ့လယ် ၁၂ နာရီခန့်က ယာဉ် ၁၀ စီးပါတဲ့ စစ်အုပ်စု ယာဉ်တန်းကို တော်လှန်ရေးအင်အားစုတွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးထံက သိရပါတယ်။
ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်ကို ဦးတည် မောင်းနှင်လာတဲ့ စစ်အုပ်စု ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုဘက်က ကား ၁ စီး ပျက်စီးခဲ့တဲ့အပြင် ၂ ဦးသေဆုံးပြီး ၊ ၅ ဦးဒဏ်ရာရခဲ့တာပါ။
“ဒဏ်ရာရ စစ်သားတွေကို လူနာတင်ကားပေါ်ဆွဲတင်သွားတာ တွေ့ခဲ့တယ်"
လို့ မျက်မြင်တွေ့ရှိသူ တဦးကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ကော့ဘိန်းရွာထဲကို နေ့လည် ၁ နာရီခွဲအထိ ဆက်တိုက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
©နွေသူရ
ကိုးကား | Kyaik Hto Revolution & Information Network

Telegram
The Voice Of Spring | နွေဦးအသံ |
Investigative, Innovative, Independent Digital Media
◼ ပုဇွန်တောင်စျေး မီးလန့်မှု ထပ်မံဖြစ်ပွား ၊ စျေးကို ကွန်ဒိုပုံစံလုပ်ချင်၍ မီးရှို့ချင်နေဟု ပြည်သူများအကြားပြောဆိုနေကြ
ဇူလိုင်(၃)ရက်| နွေဦးအသံ |
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်စျေးတွင် မီးလန့်မှု ဖြစ်ပေါ်နေသည်မှာ ယနေ့ဆိုလျှင် ၃ ရက်မြောက်ဖြစ်ပွားခြင်းလည်း ဖြစ်သည်။
စျေးကြီးမီးလန့်မှုသည် ယနေ့ ဇူလိုင် (၃) ရက် နံနက် ၅ နာရီဝန်းကျင်က ကားတစ်စီးဖြင့် မီးကွင်းလာပစ်သည်ဟု ဒေသခံများကြားပြောဆိုနေကြသော်လည်း နွေဦးအသံ အနေနှင့် အတည်ပြုနိုင်ခြင်း မရှိပါ။
ယနေ့ မီးလန့် မှု ဖြစ်စဉ်တွင် အကြမ်းဖက် စစ်တပ် နှင့် ယင်းတို့ နောက်လိုက် ရဲတပ်ဖွဲ့များ ရောက်ရှိလာကြပြီး စျေးကို ဝိုင်းကာပိတ်ဆို့ကာ စျေးအတွင်းမှ လူများကို အပြင်သို့ မထွက်စေဘဲ စစ်ဆေးခဲ့ကြပြီးနောက် အမျိုးသမီး နှင့် ကလေးငယ်များကိုဦးစားပေး အပြင်ထွက်စေသည့် ပုံစံကို ပြုလုပ်၍ စစ်ဆေးခဲ့ကြသည်။
"ကျနော် ကံကောင်းလို့ ထွက်လို့ရတာ တစ်ချို့တွေ ဆို အကြာကြီး ထွက်မရဘူး စစ်နေတာ ဘာတွေစစ်တယ်တော့ မပြောတတ်ဘူး ဖြစ်တာကတော့ ဖြစ်ပြီးသွားပြီ လေ ၊ ကျနော်ထွက်လို့ရတာကလည်း စျေး အုပ်ချုပ်ရေးမှူးနဲ့ ရင်းနှီးထားလို့ ကိုယ့်ကိုမြင်ပြီး လာ ဒီဘက်က ထွက်ဆိုလို့ ထွက်လို့ရလာတာ"
ဟု စျေးအတွင်း၌ပိတ်မိနေသည့် အမျိုးသား တစ်ဦးက နွေဦးအသံ သို့ ပြောသည်။
"စျေးကို မီးရှို့ချင်နေတာလေ သူတို့က ၊ အဲလိုလောင်ပြာကျ ပြီးရင် ကွန်ဒိုပုံစံ စျေး လုပ်မယ် အဲလိုမဟုတ်ရင်လည်း အိမ်ယာပုံစံပေါ့ ၊ လုပ်ချင်တာ က အရေးမကြီး ဘူး အနီးနားမှာ လောင်ရင် ရှိသမျှ အကုန်ပြောင်မှာ ကြည့်လည်း လုပ်ကြပါဦးလို့ပြောချင်ပါတယ်"
ဟု ဇွန်တောင်မြို့နယ်နေသူတဦးက ဆိုသည်။
“ စျေးမီးလောင်မှာကို တကယ်ပူ နေရတယ် ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့စားရရောင်းရတာ မနေ့ကလည်း မီးလန့်တယ်။ ဒီနေ့လည်းလန့်တယ်။ ဒါနဲ့ ဆို (၃) ရက်မြောက်ပဲ ဘာမှ ဆက်မဖြစ်ပါစေနဲ့"
ဟု ပုဇွန်တောင်စျေးရှိ စျေးသည် တဦးက ပူပန်မှုကို ပြောကြားသည်။
လက်ရှိတွင် ပုဇွန်တောင်စျေးအနီးနားနေသည့် ပြည်သူများအနေဖြင့် ပေါ့ဆမီးမရှိစေရန်နှင့် မီးသတိပြုဂရုစိုက်ရန် အသိပေး ပြောကြားနေပြီး အကြမ်းဖက် စစ်တပ် နှင့် ရဲ လုံခြုံရေးများကိုလည်း ထူထပ်စွာ ချထားကြောင်းသိရသည်။
©မျိုးဇော်
ဓာတ်ပုံ |“လောက ဟိတာ ဝဟ”လူမှုကူညီရေးအဖွဲ့ (ကျီတော်) ၊ ပုဇွန်တောင်စျေး မီးလန့်မှု ဒုတိယအကြိမ် ဖြစ်စဉ် မြင်ကွင်း ။
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV

◼ အကြမ်းဖက် စစ်အုပ်စုကို ထိုင်းအစိုးရ အနေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများကူညီထောက်ပံ့ခြင်း လုံးဝမလုပ်ရန် အာဆီယံ အရပ်ဘက် အဖွဲ့ အစည်း ၂၁ ဖွဲ့တောင်းဆို
◼ မြန်မာဘက် တိမ်းရှောင် လာသူများကို ထိုင်းအစိုးရဘက်က လက်ခံပေးဖို့ အရပ်ဘက် ၂၁ ဖွဲ့တိုက်တွန်း
ဇူလိုင်(၄)ရက်| နွေဦးအသံ |
အကြမ်းဖက် စစ်အုပ်စုကို ထိုင်းအစိုးရအနေနဲ့ စစ်လက်နက်ခဲယမ်း မီးကျောက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သောနည်းဖြင့်ဖြစ်စေ ရောင်းချခြင်း ကူညီပံ့ပိုးခြင်းများ လုံးဝ မပြုလုပ်ရန် အာဆီယံ အရပ်ဘက် ၂၁ ဖွဲ့က ဇူလိုင် ၃ ရက်မှာ တောင်းဆို လိုက် ကြောင်းသိရသည်။
စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထိုင်းအစိုးရ အနေနဲ့ ရပ်တန့်အောင် မလုပ်ဆောင် နိုင်တာကိုလည်း အာဆီယံ အရပ်ဘက် ၂၁ ဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံက တိမ်းရှောင် ခိုလှုံလာသူတွေကိုလည်း ထိုင်းအစိုးရဘက်က မောင်းမထုတ်ဘဲ လက်ခံပေးထားရန် အရပ်ဘက် အဖွဲ့ အစည်း ၂၁ ဖွဲ့က တိုက်တွန်း ထားပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရ အနေနဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ် ကျော်ပြီးပေးမယ့် ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကိုလည်း အကြမ်းဖက် စစ်အုပ်စုဘက်က လိုက်နာအကောင်အထည်ဖော်ရန် ထိုင်းအစိုးရအနေနဲ့ အာဆီယံဘက်က ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းထားသည်။
ထိုင်း-မြန်မာနယ်စပ်မှာ အကြမ်းဖက် စစ်အုပ်စုက MIG-29 တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ပြီးနောက် ထိုင်း၊ မလေးရှားနဲ့ မြန်မာ ပါဝင်သည့် အရပ်ဘက် ၂၁ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရကို ယခုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။
©ကျော်ဇေယျ
ဓာတ်ပုံ ၊ ထိုင်းစစ်တပ်မှ လုံခြုံရေး ယူထားသည့်မြင်ကွင်း
ကိုးကား | RFA
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV
#thevoiceofspring
◼ မြန်မာဘက် တိမ်းရှောင် လာသူများကို ထိုင်းအစိုးရဘက်က လက်ခံပေးဖို့ အရပ်ဘက် ၂၁ ဖွဲ့တိုက်တွန်း
ဇူလိုင်(၄)ရက်

◼ အသက်၅၀ကျော် NLDပါတီဝင်၂ဦးကို အကြမ်းဖက် စစ်အုပ်စု ဖမ်းဆီး သတ်ဖြတ်
◼ အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဘီးလင်းပြည်နယ် လွှတ်တော်အမတ် ၁၃ရက်ကြာသည်အထိ မိသားစု နှင့် အဆက်အသွယ်မရ
ဇူလိုင်(၄)ရက်| နွေဦးအသံ |
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အသက်၅၀ကျော် ပါတီဝင် ၂ဦးကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက် စက်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်၂၂ရက်က ဘီးလင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနဲ့အတူ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ အသက်၅၀ကျော်အရွယ် ပါတီဝင်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၂ ရက်မှာ ပြန် လည်တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရသည်။
စစ်အုပ်စုရဲ့ သတ်ဖြတ်တာကို ခံလိုက်ရသူတွေကတော့ NLD ပါတီဝင်တွေဖြစ်တဲ့ အသက် (၅၅) နှစ်အရွယ် ဦးပန်းမြင့်နဲ့ အသက် (၅၂) နှစ်အရွယ် ဦးကိုကိုမောင်တို့ဖြစ်ပါတယ် ။
အကြမ်းဖက် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ ဘီးလင်း ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းနဲ့လည်း ယခုချိန်အထိ အဆက်အသွယ် မရရှိသေး ဘဲ ၎င်းကို မည့်သည့် နေရာတွင် ဖမ်းဆီးထားသည် ဆိုသည်ကိုလည်း မသိရှိ ရ သေး ကြောင်း မိသားစုဝင်တွေကစိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။
©ကျော်ဇေယျ
ဓာတ်ပုံ | မွန်ပြည်နယ်၊ ဘီလင်းမြို့ အဝင်မြင်ကွင်း

◼ အကြမ်းဖက် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ်ထဲက အပြစ်မဲ့ ပြည်သူ (၄)သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်(၄)ရက်| နွေဦးအသံ |
◼ မုန်းမြို့နယ်အတွင်း ကရင်စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး နှင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရ
ကရင်အမျိုးသား အစည်းအရုံးKNUထိန်းချုပ်နယ်မြေ၊ မုန်းမြို့နယ်အတွင်းက ကျေးရွာပေါင်း(၂၆)ရွာမှ အပြစ်မဲ့ပြည်သူ လေးသောင်းဝန်းကျင်သည်အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက် ခြင်း ၊ လက်နက် ကြီးများဖြင့် ဒေသခံများရှိရာ ရွာများထဲသို့ ရမ်းသမ်း ပစ်ခတ်နေခြင်း တို့ကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းကို KNU ဗဟို က ဇူလိုင်၃ရက် နေ့ နေ့စွဲ ဖြင့် ထုတ်ပြန်ထားကြောင်းသိရသည်။
မုန်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်အုပ်စု၏ တပ်စခန်း ၅ ခုကို တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်၂ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် အကြမ်းဖက် စစ်အုပ်စုဘက်က လေကြောင်ဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် ရွာတွင်းသို့ ရမ်းသမ်း ပစ်ခတ်ခြင်း အစရှိသည်များကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြောင်းသိရသည်။
ယင်းအပြင် ကော့ပြင်းကျေးရွာ၊ကြောင်ပြာကျေးရွာနဲ့ ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တွေကို အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး အောင်းလောင်းစိန်ရွားသား (၂ )ဦး ကိုလည်း အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးနှိပ်စက် ခဲ့ကြောင်း KNUဗဟိုရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက် စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု တွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကရင်ပြည်သူ (၄) သောင်းဝန်းကျင်တွင် အမျိုးသမီးများ၊ကလေးသူငယ်များ နှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင် နေပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ကြုံတွေ့ နေရကြောင်းသိရသည်။
©ကျော်ဇေယျ
ဓာတ်ပုံ | ကရင်စစ်ဘေးရှောင် ပြည်သူများကိုတွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 (KNU)
ကိုးကား | KNU

◼ သထုံမြို့ နယ်အတွင်းက နေအိမ် (၆၁)လုံး၊ဘုန်းကြီးကျောင်း နှင့် ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီး
ဇူလိုင်(၄)ရက်| နွေဦးအသံ |
◼ ဘုန်းတော်ကြီးတပါး ၊မသန်စွမ်း တဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၃)ဦးကို စစ်အုပ်စု ရက်ရက်စက်စက်သတ်ဖြတ်
အကြမ်းဖက် စစ်အုပ်စုသည် ပြီးခဲ့သည့် ဇွန် (၂၅) ရက်နေ့က ၊ ကရင် အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ သထုံမြို့နယ်မြေအတွင်းရှိ
ထုံးဘိုလေးကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ယင်းသို့ မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် (၆၁)လုံး၊ ဘုန်းတော်ကြီးကျောင်းအပါအဝင် ကျေးရွာစာသင်ကျောင်းများ ပျက်ဆီး ဆုံးရှုံး ခဲ့ ကြောင်း KNUဗဟို က ထုတ်ပြန်ထားကြောင်းသိရသည်။
သေဆုံးသူများမှာ အသက် (၃၉) နှစ်အရွယ် ခြေထောက်တစ်ဖက်မရှိသည့် မသန်စွမ်း စောဆာမူး၊ အသက် (၅၅) နှစ်အရွယ် စောမောင်လူပျို နဲ့ သက်တော် (၅၄) နှစ်ရှိ ဦးဇင်း တီးထို့ပဝီးတို့ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ(၃) ဦး ဟာပြီးခဲ့သည့် ဇွန် (၂၅)ရက်နေ့ ကစတင် အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း နှင့် ဒေသခံပြည်သူတွေများကို အကြမ်းဖက် သတ်ဖြတ်ခဲ့သည့် အဖွဲ့မှာ အကြမ်းဖက်စစ်တပ်၏ တပ်မ (၄၄)၊ တပ်မ (၂၂) လက်အောက်ခံတပ် များ အပြင် ၊(BGF)ပူးပေါင်းတပ်များကပါ ပါဝင် သတ်ဖြတ်ခဲ့ ကြောင်း KNUဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
©ကျော်ဇေယျ
ဓာတ်ပုံ | အကြမ်းဖက်စစ်တပ်၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးထားမှု မြင်ကွင်းများ။

◼ရာဇဝင်ကို
ငါတို့ အသက်နဲ့ ရေးထိုးတယ်
လူထုထံမှောက်
အာဏာပြန်ရောက်ရမယ်လို့
ပေါက်ဖေါ်က ဆော်သြသလို
အာဆီယံက မျှော်မောနေတယ်။
၂၀၀၈ အပင်းကို
ပြန် အသက်မသွင်းကြနဲ့
တို့ ပြည်သူ တက်နင်းလို့
ပျက်ယွင်းခဲ့တာ ကြာပြီ ။
အမြင်အကြားမှာ
ဒီလောက် ထင်ရှားနေတာကို
ဘယ်လိုတရားနဲ့
ရင်ကြားစေ့ပါလို့ ပြောနေတာလဲ ။
နှစ်ထပ်ရှိမှ
မှတ်မိအောင် ထပ်ပြောလိုက်မယ်...
တပ်ကိုတော့ မဆုတ်ခိုင်းဘဲ
အရပ်ကိုပဲ ရုပ်ခိုင်းနေတာ
ဘာသဘောလဲ ။
အာဆီယံလည်း
ကြားခံ မစတေးနဲ့...
ပေါက်ဖေါ်ကြီးလည်း
ကျားကန် မပေးနဲ့
ပြည်သူတွေမှာ အားမာန်စွေးလို့
ဓားရေးလှံရေး ပြင်ထားတယ်။
©ဒေါင်းသွေး
နွေဦးအသံ ||| ကဗျာကဏ္ဍ
#thevoiceofspring #poem
ငါတို့ အသက်နဲ့ ရေးထိုးတယ်
လူထုထံမှောက်
အာဏာပြန်ရောက်ရမယ်လို့
ပေါက်ဖေါ်က ဆော်သြသလို
အာဆီယံက မျှော်မောနေတယ်။
၂၀၀၈ အပင်းကို
ပြန် အသက်မသွင်းကြနဲ့
တို့ ပြည်သူ တက်နင်းလို့
ပျက်ယွင်းခဲ့တာ ကြာပြီ ။
အမြင်အကြားမှာ
ဒီလောက် ထင်ရှားနေတာကို
ဘယ်လိုတရားနဲ့
ရင်ကြားစေ့ပါလို့ ပြောနေတာလဲ ။
နှစ်ထပ်ရှိမှ
မှတ်မိအောင် ထပ်ပြောလိုက်မယ်...
တပ်ကိုတော့ မဆုတ်ခိုင်းဘဲ
အရပ်ကိုပဲ ရုပ်ခိုင်းနေတာ
ဘာသဘောလဲ ။
အာဆီယံလည်း
ကြားခံ မစတေးနဲ့...
ပေါက်ဖေါ်ကြီးလည်း
ကျားကန် မပေးနဲ့
ပြည်သူတွေမှာ အားမာန်စွေးလို့
ဓားရေးလှံရေး ပြင်ထားတယ်။
©ဒေါင်းသွေး
နွေဦးအသံ ||| ကဗျာကဏ္ဍ
#thevoiceofspring #poem
◼ တိုင်းပြည်အာဏာကို ပြည်သူတွေလက်ထဲ ပြန်ထည့်နိုင်ဖို့ တရုတ်နှင့်အာဆီယံ ပူးတွဲ၍ တွန်းအားပေးမည်
ဇူလိုင်(၄)ရက်| နွေဦးအသံ |
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ ကမ္ဘောဒီးယားနိုင်ငံ ၊ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Prak Sokhonn တို့ ဇွန်(၃)ရက်က ပုဂံမြို့မှာ တွေ့ဆုံပြီး ပတ်သတ်ပြီး တရုတ်နိုင်ငံရဲ့ မျှော်လင့်ချက်သုံးရပ်ကို အလေးပေးပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ပထမအချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်တွေထဲကနေ မြန်မာ့နိုင်ငံအရေး ပြန်လည်သင့်မြတ်ဖို့ တရုတ်နဲ့ အာဆီယံ ပူးတွဲ တွန်းအားပေးလုပ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံဘက်က မျှော်လင့်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒုတိယအချက်မှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ပြီး တိုင်းပြည်အာဏာကို ပြည်သူတွေလက်ထဲ ပြန်ထည့်ပေးနိုင်ဖို့ တရုတ်နဲ့ အာဆီယံ အတူတွန်းအားပေး လုပ်ဆောင်မယ်လို့ ပါရှိတာပါ။
တတိယအချက်ကတော့ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပေါင်းစပ်ညှိနှိုင်းရေးမူဝါဒနဲ့ အာဆီယံရဲ့ “တူညီဆန္ဒငါးရပ်”(five-point consensus)ကို အပြုသဘောဆောင် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
©ကျော်ဇေယျ
ဓာတ်ပုံ | အာဆီယံအထူးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး